Search
  • Than Min Htike

ရေနက်ရာအရပ်သို့

လုကာ-၅:၄

သင်ရှာနေတဲ့အရာကို သင့်ဆီကနေအဝေးထွက်ပြေး‌နေတယ် လို့များ သင်ခံစားနေလား။ တခါတလေ အခြားသူတွေကတော့ကိုယ်စီဆိုင်တဲ့အရာ တွေနဲ့ ဝေဆာနေချိန်မှာ ကိုယ်ကတော့ရှာလေဝေးလေ ဖြစ်ပြီးကြိုးစားသမျှ သဲထဲရေကျသလို ဘာဆိုဘာမှ လက်စုပ်လက်ကိုင် မပြနိုင်တဲ့ဘဝနဲ့ရုန်းကန်နေရသလား။ အများကြီးပဲဒီနေ့လောကကြီးထဲမှာဒီလို အခြေအနေ ဒီလိုပြဿနာတွေ ကြားမှာဂျောင်ပိတ်မိနေသူတွေ။ ဒီအထဲမှာပေတရုလည်းတစ်ယောက်အပါအဝင်ပေါ့။


၁။ ကြိုးစားမှုအရာမထင်

တညလုံးကြိုးစားတယ် ငါးကတော့ တစ်ကောင်လေးတောင်မှမရ။ မောတာပဲအဖတ်တင်တယ်။ ဘဝဆိုတာ ကြိုးစားပေမယ့် တချို့အရာတွေက ထင်သလိုမဖြစ်လာသလိုကြိုးစားမှုအရာမထင်တာတွေလည်းရှိတတ်တယ်မဟုတ်လား။ နောက်ဆုံးမိုးလင်း

တော့ ပိုက်ကွန်ကိုဆေးပြီးအိမ်ပြန်ရုံသာရှိတော့တဲ့အချိန်အထိ အခြေအနေက ဘာမှအပြောင်းအလဲ မဖြစ်ခဲ့ဘူး။ သင်ကြိုးစားရဲ့သားနဲ့ ဖြစ်မလာတဲ့ အရာတွေ ဘဝမှာအများကြီး ရှိတယ်ဆိုတာ

ဒီအခြေအနေက သင့်ကို သင်ကြားပေးတယ်မဟုတ်လား။


၂။ ရေနက်ရာအရပ်က်ို ရွှေ့ပါ

ဒီအချိန်မှာ ယေရှုရောက်လာတယ် ပေတရုလှေကို အသုံးပြုခွင့်တောင်းတယ်။ ဒါနဲ့ပေတရုလည်းပေးလိုက်တယ်။ တကယ်လို့များ ငါးများရလို့ပြည့်နေခဲ့ရင် ဒီနေရာမှာ ယေရှုနေရာရပါ့မလား။

တခါတလေ တချို့သောအရာတွေ ဘဝမှာ မရှိခြင်းက အသက်တာထဲကို ပိုကောင်းတဲ့ အရာတွေ ဝင်ရောက်လာဖို့ဆိုတာ သိဖို့လိုတယ်။သင်လ်ိုတဲ့ အရာထက်ပိုကောင်းတဲ့အရာပေတရုဘဝနဲ့ လှေထဲကို ရောက်နေပြီဆိုတာ ဘယ်သူသတိထားမိမှာလဲ။ တကယ်တော့ပေတရုယေရှုကို လှေငှားလိုက်တာက ဝိညာဉ်ရေးရာနက်ရိူင်း

တဲ့နယ်ပယ်ထဲကိုရွှေ့လိုက်သလ်ိုပါပဲ။ သာမန်ငါးဖမ်းသမားလေးက ကြီးမြတ်တဲ့ နိုင်ငံတော်အမှုတော်မြတ်မှာ တထောင့်တနေရာကပါဝင်လိုက်ခြင်းပါ။ ဒါပေတရုရဲ့ အမှုတော်ဆောင်ဖြစ်လာဖို့ ပထမခြေလှမ်းဆိုတာ ဘယ်သူများသိပါ့မလဲ။ မကြာခင်တော့ ယေရှုရဲ့ ရေနက်ရာအရပ်က်ိုရွှေ့ပါဆိုတဲ့ စကားနဲ့အတူ လှေနှစ်စင်းနစ်လုမ တတ် ငါးတွေရောက်လာတယ်မဟုတ်လား။ ဒီနေ့ လိုတဲ့ အရာတွေ မရလို့စိတ်မညစ်နေနဲ့ ဝိညာဉ်ရေးရာနက်နဲတဲ့အရပ်က်ိုသွားဖို့လုပ် ပါ။ သင့်လိုအပ်ချက်ကဘာမှမဟုတ်တဲ့အရာလိုဖြစ်သွားလိမ့်မယ်။



Zawgyi

ေရနက္ရာအရပ္သို႔

လုကာ-၅:၄

သင္႐ွာေနတဲ့အရာကို သင့္ဆီကေနအေဝးထြက္ေျပး‌ေနတယ္ လို႔မ်ား သင္ခံစားေနလား။ တခါတေလ အျခားသူေတြကေတာ့ကိုယ္စီဆိုင္တဲ့အရာ ေတြနဲ႔ ေဝဆာေနခ်ိန္မွာ ကိုယ္ကေတာ့႐ွာေလေဝးေလ ျဖစ္ၿပီးႀကိဳးစားသမွ် သဲထဲေရက်သလို ဘာဆိုဘာမွ လက္စုပ္လက္ကိုင္ မျပႏိုင္တဲ့ဘဝနဲ႔႐ုန္းကန္ေနရသလား။ အမ်ားႀကီးပဲဒီေန႔ေလာကႀကီးထဲမွာဒီလို အေျခအေန ဒီလိုျပႆနာေတြ ၾကားမွာေဂ်ာင္ပိတ္မိေနသူေတြ။ ဒီအထဲမွာေပတ႐ုလည္းတစ္ေယာက္အပါအဝင္ေပါ့။


၁။ ႀကိဳးစားမႈအရာမထင္

တညလုံးႀကိဳးစားတယ္ ငါးကေတာ့ တစ္ေကာင္ေလးေတာင္မွမရ။ ေမာတာပဲအဖတ္တင္တယ္။ ဘဝဆိုတာ ႀကိဳးစားေပမယ့္ တခ်ိဳ႕အရာေတြက ထင္သလိုမျဖစ္လာသလိုႀကိဳးစားမႈအရာမထင္တာေတြလည္း႐ွိတတ္တယ္မဟုတ္လား။ ေနာက္ဆုံးမိုးလင္း

ေတာ့ ပိုက္ကြန္ကိုေဆးၿပီးအိမ္ျပန္႐ုံသာ႐ွိေတာ့တဲ့အခ်ိန္အထိ အေျခအေနက ဘာမွအေျပာင္းအလဲ မျဖစ္ခဲ့ဘူး။ သင္ႀကိဳးစားရဲ႕သားနဲ႔ ျဖစ္မလာတဲ့ အရာေတြ ဘဝမွာအမ်ားႀကီး ႐ွိတယ္ဆိုတာ

ဒီအေျခအေနက သင့္ကို သင္ၾကားေပးတယ္မဟုတ္လား။


၂။ ေရနက္ရာအရပ္က္ိဳ ေ႐ႊ႕ပါ

ဒီအခ်ိန္မွာ ေယ႐ႈေရာက္လာတယ္ ေပတ႐ုေလွကို အသုံးျပဳခြင့္ေတာင္းတယ္။ ဒါနဲ႔ေပတ႐ုလည္းေပးလိုက္တယ္။ တကယ္လို႔မ်ား ငါးမ်ားရလို႔ျပည့္ေနခဲ့ရင္ ဒီေနရာမွာ ေယ႐ႈေနရာရပါ့မလား။

တခါတေလ တခ်ိဳ႕ေသာအရာေတြ ဘဝမွာ မ႐ွိျခင္းက အသက္တာထဲကို ပိုေကာင္းတဲ့ အရာေတြ ဝင္ေရာက္လာဖို႔ဆိုတာ သိဖို႔လိုတယ္။သင္လ္ိဳတဲ့ အရာထက္ပိုေကာင္းတဲ့အရာေပတ႐ုဘဝနဲ႔ ေလွထဲကို ေရာက္ေနၿပီဆိုတာ ဘယ္သူသတိထားမိမွာလဲ။ တကယ္ေတာ့ေပတ႐ုေယ႐ႈကို ေလွငွားလိုက္တာက ဝိညာဥ္ေရးရာနက္႐ိူင္း

တဲ့နယ္ပယ္ထဲကိုေ႐ႊ႕လိုက္သလ္ိဳပါပဲ။ သာမန္ငါးဖမ္းသမားေလးက ႀကီးျမတ္တဲ့ ႏိုင္ငံေတာ္အမႈေတာ္ျမတ္မွာ တေထာင့္တေနရာကပါဝင္လိုက္ျခင္းပါ။ ဒါေပတ႐ုရဲ႕ အမႈေတာ္ေဆာင္ျဖစ္လာဖို႔ ပထမေျခလွမ္းဆိုတာ ဘယ္သူမ်ားသိပါ့မလဲ။ မၾကာခင္ေတာ့ ေယ႐ႈရဲ႕ ေရနက္ရာအရပ္က္ိဳေ႐ႊ႕ပါဆိုတဲ့ စကားနဲ႔အတူ ေလွႏွစ္စင္းနစ္လုမ တတ္ ငါးေတြေရာက္လာတယ္မဟုတ္လား။ ဒီေန႔ လိုတဲ့ အရာေတြ မရလို႔စိတ္မညစ္ေနနဲ႔ ဝိညာဥ္ေရးရာနက္နဲတဲ့အရပ္က္ိဳသြားဖို႔လုပ္ ပါ။ သင့္လိုအပ္ခ်က္ကဘာမွမဟုတ္တဲ့အရာလိုျဖစ္သြားလိမ့္မယ္။


1 view0 comments