Search
  • Than Min Htike

သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၀ခြင်း (၂)

“ထို​ကြောင့် ညီ​အစ်​ကို​တို့၊ ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက်၊ အ​သ​ရေ​ရှိ​သော လူ​ခု​နစ်​ယောက်​တို့​ကို သင်​တို့​တွင် ရှာ​ကြ​လော့။ ဤ​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို ငါ​တို့​သည် ခန့်​ထား​ကြ​မည်။-”(တ ၆:၃)

ဘယ်အလုပ်ပဲ လုပ်လုပ် အရည်အချင်းသတ်မှတ်ချက်တွေရှိတယ်ဆိုတာလူတိုင်းသိတယ်။

ဘုရားနိုင်ငံတော်ထဲမှာလည်း ဘုရားကြီးမားစွာ အသုံးပြုနေတဲ့သူတွေ၊ ဘုရားအတွက်အစေခံချင်တဲ့သူတွေအ တွက်လည်း ဘုရားဆီမှာ သတ်မှတ်ချက်ရှိတယ်ဆို သိထားစေချင်တယ်။ ဘုရားရဲ့သတ်မှတ်ချက်က အရည် အချင်းတွေ၊ ဘွဲ့လက်မှတ်တွေထက် သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဝခြင်းပါ။ အသင်းတော်မှာ ကျွေးမွေးခြင်းအလုပ်ကို ဦးဆောင်မယ့် အသင်းတော် လူကြီး (၇) ယောက်ကိုရွေးတာတောင်ငွေကြေးပြည့်စုံတဲ့လူ၊ အရည် အချင်းပြည့်စုံတဲ့လူထက် သန့်ရှင်းသောဝိညာဉ်တော်နဲ့ ပြည့်စုံတဲ့သူကိုပဲ ဦးစားပေးရွေးချယ်တယ်။ ဒီအချက်ဟာ ဘုရားနိုင်ငံတော်ထဲမှာ ကြီးကြီးမားမား တရားဟောဆရာမပြောနဲ့ နောက်ဖေးကနေ ပါဝင်သူတွေတောင် ဝိညာဉ်တော်နဲ့ မပြည့်ဝရင် အသင်းတော်မှာဘုရားနိုင်ငံ တော်မှာ ပါဝင်လုပ်ဆောင်ဖို့ မလွယ်ဘူးဆိုတာတွေ့ ရတယ်။ မာသ ကိုပဲကြည့်လေ မလုပ်ပေးတာမဟုတ်ဘူး လုပ်ပေးရင်နဲ့ ယေရှုကိုရော မလုပ်ကူပဲ တရားနာတဲ့ညီမကိုပါ အပြစ်တင်နေတာသာကြည့်တော့။ အသင်းတော်တွေနဲ့ နိုင်ငံတော်မှာ လုပ်ပေးရင် အပြစ်တင်၊ ညဉ်းတွား နေကြရတာဟာ ဘုရားမခန့်ထားလို့မဟုတ်ပဲ ဝိညာဉ်တော်နဲ့ မပြည့်ဝကြခြင်းသာဖြစ်တယ်။ ဒါကြောင့် ဘုရားအသုံးပြုခြင်းကို ခံချင်တယ်ဆိုရင် ဝိညာဉ်တော်နဲ့ ပြည့်ဝခြင်းကို ဂရုစိုက်ဖို့လိုတယ်။


ဝိညာဉ်တော်နှင့်ပြည့်၀သူ အသက်တာ

ကနဦးအသင်းတော်ရဲ့ အရည်အချင်းတွေနဲ့ ပြည့်မှီပြီးရွေးကောက်ခံရတဲ့ သတေဖန်အသက်တာကိုကြည့်မယ်ဆိုရင် သန့်ရှင်းသောဝိညာဉ်တော်နဲ့ ပြည့်၀တဲ့သူတစ်ယောက်မှာ ရှိတဲ့ အသက်ရှင်ခြင်းကိုတွေ့ရတယ်။ သူက တရားဟောဖို့ရွေးကောက်ခဲ့တာမဟုတ်ပါဘူး။ စားပွဲမှာ လုပ်ဆောင်ပေးဖို့ ရွေးကောက်ခံရတာပါ။ ဘယ်လိုအ လုပ်မျိုးကိုမဆိုဘုရားနိုင်ငံတော်အတွက် ပါဝင်လုပ် ဆောင်ဆက်ကပ်သူတစ်ယောက်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ပြည့်၀သူတစ်ယောက်က မြင့်မားတဲ့အလုပ်တွေလုပ်ရမှ မဟုတ်ပါဘူး။ တရားဟောရမှ၊ စင်ပေါ်တက်ရမှ၊ နာမည်ကျော်ကြားမှာ မဟုတ်ပါဘူး။ ဘယ်ကဏ္ဍမဆို တက်ကြွစွာပါဝင်ဖို့ ဆက်ကပ်ထားသူပါပဲ။ နောက် သူ့ကိိုခန့်အပ်ထားတဲ့ အလုပ်ကိုပဲ တာဝန်ကျေလုပ်ဆောင်တာမဟုတ်ပဲ နဲ့ သူ့အထဲမှာ ဘုရားရဲ့ဧဝံဂေလိတရားနဲ့ ပတ်သက်ပြီးတော့လည်း တောက်လောင်မှုရှိတယ်ဆိုတာ တွေ့ရတယ်။ (တ ၆း၈) နောက် သူဟာ နှုတ်ကပတ်တော်ကိုကောင်းမွန်စွာ ပိုင်နိုင်နားလည်သူတစ်ယောက်လည်းဖြစ်တယ်။ လွှတ်တော်ရောက်တဲ့အခါမှာ နှုတ်ကပတ်တော်မှာရှိတဲ့ ဘုရားသခင်ရဲ့နက်နဲတဲ့အကြံအစည်ကို တိကျစွာရှင်းလင်းပြနိုင်ခဲ့သူတစ်ယောက်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ပြည့်၀သူတစ်ယောက်ဟာ နှုတ်ကပတ်တော်အရာမှာလည်း အားမ နည်းဘူးဆိုတာကို သိဖို့လိုတယ်။ (တ ၇ ) အများသူငါဆန့်ကျင်ပြီးတစ်ယောက်ထဲ ရပ်တည်ရပေမယ့် ကြောက် ရွံ့ခြင်းမရှိပဲ ရဲဝံ့စွာနဲ့ ဟောပြော သက်သေခံခဲ့ပြီး၊ အဆိုးဆုံးအခြေအနေမှာတောင် အကောင်းဆုံး ဝိညာဉ်လောကရဲ့အဖြစ်ပျက်တွေကိုသာမြင်ခဲ့၊အာရုံပြုခဲ့သူတစ်ယောက် ဖြစ်ပြီး သေသည့်တိုင်အောင် နောက်မဆုတ်ခဲ့ပေ။ သန့် ရှင်းသောဝိညာဉ်တော်နဲ့ပြည့်၀ခြင်းက ယုံကြည်သူတစ်ယောက်ရဲ့ ဘ၀ကို လုံး၀ခြားနား ကွဲပြားသွားစေတယ်ဆိုတာ သူ့အသက်တာကိုကြည့်တော့ သိနိုင်တယ်။



Zawgyi

သန္႔႐ွင္းေသာဝိညာဥ္ေတာ္ႏွင့္ျပည့္၀ျခင္း (၂)

“ထို​ေၾကာင့္ ညီ​အစ္​ကို​တို႔၊ ဝိ​ညာဥ္​ေတာ္​ႏွင့္​လည္း​ေကာင္း၊ ပ​ညာ​ႏွင့္​လည္း​ေကာင္း ျပည့္​စုံ​လ်က္၊ အ​သ​ေရ​႐ွိ​ေသာ လူ​ခု​နစ္​ေယာက္​တို႔​ကို သင္​တို႔​တြင္ ႐ွာ​ၾက​ေလာ့။ ဤ​အ​မႈ​ကို ေဆာင္​႐ြက္​ေစ​ျခင္း​ငွာ ထို​သူ​တို႔​ကို ငါ​တို႔​သည္ ခန္႔​ထား​ၾက​မည္။-”(တ ၆:၃)

ဘယ္အလုပ္ပဲ လုပ္လုပ္ အရည္အခ်င္းသတ္မွတ္ခ်က္ေတြ႐ွိတယ္ဆိုတာလူတိုင္းသိတယ္။

ဘုရားႏိုင္ငံေတာ္ထဲမွာလည္း ဘုရားႀကီးမားစြာ အသုံးျပဳေနတဲ့သူေတြ၊ ဘုရားအတြက္အေစခံခ်င္တဲ့သူေတြအ တြက္လည္း ဘုရားဆီမွာ သတ္မွတ္ခ်က္႐ွိတယ္ဆို သိထားေစခ်င္တယ္။ ဘုရားရဲ႕သတ္မွတ္ခ်က္က အရည္ အခ်င္းေတြ၊ ဘြဲ႕လက္မွတ္ေတြထက္ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ျပည့္ဝျခင္းပါ။ အသင္းေတာ္မွာ ေကြၽးေမြးျခင္းအလုပ္ကို ဦးေဆာင္မယ့္ အသင္းေတာ္ လူႀကီး (၇) ေယာက္ကိုေ႐ြးတာေတာင္ေငြေၾကးျပည့္စုံတဲ့လူ၊ အရည္ အခ်င္းျပည့္စုံတဲ့လူထက္ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ ျပည့္စုံတဲ့သူကိုပဲ ဦးစားေပးေ႐ြးခ်ယ္တယ္။ ဒီအခ်က္ဟာ ဘုရားႏိုင္ငံေတာ္ထဲမွာ ႀကီးႀကီးမားမား တရားေဟာဆရာမေျပာနဲ႔ ေနာက္ေဖးကေန ပါဝင္သူေတြေတာင္ ဝိညာဥ္ေတာ္နဲ႔ မျပည့္ဝရင္ အသင္းေတာ္မွာဘုရားႏိုင္ငံ ေတာ္မွာ ပါဝင္လုပ္ေဆာင္ဖို႔ မလြယ္ဘူးဆိုတာေတြ႕ ရတယ္။ မာသ ကိုပဲၾကည့္ေလ မလုပ္ေပးတာမဟုတ္ဘူး လုပ္ေပးရင္နဲ႔ ေယ႐ႈကိုေရာ မလုပ္ကူပဲ တရားနာတဲ့ညီမကိုပါ အျပစ္တင္ေနတာသာၾကည့္ေတာ့။ အသင္းေတာ္ေတြနဲ႔ ႏိုင္ငံေတာ္မွာ လုပ္ေပးရင္ အျပစ္တင္၊ ညဥ္းတြား ေနၾကရတာဟာ ဘုရားမခန္႔ထားလို႔မဟုတ္ပဲ ဝိညာဥ္ေတာ္နဲ႔ မျပည့္ဝၾကျခင္းသာျဖစ္တယ္။ ဒါေၾကာင့္ ဘုရားအသုံးျပဳျခင္းကို ခံခ်င္တယ္ဆိုရင္ ဝိညာဥ္ေတာ္နဲ႔ ျပည့္ဝျခင္းကို ဂ႐ုစိုက္ဖို႔လိုတယ္။


