Search
  • Than Min Htike

ဝိညာဉ်တော်နဲ့ ပြည့်၀ခြင်း

“နောက်​မှ ငါ​ကိုး​ကွယ်​သော​ဘု​ရား၏ နာ​မ​အား​ဖြင့် ဗေ​လ​တ​ရှာ​ဇာ​ဟု​ခေါ်​သ​မုတ်၍၊ သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သော ဒံ​ယေ​လ​သည် ငါ့​ထံ​သို့​ဝင်​လာ​လျှင်၊”(ဒံယေလ ၄:၈)


အခြားသူမဖြေရှင်းနိုင်တဲ့အရာကို ဖြေရှင်းနိုင်သူ

လူ့ရဲ့အရည်အချင်း၊ လုပ်နိုင်စွမ်းဟာအကန့်အ သတ်ရှိသော်လည်း သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် အကန့်အသတ်မဲ့သော အနန္တဘုရားရှင်ဖြစ်သည်။ သင့်စွမ်းအားနဲ့ပဲ၊ အရည်အချင်းနဲ့ပဲဖြေရှင်းမယ်ဆိုရင် ဖြေရှင်းလို့မရသော ပြဿနာများစွာ ရှိတယ်ဆိုတာငြင်း ၍မရပေ။ အကန့်သတ်ရှိတဲ့ သင့်အပေါ် သို့ အကန့်သတ်မဲ့သောဝိညာဉ်တော် ဘုရားသည် ကိန်းဝပ်သောအခါသင်သည် ထူးခြားသောလူများပင်မလုပ်ဆောင်နိုင်သော၊ အဖြမရနိုင်သောအရာများကို လွယ်ကူစွာ လုပ်ဆောင်နိုင်သူဖြစ်လာစေတယ်။ ဒံယေလဟာ ဗာဗုလုန်နိုင်ငံကိုကျွန်အ ဖြစ်ဖမ်းဆီးခံရပေမယ့် သူတို့ကိုနှိမ်ထားလို့ မရသော အကြောင်းအရာကတော့ ဗာဗုလုန်ပညာ ရှိများပင် မဖြေရှင်းနိုင်သော ပြဿနာများကို သူတို့ လွယ်ကူစွာ ဖြေရှင်းနိုင်သောကြောင့်ပင်။ ကိုယ့်နိုင်ငံ၊ ကိုယ်လူမျိုးကြားမှာအောင်မြင်ခြင်း၊ ထင်ရှားခြင်းမဟုတ်။ သူများ နိုင်ငံမှာပင်ထူးခြားစွာ ထင်ရှားခြင်းပင်ဖြစ်တယ်။ ရှင်ဘုရင်ကိုယ်တိုင် အားကိုးအားထားပြုရခြင်းသည် အခြားကြောင့်မဟုတ် နှုတ်ကပတ်တော်က ရှင်းလင်းစွာ ဖေါ်ပြသည်မှာ ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းကြောင့်ပင်။ အခြားလူများတွင်မရှိသော အဖြေသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသူတွင်သာရှိသည်။ လောက ထဲမှာ အဖြေရှာဖို့မကြိုးစားနှင့်။ ကိုယ့်ဥာဏ်နှင့်ပဲ အရာရာကိုနားလည်ဖို့မကြိုးစားနဲ့ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဝသော အခါမှာ အရာရာနဲ့ပြည့်ဝ

သောအသက်တာ ဖြစ်လာတယ်။

အခြားအရာတွေနဲ့ပြည့်စုံဖို့အတွက်နဲ့ အချိန်မကုန်ပါနဲ့။ သန့်ရှင်းသော ဝိညာဉ်တော်နဲ့သာ ပြည့်၀ဖို့အာရုံစိုက်ပါ။သင်လိုအပ်သောအရာတွေနဲ့ပြည့်၀ဖို့ သူက တာဝန်ယူပါလိမ့်မယ်။



Zawgyi



(ဒံယေလ ၄:၈)




သောအသက်တာ ဖြစ်လာတယ်။


2 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube