Search
  • Than Min Htike

သင့်အားဖြင့်သာ

ယော၅:၁-၉

(၃၈)နှစ်ပတ်လုံး ရောဂါနဲ့ တုံးလုံးနေပြီးတော့ကောင်းကင် တမန်ရေအလှုပ်ကို ဝင်ဖို့အတွက်လာစောင့်နေတဲ့သူက ယေရှုသူ့ကိုမေးတော့ဖြေရှာတယ်ကူညီမယ့်သူမရှိလို့တဲ့။ (၃၈) နှစ်တောင် တယောက်တလေတောင် အကူအညီပေးချင်သူမရှိဘူးလားလို့ တောင်မေးခွန်းထုတ်မိတယ်။ လူတွေရဲ့အကူအညီရမှာသာ သူပြန်ကျန်းမာရမယ်ဆိုရင်တော့ ဒီတစ်သက်တွေးဝံ့စရာတောင်မရှိဘူး။ ဒါပေမယ့်လူတွေမကူပေမယ့်ယေရှုကပစ်မထားပါဘူး။ သူ့ကို အမိန့်ပေးတယ် ထပြီး အိပ်ယာကို ဆောင်ပြီးပြန်ခိုင်းတယ်။ ရေထဲ

တောင် ထည့်ပေးမယ့်သူမရှိပေမယ့်ကိုယ့်ဟာကိုထနိုင်အောင်ယေရှုက အမိန့်ပေးလိုက်တယ်။ ဒီနေ့လူတွေဆီက မျှော်လင့်လို့မရရင်လည်း စိတ်ပျက်မနေနဲ့ သင့်ကိုယ်တိုင် လုပ်နိုင်အောင်၊ ထနိုင်အောင်ဘုရားကမစမယ်။ ဘာမှ အားငယ်စရာမရှိဘူး။ သူများမထူလဲသင်ထနိုင်ရုံတင်မက ကိုယ့်အိပ်ယာကိုတောင်ပြန်သယ်နိုင်တဲ့သူတစ်ယောက်ဖြစ်လာတဲ့ သူလိုပဲ ကိုယ်နဲ့ပတ်သက်တာမှန်သမျှ ကိုယ့်ဟာကိုယ်တာဝန်ယူနိုင် တဲ့သူဖြစ်လာမယ်။

ဒါကြောင့် သင့်ဘဝမှာ မကူညီခဲ့တဲ့သူတွေအတွက်ခံစားမနေနဲ့။ သူတို့ကြောင့်သာပေါ့ ကိုယ့်ဟာကိုထနိုင်တဲ့သူတစ်ယောက်အဖြစ်ဘုရားက ရပ်တည်နိုင်အောင်အခွင့်အရေးပေးခဲ့တာ။ လူတွေရဲ့အကူအညီ မရလေ၊ လူတွေကို အားကိုးတဲ့စိတ်လျော့ပြီး ဘုရားကိုအားကိုးတတ်တဲ့ စိတ်တွေ တိုးပွားလာတာပေါ့။ ဒါကြောင့်ဘယ်သူကိုမှ အပြစ်မတင်နဲ့ ပိုကောင်းဖို့ဖြစ်လာတယ်ဆိုတာကိုပဲ မှတ်ထားလိုက်ပါ။



Zawgyi

သင့္အားျဖင့္သာ

ေယာ၅:၁-၉

(၃၈)ႏွစ္ပတ္လုံး ေရာဂါနဲ႔ တုံးလုံးေနၿပီးေတာ့ေကာင္းကင္ တမန္ေရအလႈပ္ကို ဝင္ဖို႔အတြက္လာေစာင့္ေနတဲ့သူက ေယ႐ႈသူ႕ကိုေမးေတာ့ေျဖ႐ွာတယ္ကူညီမယ့္သူမ႐ွိလို႔တဲ့။ (၃၈) ႏွစ္ေတာင္ တေယာက္တေလေတာင္ အကူအညီေပးခ်င္သူမ႐ွိဘူးလားလို႔ ေတာင္ေမးခြန္းထုတ္မိတယ္။ လူေတြရဲ႕အကူအညီရမွာသာ သူျပန္က်န္းမာရမယ္ဆိုရင္ေတာ့ ဒီတစ္သက္ေတြးဝံ့စရာေတာင္မ႐ွိဘူး။ ဒါေပမယ့္လူေတြမကူေပမယ့္ေယ႐ႈကပစ္မထားပါဘူး။ သူ႕ကို အမိန္႔ေပးတယ္ ထၿပီး အိပ္ယာကို ေဆာင္ၿပီးျပန္ခိုင္းတယ္။ ေရထဲ

ေတာင္ ထည့္ေပးမယ့္သူမ႐ွိေပမယ့္ကိုယ့္ဟာကိုထႏိုင္ေအာင္ေယ႐ႈက အမိန္႔ေပးလိုက္တယ္။ ဒီေန႔လူေတြဆီက ေမွ်ာ္လင့္လို႔မရရင္လည္း စိတ္ပ်က္မေနနဲ႔ သင့္ကိုယ္တိုင္ လုပ္ႏိုင္ေအာင္၊ ထႏိုင္ေအာင္ဘုရားကမစမယ္။ ဘာမွ အားငယ္စရာမ႐ွိဘူး။ သူမ်ားမထူလဲသင္ထႏိုင္႐ုံတင္မက ကိုယ့္အိပ္ယာကိုေတာင္ျပန္သယ္ႏိုင္တဲ့သူတစ္ေယာက္ျဖစ္လာတဲ့ သူလိုပဲ ကိုယ္နဲ႔ပတ္သက္တာမွန္သမွ် ကိုယ့္ဟာကိုယ္တာဝန္ယူႏိုင္ တဲ့သူျဖစ္လာမယ္။

ဒါေၾကာင့္ သင့္ဘဝမွာ မကူညီခဲ့တဲ့သူေတြအတြက္ခံစားမေနနဲ႔။ သူတို႔ေၾကာင့္သာေပါ့ ကိုယ့္ဟာကိုထႏိုင္တဲ့သူတစ္ေယာက္အျဖစ္ဘုရားက ရပ္တည္ႏိုင္ေအာင္အခြင့္အေရးေပးခဲ့တာ။ လူေတြရဲ႕အကူအညီ မရေလ၊ လူေတြကို အားကိုးတဲ့စိတ္ေလ်ာ့ၿပီး ဘုရားကိုအားကိုးတတ္တဲ့ စိတ္ေတြ တိုးပြားလာတာေပါ့။ ဒါေၾကာင့္ဘယ္သူကိုမွ အျပစ္မတင္နဲ႔ ပိုေကာင္းဖို႔ျဖစ္လာတယ္ဆိုတာကိုပဲ မွတ္ထားလိုက္ပါ။

0 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube