Search
  • Than Min Htike

ရှိသေးတယ်

“ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်၍၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ အ​ထူး​သ​ဖြင့် ကူ​မ​တော်​မူ​ကြောင်း ထင်​ရှား​လျက်​ရှိ၏။ ထို​ကြောင့် ပ​ထ​ဝီ​မြေ​ကြီး​သည်​ရွေ့​သွား၍ တောင်​များ​တုန်​လှုပ်​လျက် သ​မု​ဒ္ဒ​ရာ​သို့​ကျ​သော်​လည်း၊ ငါ​တို့​သည် ကြောက်​လန့်​ခြင်း​မ​ရှိ။ သ​မု​ဒ္ဒ​ရာ​ရေ​သည် ဟုန်း​ဟုန်း​မြည်၍ မွှေ​နှောက်​ပါ​လေ​စေ။ လှိုင်း​တံ​ပိုး​ထ​သ​ဖြင့်၊ တောင်​များ​တုန်​လှုပ်​ပါ​လေ​စေ။ မြစ်​တစ်​မြစ်​ရှိ​သေး၏။ ထို​မြစ်​ရေ​သည်​စီး၍ ဘု​ရား​သ​ခင်၏ မြို့​တည်း​ဟူ​သော အ​မြင့်​ဆုံး​သော​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​ရာ သန့်​ရှင်း​သော​မြို့​တော်​ကို ရွှင်​လန်း​စေ​တတ်၏။” (ဆာလံ ၄၆:၁-၄)


လောကကြီးရဲ့နောက်ဆုံးအခြေအနေ

ပိုကောင်းလာဖို့ထက် ပိုဆိုးလာဖို့ အရိပ်ရောင်တွေ နေရာတကာမှာ တွေ့နေရတဲ့အခါမှာ လူ့သဘာ၀အရကတော့ စိုးရိမ်မယ်၊ ကြောက်ရွံ့တုန်လှုပ်မှုတွေရှိမယ်။ ခန့်မှန်းလို့မရတဲ့နေ့ရက်ကလာတွေ၊ သဘာ၀ဘေးဆိုးတွေ၊ ရောဂါတွေ၊ စစ်ဖြစ်ဖို့သတင်းတွေ၊ မငြိမ်သက်နိုင်တဲ့အကြောင်းအရာတွေ ဒါတွေအားလုံးက ဖြစ်လာတဲ့အခါမှာတော့ ဘုရားကြိုတင်ပြောခဲ့တဲ့ ပရောဖက်ပြုချက်တွေ ပြည့်စုံလာပြီဆိုတာသတိပြုမိဖို့လိုတယ်။ ဒါတွေဖြစ်လာမယ်လို့ အကြိမ်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာ သခင်က ကြိုတင်ပြောထားခဲ့လေတော့ မကောင်းတဲ့အရာတွေတောင် သခင်ပြောတဲ့အတိုင်းဖြစ်လာမှတော့ ကောင်းတဲ့အရာတွေလည်း သခင်ဂတိတော်အတိုင်းဖြစ်လာမယ်ဆိုတာ မယုံနိုင်စရာဘယ်ရှိပါတော့မလဲ။ ဒါကြောင့် လောကကြီးရဲ့ အဆုံးသတ်အချိန်လေးမှာ ဘုရားရဲ့ ဂတိတော်ကို ပိုမိုဆွဲလန်းပြီးတော့ ယုံကြည်ခြင်းနှင့်လျှောက်လှမ်းတဲ့သူ တစ်ယောက်ဖြစ်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ ဒီအရာတွေကို ဘယ်သူကမှတော့ မဖြစ်ချင် မကြုံချင်ပါဘူး။ ဒါပေမယ့်အဲ့ဒါတွေမကြုံရရင် ဒီထက်ကောင်းတဲ့ သခင်ဂတိပေးထားတဲ့ ချီဆောင်ခြင်းတွေ၊ သိုးသူငယ်မင်္ဂလာပွဲတွေကလည်းကြုံလာစရာမှ မရှိတာ။ ဒါကြောင့် ဒီနေ့ရက်ကာလတွေကိုတွေ့ကြုံတဲ့အခါမှာ စိတ်ပျက်ဖို့မဟုတ်ပဲ သခင်ပေးထားတဲ့ဂတိတွေပြည့်စုံဖို့နီးပြီဆိုတာကိုမျှော်လင့်ရင်း စိတ်အားထက်သန်မှုတွေက ပိုဖြစ်လာတယ်။


မတုန်မလှုပ်စေတဲ့မြစ်

နောက်ဆုံးသော အချိန်ကာလတွေမှာ ခိုင်မာတယ်ဆိုတာ၊ မတုန်လှုပ်နိုင်တဲ့အရာတွေဆိုတာမရှိတော့ဘူး။ စျေးကွက်တွေ၊ နိုင်ငံတွေ၊ ရာထူးအာဏာတွေ အားလုံးက ခိုင်မာတယ်ဆိုတာ မရှိသလောက်ကို ဖြစ်သွားတယ်။ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေလည်း နေ့မြင် ညပျောက်ပဲ။ အရမ်းမြန်လွန်းလို့ ဘယ်အရာကအမှန် ဘယ်အရာကအမှားဆိုတာတောင် မနည်းကိုခွဲခြားနေရတယ်။ ဒီလို ကာလကြီးထဲမှာ ဘုရားရဲ့ပလ္လင်က စီးတဲ့မြစ်ရေကပဲ မတုန်မလှုပ်နိုင်တဲ့ အသက်တာနဲ့ မတုန်မလှုပ်နိုင်တဲ့ ဝမ်းမြောက်ခြင်းကို ဖြစ်စေတယ်။ ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိပဲ စိတ်ချမှုအပြည့်နဲ့ နေ့ရက်စဉ်တိုင်းကို ကျော်ဖြတ်ချင်တယ်ဆိုရင်တော့ ဘုရားမျက်မှောက်တော်မှာ ပိုအချိန်ယူဖို့ လိုတယ်။ ဘုရားမျက်မှောက်တော်မှာပိုတိုးဝင်ဖို့လိုတယ်။ အဲ့ဒီအထဲကနေ စီးဆင်းလာတဲ့ ဘုရားရဲ့ သန့်ရှင်းသော ဝိညာဉ်တော်မြစ်ရေထဲမှာ စိမ်ထားမှပဲ ဘယ်အရာပဲကြုံကြုံ၊ ဘယ်လို အနေအထားပဲ မြင်ရကြားရ တုန်လှုပ်နေမှာမဟုတ်သလို၊ ပြိုကျပျက်ဆီးသွားမှာလုံး၀မဟုတ်ဘူး။ နေ့ရက်စဉ်တိုင်းအတွက်လိုအပ်တဲ့ ခွန်အားကို ရရှိစေပြီးတော့အရာရာကို ငြိမ်သက်ခြင်းနဲ့ ဖြတ်ကျော်နိုင်ဖို့ ပလ္လင်တော်ကစီးတဲ့မြစ်ရေကပဲ သင့်ကို စောင့်မလိမ့်မယ်။ ဒါကြောင့် တုန်လှုပ်စရာတွေနဲ့ပြည့်နေတဲ့ ဒီကာလကြီးထဲမှာ မတုန်မလှုပ်ပဲ ခွန်အားပြည့်နဲ့အသက်ရှင်ဖို့နည်းလမ်းရှိပါသေးတယ်လို့ ဆိုချင်တယ်။



