Search
  • Than Min Htike

ဝိညာဉ်တော်ကိုရုတ်တော်မမူပါနှင့်


လူတိုင်းမှားတတ်ပါတယ်။လူတိုင်းမှာအား

နည်းချက်ကိုယ်စီရှိပါတယ်။ ဒါပေမယ့် အမှားလုပ်

ပြီးတဲ့အခါမှာ နောင်တရတာနဲ့ မရတာတော့

တော်တော် ကွာခြားပါတယ်။လူတွေနားမလည်

ကြတဲ့အရာက ဒီမှာရှိတယ်။ ဘာကြောင့်အမှား

လုပ်တာချင်းအတူတူ တစ်ယောက်ကတော့

ကောင်းကြီးဆက်ရပြီး ဘုရားအသုံးဆက်ပြု‌

နေတာဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ဘုရားရဲ့

အမျက်တော်ကိုခံရတာလဲ။ ဒါဝိဒ်လည်းအပြစ်လုပ်

တယ်ရှောလုလည်း အပြစ်လုပ်တယ်။ ဒါပေမယ့်

အဆုံးကတော့လုံးလုံးကို မတူဘူး။ ဒါဝိဒ်အပြစ်ဆို

ရှောလုအပြစ်ထက်ပို ဆိုးတယ်လို့တောင်ထင်စရာရှိ

တယ်။ တကယ်တော့ ဘယ်လို အပြစ်မျိုးကျူး

လွန်တယ် ဆိုတာထက် အပြစ်လုပ်ပြီးတဲ့အခါ

မှာ နောင်တနဲ့ တကယ် ဘုရားဆီ ပြန်လာသလား

မလာဘူးလားဆိုတာ ပိုအရေးကြီးတယ်။


သန့်ရှင်းသောဝိညာဉ်တော်ကို ရုတ်တော်မမူပါနှင့်

(ဆာ-၅၁:၁၁)

ဒါဝိဒ် ဗာသရှေဘနဲ့ မှားပြီးတဲ့ အခါမှာ

ပရောဖက်အားဖြင့် ဘုရားကစေလွှတ်ပြီးစကား

ပြောခဲ့တယ်။ အဲ့ဒီအချိန်မှာ သူဘုရားရှေ့မှာ

နောင်တနဲ့ ပြန်လည်တိုးဝင်ခဲ့တယ်။ တကယ်ဆို

ရှောလုထက်သူရဲ့ အပြစ်ကပိုဆိုးတယ်လို့

တောင်ထင်စရာရှိတယ်။ မတူတာကဘာလဲ

သူကနောင်တနဲ့ တိုးဝင်ပြီး ရှောလုကနောင်တ

မရတာပါပဲ။ သူအပြစ်လုပ်ပြီးတဲ့အခါ ဘုရင်ရာ

ထူးကို မရုတ်သိမ်းဖို့ မတောင်းဆိုဘူး။ စည်းစိမ်

တွေ ဂုဏ်တွေကို မရုတ်သိမ်းဖို့ မတောင်းဆို

ဘူး။ သူဘုရားဆီကနေ တောင်းဆိုတာကတော့

သန့်ရှင်းသောဝိညာဉ်တော်ကို မရုတ်သိမ်းဖို့ပါပဲ။

ဒါဝိဒ်သိတာတစ်ခုကတော့ ကျန်တာကဘဝမှာ

အဲ့လောက် အရေးမကြီးဘူး။ ကုန်သွားလည်းပြန်

ရနိုင်တယ်။ သူ့ဘဝကို အောင်မြင်စေတာ တိုး

တက်စေတာက အဲ့ဒီအရာတွေ ကြောင့်တခုမှ

မဟုတ်ဘူး။ အဲ့ဒါတွေမရှိလည်း သူနေနိုင်၊ အသက်

ရှင်နိုင်တယ်။ ဘဝမှာမရှိလို့ လုံးဝ မဖြစ်တာက

တော့ သန့်ရှင်းသောဝိညာဉ်တော်ပါပဲ ဒါကိုသူ

ကောင်းကောင်းသိတယ်။ သူသာရှိနေရင် ဘယ်

လို အခြေအနေမျိုး မှာမဆိုရှင်သန်နိုင်တယ်၊

အောင်မြင်နိုင်တယ်။



Zawgyi

ဝိညာဥ္ေတာ္ကို႐ုတ္ေတာ္မမူပါႏွင့္

လူတိုင္းမွားတတ္ပါတယ္။လူတိုင္းမွာအား

နည္းခ်က္ကိုယ္စီ႐ွိပါတယ္။ ဒါေပမယ့္ အမွားလုပ္

ၿပီးတဲ့အခါမွာ ေနာင္တရတာနဲ႔ မရတာေတာ့

ေတာ္ေတာ္ ကြာျခားပါတယ္။လူေတြနားမလည္

ၾကတဲ့အရာက ဒီမွာ႐ွိတယ္။ ဘာေၾကာင့္အမွား

လုပ္တာခ်င္းအတူတူ တစ္ေယာက္ကေတာ့

ေကာင္းႀကီးဆက္ရၿပီး ဘုရားအသုံးဆက္ျပဳ‌

ေနတာျဖစ္ၿပီး က်န္တစ္ေယာက္ကေတာ့ ဘုရားရဲ႕

အမ်က္ေတာ္ကိုခံရတာလဲ။ ဒါဝိဒ္လည္းအျပစ္လုပ္

တယ္ေ႐ွာလုလည္း အျပစ္လုပ္တယ္။ ဒါေပမယ့္

အဆုံးကေတာ့လုံးလုံးကို မတူဘူး။ ဒါဝိဒ္အျပစ္ဆို

ေ႐ွာလုအျပစ္ထက္ပို ဆိုးတယ္လို႔ေတာင္ထင္စရာ႐ွိ

တယ္။ တကယ္ေတာ့ ဘယ္လို အျပစ္မ်ိဳးက်ဴး

လြန္တယ္ ဆိုတာထက္ အျပစ္လုပ္ၿပီးတဲ့အခါ

မွာ ေနာင္တနဲ႔ တကယ္ ဘုရားဆီ ျပန္လာသလား

မလာဘူးလားဆိုတာ ပိုအေရးႀကီးတယ္။


သန္႔႐ွင္းေသာဝိညာဥ္ေတာ္ကို ႐ုတ္ေတာ္မမူပါႏွင့္

(ဆာ-၅၁:၁၁)

ဒါဝိဒ္ ဗာသေ႐ွဘနဲ႔ မွားၿပီးတဲ့ အခါမွာ

ပေရာဖက္အားျဖင့္ ဘုရားကေစလႊတ္ၿပီးစကား

ေျပာခဲ့တယ္။ အဲ့ဒီအခ်ိန္မွာ သူဘုရားေ႐ွ႕မွာ

ေနာင္တနဲ႔ ျပန္လည္တိုးဝင္ခဲ့တယ္။ တကယ္ဆို

ေ႐ွာလုထက္သူရဲ႕ အျပစ္ကပိုဆိုးတယ္လို႔

ေတာင္ထင္စရာ႐ွိတယ္။ မတူတာကဘာလဲ

သူကေနာင္တနဲ႔ တိုးဝင္ၿပီး ေ႐ွာလုကေနာင္တ

မရတာပါပဲ။ သူအျပစ္လုပ္ၿပီးတဲ့အခါ ဘုရင္ရာ

ထူးကို မ႐ုတ္သိမ္းဖို႔ မေတာင္းဆိုဘူး။ စည္းစိမ္

ေတြ ဂုဏ္ေတြကို မ႐ုတ္သိမ္းဖို႔ မေတာင္းဆို

ဘူး။ သူဘုရားဆီကေန ေတာင္းဆိုတာကေတာ့

သန္႔႐ွင္းေသာဝိညာဥ္ေတာ္ကို မ႐ုတ္သိမ္းဖို႔ပါပဲ။

ဒါဝိဒ္သိတာတစ္ခုကေတာ့ က်န္တာကဘဝမွာ

အဲ့ေလာက္ အေရးမႀကီးဘူး။ ကုန္သြားလည္းျပန္

ရႏိုင္တယ္။ သူ႕ဘဝကို ေအာင္ျမင္ေစတာ တိုး

တက္ေစတာက အဲ့ဒီအရာေတြ ေၾကာင့္တခုမွ

မဟုတ္ဘူး။ အဲ့ဒါေတြမ႐ွိလည္း သူေနႏိုင္၊ အသက္

႐ွင္ႏိုင္တယ္။ ဘဝမွာမ႐ွိလို႔ လုံးဝ မျဖစ္တာက

ေတာ့ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ပါပဲ ဒါကိုသူ

ေကာင္းေကာင္းသိတယ္။ သူသာ႐ွိေနရင္ ဘယ္

လို အေျခအေနမ်ိဳး မွာမဆို႐ွင္သန္ႏိုင္တယ္၊

ေအာင္ျမင္ႏိုင္တယ္။


0 views0 comments