Search
  • Than Min Htike

လွှတ်ထားတယ်


ဗျာ၂၂:၁၁-၁၂

ဘုရားသခင်အလွတ်ထားတဲ့အချိန်

ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အခါမှာလူတွေဟာ ကိုယ်ကြိုက်သလိုအသက်ရှင်ပြောဆိုပြုမူနေကြတယ်။ ကိုယ်ကမှန်တယ်ထင်ပြီး အမှားလုပ်နေတဲ့သူတွေရော၊ သူတပါးကို ဆရာလုပ်ပြီးကိုယ်တိုင်တော့ ရှုံးနိမ့်နေသူတွေ၊ လူတကာကိုလက်ညှိုး ထိုးပုပ်ခတ်ဝေဖန်သူတွေ၊ ဟိုလူကိုတိုက်ခိုက်ဒီလူကို အပြစ်ပြောနဲ့ က်ိုယ်ပဲသိပ်မှန်တဲ့ ဂိုက်ဖမ်းကြမ်းသူတွေ၊ အပြစ်ဆိုတာသိရဲ့နဲ့ လိုင်စင်ရထားသလို ဘာကိုမှ ဂရုအစိုက်ပဲ လုပ်နေတဲ့သူတွေနဲ့ပြည့်နေပြီး ဘုရားအလ်ိုတော်ကို ကြိုးစားပြီးဝန်ခံလိုက်လျှောက်

သူတွေကိုတောင် ဟားတိုက်ရယ်မောနေတဲ့အချိန် ကာလကြီးတစ်ခု ရောက်မှန်းမသိရောက်နေတာကို သတိထားမိတယ်။ တခါတလေ လူတွေကို ကြည့်ပြီး သင် အားမလိုအားမရ ဖြစ်မယ်။ စိတ်မကောင်းဖြစ်ချင်ဖြစ်မယ်။ မှားတဲ့သူတွေဟာ ဒုက္ခမရောက်ပဲ အသာစီးတောင်ရနေတယ်လို့တောင်တခါတလေ မြင်မယ်။ ဘုရားက ဘာမှ မစီရင်တော့ဘူးလား။သူတို့ အမှားလုပ်တာ ဘာမှ ပြန်မရိတ်သိမ်းရဘူးလားလို့ ထင်စရာအကြောင်းရှိတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဘုရားကဒီအချိန်မှာ လူတိုင်းကိုလွှတ်ထားတဲ့အချိန်ပါ။ သဘောရှိတဲ့အတ်ိုင်းလွတ်လပ်စွာ အသက်ရှင်ခိုင်းပါတယ် ။ ဒါပေမယ့် တနေ့မှာတော့ ဒီနေ့ အသက်ရှင်တဲ့ အရာအားလုံးရဲ့အသီးအပွင့်ကိုတော့ ရိတ်သိမ်းရမှာမလွဲဘူး။

ရှံဆုန်ဟာ မတရားသောမေထုန်ထဲမှာစကျ

ဆင်းတဲ့အချိန်မှာ သူဟာ အားချက်ခြင်းလျော့သွား

တာမဟုတ်ဘူး။ အရင်လို သန်မာတုန်း၊ ရန်သူကိုနိုင်

နေတုန်းပဲ။ ဒါနဲ့သူ ဘယ်လို ထင်သွားလည်း ငါအမှားလုပ်‌ပေမယ့်ငါလုပ်သမျှ အောင်မြင်လျှက် ရှိနေဆဲပဲလို့တွေးမိသွားတယ်။ ဒါကြောင့် နောက်ပိုင်း သူ မတရားသောမေထုန်ညစ်ညူးမူထဲမှာ ပိုအချိန်ယူလာတယ်။ သူ့ဟာသူ ရန်သူရဲ့ သတ်ကွင်းထဲ ရောက်မှန်းမသိရောက်သွားပြီး နောက်ဆုံး သူစိုက်ပျိုးခဲ့တဲ့ အတိုင်း နွားလိုဘဝမျိုး ရောက်သွားတဲ့ အချိန်မှာတော့ အရာရာ နောက်ကျသွားပြီ။ ဒါကြောင့် ဘုရား ဘာမှ အရေးမယူဘူးဆိုပြီး လုပ်ချင်တာ ဆက်လုပ်နေရင် သာ၍ဆိုးတဲ့ဘေးဟာသင့်အရှေ့မှာ စောင့်နေတယ်ဆိုတာ မမေ့နဲ့ ။



Zawgyi

လႊတ္ထားတယ္

ဗ်ာ၂၂:၁၁-၁၂

ဘုရားသခင္အလြတ္ထားတဲ့အခ်ိန္

ပတ္ဝန္းက်င္ကို ၾကည့္လိုက္တဲ့ အခါမွာလူေတြဟာ ကိုယ္ႀကိဳက္သလိုအသက္႐ွင္ေျပာဆိုျပဳမူေနၾကတယ္။ ကိုယ္ကမွန္တယ္ထင္ၿပီး အမွားလုပ္ေနတဲ့သူေတြေရာ၊ သူတပါးကို ဆရာလုပ္ၿပီးကိုယ္တိုင္ေတာ့ ႐ႈံးနိမ့္ေနသူေတြ၊ လူတကာကိုလက္ညိႇဳး ထိုးပုပ္ခတ္ေဝဖန္သူေတြ၊ ဟိုလူကိုတိုက္ခိုက္ဒီလူကို အျပစ္ေျပာနဲ႔ က္ိဳယ္ပဲသိပ္မွန္တဲ့ ဂိုက္ဖမ္းၾကမ္းသူေတြ၊ အျပစ္ဆိုတာသိရဲ႕နဲ႔ လိုင္စင္ရထားသလို ဘာကိုမွ ဂ႐ုအစိုက္ပဲ လုပ္ေနတဲ့သူေတြနဲ႔ျပည့္ေနၿပီး ဘုရားအလ္ိဳေတာ္ကို ႀကိဳးစားၿပီးဝန္ခံလိုက္ေလွ်ာက္

သူေတြကိုေတာင္ ဟားတိုက္ရယ္ေမာေနတဲ့အခ်ိန္ ကာလႀကီးတစ္ခု ေရာက္မွန္းမသိေရာက္ေနတာကို သတိထားမိတယ္။ တခါတေလ လူေတြကို ၾကည့္ၿပီး သင္ အားမလိုအားမရ ျဖစ္မယ္။ စိတ္မေကာင္းျဖစ္ခ်င္ျဖစ္မယ္။ မွားတဲ့သူေတြဟာ ဒုကၡမေရာက္ပဲ အသာစီးေတာင္ရေနတယ္လို႔ေတာင္တခါတေလ ျမင္မယ္။ ဘုရားက ဘာမွ မစီရင္ေတာ့ဘူးလား။သူတို႔ အမွားလုပ္တာ ဘာမွ ျပန္မရိတ္သိမ္းရဘူးလားလို႔ ထင္စရာအေၾကာင္း႐ွိတယ္။ တကယ္ေတာ့ မဟုတ္ပါဘူး။ ဘုရားကဒီအခ်ိန္မွာ လူတိုင္းကိုလႊတ္ထားတဲ့အခ်ိန္ပါ။ သေဘာ႐ွိတဲ့အတ္ိဳင္းလြတ္လပ္စြာ အသက္႐ွင္ခိုင္းပါတယ္ ။ ဒါေပမယ့္ တေန႔မွာေတာ့ ဒီေန႔ အသက္႐ွင္တဲ့ အရာအားလုံးရဲ႕အသီးအပြင့္ကိုေတာ့ ရိတ္သိမ္းရမွာမလြဲဘူး။

႐ွံဆုန္ဟာ မတရားေသာေမထုန္ထဲမွာစက်

ဆင္းတဲ့အခ်ိန္မွာ သူဟာ အားခ်က္ျခင္းေလ်ာ့သြား

တာမဟုတ္ဘူး။ အရင္လို သန္မာတုန္း၊ ရန္သူကိုႏိုင္

ေနတုန္းပဲ။ ဒါနဲ႔သူ ဘယ္လို ထင္သြားလည္း ငါအမွားလုပ္‌ေပမယ့္ငါလုပ္သမွ် ေအာင္ျမင္လွ်က္ ႐ွိေနဆဲပဲလို႔ေတြးမိသြားတယ္။ ဒါေၾကာင့္ ေနာက္ပိုင္း သူ မတရားေသာေမထုန္ညစ္ညဴးမူထဲမွာ ပိုအခ်ိန္ယူလာတယ္။ သူ႕ဟာသူ ရန္သူရဲ႕ သတ္ကြင္းထဲ ေရာက္မွန္းမသိေရာက္သြားၿပီး ေနာက္ဆုံး သူစိုက္ပ်ိဳးခဲ့တဲ့ အတိုင္း ႏြားလိုဘဝမ်ိဳး ေရာက္သြားတဲ့ အခ်ိန္မွာေတာ့ အရာရာ ေနာက္က်သြားၿပီ။ ဒါေၾကာင့္ ဘုရား ဘာမွ အေရးမယူဘူးဆိုၿပီး လုပ္ခ်င္တာ ဆက္လုပ္ေနရင္ သာ၍ဆိုးတဲ့ေဘးဟာသင့္အေ႐ွ႕မွာ ေစာင့္ေနတယ္ဆိုတာ မေမ့နဲ႔ ။

0 views0 comments