Search
  • Than Min Htike

သင်တစ်ယောက်ထဲမဟုတ်ဘူး



ငါတစ်ယောက်ထဲပဲဆိုတဲ့ ခံစားချက်ကြီးကို

ခံစားဖူးကြတယ် မဟုတ်လား။ တော်တော်ဆိုးတဲ့

ခံစားချက်တွေထဲကတစ်ခုပေါ့။ ကျွန်တော်လည်းခံစား

ဖူးတယ်။ တခါတလေ အနားမှာလူတွေဝိုင်းနေတာ

တောင် အဲ့ဒီလိုတွေးမိတဲ့ အချိန်တွေရှိတယ်။

ကျွန်တော်တို့ မပြောပါနဲ့ ထိပ်ဆုံးရောက်ပြီး ကျိကျိ

တက်ချမ်းသာတဲ့၊ လူသိများတဲ့ နာမည်ကျော်

ကြီးတွေတောင် ဒီခံစားချက်ကြီးရှိတယ်။ အဆို

တော်မင်းသား အဲဗစ်ပရက်စလေဆိုရင် အရမ်းကို

အောင်မြင်ပြီး မိန်းမချောလေးတွေ ဝိုင်းရံနေတဲ့ အ

ချိန်မှာ ကိုယ့်ဟာကိုယ် အဆုံးစီရင်သွားတယ်။ သူ့ရဲ့

သေတမ်းစာမှာ ဘဝဆိုတာ သိပ်အထီးကျန်တယ်လို့

ရေးခဲ့တယ်။ ငွေတွေ ပျော်ရွှင်မှုတွေက အတွင်းနှလုံး သားရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ဘူး။ အိမ်ခန်းမကျယ်ကြီးထဲမှာဇိမ်ခံပစ္စည်းတွေက လုံ

ခြုံမှုကို မဖြစ်စေနိုင်ဘူး။


သေချင်တယ်

စိတ်ဓါတ်ကျမှုနဲ့ အထီးကျန်ဆန်မှုအတွက်

ရလဒ်ကတော့ သေလိုက်ချင်တာပါပဲ။ တကယ်တော့

ဒါက အဖြေ မဟုတ်ဘူး။ ဧလိယ လည်း

ဒီလိုမျိုး အချိန် ကြုံခဲ့ဖူးတယ်။ ကောင်းကင်က မီး

ကျလာပြီး ယဇ်ပလ္လင်ကို လောင်ပြီးနောက်မှာ မှား

ယွင်းတဲ့ အရာတွေကို သူရှင်းလိုက်နိုင်တယ်။ လူ

တွေကလည်း အံ့ဩမှင်သက်ပြီး အားလုံးရဲ့ နှုတ်ဖျား

မှာ သူ့နာမည်ကို ရွတ်လို့ပေါ့။ မထင်မှတ် ထားတဲ့

စကားတခွန်းသူ့ဆီရောက်လာတယ် မနက်ဖြန် သေကို

သေရမယ်ဆိုတဲ့ စကား။ တကယ်ဆို ဘာ

ကြောက်စရာလိုမလည်းရင်ဆိုင်လိုက်ရင် အသာလေး

ကျော်သွားမယ့်ကိစ္စ။ အောင်မြင်တဲ့အခါမှာ ဘုရား

အသုံးပြုတဲ့ သူတွေမှာတောင် လူတိုင်း မကြိုက်ဘူး

ဆိုတာ သိထားဖို့ လိုတယ်။ နောက်ဆုံး ဧလိယ

အဝေးကို ထွက်ပြေးပြီး ဘုရားရှေ့ မှာ ပြောတဲ့စကားက။

"အကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှါ ရှာကြပါသည်ဟုလျှောက်လေ၏။"( ၃ရာ ၁၉:၁၀)

သူတစ်ယောက်ထဲပဲလို့ သူအကြီးအကျယ် ခံစားနေ

ရတယ်။ သူပဲလုပ်ရတယ် သူပဲ လုပ်ခဲ့တယ်ပေါ့။

ဒါပေမယ့် ဘုရားက ပြန်ဖြေတယ် သင်တစ်ယောက်ထဲ

မဟုတ်ဘူးတဲ့။ အနောက်မှာ လူ(၇၀၀၀) ရှိသေးတယ်

တဲ့။ ကဲ ဘယ်နှယ့်ရှိစ၊ သင်မလုပ်ရင် ဒီအလုပ်ကို

လုပ်မယ့်သူတွေ အနောက်မှာ တန်းစီလို့ပါလား။

ဟိုတုန်းကတောင် (၇၀၀၀)ဆိုတော့ အခုဆို ဘယ်

လောက်များရှိလိုက်မလဲ။ ဒီလိုနေရာ ဒီအလုပ်ကို သင်

လုပ်ခွင့်ရတာ၊ လုပ်နေတာ ဘုရားသင့်ကို အခွင့်အရေး

ပေးတာပါ။ ဒါကြောင့် စိတ်ဓါတ်ကျနေမယ့်

အစား၊ ငြီးတွားနေမယ့်အစား အကောင်းဆုံး လုပ်

ရအောင်။ သင်လုပ်နိုင်ပါတယ်။ ဘုရားက စိတ်ချ

လို့ပေးတွေ့တာပါ။ ဘုရားနဲ့အတူ ယုံကြည်ခြင်းနဲ့

ကျော်ဖြတ်သွားပါ။



Zawgyi

သင္တစ္ေယာက္ထဲမဟုတ္ဘူး


ငါတစ္ေယာက္ထဲပဲဆိုတဲ့ ခံစားခ်က္ႀကီးကို

ခံစားဖူးၾကတယ္ မဟုတ္လား။ ေတာ္ေတာ္ဆိုးတဲ့

ခံစားခ်က္ေတြထဲကတစ္ခုေပါ့။ ကြၽန္ေတာ္လည္းခံစား

ဖူးတယ္။ တခါတေလ အနားမွာလူေတြဝိုင္းေနတာ

ေတာင္ အဲ့ဒီလိုေတြးမိတဲ့ အခ်ိန္ေတြ႐ွိတယ္။

ကြၽန္ေတာ္တို႔ မေျပာပါနဲ႔ ထိပ္ဆုံးေရာက္ၿပီး က်ိက်ိ

တက္ခ်မ္းသာတဲ့၊ လူသိမ်ားတဲ့ နာမည္ေက်ာ္

ႀကီးေတြေတာင္ ဒီခံစားခ်က္ႀကီး႐ွိတယ္။ အဆို

ေတာ္မင္းသား အဲဗစ္ပရက္စေလဆိုရင္ အရမ္းကို

ေအာင္ျမင္ၿပီး မိန္းမေခ်ာေလးေတြ ဝိုင္းရံေနတဲ့ အ

ခ်ိန္မွာ ကိုယ့္ဟာကိုယ္ အဆုံးစီရင္သြားတယ္။ သူ႕ရဲ႕

ေသတမ္းစာမွာ ဘဝဆိုတာ သိပ္အထီးက်န္တယ္လို႔

ေရးခဲ့တယ္။ ေငြေတြ ေပ်ာ္႐ႊင္မႈေတြက အတြင္းႏွလုံး သားရဲ႕ လိုအပ္ခ်က္ကို မျဖည့္ဆည္းေပးႏိုင္ဘူး။ အိမ္ခန္းမက်ယ္ႀကီးထဲမွာဇိမ္ခံပစၥည္းေတြက လုံ

ျခဳံမႈကို မျဖစ္ေစႏိုင္ဘူး။


ေသခ်င္တယ္

စိတ္ဓါတ္က်မႈနဲ႔ အထီးက်န္ဆန္မႈအတြက္

ရလဒ္ကေတာ့ ေသလိုက္ခ်င္တာပါပဲ။ တကယ္ေတာ့

ဒါက အေျဖ မဟုတ္ဘူး။ ဧလိယ လည္း

ဒီလိုမ်ိဳး အခ်ိန္ ၾကဳံခဲ့ဖူးတယ္။ ေကာင္းကင္က မီး

က်လာၿပီး ယဇ္ပလႅင္ကို ေလာင္ၿပီးေနာက္မွာ မွား

ယြင္းတဲ့ အရာေတြကို သူ႐ွင္းလိုက္ႏိုင္တယ္။ လူ

ေတြကလည္း အံ့ဩမွင္သက္ၿပီး အားလုံးရဲ႕ ႏႈတ္ဖ်ား

မွာ သူ႕နာမည္ကို ႐ြတ္လို႔ေပါ့။ မထင္မွတ္ ထားတဲ့

စကားတခြန္းသူ႕ဆီေရာက္လာတယ္ မနက္ျဖန္ ေသကို

ေသရမယ္ဆိုတဲ့ စကား။ တကယ္ဆို ဘာ

ေၾကာက္စရာလိုမလည္းရင္ဆိုင္လိုက္ရင္ အသာေလး

ေက်ာ္သြားမယ့္ကိစၥ။ ေအာင္ျမင္တဲ့အခါမွာ ဘုရား

အသုံးျပဳတဲ့ သူေတြမွာေတာင္ လူတိုင္း မႀကိဳက္ဘူး

ဆိုတာ သိထားဖို႔ လိုတယ္။ ေနာက္ဆုံး ဧလိယ

အေဝးကို ထြက္ေျပးၿပီး ဘုရားေ႐ွ႕ မွာ ေျပာတဲ့စကားက။

"အကြၽႏ္ုပ္တေယာက္တည္းက်န္ရစ္၍၊ အကြၽႏ္ုပ္အသက္ကိုပင္ သတ္ျခင္းငွါ ႐ွာၾကပါသည္ဟုေလွ်ာက္ေလ၏။"( ၃ရာ ၁၉:၁၀)

သူတစ္ေယာက္ထဲပဲလို႔ သူအႀကီးအက်ယ္ ခံစားေန

ရတယ္။ သူပဲလုပ္ရတယ္ သူပဲ လုပ္ခဲ့တယ္ေပါ့။

ဒါေပမယ့္ ဘုရားက ျပန္ေျဖတယ္ သင္တစ္ေယာက္ထဲ

မဟုတ္ဘူးတဲ့။ အေနာက္မွာ လူ(၇၀၀၀) ႐ွိေသးတယ္

တဲ့။ ကဲ ဘယ္ႏွယ့္႐ွိစ၊ သင္မလုပ္ရင္ ဒီအလုပ္ကို

လုပ္မယ့္သူေတြ အေနာက္မွာ တန္းစီလို႔ပါလား။

ဟိုတုန္းကေတာင္ (၇၀၀၀)ဆိုေတာ့ အခုဆို ဘယ္

ေလာက္မ်ား႐ွိလိုက္မလဲ။ ဒီလိုေနရာ ဒီအလုပ္ကို သင္

လုပ္ခြင့္ရတာ၊ လုပ္ေနတာ ဘုရားသင့္ကို အခြင့္အေရး

ေပးတာပါ။ ဒါေၾကာင့္ စိတ္ဓါတ္က်ေနမယ့္

အစား၊ ၿငီးတြားေနမယ့္အစား အေကာင္းဆုံး လုပ္

ရေအာင္။ သင္လုပ္ႏိုင္ပါတယ္။ ဘုရားက စိတ္ခ်

လို႔ေပးေတြ႕တာပါ။ ဘုရားနဲ႔အတူ ယုံၾကည္ျခင္းနဲ႔

ေက်ာ္ျဖတ္သြားပါ။

0 views0 comments