Search
  • Than Min Htike

သင်တစ်ယောက်ထဲမဟုတ်ဘူး

ငါတစ်ယောက်ထဲပဲဆိုတဲ့ ခံစားချက်ကြီးကို

ခံစားဖူးကြတယ် မဟုတ်လား။ တော်တော်ဆိုးတဲ့

ခံစားချက်တွေထဲကတစ်ခုပေါ့။ ကျွန်တော်လည်းခံစား

ဖူးတယ်။ တခါတလေ အနားမှာလူတွေဝိုင်းနေတာ

တောင် အဲ့ဒီလိုတွေးမိတဲ့ အချိန်တွေရှိတယ်။

ကျွန်တော်တို့ မပြောပါနဲ့ ထိပ်ဆုံးရောက်ပြီး အရမ်း

ချမ်းသာတဲ့၊ လူသိများတဲ့ နာမည်ကျော်

ကြီးတွေတောင် ဒီခံစားချက်ကြီးရှိတယ်။ အဆို

တော်မင်းသား အဲဗစ်ပရက်စလေဆိုရင် အရမ်းကို

အောင်မြင်ပြီး မိန်းမချောလေးတွေ ဝိုင်းရံနေတဲ့ အ

ချိန်မှာ ကိုယ့်ဟာကိုယ် အဆုံးစီရင်သွားတယ်။ သူ့ရဲ့

သေတမ်းစာမှာ ဘဝဆိုတာ သိပ်အထီးကျန်တယ်လို့

ရေးခဲ့တယ်။ ငွေတွေ ပျော်ရွှင်မှုတွေက အတွင်းနှလုံး

သားရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ဘူး။

အိမ်မကျယ်ကြီးထဲမှာဇိမ်ခံပစ္စည်းတွေက လုံခြုံ

မှုကို မဖြစ်စေနိုင်ဘူး။


သေချင်တယ်

စိတ်ဓါတ်ကျမှုနဲ့ အထီးကျန်ဆန်မှုအတွက်

ရလဒ်ကတော့ သေလိုက်ချင်တာပါပဲ။ တကယ်တော့

ဒါက အဖြေမဟုတ်ဘူး။ ဧလိယလည်းဒီလိုမျိုး အချိန်

ကြုံခဲ့ဖူးတယ်။ ကောင်းကင်က မီးကျလာပြီး ယဇ်ပလ္လင်ကို လောင်ပြီးနောက်မှာ မှားယွင်းတဲ့ အရာတွေကို သူရှင်းလိုက်နိုင်တယ်။ လူတွေကလည်း အံ့ဩမှင်သက်ပြီး အားလုံးရဲ့ နှုတ်ဖျား

မှာ သူ့နာမည်ကို ရွတ်လို့ပေါ့။ မထင်မှတ် ထားတဲ့စကားတခွန်းသူ့ဆီရောက်လာတယ် မနက်ဖြန် သေကို သေရမယ် ဆိုတဲ့ စကား။ တကယ်ဆို ဘာကြောက်စရာလိုမလည်း ရင်ဆိုင်လိုက်ရင် အသာလေးကျော်သွားမယ့်ကိစ္စ။ အောင်မြင်တဲ့အခါမှာ ဘုရားအသုံးပြုတဲ့ သူတွေမှာတောင် လူတိုင်း မကြိုက်ဘူးဆိုတာ သိထား ဖို့ လိုတယ်။ နောက်ဆုံး ဧလိယ အဝေးကို ထွက်ပြေးပြီး ဘုရားရှေ့မှာ ပြောတဲ့စကားက။ အကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှါ ရှာကြပါသည်ဟုလျှောက်လေ၏။ (၃ဓမ္မ ၁၉:၁၀)။ သူတစ်ယောက်ထဲပဲလို့ သူ အကြီးအကျယ် ခံစားနေရတယ်။ သူပဲလုပ်ရတယ် သူပဲ လုပ်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဘုရားက ပြန်ဖြေတယ် သင်တစ်ယောက်ထဲမဟုတ်ဘူးတဲ့။ အနောက်မှာ လူ၇၀၀၀ ရှိသေးတယ်တဲ့။ ကဲ ဘယ်နှယ့်ရှိစ သင်မလုပ်ရင် ဒီအလုပ်ကိုလုပ်မယ့်သူတွေ အနောက်မှာ တန်းစီလို့ပါလား။ ဟိုတုန်းကတောင် ၇၀၀၀ ဆိုတော့ အခုဆို ဘယ်လောက်များရှိမလဲ။ ဒီလိုနေရာ၊ ဒီအလုပ်ကို သင်လုပ်ခွင့်ရတာ၊ လုပ်နေတာ ဘုရားသင့်ကိုအခွင့် အရေးပေးတာပါ။ ဒါကြောင့် စိတ်ဓါတ်ကျနေမယ့်အစား၊ ငြီးတွားနေမယ့်အစား အကောင်းဆုံး လုပ်ရအောင်။ သင်လုပ်နိုင်ပါတယ်။ ဘုရားက စိတ်ချလို့ပေးတွေ့တာပါ။ ဘုရားနဲ့အတူ ယုံကြည်ခြင်းနဲ့ကျော်ဖြတ်သွားပါ။



Zawgyi

သင္တစ္ေယာက္ထဲမဟုတ္ဘူး


ငါတစ္ေယာက္ထဲပဲဆိုတဲ့ ခံစားခ်က္ႀကီးကို

ခံစားဖူးၾကတယ္ မဟုတ္လား။ ေတာ္ေတာ္ဆိုးတဲ့

ခံစားခ်က္ေတြထဲကတစ္ခုေပါ့။ ကြၽန္ေတာ္လည္းခံစား

ဖူးတယ္။ တခါတေလ အနားမွာလူေတြဝိုင္းေနတာ

ေတာင္ အဲ့ဒီလိုေတြးမိတဲ့ အခ်ိန္ေတြ႐ွိတယ္။

ကြၽန္ေတာ္တို႔ မေျပာပါနဲ႔ ထိပ္ဆုံးေရာက္ၿပီး အရမ္း

ခ်မ္းသာတဲ့၊ လူသိမ်ားတဲ့ နာမည္ေက်ာ္

ႀကီးေတြေတာင္ ဒီခံစားခ်က္ႀကီး႐ွိတယ္။ အဆို

ေတာ္မင္းသား အဲဗစ္ပရက္စေလဆိုရင္ အရမ္းကို

ေအာင္ျမင္ၿပီး မိန္းမေခ်ာေလးေတြ ဝိုင္းရံေနတဲ့ အ

ခ်ိန္မွာ ကိုယ့္ဟာကိုယ္ အဆုံးစီရင္သြားတယ္။ သူ႕ရဲ႕

ေသတမ္းစာမွာ ဘဝဆိုတာ သိပ္အထီးက်န္တယ္လို႔

ေရးခဲ့တယ္။ ေငြေတြ ေပ်ာ္႐ႊင္မႈေတြက အတြင္းႏွလုံး

သားရဲ႕ လိုအပ္ခ်က္ကို မျဖည့္ဆည္းေပးႏိုင္ဘူး။

အိမ္မက်ယ္ႀကီးထဲမွာဇိမ္ခံပစၥည္းေတြက လုံျခဳံ

မႈကို မျဖစ္ေစႏိုင္ဘူး။


ေသခ်င္တယ္

စိတ္ဓါတ္က်မႈနဲ႔ အထီးက်န္ဆန္မႈအတြက္

ရလဒ္ကေတာ့ ေသလိုက္ခ်င္တာပါပဲ။ တကယ္ေတာ့

ဒါက အေျဖမဟုတ္ဘူး။ ဧလိယလည္းဒီလိုမ်ိဳး အခ်ိန္

ၾကဳံခဲ့ဖူးတယ္။ ေကာင္းကင္က မီးက်လာၿပီး ယဇ္ပလႅင္ကို ေလာင္ၿပီးေနာက္မွာ မွားယြင္းတဲ့ အရာေတြကို သူ႐ွင္းလိုက္ႏိုင္တယ္။ လူေတြကလည္း အံ့ဩမွင္သက္ၿပီး အားလုံးရဲ႕ ႏႈတ္ဖ်ား

မွာ သူ႕နာမည္ကို ႐ြတ္လို႔ေပါ့။ မထင္မွတ္ ထားတဲ့စကားတခြန္းသူ႕ဆီေရာက္လာတယ္ မနက္ျဖန္ ေသကို ေသရမယ္ ဆိုတဲ့ စကား။ တကယ္ဆို ဘာေၾကာက္စရာလိုမလည္း ရင္ဆိုင္လိုက္ရင္ အသာေလးေက်ာ္သြားမယ့္ကိစၥ။ ေအာင္ျမင္တဲ့အခါမွာ ဘုရားအသုံးျပဳတဲ့ သူေတြမွာေတာင္ လူတိုင္း မႀကိဳက္ဘူးဆိုတာ သိထား ဖို႔ လိုတယ္။ ေနာက္ဆုံး ဧလိယ အေဝးကို ထြက္ေျပးၿပီး ဘုရားေ႐ွ႕မွာ ေျပာတဲ့စကားက။ အကြၽႏ္ုပ္တေယာက္တည္းက်န္ရစ္၍၊ အကြၽႏ္ုပ္အသက္ကိုပင္ သတ္ျခင္းငွါ ႐ွာၾကပါသည္ဟုေလွ်ာက္ေလ၏။ (၃ဓမၼ ၁၉:၁၀)။ သူတစ္ေယာက္ထဲပဲလို႔ သူ အႀကီးအက်ယ္ ခံစားေနရတယ္။ သူပဲလုပ္ရတယ္ သူပဲ လုပ္ခဲ့တယ္ေပါ့။ ဒါေပမယ့္ ဘုရားက ျပန္ေျဖတယ္ သင္တစ္ေယာက္ထဲမဟုတ္ဘူးတဲ့။ အေနာက္မွာ လူ၇၀၀၀ ႐ွိေသးတယ္တဲ့။ ကဲ ဘယ္ႏွယ့္႐ွိစ သင္မလုပ္ရင္ ဒီအလုပ္ကိုလုပ္မယ့္သူေတြ အေနာက္မွာ တန္းစီလို႔ပါလား။ ဟိုတုန္းကေတာင္ ၇၀၀၀ ဆိုေတာ့ အခုဆို ဘယ္ေလာက္မ်ား႐ွိမလဲ။ ဒီလိုေနရာ၊ ဒီအလုပ္ကို သင္လုပ္ခြင့္ရတာ၊ လုပ္ေနတာ ဘုရားသင့္ကိုအခြင့္ အေရးေပးတာပါ။ ဒါေၾကာင့္ စိတ္ဓါတ္က်ေနမယ့္အစား၊ ၿငီးတြားေနမယ့္အစား အေကာင္းဆုံး လုပ္ရေအာင္။ သင္လုပ္ႏိုင္ပါတယ္။ ဘုရားက စိတ္ခ်လို႔ေပးေတြ႕တာပါ။ ဘုရားနဲ႔အတူ ယုံၾကည္ျခင္းနဲ႔ေက်ာ္ျဖတ္သြားပါ။

0 views0 comments