Search
  • Than Min Htike
သန့်ရှင်းသောဝိညာဉ်တော်
၁ ။ခွန်အားနှင့်မြဲမြံခိုင်ခံစေ (ဧဖက် ၃:၁၆)
ယုံကြည်သူတွေအများဆုံးပြောတဲ့စကားက
အားနည်းနေတယ်ဆိုတာပါပဲ။ အသစ်မွေးဖွားဖို့အတွက်
ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်း၊ အပြစ်လွှတ်ခြင်းက
လုပ်ဆောင်ပေးသလို ကြီးထွားရှင်သန်ခိုင်ခံဖို့အတွက်
ကတော့ သန့်ရှင်းသောဝိညာဉ်တော်ဟာ မရှိမဖြစ်အလို
အပ်ဆုံးပါ။ သန့်ရှင်းသောဝိညာဉ်တော်ဟာ အတွင်းလူ
ကိုခွန်အားနဲ့မြဲမြံခိုင်ခံစေမှတော့ ဘယ်မှာအားနည်းအုံး
မှာလဲ။ ဝိညာဉ်တော်ဆင်းသက်ခြင်းကြောင့်ရှံဆုန်ဟာ
တောဘုရင်ခြင်္သေ့ကို ဘာလက်နက်မှ မပါပဲ အနိုင်
တိုက်သေးတာပဲ။ ဒါဟာ ကိုယ်စွမ်းကိုယ်စကြောင့်မှမ
ဟုတ်တာ။ ဝိညာဉ်တော် အတူပါရှိခြင်းကြောင့်မဟုတ်
လား။ ဒါကြောင့်ဝိညာဉ်ရေးရာ အားနည်းတယ် ခွန်အား
မရှိဘူးလို့ ဝန်ခံတာ တနည်းအားဖြင့် သန့်ရှင်းသောဝိညာဉ်
တော်ကို သွယ်ဝိုက်ပြီးငြင်းလိုက်သလိုပါပဲ။ သန့်ရှင်းသော
ဝိညာဉ်တော်ရဲ့သင့်အသက်တာမှာအတူပါရှိခြင်းက ခွန်အားအပြည့်နဲ့ ရှင်သန်ရပ်တည်ကြီးထွားဖို့အတွက်ပါပဲ။ ဒါကြောင့်ဝိညာဉ်တော်က်ိုလိုအပ်တယ်။ သူမရှိပဲ သင်ဘယ်လိုမှ မခိုင်ခံ့နိုင်ဘူး။
၂။ မေတ္တာညွှန်းလောင်းပေးတယ် (ရောမ၅:၅)
တစ်ခါတစ်ရံ ပြုမိတဲ့အပြစ်တွေအားနည်းချက်
တွေကြောင့် ဘုရားမေတ္တာ မခံစားရသလို ဝေးကွာသလို
ခံစားရမိတဲ့အချိန်တွေ ရှိကောင်းရှိနိုင်တယ်။ အထီးကျန်
အဖေါ်မဲ့ပြီး ငါ့လိုလူ ဒီအခြေအနေကို ဘုရားရောတ
ကယ်ချစ်ပါ့မလားလို့ စိတ်ပူနေခဲ့တဲ့အချိန်တွေကောင်း
ကောင်းရှိဖူးမယ်။ ဘုရားမေတ္တာကို ဒီအတိုင်းမသိနိုင်
မခံစားနိုင်ဘူး။ ဝိညာဉ်တော်ကသာ သင့်အထဲက်ိုဘုရားရဲ့
မေတ္တာကို ညွှန်းလောင်းပေးမှသာ သင်သိနိုင်ခံစားနိုင်၊
နားလည်နိုင်လိမ့်မယ်။ မတရားခံစားရခဲ့ရပြီးဘဝကိုခက်ခဲဖြတ်သန်းခဲ့တဲ့ ယောသပ် ဘာကြောင့်များ အကိုတွေကို
ချစ်နိုင်ရတာလဲ။ ခွင့်လွှတ်ဖို့တောင်မလွယ်တာ အကိုတွေရဲ့မိသားစုကိုတောင် လက်ခံပြီး ချစ်ပေးနိုင်တာ ဘယ်လူသား
ဆီမှ မရှိနိုင်တဲ့ မေတ္တာပါပဲ။ ဒီလိုမေတ္တာမျိုးဘယ်ကရလဲ။
ရှင်းပါတယ် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ပေါ့။ သင့်
အထဲမှာ သူသာအုပ်စိုးရင်၊ သူဦးဆောင်ရင် ဘုရားမေတ္တာက်ို
ညွှန်းလောင်းခံရမှာဖြစ်ပြီး သင်ကိုယ်တိုင် ခံစားရမှာဖြစ်သလို
သူတစ်ပါးက်ိုလဲ ခံစားစေမှာပါ။
ဒါကြောင့် ဝိညာဉ်တော်ကိုလိုအပ်တယ်။
သူမရှိပဲ သင်ဘယ်လိုမှ ဘုရားမေတ္တာက်ိုမခံစားနိုင်
သလို သင်ဘယ်တော့မှ ဘုရားချစ်သလို လူတွေက်ို
မချစ်နိုင်တာသေချာတယ်။
Zawgyi
မခံစားနိုင်ဘူး။ ဝိညာဉ်တော်ကသာ သင့်အထဲကိုဘုရားရဲ့
အထဲမှာ သူသာအုပ်စိုးရင်၊ သူဦးဆောင်ရင် ဘုရားမေတ္တာကို
သူတစ်ပါးကိုလဲ ခံစားစေမှာပါ။
သူမရှိပဲ သင်ဘယ်လိုမှ ဘုရားမေတ္တာကိုမခံစားနိုင်
သလို သင်ဘယ်တော့မှ ဘုရားချစ်သလို လူတွေကို
2 views0 comments