ဝိညာဥ္ေတာ္ႏွင့္ျပည့္၀သူ အသက္တာ

ကနဦးအသင္းေတာ္ရဲ႕ အရည္အခ်င္းေတြနဲ႔ ျပည့္မွီၿပီးေ႐ြးေကာက္ခံရတဲ့ သေတဖန္အသက္တာကိုၾကည့္မယ္ဆိုရင္ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ ျပည့္၀တဲ့သူတစ္ေယာက္မွာ ႐ွိတဲ့ အသက္႐ွင္ျခင္းကိုေတြ႕ရတယ္။ သူက တရားေဟာဖို႔ေ႐ြးေကာက္ခဲ့တာမဟုတ္ပါဘူး။ စားပြဲမွာ လုပ္ေဆာင္ေပးဖို႔ ေ႐ြးေကာက္ခံရတာပါ။ ဘယ္လိုအ လုပ္မ်ိဳးကိုမဆိုဘုရားႏိုင္ငံေတာ္အတြက္ ပါဝင္လုပ္ ေဆာင္ဆက္ကပ္သူတစ္ေယာက္ပါ။ သန္႔႐ွင္းေသာ ဝိညာဥ္ေတာ္နဲ႔ျပည့္၀သူတစ္ေယာက္က ျမင့္မားတဲ့အလုပ္ေတြလုပ္ရမွ မဟုတ္ပါဘူး။ တရားေဟာရမွ၊ စင္ေပၚတက္ရမွ၊ နာမည္ေက်ာ္ၾကားမွာ မဟုတ္ပါဘူး။ ဘယ္က႑မဆို တက္ႂကြစြာပါဝင္ဖို႔ ဆက္ကပ္ထားသူပါပဲ။ ေနာက္ သူ႕ကိိဳခန္႔အပ္ထားတဲ့ အလုပ္ကိုပဲ တာဝန္ေက်လုပ္ေဆာင္တာမဟုတ္ပဲ နဲ႔ သူ႕အထဲမွာ ဘုရားရဲ႕ဧဝံေဂလိတရားနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေတာက္ေလာင္မႈ႐ွိတယ္ဆိုတာ ေတြ႕ရတယ္။ (တ ၆း၈) ေနာက္ သူဟာ ႏႈတ္ကပတ္ေတာ္ကိုေကာင္းမြန္စြာ ပိုင္ႏိုင္နားလည္သူတစ္ေယာက္လည္းျဖစ္တယ္။ လႊတ္ေတာ္ေရာက္တဲ့အခါမွာ ႏႈတ္ကပတ္ေတာ္မွာ႐ွိတဲ့ ဘုရားသခင္ရဲ႕နက္နဲတဲ့အၾကံအစည္ကို တိက်စြာ႐ွင္းလင္းျပႏိုင္ခဲ့သူတစ္ေယာက္ပါ။ သန္႔႐ွင္းေသာ ဝိညာဥ္ေတာ္နဲ႔ျပည့္၀သူတစ္ေယာက္ဟာ ႏႈတ္ကပတ္ေတာ္အရာမွာလည္း အားမ နည္းဘူးဆိုတာကို သိဖို႔လိုတယ္။ (တ ၇ ) အမ်ားသူငါဆန္႔က်င္ၿပီးတစ္ေယာက္ထဲ ရပ္တည္ရေပမယ့္ ေၾကာက္ ႐ြံ႕ျခင္းမ႐ွိပဲ ရဲဝံ့စြာနဲ႔ ေဟာေျပာ သက္ေသခံခဲ့ၿပီး၊ အဆိုးဆုံးအေျခအေနမွာေတာင္ အေကာင္းဆုံး ဝိညာဥ္ေလာကရဲ႕အျဖစ္ပ်က္ေတြကိုသာျမင္ခဲ့၊အာ႐ုံျပဳခဲ့သူတစ္ေယာက္ ျဖစ္ၿပီး ေသသည့္တိုင္ေအာင္ ေနာက္မဆုတ္ခဲ့ေပ။ သန္႔ ႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ျပည့္၀ျခင္းက ယုံၾကည္သူတစ္ေယာက္ရဲ႕ ဘ၀ကို လုံး၀ျခားနား ကြဲျပားသြားေစတယ္ဆိုတာ သူ႕အသက္တာကိုၾကည့္ေတာ့ သိႏိုင္တယ္။

4 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube