Search
  • Than Min Htike

ဝမ်းမြောက်ဖွယ်ရာ

ဘုရားခေါ်ခြင်း

လောကကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ သင့်ကိုဝမ်းနည်းပူဆွေးစေပေမယ့် ယေရှုခရစ်တော်ခံခဲ့တဲ့ဒဏ်ရာဒဏ်ချက်တွေဟာ သင်ဝမ်းမြောက်ကျန်းမာကောင်းစားဖို့အတွက်ပါ။ ဘယ်လ်ိုနည်းနဲ့မှ မလွတ်နိုင်တဲ့ အပြစ်ဆိုတဲ့ ခါးသီးတဲ့အကျိုးဆက်တွေကနေအမှုပြီးပြီ ကိုယ်စား ပေးချေခဲ့ပြီးပြီဆိုတဲ့ ကြေငြာချက်နဲ့ ဝမ်း မြောက်ဖွယ်ရာ သတင်းအားဖြင့် သင့်ကိုခေါ်ထုတ်ခဲ့တဲ့သူဟာ ယေရှုပါ။ လောကကြီးကတော့ မှားရင်လည်းစီရင်တယ်၊ မမှားရင်လည်း မှားအောင်လုပ်မှာပဲ။ သင်လွတ်စရာအပေါက်မရှိအောင် တစ်ခါမှ မကြားဖူး၊ စိတ်ကူးမယဉ်ဖူးတဲ့ ပြစ်မှုတွေနဲ့ သင့်ကို ဆွဲချဖို့၊ ကြေကွဲစေဖို့အမျိုးမျိုး ကြိုးစားပေမယ့် သခင်ယေရှုရဲ့ ဝမ်းမြောက်ဖွယ်သတင်းကတော့ သင် ယခုဘဝ၊ နောင်ဘဝ အာမခံချက်ကို ယုံကြည်ခြင်းအားဖြင့် ရနိုင်တယ် ဆိုတာပါပဲ။ ဒီနေ့ ဘုရား ကျွန်တော်တို့ကို ခေါ်ခဲ့စဉ်ကတည်းက သင့်ကို တခြားအရာနဲ့ ခေါ်တာ မဟုတ်ပါဘူး ဝမ်းမြောက်ဖွယ်ရာသတင်းနဲ့ခေါ်ယူခဲ့တာပါ။ ဒါကြောင့်အဲ့ဒီ ယေရှုဘုရားဟာ သင့်ကို ဝမ်းမြောက်ခြင်းစုံလင်တဲ့ဘဝဆီ ခေါ်ဆောင်သွားမှာ သေချာပါတယ်။


ဘုရားရဲ့ဘိသိက်ခြင်း (လုကာ၄:၁၉)

ဘုရားဘာဖြစ်လို့ သင့်က်ိုဘိသိက်တာလဲ။ လူတွေကဘိသိက်ခြင်းတော့ လိုချင်တယ်၊ ဘာကြောင့်ဘုရားက လူတွေကို ဘိသိက်တာလည်းဆိုတာ နည်းနည်းလေးမှမတွေးမိကြဘူး။ ဘုရားက ကျွန်တော်တို့က်ိုဘိသိက်ခြင်းပေးတာ ဆင်းရဲသားတွေ မကျန်းမာသူတွေ လိုအပ်နေသူတွေကို ဝမ်းမြောက်စေချင်လို့ပါ။ သင့်ကိုဘုရားပေးတဲ့ ဘိသိက်ကို လူတွေ ဝမ်းနည်းဖို့ မသုံးနဲ့ အဲ့ဒါ ဘုရားရည်ရွယ်ချက်မဟုတ်ဘူး။ ဒီနေ့ လူတွေဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကြားနာပြီး မလွတ်မြောက်နိုင်တဲ့ ဘဝဟောင်း အခြေအနေဟောင်း ကနေလွတ်မြောက်သွားဖို့ သင့်ကိုဘုရားဘိသိက်တယ်။ ဒီနေ့ လောကကြီးမှာ အခြေအနေ အမျိုးမျိုးကြောင့်ကြေကွဲနေသူတွေ၊ နာကျင်နေသူတွေဟာ ကုသပေးမယ့်သူမရှိဘူး။ ကူရာကယ်ရာရဖို့ အော်ဟစ်နေကြတယ်။ ဒီနေ့ ကြားရတဲ့သတင်းတွေ အခြေအနေတွေကလည်းကောင်းတဲ့သတင်းမရှိတော့ဘူး။ တစ်ခုတည်းသောသတင်းကောင်းက သင်နဲ့ကျွန်ုပ်ဆီမှာပဲ ရှိတယ်။ဒါကြောင့် ဘုရားဘိသိက်တဲ့ ရည်ရွယ်ချက်အတိုင်း

မြေကြီးစွန်းတိုင်အောင် ဟောပြော သက်သေခံလိုက်

ကြရအောင်။


ရေလောင်းသောသူ၊ ရေလောင်းခြင်းအကျိုးခံမယ်

(သုတ္တံ ၁၁:၂၅)

သင်ကိုယ်တိုင် ဝမ်းမမြောက်နိုင်လို့ထွက်ပေါက်ရှာနေရင် နှုတ်ကပတ်တော်ရဲ့နိယာမက ရေလောင်းသောသူကပဲ ရေလောင်းခြင်းအကျိုး ခံရမယ်တဲ့။ ဒါဆိုသင်ဟာ ကြေကွဲသူတွေ အတွက် ဝမ်းမြောက်ဖွယ်သတင်း သယ်ဆောင်သူဖြစ်တယ်ဆိုရင် သင်ကိုယ်တိုင်လည်း ဝမ်းမြောက်ခြင်းအသက်တာ ခံစားမှာပေါ့မဟုတ် ဘူးလား။ ဒီနေ့ ကိုယ်ပဲဝမ်းမြောက်ဖို့အသက်မရှင်နဲ့။ သင့်အားဖြင့်လူမျိုးတကာဝမ်းမြောက်ဖွယ်သတင်းကြားနာပြီး ဝမ်းမြောက်တဲ့အသက်တာပိုင်ဆိုင်နိုင်ဖို့ ဒီနေ့ပဲ စတင်လိုက်ပါ။ သင်ကိုယ်တိုင်ဝမ်းမြောက်ရမှာ သေချာတယ်။



Zawgyi

ဝမ္းေျမာက္ဖြယ္ရာ


ဘုရားေခၚျခင္း

ေလာကႀကီးရဲ႕ ဒဏ္ရာဒဏ္ခ်က္ေတြဟာ သင့္ကိုဝမ္းနည္းပူေဆြးေစေပမယ့္ ေယ႐ႈခရစ္ေတာ္ခံခဲ့တဲ့ဒဏ္ရာဒဏ္ခ်က္ေတြဟာ သင္ဝမ္းေျမာက္က်န္းမာေကာင္းစားဖို႔အတြက္ပါ။ ဘယ္လ္ိဳနည္းနဲ႔မွ မလြတ္ႏိုင္တဲ့ အျပစ္ဆိုတဲ့ ခါးသီးတဲ့အက်ိဳးဆက္ေတြကေနအမႈၿပီးၿပီ ကိုယ္စား ေပးေခ်ခဲ့ၿပီးၿပီဆိုတဲ့ ေၾကျငာခ်က္နဲ႔ ဝမ္း ေျမာက္ဖြယ္ရာ သတင္းအားျဖင့္ သင့္ကိုေခၚထုတ္ခဲ့တဲ့သူဟာ ေယ႐ႈပါ။ ေလာကႀကီးကေတာ့ မွားရင္လည္းစီရင္တယ္၊ မမွားရင္လည္း မွားေအာင္လုပ္မွာပဲ။ သင္လြတ္စရာအေပါက္မ႐ွိေအာင္ တစ္ခါမွ မၾကားဖူး၊ စိတ္ကူးမယဥ္ဖူးတဲ့ ျပစ္မႈေတြနဲ႔ သင့္ကို ဆြဲခ်ဖို႔၊ ေၾကကြဲေစဖို႔အမ်ိဳးမ်ိဳး ႀကိဳးစားေပမယ့္ သခင္ေယ႐ႈရဲ႕ ဝမ္းေျမာက္ဖြယ္သတင္းကေတာ့ သင္ ယခုဘဝ၊ ေနာင္ဘဝ အာမခံခ်က္ကို ယုံၾကည္ျခင္းအားျဖင့္ ရႏိုင္တယ္ ဆိုတာပါပဲ။ ဒီေန႔ ဘုရား ကြၽန္ေတာ္တို႔ကို ေခၚခဲ့စဥ္ကတည္းက သင့္ကို တျခားအရာနဲ႔ ေခၚတာ မဟုတ္ပါဘူး ဝမ္းေျမာက္ဖြယ္ရာသတင္းနဲ႔ေခၚယူခဲ့တာပါ။ ဒါေၾကာင့္အဲ့ဒီ ေယ႐ႈဘုရားဟာ သင့္ကို ဝမ္းေျမာက္ျခင္းစုံလင္တဲ့ဘဝဆီ ေခၚေဆာင္သြားမွာ ေသခ်ာပါတယ္။


ဘုရားရဲ႕ဘိသိက္ျခင္း (လုကာ၄:၁၉)

ဘုရားဘာျဖစ္လို႔ သင့္က္ိဳဘိသိက္တာလဲ။ လူေတြကဘိသိက္ျခင္းေတာ့ လိုခ်င္တယ္၊ ဘာေၾကာင့္ဘုရားက လူေတြကို ဘိသိက္တာလည္းဆိုတာ နည္းနည္းေလးမွမေတြးမိၾကဘူး။ ဘုရားက ကြၽန္ေတာ္တို႔က္ိဳဘိသိက္ျခင္းေပးတာ ဆင္းရဲသားေတြ မက်န္းမာသူေတြ လိုအပ္ေနသူေတြကို ဝမ္းေျမာက္ေစခ်င္လို႔ပါ။ သင့္ကိုဘုရားေပးတဲ့ ဘိသိက္ကို လူေတြ ဝမ္းနည္းဖို႔ မသုံးနဲ႔ အဲ့ဒါ ဘုရားရည္႐ြယ္ခ်က္မဟုတ္ဘူး။ ဒီေန႔ လူေတြဝမ္းေျမာက္ဖြယ္ရာ သတင္းေကာင္းၾကားနာၿပီး မလြတ္ေျမာက္ႏိုင္တဲ့ ဘဝေဟာင္း အေျခအေနေဟာင္း ကေနလြတ္ေျမာက္သြားဖို႔ သင့္ကိုဘုရားဘိသိက္တယ္။ ဒီေန႔ ေလာကႀကီးမွာ အေျခအေန အမ်ိဳးမ်ိဳးေၾကာင့္ေၾကကြဲေနသူေတြ၊ နာက်င္ေနသူေတြဟာ ကုသေပးမယ့္သူမ႐ွိဘူး။ ကူရာကယ္ရာရဖို႔ ေအာ္ဟစ္ေနၾကတယ္။ ဒီေန႔ ၾကားရတဲ့သတင္းေတြ အေျခအေနေတြကလည္းေကာင္းတဲ့သတင္းမ႐ွိေတာ့ဘူး။ တစ္ခုတည္းေသာသတင္းေကာင္းက သင္နဲ႔ကြၽႏ္ုပ္ဆီမွာပဲ ႐ွိတယ္။ဒါေၾကာင့္ ဘုရားဘိသိက္တဲ့ ရည္႐ြယ္ခ်က္အတိုင္း

ေျမႀကီးစြန္းတိုင္ေအာင္ ေဟာေျပာ သက္ေသခံလိုက္

ၾကရေအာင္။


ေရေလာင္းေသာသူ၊ ေရေလာင္းျခင္းအက်ိဳးခံမယ္

(သုတၱံ ၁၁:၂၅)

သင္ကိုယ္တိုင္ ဝမ္းမေျမာက္ႏိုင္လို႔ထြက္ေပါက္႐ွာေနရင္ ႏႈတ္ကပတ္ေတာ္ရဲ႕နိယာမက ေရေလာင္းေသာသူကပဲ ေရေလာင္းျခင္းအက်ိဳး ခံရမယ္တဲ့။ ဒါဆိုသင္ဟာ ေၾကကြဲသူေတြ အတြက္ ဝမ္းေျမာက္ဖြယ္သတင္း သယ္ေဆာင္သူျဖစ္တယ္ဆိုရင္ သင္ကိုယ္တိုင္လည္း ဝမ္းေျမာက္ျခင္းအသက္တာ ခံစားမွာေပါ့မဟုတ္ ဘူးလား။ ဒီေန႔ ကိုယ္ပဲဝမ္းေျမာက္ဖို႔အသက္မ႐ွင္နဲ႔။ သင့္အားျဖင့္လူမ်ိဳးတကာဝမ္းေျမာက္ဖြယ္သတင္းၾကားနာၿပီး ဝမ္းေျမာက္တဲ့အသက္တာပိုင္ဆိုင္ႏိုင္ဖို႔ ဒီေန႔ပဲ စတင္လိုက္ပါ။ သင္ကိုယ္တိုင္ဝမ္းေျမာက္ရမွာ ေသခ်ာတယ္။

2 views0 comments