Search
  • Than Min Htike

သင့်အရှေ့မှာ

“သင့်​အ​သက်​တည်​သည်​ကာ​လ​ပတ်​လုံး သင့်​ရှေ့​မှာ အ​ဘယ်​သူ​မျှ​မ​ခံ​မ​ရပ်​နိုင်​ရာ။ မော​ရှေ​နှင့်​အ​တူ ငါ​ရှိ​သ​ကဲ့​သို့ သင်​နှင့် အ​တူ​ငါ​ရှိ​လိမ့်​မည်။ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​ပစ်၍​မ​ထား။”( ယောရှု ၁:၅)

သင့်အရှေ့မှာ ဘာတွေ ရှိနေတာလဲ။ သင့်ရဲ့အနာဂတ် ဘုရားပေးထားတဲ့ အိမ်မက်ဆီကို လျှောက်လှမ်းဖို့ ဘာတွေက ကာဆီးနေတာလဲ။ ဘုရားကတိတော်ရှိတယ် သင်အရှေ့မှာ ဘာမှခံမရပ်နိုင်ရဘူးတဲ့။ အဓိက ဘုရားပါဖို့ပဲ လိုတာပါ။ ဘုရားပါရင် သင့်အရှေ့မှာ ဘာတွေပဲရှိရှိ ဂရုစိုက်စရာ လုံးဝကိုမလိုဘူး။ အသာလေးဖြတ်ကျော်သွား နိုင်မယ်ဆိုတာ သေချာတယ်။


ပြိုသွားမယ်

ခိုင်ခံတယ်ဆိုတဲ့ ယေရိခေါမြို့ကြီး (၇) ရက်အတွင်းမှာ ပြိုကျ မြေခသွားတယ် မဟုတ်လား။ ဘုရားနည်းလမ်းကိုတော့သိပြီး အတိအကျနား ထောင်ဖို့လိုတယ်။ ပထမဆုံး သိမ်းပိုက်ခြင်းက အကြီးမားဆုံးမြို့ ရိုးကြီးရှိတဲ့ မြို့ပဲ။ အဲ့ဒီခေတ်အခါမှာ ဒီမြို့ကြီးကိုဖြိုဖို့ နည်းလမ်း မရှိခဲ့ဘူး။ လက်နက်တွေကလည်း ဒီမြို့ကြီးကို မဖြိုလှဲနိုင်ဘူး။ ဘုရားနည်းလမ်းအတိုင်းအတိအကျနားထောင်ပြီး ကြွေးကြော်လိုက်တဲ့အခါမှာ

ကာစီးနေတဲ့ အရာရာ အားလုံးပြိုကျသွားတာပဲမဟုတ်လား။ သင့်ပြဿနာတွေလဲ ပြိုသွားမှာပါ။


လဲကျသွားလိမ့်မယ်

ဣသရေလတွေရဲ့ ရန်သူ ဂေါလျက်ကြီး သူနဲ့စစ်ပြိုင်ဖို့ စိန်ခေါ်တယ်။ ဒီလို လူ့ဘီလူးကြီးကို ထိုးသတ်ဖို့ ဘယ်သူမှ စိတ်ကူးတောင် မယဉ်မိကြဘူး။ ဒါဝိတ်ကတော့ဒီကတိတော်ကိုယုံတယ်။ ဒါကြောင့် သူ မဖြစ်စလောက်လိုးလူတွေသတ်မှတ်တဲ့ လက် နက်လေးကိုင်ပြီးထွက် လာတယ်။ လူ့အမြင်မှာ ဘာမှ မဟုတ်‌ပေမယ့်မမြင်ရတဲ့ နယ်ပယ်က အကြီးမြတ်ဆုံးပါလာတယ်။ ဒါကြောင့် နှစ်ချက်တောင် မဟုတ်ဘူး။ တစ်ချက်ဆို တစ်ချက်ထဲနဲ့ ရန်သူကို လှဲချလိုက်တယ်။ သင့်ပြဿနာတွေက အောင်ပွဲခံရမှာ မဟုတ်ပါဘူး။ သင်ပါပဲ ဘုရားက သင့်အရှေ့မှာ ဘယ်အရာမှ တားဆီးထားနိုင်မှာ မဟုတ်ဘူး။


ကွဲသွားမယ်

ခါနန်ပြည်ကို သွားမယ့် ဣသရေလတို့ရဲ့ ခရီးမှာရှေ့ဆက်လို့မရအောင် ပင်လယ်နီကြီးက ကားစီးထားတယ်မဟုတ်လား။ ဒီလောက်များတဲ့ လူတွေအတွက် ရှေ့ဆက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ် နိုင်ပေမယ့် လမ်းမရှိတဲ့နေရာမှာ ဘုရားက သူ့လူတွေအတွက် လမ်းဖေါက်ပေးခဲ့တယ်။ အဲ့ဒါကတော့ ပင်လယ်ကြီးကို နှစ်ခြမ်းခွဲပစ်လိုက်တာပါပဲ။ သင့်ဘဝရဲ့ အောင်မြင်ခြင်းကိုသွားမယ့် ခရီးအတွက် ဘာတွေက ကာစီးထားလည်း မပူပါနဲ့ ဘုရားက အကုန်လုံးကို ကွဲထွက်စေပြီးလမ်းပေါ်စေမှာပါ။



Zawgyi

သင့်အရှေ့မှာ

“သင့်အသက်တည်သည်ကာလပတ်လုံး သင့်ရှေ့မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိသကဲ့သို့ သင်နှင့် အတူငါရှိလိမ့်မည်။ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုပစ်၍မထား။”( ယောရှု ၁:၅)

သင့်အရှေ့မှာ ဘာတွေ ရှိနေတာလဲ။ သင့်ရဲ့အနာဂတ် ဘုရားပေးထားတဲ့ အိမ်မက်ဆီကို လျှောက်လှမ်းဖို့ ဘာတွေက ကာဆီးနေတာလဲ။ ဘုရားကတိတော်ရှိတယ် သင်အရှေ့မှာ ဘာမှခံမရပ်နိုင်ရဘူးတဲ့။ အဓိက ဘုရားပါဖို့ပဲ လိုတာပါ။ ဘုရားပါရင် သင့်အရှေ့မှာ ဘာတွေပဲရှိရှိ ဂရုစိုက်စရာ လုံးဝကိုမလိုဘူး။ အသာလေးဖြတ်ကျော်သွား နိုင်မယ်ဆိုတာ သေချာတယ်။


ပြိုသွားမယ်

ခိုင်ခံတယ်ဆိုတဲ့ ယေရိခေါမြို့ကြီး (၇) ရက်အတွင်းမှာ ပြိုကျ မြေခသွားတယ် မဟုတ်လား။ ဘုရားနည်းလမ်းကိုတော့သိပြီး အတိအကျနား ထောင်ဖို့လိုတယ်။ ပထမဆုံး သိမ်းပိုက်ခြင်းက အကြီးမားဆုံးမြို့ ရိုးကြီးရှိတဲ့ မြို့ပဲ။ အဲ့ဒီခေတ်အခါမှာ ဒီမြို့ကြီးကိုဖြိုဖို့ နည်းလမ်း မရှိခဲ့ဘူး။ လက်နက်တွေကလည်း ဒီမြို့ကြီးကို မဖြိုလှဲနိုင်ဘူး။ ဘုရားနည်းလမ်းအတိုင်းအတိအကျနားထောင်ပြီး ကြွေးကြော်လိုက်တဲ့အခါမှာ

ကာစီးနေတဲ့ အရာရာ အားလုံးပြိုကျသွားတာပဲမဟုတ်လား။ သင့်ပြဿနာတွေလဲ ပြိုသွားမှာပါ။


လဲကျသွားလိမ့်မယ်

ဣသရေလတွေရဲ့ ရန်သူ ဂေါလျက်ကြီး သူနဲ့စစ်ပြိုင်ဖို့ စိန်ခေါ်တယ်။ ဒီလို လူ့ဘီလူးကြီးကို ထိုးသတ်ဖို့ ဘယ်သူမှ စိတ်ကူးတောင် မယဉ်မိကြဘူး။ ဒါဝိတ်ကတော့ဒီကတိတော်ကိုယုံတယ်။ ဒါကြောင့် သူ မဖြစ်စလောက်လိုးလူတွေသတ်မှတ်တဲ့ လက် နက်လေးကိုင်ပြီးထွက် လာတယ်။ လူ့အမြင်မှာ ဘာမှ မဟုတ်‌ပေမယ့်မမြင်ရတဲ့ နယ်ပယ်က အကြီးမြတ်ဆုံးပါလာတယ်။ ဒါကြောင့် နှစ်ချက်တောင် မဟုတ်ဘူး။ တစ်ချက်ဆို တစ်ချက်ထဲနဲ့ ရန်သူကို လှဲချလိုက်တယ်။ သင့်ပြဿနာတွေက အောင်ပွဲခံရမှာ မဟုတ်ပါဘူး။ သင်ပါပဲ ဘုရားက သင့်အရှေ့မှာ ဘယ်အရာမှ တားဆီးထားနိုင်မှာ မဟုတ်ဘူး။


ကွဲသွားမယ်

ခါနန်ပြည်ကို သွားမယ့် ဣသရေလတို့ရဲ့ ခရီးမှာရှေ့ဆက်လို့မရအောင် ပင်လယ်နီကြီးက ကားစီးထားတယ်မဟုတ်လား။ ဒီလောက်များတဲ့ လူတွေအတွက် ရှေ့ဆက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ် နိုင်ပေမယ့် လမ်းမရှိတဲ့နေရာမှာ ဘုရားက သူ့လူတွေအတွက် လမ်းဖေါက်ပေးခဲ့တယ်။ အဲ့ဒါကတော့ ပင်လယ်ကြီးကို နှစ်ခြမ်းခွဲပစ်လိုက်တာပါပဲ။ သင့်ဘဝရဲ့ အောင်မြင်ခြင်းကိုသွားမယ့် ခရီးအတွက် ဘာတွေက ကာစီးထားလည်း မပူပါနဲ့ ဘုရားက အကုန်လုံးကို ကွဲထွက်စေပြီးလမ်းပေါ်စေမှာပါ။

2 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube