Search
  • Than Min Htike

ရှင်းပါ မရွှေ့ပါနဲ့

"ယ​ခု​နေ့၌​ရှိ​သော မ​ကောင်း​မ​သင့်​သော အ​ရာ​သည် ယ​ခု​နေ့​ဖို့ လောက်​ပေ၏၊"(မဿဲ ၆:၃၄)


နေ့စဉ် အတွက်လိုအပ်တဲ့သက်မွေးသောအစာ ကို ဘုရားကထောက်ပံ့ပြင်ဆင်ပေးသလို၊ နေ့စဉ် ကျွန်တော်တို့ရင်ဆိုင် ဖြတ်ကျော်ရမယ့်အတား အဆီးအခက်အခဲတွေကိုလည်း ဘုရားနဲ့ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ဘုရားကိုအားကိုးတတ်ဖို့လည်းလိုတယ်။ အလွယ်လမ်းလိုက်တတ်ကြတာ လူအများစုရဲ့သဘောသဘာ၀ပါ။ လတ်တလောအဆင်ပြေရင်ပြီးရောဆိုပြီး နေ့စဉ် ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို မဖြေရှင်းပဲ ထားတာဟာ ပြေလည်ဖို့ထက် အခက်အခဲသေးသေးလေးတွေကို ကြီးမားတဲ့အစိုင်အခဲအဖြစ်အောင် ဖန်တီးလိုက်သလို ဖြစ်စေတယ်။ ကျောင်းတတ်တဲ့အခါမှာ တနေ့စာတနေ့လုပ်တဲ့ကလေးနဲ့ စာမေးပွဲနီးမှ စာကို ကုန်းရုန်းပြီးလုပ်တဲ့ကလေးက စာတတ်တာခြင်းရောရမှတ်ရောအမြဲကွာခြားသလိုပဲ အသက်တာမှာ ဘုရားပေးတွေ့တဲ့ အရာတွေကိုနေ့စဉ် ကျော်လွှားအောင်မြင်တဲ့သူနဲ့ အခုအဆင်ပြေဖို့ အခက်အခဲကို မဖြေရှင်းပဲ နောက်ဘက်ကို ရွှေ့ တတ်တဲ့သူရဲ့ရလဒ်ကလည်းအရမ်းကိုကွာတယ်။ လူတိုင်းမှာ နေ့စဉ်ကျော်လွှားရမယ့် အတားအဆီးတွေ၊ အခက်ခဲလေးတွေကိုယ်စီရှိပါတယ်။ ကလေးလည်းကလေးအလျောက်ရှိသလို၊ လူကြီးလည်းလူကြီးအလျောက်ပါပဲ။ ချမ်းသာတဲ့သူမှာလည်းရှိသလို ဆင်းရဲသားလည်းမလွတ်ပါဘူး။ ဒါကို ဘုရားနဲ့ ဖက်ရမ်းပြီးနေ့စဉ် မကျော်လွှားဘူးဆိုရင် ကြာလာတဲ့အခါမှာတော့တောင်ကြီးတစ်ခုလို စုပုံနေပြီးတော့ ဖြေရှင်းရအရမ်းကိုခက်ခဲသွားစေနိုင်တယ်။ ပြဿနာအကြီးကျယ် ဝိုင်းရံထားခြင်းခံရပြီးတော့ဘာဆက်လုပ်လို့လုပ်ရမှန်းမသိတဲ့သူတွေ နဲ့တွေ့ပြီးဆုတောင်းပေးတိုင်းမှာ ဘုရားက ဒီအရာကို ဖေါ်ပြတယ်။ နေ့စဉ်တိုက်ရမယ့် တိုက်ပွဲကို ယုံကြည်ခြင်းနဲ့ မဖြေရှင်းခဲ့ပဲနဲ့၊ နောက်မှပဲ ကြည့်ရှင်းပါမယ်ဆိုပြီးတော့ နောက်ဘက်ကိုရွှေ့ခဲ့တဲ့အကျိုးကျေးဇူးလို့ပဲ နာမည်တတ်ရမလိုပဲ။

ဧသောဟာ တနပ်စာအဖိုးနဲ့ သားဦးအရာကို ရောင်းစားခဲ့တာမှတ်မိသေးတယ်မဟုတ်လား။ တကယ်တော့ သူက နောင်ခါလာ နောင်ခါစျေးဆို ပြီး ဆာလောင်တဲ့ပြဿ နာကိုအလွယ်နည်းနဲ့ ဖြေရှင်းလိုက်တာဟာ နောင်မှာရသင့်တဲ့ သားဦးအရာကို လက်လွှတ်ဆုံးရှုဲးသွားရတဲ့အထိ နစ်နာခဲ့တယ်။ တကယ်တော့ အလွယ်ဖြေရှင်းခဲ့တဲ့ အကျိုးလို့ဆိုရမယ်။ ရှောလုလည်းဘာထူးလို့လည်း ရှာမွေလ လာဖို့နောက် ကျနေတဲ့ဟာကို အခြေအနေတွေ အဖြစ်ပျက်တွေကိုကြည့်ပြီး အခက်အခဲတွေကို ဘုရားနည်းလမ်းနဲ့မဖြေရှင်းပဲ နောက် မှ ကြည့်ရှင်းမယ်ဆိုပြီး အလွယ်နည်းနဲ့ကိုင်တွယ်ခဲ့တဲ့အခါမှာတော့ကိုယ်မှာဘုရားပေးထားတဲ့ ရာထူးတွေကိုတောင် လက် လွှတ်ရတဲ့အထိ ဖြစ်ခဲ့ရတယ်။ တခါတလေ ပြဿနာတွေကို ဘယ်လိုကိုင်တွယ်သလဲဆိုတာက အနာဂတ်အတွက် သိပ်ကိုအရေးကြီးတယ်။ဒီနေ့ ရှင်းရမယ့်အရာကို နောက်ဘက်ကိုမရွေ့လိုက်နဲ့။ နောက်မှ ကြည့်ရှင်းမယ်လို့လွယ်လွယ်မတွေးလိုက်နဲ့။ သေးသေးလေးတွေ စုပုံပြီးထားရင်၊ သင်ဘယ်လိုမှ ဖြေရှင်းလို့မရတဲ့ ပြဿနာတောင်ကြီးအဖြစ်ကိုရောက်ရှိသွားပြီး ကောင်းကြီးမင်္ဂလာထဲကနေသင့်ကိုရွှေ့ပစ်လိုက်လိမ့်မယ်။



Zawgyi

႐ွင္းပါ မေ႐ႊ႕ပါနဲ႔

"ယ​ခု​ေန႔၌​႐ွိ​ေသာ မ​ေကာင္း​မ​သင့္​ေသာ အ​ရာ​သည္ ယ​ခု​ေန႔​ဖို႔ ေလာက္​ေပ၏၊"(မႆဲ ၆:၃၄)


ေန႔စဥ္ အတြက္လိုအပ္တဲ့သက္ေမြးေသာအစာ ကို ဘုရားကေထာက္ပံ့ျပင္ဆင္ေပးသလို၊ ေန႔စဥ္ ကြၽန္ေတာ္တို႔ရင္ဆိုင္ ျဖတ္ေက်ာ္ရမယ့္အတား အဆီးအခက္အခဲေတြကိုလည္း ဘုရားနဲ႔ရင္ဆိုင္ေျဖ႐ွင္းႏိုင္ဖို႔ ဘုရားကိုအားကိုးတတ္ဖို႔လည္းလိုတယ္။ အလြယ္လမ္းလိုက္တတ္ၾကတာ လူအမ်ားစုရဲ႕သေဘာသဘာ၀ပါ။ လတ္တေလာအဆင္ေျပရင္ၿပီးေရာဆိုၿပီး ေန႔စဥ္ ရင္ဆိုင္ရတဲ့ အခက္အခဲေတြကို မေျဖ႐ွင္းပဲ ထားတာဟာ ေျပလည္ဖို႔ထက္ အခက္အခဲေသးေသးေလးေတြကို ႀကီးမားတဲ့အစိုင္အခဲအျဖစ္ေအာင္ ဖန္တီးလိုက္သလို ျဖစ္ေစတယ္။ ေက်ာင္းတတ္တဲ့အခါမွာ တေန႔စာတေန႔လုပ္တဲ့ကေလးနဲ႔ စာေမးပြဲနီးမွ စာကို ကုန္း႐ုန္းၿပီးလုပ္တဲ့ကေလးက စာတတ္တာျခင္းေရာရမွတ္ေရာအၿမဲကြာျခားသလိုပဲ အသက္တာမွာ ဘုရားေပးေတြ႕တဲ့ အရာေတြကိုေန႔စဥ္ ေက်ာ္လႊားေအာင္ျမင္တဲ့သူနဲ႔ အခုအဆင္ေျပဖို႔ အခက္အခဲကို မေျဖ႐ွင္းပဲ ေနာက္ဘက္ကို ေ႐ႊ႕ တတ္တဲ့သူရဲ႕ရလဒ္ကလည္းအရမ္းကိုကြာတယ္။ လူတိုင္းမွာ ေန႔စဥ္ေက်ာ္လႊားရမယ့္ အတားအဆီးေတြ၊ အခက္ခဲေလးေတြကိုယ္စီ႐ွိပါတယ္။ ကေလးလည္းကေလးအေလ်ာက္႐ွိသလို၊ လူႀကီးလည္းလူႀကီးအေလ်ာက္ပါပဲ။ ခ်မ္းသာတဲ့သူမွာလည္း႐ွိသလို ဆင္းရဲသားလည္းမလြတ္ပါဘူး။ ဒါကို ဘုရားနဲ႔ ဖက္ရမ္းၿပီးေန႔စဥ္ မေက်ာ္လႊားဘူးဆိုရင္ ၾကာလာတဲ့အခါမွာေတာ့ေတာင္ႀကီးတစ္ခုလို စုပုံေနၿပီးေတာ့ ေျဖ႐ွင္းရအရမ္းကိုခက္ခဲသြားေစႏိုင္တယ္။ ျပႆနာအႀကီးက်ယ္ ဝိုင္းရံထားျခင္းခံရၿပီးေတာ့ဘာဆက္လုပ္လို႔လုပ္ရမွန္းမသိတဲ့သူေတြ နဲ႔ေတြ႕ၿပီးဆုေတာင္းေပးတိုင္းမွာ ဘုရားက ဒီအရာကို ေဖၚျပတယ္။ ေန႔စဥ္တိုက္ရမယ့္ တိုက္ပြဲကို ယုံၾကည္ျခင္းနဲ႔ မေျဖ႐ွင္းခဲ့ပဲနဲ႔၊ ေနာက္မွပဲ ၾကည့္႐ွင္းပါမယ္ဆိုၿပီးေတာ့ ေနာက္ဘက္ကိုေ႐ႊ႕ခဲ့တဲ့အက်ိဳးေက်းဇူးလို႔ပဲ နာမည္တတ္ရမလိုပဲ။

ဧေသာဟာ တနပ္စာအဖိုးနဲ႔ သားဦးအရာကို ေရာင္းစားခဲ့တာမွတ္မိေသးတယ္မဟုတ္လား။ တကယ္ေတာ့ သူက ေနာင္ခါလာ ေနာင္ခါေစ်းဆို ၿပီး ဆာေလာင္တဲ့ျပႆ နာကိုအလြယ္နည္းနဲ႔ ေျဖ႐ွင္းလိုက္တာဟာ ေနာင္မွာရသင့္တဲ့ သားဦးအရာကို လက္လႊတ္ဆုံး႐ႈဲးသြားရတဲ့အထိ နစ္နာခဲ့တယ္။ တကယ္ေတာ့ အလြယ္ေျဖ႐ွင္းခဲ့တဲ့ အက်ိဳးလို႔ဆိုရမယ္။ ေ႐ွာလုလည္းဘာထူးလို႔လည္း ႐ွာေမြလ လာဖို႔ေနာက္ က်ေနတဲ့ဟာကို အေျခအေနေတြ အျဖစ္ပ်က္ေတြကိုၾကည့္ၿပီး အခက္အခဲေတြကို ဘုရားနည္းလမ္းနဲ႔မေျဖ႐ွင္းပဲ ေနာက္ မွ ၾကည့္႐ွင္းမယ္ဆိုၿပီး အလြယ္နည္းနဲ႔ကိုင္တြယ္ခဲ့တဲ့အခါမွာေတာ့ကိုယ္မွာဘုရားေပးထားတဲ့ ရာထူးေတြကိုေတာင္ လက္ လႊတ္ရတဲ့အထိ ျဖစ္ခဲ့ရတယ္။ တခါတေလ ျပႆနာေတြကို ဘယ္လိုကိုင္တြယ္သလဲဆိုတာက အနာဂတ္အတြက္ သိပ္ကိုအေရးႀကီးတယ္။ဒီေန႔ ႐ွင္းရမယ့္အရာကို ေနာက္ဘက္ကိုမေ႐ြ႕လိုက္နဲ႔။ ေနာက္မွ ၾကည့္႐ွင္းမယ္လို႔လြယ္လြယ္မေတြးလိုက္နဲ႔။ ေသးေသးေလးေတြ စုပုံၿပီးထားရင္၊ သင္ဘယ္လိုမွ ေျဖ႐ွင္းလို႔မရတဲ့ ျပႆနာေတာင္ႀကီးအျဖစ္ကိုေရာက္႐ွိသြားၿပီး ေကာင္းႀကီးမဂၤလာထဲကေနသင့္ကိုေ႐ႊ႕ပစ္လိုက္လိမ့္မယ္။

1 view0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube