Search
  • Than Min Htike

သင့်ရဲ့တန်ဖိုးထားတာဘာလဲ

“ထို​သူ​သုံး​ယောက်​တို့​တွင် အ​ဘယ်​သူ​သည် ဓား​ပြ​လက်​သို့​ရောက်​သော​သူ​နှင့် စပ်​ဆိုင်​သော​သူ ဖြစ်​သ​နည်း​ဟု ပြန်၍​မေး​တော်​မူ​လျှင်၊- ကျမ်း​တတ်​က​လည်၊ လူ​နာ​ကို​သ​နား​သော​သူ​သည် စပ်​ဆိုင်​သော​သူ​ဖြစ်​ပါ၏​ဟု လျှောက်​သော် ယေ​ရှု​က၊ သင်​သည်​သွား၍ ထို​နည်း​တူ​ပြု​လော့​ဟု မိန့်​တော်​မူ၏။” (လု ၂၀:၃၆-၃၇)

ဒီနေ့ခေတ်ကြီးက လူတ်ိုင်းအကြောင်းပြချက် အမျိုးမျိုးနဲ့ ရှုပ်ရှက်ခက်လွန်းတဲ့ခေတ်။ လူတိုင်း ကိုယ့်အလုပ်နဲ့ကိုယ်ခေါင်းစဉ်မျိုးစုံနဲ့ကို ရှုပ်နေကြတာ။ ကိုယ့်ကိုဘုရားလောကကြီးမှာ ထားထားတဲ့အလိုတော် နဲ့ပန်းတိုင်ကိုကိုရောသတိထားမိသေးရဲ့လား။ ပန်တ်ိုင်က်ိုမသိပဲဦးတည်ရာမဲ့တဲ့ အပြေးသမားတွေလို ဖြစ်နေပြီလားဆိုတာ စဉ်းစားစရာပါ။ တခါတလေ ဦးတည်ချက်တွေ၊အဓိကထားရမယ့်အရာတွေကိုမေ့ထားပြီးတော့ဘာမဟုတ်တဲ့အရာတွေနဲ့ပဲ အချိန်ကုန်ဆုံးရင်း ဘ၀ရဲ့ အဆုံးကို မရောက်သွားချင်ဘူး။ အားလုံးမှာတော့ အကြောင်းပြချက် ကိုယ်စီရှိမှာပါ။ အဲ့ဒီအကြောင်းပြချက်တွေကလည်း အရမ်းကို ခိုင်လုံကောင်းခိုင်လုံလိမ့်မယ်။ ဒါပေမယ့် ဘုရား အဲ့ဒီအကြောင်းပြချက်တွေလောက်နဲ့ပဲ လက်ခံလိမ့်မယ်လို့တော့မထင်စေချင်။ အခွက် ၅၀၊ အခွက် ၂၀ နဲ့ အခွက် ၁၀ အပ်နှံခြင်းခံရတဲ့ သူတွေကို ကြည့်ရင် သိသာပါတယ်။ အခွက် ၁၀ သမားက အကြောင်းပြချက်တွေကောင်း ကောင်းရှာလာခဲ့တာ သခင်က လက်မှမခံတာ။ဒါကြောင့် ကိုယ် လုပ်တဲ့အလုပ်၊ ကိုယ်သွားနေတဲ့လမ်းတွေကိုသေချာစစ်ဆေးဖို့တော့ အမြဲလိုတယ်။


တန်ဖိုးကြီးတဲ့ စိတ်ထား

လူတွေတန်ဖိုးထားတာက ဘယ်လူမျိုး၊ဘယ်လိုရာထူးစတဲ့အရာတွေအပေါ်မှာ ဖြစ်ပြီးတော့ ဘယ်လိုနှလုံးသားဆိုတဲ့အရာပေါ်မှာကြတော့ တန်ဖိုးထားအကဲဖြတ်ဖို့မေ့နေကြတယ်။ ဣသရေလ လူတွေက ရှာမာရိဆိုတဲ့ ကပြားတွေအပေါ်မှာသိပ်ကို အထင်သေး ပြီးတော့ ယဇ်ပုရောဟိတ်ဆိုတဲ့ လူတိုင်းဖြစ်ခွင့်မရှိ ၊လူတိုင်း မလုပ်နိုင်တဲ့ သူတွေကိုတော့အရမ်းကိုအထင်ကြီးလေးစားလွန်းတယ်။ ဒီအရာကို သခင် ယေရှုက သူပြောတဲ့ပုံဥပမာလေးအားဖြင့် မီးမောင်းထိုးပြတယ်။ လူတွေအထင်ကြီး တန်ဖိုးထားတဲ့ ယဇ်ပုရောဟိတ်တွေ၊ လေဝိလူတွေက လမ်းမှာ လဲကျနေတဲ့ ဓားပြတိုက်တဲ့သူကို ကုသကယ်ဆယ်ဖို့မပြောနဲ့ အနားကိုတောင် မကပ်ခဲ့ကြဘူး။ သူတို့အလုပ် သူတို့ရာထူးတွေနဲ့အလုပ်တွေရှုပ်နေကြတာ။ သူတို့ခံယူထားတဲ့စည်းမျဉ်းတွေက လိုအပ်နေတဲ့သူတွေကိုကူညီဖို့ မပြောနဲ့အနားကိုတောင်မကပ်ဖို့ တားဆီးထားသလိုပဲ။

သူတို့ဆီမှာ အကြောင်းပြချက်ကောင်းကောင်းတွေရှိပါတယ်။ ဒါပေမယ့် သူတို့လိုပဲ အလုပ်နဲ့ ဒီနေရာကိုရောက်လာတဲ့ ရှာမာရိကျတော့ သူ့ရဲ့အခြားသောအလုပ်တွေကို ခဏထားပြီးတော့ လမ်းမှာလဲကျနေတဲ့ လူနာကို ကူညီပေးခဲ့တယ်။ အဲ့ဒီလူနဲ့ပတ်သက်တဲ့ကုန်ကျမှုတွေကိုလည်းတာဝန်ယူပေးခဲ့တယ်။ ရှာမာရိလူတန်ဖိုးထားတာ သူ့အလုပ်တွေ၊ လူမျိုးတွေထက် လဲကျနေတဲ့သူတစ်ယောက်ကို ထူမကူညီဖို့မဟုတ်လား။ လူတစ်ယောက်ရဲ့တန်ဖိုးကိုဆုံးဖြတ်တဲ့အခါမှာ သူပိုင်ဆိုင်တဲ့အရာတွေ၊ သူရဲ့ ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ တွက်ချက်လို့မရဘူး။ ဘာလူမျိုးဆိုတာနဲ့လည်းမဆိုင်ဘူး။ သူအမြတ်တနိုးထားပြီး နှလုံးသားနဲ့ လုပ်ဆောင်ခဲ့တဲ့အရာကိုပဲကြည့်ပြီးတော့ပဲသိနိုင်တယ်။ သင်လုပ်တဲ့အလုပ်က သင့်ရဲ့တန်ဖိုးထားတဲ့အရာကိုသိနိုင်သလို သင့်ရဲ့တန်ဖိုးကိုလည်းဖေါ်ပြနေတယ်။



Zawgyi

သင့္ရဲ႕တန္ဖိုးထားတာဘာလဲ

“ထို​သူ​သုံး​ေယာက္​တို႔​တြင္ အ​ဘယ္​သူ​သည္ ဓား​ျပ​လက္​သို႔​ေရာက္​ေသာ​သူ​ႏွင့္ စပ္​ဆိုင္​ေသာ​သူ ျဖစ္​သ​နည္း​ဟု ျပန္၍​ေမး​ေတာ္​မူ​လွ်င္၊- က်မ္း​တတ္​က​လည္၊ လူ​နာ​ကို​သ​နား​ေသာ​သူ​သည္ စပ္​ဆိုင္​ေသာ​သူ​ျဖစ္​ပါ၏​ဟု ေလွ်ာက္​ေသာ္ ေယ​႐ႈ​က၊ သင္​သည္​သြား၍ ထို​နည္း​တူ​ျပဳ​ေလာ့​ဟု မိန္႔​ေတာ္​မူ၏။” (လု ၂၀:၃၆-၃၇)

ဒီေန႔ေခတ္ႀကီးက လူတ္ိဳင္းအေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးနဲ႔ ႐ႈပ္႐ွက္ခက္လြန္းတဲ့ေခတ္။ လူတိုင္း ကိုယ့္အလုပ္နဲ႔ကိုယ္ေခါင္းစဥ္မ်ိဳးစုံနဲ႔ကို ႐ႈပ္ေနၾကတာ။ ကိုယ့္ကိုဘုရားေလာကႀကီးမွာ ထားထားတဲ့အလိုေတာ္ နဲ႔ပန္းတိုင္ကိုကိုေရာသတိထားမိေသးရဲ႕လား။ ပန္တ္ိဳင္က္ိဳမသိပဲဦးတည္ရာမဲ့တဲ့ အေျပးသမားေတြလို ျဖစ္ေနၿပီလားဆိုတာ စဥ္းစားစရာပါ။ တခါတေလ ဦးတည္ခ်က္ေတြ၊အဓိကထားရမယ့္အရာေတြကိုေမ့ထားၿပီးေတာ့ဘာမဟုတ္တဲ့အရာေတြနဲ႔ပဲ အခ်ိန္ကုန္ဆုံးရင္း ဘ၀ရဲ႕ အဆုံးကို မေရာက္သြားခ်င္ဘူး။ အားလုံးမွာေတာ့ အေၾကာင္းျပခ်က္ ကိုယ္စီ႐ွိမွာပါ။ အဲ့ဒီအေၾကာင္းျပခ်က္ေတြကလည္း အရမ္းကို ခိုင္လုံေကာင္းခိုင္လုံလိမ့္မယ္။ ဒါေပမယ့္ ဘုရား အဲ့ဒီအေၾကာင္းျပခ်က္ေတြေလာက္နဲ႔ပဲ လက္ခံလိမ့္မယ္လို႔ေတာ့မထင္ေစခ်င္။ အခြက္ ၅၀၊ အခြက္ ၂၀ နဲ႔ အခြက္ ၁၀ အပ္ႏွံျခင္းခံရတဲ့ သူေတြကို ၾကည့္ရင္ သိသာပါတယ္။ အခြက္ ၁၀ သမားက အေၾကာင္းျပခ်က္ေတြေကာင္း ေကာင္း႐ွာလာခဲ့တာ သခင္က လက္မွမခံတာ။ဒါေၾကာင့္ ကိုယ္ လုပ္တဲ့အလုပ္၊ ကိုယ္သြားေနတဲ့လမ္းေတြကိုေသခ်ာစစ္ေဆးဖို႔ေတာ့ အၿမဲလိုတယ္။


တန္ဖိုးႀကီးတဲ့ စိတ္ထား

လူေတြတန္ဖိုးထားတာက ဘယ္လူမ်ိဳး၊ဘယ္လိုရာထူးစတဲ့အရာေတြအေပၚမွာ ျဖစ္ၿပီးေတာ့ ဘယ္လိုႏွလုံးသားဆိုတဲ့အရာေပၚမွာၾကေတာ့ တန္ဖိုးထားအကဲျဖတ္ဖို႔ေမ့ေနၾကတယ္။ ဣသေရလ လူေတြက ႐ွာမာရိဆိုတဲ့ ကျပားေတြအေပၚမွာသိပ္ကို အထင္ေသး ၿပီးေတာ့ ယဇ္ပုေရာဟိတ္ဆိုတဲ့ လူတိုင္းျဖစ္ခြင့္မ႐ွိ ၊လူတိုင္း မလုပ္ႏိုင္တဲ့ သူေတြကိုေတာ့အရမ္းကိုအထင္ႀကီးေလးစားလြန္းတယ္။ ဒီအရာကို သခင္ ေယ႐ႈက သူေျပာတဲ့ပုံဥပမာေလးအားျဖင့္ မီးေမာင္းထိုးျပတယ္။ လူေတြအထင္ႀကီး တန္ဖိုးထားတဲ့ ယဇ္ပုေရာဟိတ္ေတြ၊ ေလဝိလူေတြက လမ္းမွာ လဲက်ေနတဲ့ ဓားျပတိုက္တဲ့သူကို ကုသကယ္ဆယ္ဖို႔မေျပာနဲ႔ အနားကိုေတာင္ မကပ္ခဲ့ၾကဘူး။ သူတို႔အလုပ္ သူတို႔ရာထူးေတြနဲ႔အလုပ္ေတြ႐ႈပ္ေနၾကတာ။ သူတို႔ခံယူထားတဲ့စည္းမ်ဥ္းေတြက လိုအပ္ေနတဲ့သူေတြကိုကူညီဖို႔ မေျပာနဲ႔အနားကိုေတာင္မကပ္ဖို႔ တားဆီးထားသလိုပဲ။

သူတို႔ဆီမွာ အေၾကာင္းျပခ်က္ေကာင္းေကာင္းေတြ႐ွိပါတယ္။ ဒါေပမယ့္ သူတို႔လိုပဲ အလုပ္နဲ႔ ဒီေနရာကိုေရာက္လာတဲ့ ႐ွာမာရိက်ေတာ့ သူ႕ရဲ႕အျခားေသာအလုပ္ေတြကို ခဏထားၿပီးေတာ့ လမ္းမွာလဲက်ေနတဲ့ လူနာကို ကူညီေပးခဲ့တယ္။ အဲ့ဒီလူနဲ႔ပတ္သက္တဲ့ကုန္က်မႈေတြကိုလည္းတာဝန္ယူေပးခဲ့တယ္။ ႐ွာမာရိလူတန္ဖိုးထားတာ သူ႕အလုပ္ေတြ၊ လူမ်ိဳးေတြထက္ လဲက်ေနတဲ့သူတစ္ေယာက္ကို ထူမကူညီဖို႔မဟုတ္လား။ လူတစ္ေယာက္ရဲ႕တန္ဖိုးကိုဆုံးျဖတ္တဲ့အခါမွာ သူပိုင္ဆိုင္တဲ့အရာေတြ၊ သူရဲ႕ ဘြဲ႕ထူးဂုဏ္ထူးေတြနဲ႔ တြက္ခ်က္လို႔မရဘူး။ ဘာလူမ်ိဳးဆိုတာနဲ႔လည္းမဆိုင္ဘူး။ သူအျမတ္တႏိုးထားၿပီး ႏွလုံးသားနဲ႔ လုပ္ေဆာင္ခဲ့တဲ့အရာကိုပဲၾကည့္ၿပီးေတာ့ပဲသိႏိုင္တယ္။ သင္လုပ္တဲ့အလုပ္က သင့္ရဲ႕တန္ဖိုးထားတဲ့အရာကိုသိႏိုင္သလို သင့္ရဲ႕တန္ဖိုးကိုလည္းေဖၚျပေနတယ္။

2 views0 comments