Zawgyi

႐ွိေသးတယ္

“ဘု​ရား​သ​ခင္​သည္ ငါ​တို႔​ခို​လႈံ​ရာ​ျဖစ္၍၊ ခြန္​အား​ကို​ေပး​ေတာ္​မူ၏။ ေဘး​ေရာက္​သည္​ကာ​လ အ​ထူး​သ​ျဖင့္ ကူ​မ​ေတာ္​မူ​ေၾကာင္း ထင္​႐ွား​လ်က္​႐ွိ၏။ ထို​ေၾကာင့္ ပ​ထ​ဝီ​ေျမ​ႀကီး​သည္​ေ႐ြ႕​သြား၍ ေတာင္​မ်ား​တုန္​လႈပ္​လ်က္ သ​မု​ဒၵ​ရာ​သို႔​က်​ေသာ္​လည္း၊ ငါ​တို႔​သည္ ေၾကာက္​လန္႔​ျခင္း​မ​႐ွိ။ သ​မု​ဒၵ​ရာ​ေရ​သည္ ဟုန္း​ဟုန္း​ျမည္၍ ေမႊ​ေႏွာက္​ပါ​ေလ​ေစ။ လိႈင္း​တံ​ပိုး​ထ​သ​ျဖင့္၊ ေတာင္​မ်ား​တုန္​လႈပ္​ပါ​ေလ​ေစ။ ျမစ္​တစ္​ျမစ္​႐ွိ​ေသး၏။ ထို​ျမစ္​ေရ​သည္​စီး၍ ဘု​ရား​သ​ခင္၏ ၿမိဳ႕​တည္း​ဟူ​ေသာ အ​ျမင့္​ဆုံး​ေသာ​ဘု​ရား က်ိန္း​ဝပ္​ေတာ္​မူ​ရာ သန္႔​႐ွင္း​ေသာ​ၿမိဳ႕​ေတာ္​ကို ႐ႊင္​လန္း​ေစ​တတ္၏။” (ဆာလံ ၄၆:၁-၄)


ေလာကႀကီးရဲ႕ေနာက္ဆုံးအေျခအေန

ပိုေကာင္းလာဖို႔ထက္ ပိုဆိုးလာဖို႔ အရိပ္ေရာင္ေတြ ေနရာတကာမွာ ေတြ႕ေနရတဲ့အခါမွာ လူ႕သဘာ၀အရကေတာ့ စိုးရိမ္မယ္၊ ေၾကာက္႐ြံ႕တုန္လႈပ္မႈေတြ႐ွိမယ္။ ခန္႔မွန္းလို႔မရတဲ့ေန႔ရက္ကလာေတြ၊ သဘာ၀ေဘးဆိုးေတြ၊ ေရာဂါေတြ၊ စစ္ျဖစ္ဖို႔သတင္းေတြ၊ မၿငိမ္သက္ႏိုင္တဲ့အေၾကာင္းအရာေတြ ဒါေတြအားလုံးက ျဖစ္လာတဲ့အခါမွာေတာ့ ဘုရားႀကိဳတင္ေျပာခဲ့တဲ့ ပေရာဖက္ျပဳခ်က္ေတြ ျပည့္စုံလာၿပီဆိုတာသတိျပဳမိဖို႔လိုတယ္။ ဒါေတြျဖစ္လာမယ္လို႔ အႀကိမ္ေပါင္းမ်ားစြာ၊ ႏွစ္ေပါင္းမ်ားစြာ သခင္က ႀကိဳတင္ေျပာထားခဲ့ေလေတာ့ မေကာင္းတဲ့အရာေတြေတာင္ သခင္ေျပာတဲ့အတိုင္းျဖစ္လာမွေတာ့ ေကာင္းတဲ့အရာေတြလည္း သခင္ဂတိေတာ္အတိုင္းျဖစ္လာမယ္ဆိုတာ မယုံႏိုင္စရာဘယ္႐ွိပါေတာ့မလဲ။ ဒါေၾကာင့္ ေလာကႀကီးရဲ႕ အဆုံးသတ္အခ်ိန္ေလးမွာ ဘုရားရဲ႕ ဂတိေတာ္ကို ပိုမိုဆြဲလန္းၿပီးေတာ့ ယုံၾကည္ျခင္းႏွင့္ေလွ်ာက္လွမ္းတဲ့သူ တစ္ေယာက္ျဖစ္ဖို႔ သိပ္ကိုအေရးႀကီးပါတယ္။ ဒီအရာေတြကို ဘယ္သူကမွေတာ့ မျဖစ္ခ်င္ မၾကဳံခ်င္ပါဘူး။ ဒါေပမယ့္အဲ့ဒါေတြမၾကဳံရရင္ ဒီထက္ေကာင္းတဲ့ သခင္ဂတိေပးထားတဲ့ ခ်ီေဆာင္ျခင္းေတြ၊ သိုးသူငယ္မဂၤလာပြဲေတြကလည္းၾကဳံလာစရာမွ မ႐ွိတာ။ ဒါေၾကာင့္ ဒီေန႔ရက္ကာလေတြကိုေတြ႕ၾကဳံတဲ့အခါမွာ စိတ္ပ်က္ဖို႔မဟုတ္ပဲ သခင္ေပးထားတဲ့ဂတိေတြျပည့္စုံဖို႔နီးၿပီဆိုတာကိုေမွ်ာ္လင့္ရင္း စိတ္အားထက္သန္မႈေတြက ပိုျဖစ္လာတယ္။


မတုန္မလႈပ္ေစတဲ့ျမစ္

ေနာက္ဆုံးေသာ အခ်ိန္ကာလေတြမွာ ခိုင္မာတယ္ဆိုတာ၊ မတုန္လႈပ္ႏိုင္တဲ့အရာေတြဆိုတာမ႐ွိေတာ့ဘူး။ ေစ်းကြက္ေတြ၊ ႏိုင္ငံေတြ၊ ရာထူးအာဏာေတြ အားလုံးက ခိုင္မာတယ္ဆိုတာ မ႐ွိသေလာက္ကို ျဖစ္သြားတယ္။ ေငြေၾကးနဲ႔ ပိုင္ဆိုင္မႈေတြလည္း ေန႔ျမင္ ညေပ်ာက္ပဲ။ အရမ္းျမန္လြန္းလို႔ ဘယ္အရာကအမွန္ ဘယ္အရာကအမွားဆိုတာေတာင္ မနည္းကိုခြဲျခားေနရတယ္။ ဒီလို ကာလႀကီးထဲမွာ ဘုရားရဲ႕ပလႅင္က စီးတဲ့ျမစ္ေရကပဲ မတုန္မလႈပ္ႏိုင္တဲ့ အသက္တာနဲ႔ မတုန္မလႈပ္ႏိုင္တဲ့ ဝမ္းေျမာက္ျခင္းကို ျဖစ္ေစတယ္။ ေၾကာက္႐ြံ႕တုန္လႈပ္ျခင္းမ႐ွိပဲ စိတ္ခ်မႈအျပည့္နဲ႔ ေန႔ရက္စဥ္တိုင္းကို ေက်ာ္ျဖတ္ခ်င္တယ္ဆိုရင္ေတာ့ ဘုရားမ်က္ေမွာက္ေတာ္မွာ ပိုအခ်ိန္ယူဖို႔ လိုတယ္။ ဘုရားမ်က္ေမွာက္ေတာ္မွာပိုတိုးဝင္ဖို႔လိုတယ္။ အဲ့ဒီအထဲကေန စီးဆင္းလာတဲ့ ဘုရားရဲ႕ သန္႔႐ွင္းေသာ ဝိညာဥ္ေတာ္ျမစ္ေရထဲမွာ စိမ္ထားမွပဲ ဘယ္အရာပဲၾကဳံၾကဳံ၊ ဘယ္လို အေနအထားပဲ ျမင္ရၾကားရ တုန္လႈပ္ေနမွာမဟုတ္သလို၊ ၿပိဳက်ပ်က္ဆီးသြားမွာလုံး၀မဟုတ္ဘူး။ ေန႔ရက္စဥ္တိုင္းအတြက္လိုအပ္တဲ့ ခြန္အားကို ရ႐ွိေစၿပီးေတာ့အရာရာကို ၿငိမ္သက္ျခင္းနဲ႔ ျဖတ္ေက်ာ္ႏိုင္ဖို႔ ပလႅင္ေတာ္ကစီးတဲ့ျမစ္ေရကပဲ သင့္ကို ေစာင့္မလိမ့္မယ္။ ဒါေၾကာင့္ တုန္လႈပ္စရာေတြနဲ႔ျပည့္ေနတဲ့ ဒီကာလႀကီးထဲမွာ မတုန္မလႈပ္ပဲ ခြန္အားျပည့္နဲ႔အသက္႐ွင္ဖို႔နည္းလမ္း႐ွိပါေသးတယ္လို႔ ဆိုခ်င္တယ္။

2 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube