- Than Min Htike
သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၀ခြင်း(၃)
“ဖာရောမင်းက၊ ဘုရားသခင်၏ဝိညာဉ်တော်ကိုရ၍ ဤကဲ့သို့သောသူကို အဘယ်မှာ ရှာ၍တွေ့မည်နည်းဟု ကျွန်တော်မျိုးတို့အားမိန့်တော်မူ၏။ ယောသပ်အားလည်း၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အားပြတော်မူသည်ဖြစ်၍ သင်ကဲ့သို့ ဉာဏ်ပညာနှင့် ပြည့်စုံသောသူမရှိ။”(ကမ္ဘာဦး ၄၁:၃၈-၃၉)
ပြည့်၀တဲ့အထိ
ပညာတွေစုံ အသက်အရွယ်ပြည့်စုံတာနဲ့ အိမ်မက်တွေပြည့်စုံလာတာမဟုတ်ပါဘူး။ လူတွေကထင်တတ်တယ်
အသိပညာ၊ အတတ်ပညာတွေစုံလင်လာတာနဲ့၊ အရွယ်တစ်ခုကို ရောက်လာတာနဲ့အလိုလို အိမ်မက်တွေ ပြည့်စုံလာမယ်လို့ ထင်တတ်ကြတယ်။ တကယ်တော့မဟုတ်ပါဘူး။ အိမ်မက်တွေပြည့်စုံဖို့ဆိုတာက အရည်အချင်းပြည့်စုံတာတစ်ခုတည်းနဲ့ အကောင်ထည်ဖေါ်လို့မရပါဘူး။ ကျွမ်းကျင်တဲ့ အသိပညာစုံလင်တာနဲ့ပဲ လည်းမဖြစ်နိုင်သေးပါဘူး။ ဘုရားပေးတဲ့အိမ်မက်တွေပြည့်စုံဖို့အတွက်တော့ အရေးကြီးဆုံးက သန့်ရှင်းသောဝိညာဉ်တော်နဲ့ ပြည့်၀ဖို့တကယ်ကိုအရေးကြီးပါတယ်။ အိမ်မက်တွေ၊ ရူပါရုံတွေဆိုတာ သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်လာတဲ့အခါမှာ မြင်မက်တတ်ကြတဲ့အရာပါ။
“ဟောဖူးသောအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည်လည်း နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။-”(တ ၂:၁၇)
သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခြင်းရဲ့ ရလဒ်တွေထဲမှာ အိမ်မက်တွေ၊ ရူပါရုံတွေ၊ ပရောဖက်ဥာဏ်တွေက အတူပါလာတဲ့ကောင်းကြီးတစ်ခုပါပဲ။ ဒါကြောင့် အိမ်မက်ရူပါရုံတွေကို ကျွန်တော်တို့ကောင်းလို့ လက်ခံရရှိတာမဟုတ်ပဲ။ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်ခြင်းကြောင့်သာ လက်ခံရရှိခြင်းပါ။ တကယ်လို့များ အဲ့ဒီအရာတွေ မရရှိသေးတဲ့သူတွေရှိရင်လည်း စိတ်ဓါတ်ကျဖို့ အားငယ်ဖို့မဟုတ်ပဲ သန့်ရှင်းသောဝိညာဉ်တော်ကို ပိုမိုဆာငတ်ဖို့၊ ခေါ်ဖိတ်လက်ခံပြီးတော့ သူ့ကို နေရာပေးဖို့အရေးကြီးပါတယ်။ အိမ်မက်ရူပါရုံပြည့်စုံဖို့ကတော့ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်စုံတဲ့အသက်တာရှိဖို့လိုပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်စုံလေ သင့်ရထားတဲ့အိမ်မက်ရူပါရုံတွေ ပြည့်စုံလေလေပါပဲ။ ယောသပ် အဖေအိမ်မှာ အိမ်မက်ရူပါရုံကို လက်ခံရရှိပေမယ့် သူသန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်၀ခြင်းမရှိသေးပါ။ ဒါကြောင့် အိမ်က ရူပါရုံတွေ ပြည့်စုံဖို့အတွက် ပြဿနာများကြောင့် သူဟာ အဲဂုတ္တုကို စေလွှတ်ခြင်းခံရတယ်။ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်၀ဖို့အတွက် သူဟာ အဲဂုတ္တုမှာ လုပ်ကိုင်ရင်းနဲ့ တွေ့ကြုံရတဲ့အရာတွေအပေါ်မှာ၊ အသက်ရှင်မှုပေါ်မှာ
ဘုရားက လေ့ကျင့်သင်ကြားပေးတယ်။ သန့်ရှင်းသောဝိညာဉ်တော်ကိုရဖို့အတွက် ကူညီဖေးမတဲ့လူတွေ၊ အမှုတော်ဆောင်တွေလိုအပ်ပါတယ်။ ဒါပေမယ့် သန့်ရှင်းသော ဝိညာဉ်တော်နဲ့ပြည့်၀ဖို့အတွက်တော့ကိုယ်တိုင် နေ့စဉ်အသက်ရှင်ခြင်းမှာလုပ်ဆောင်ရမယ့်အရာဖြစ်တယ်။ လူတချို့က ဘုရားကျောင်းတွေမရှိ၊ အမှုတော်ဆောင်တွေနဲ့မနီးစပ်ရတဲ့အခါမှာ လဲကျတတ်ကြပြီးတော့၊ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်၀ဖို့အတွက် မဖြစ်နိုင်ဘူးလို့ တွေးထင်တတ်ကြတယ်။ မဟုတ်ပါဘူး။ ယောသပ်ကို ဝိညာဉ်တော်နဲ့ပြည့်၀ဖို့အတွက် ဘုရားသွန်သင်ပေးတဲ့နေရာက ယုံကြည်သူတစ်ယောက်မှ မရှိတဲ့ အဲဂုတ္တုမှာပါ။ အဲ့ဒီနေရာမှာသူ သန့်ရှင်းသောဝိညာဉ်တော်နဲ့ ပြည့်၀စွာအသက်ရှင်ဖို့အတွက်သင်ယူခဲ့ရပါတယ်။ ပေါတိဖါဇနီးကိုငြင်းပယ်နိုင်တယ်ဆိုတာက သန့်ရှင်းသောဝိညာဉ်တော်အသီးအပွင့် ဖြစ်တဲ့ကာမဂုဏ်ချုပ်တီးခြင်းနှင့် သစ္စာစောင့်ခြင်း ပါ။ ထောင်ထဲမှာ အမတ်ကြီးရဲ့မေ့လျော့ခြင်းခံရတဲ့ အချိန်မှာ ရပ်တည်နိုင်ခဲ့တာ စိတ်ရှည်ခြင်းပါ။ သူ့ကိုရောင်းစားတဲ့အကိုတွေကို ခွင့်လွှတ်နိုင်တာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ရတဲ့ ချစ်ခြင်းနဲ့ ကျေးဇူးပြုခြင်းပါ။ ဒါကြောင့် သင်ဘယ်မှာ အသက်ရှင်နေနေ၊ဘယ်လိုနေရာမှာ ရှင်သန်ရ၊ ရှင်သန်ရ လုပ်သမျှ အရာတွေမှာ သန့်ရှင်းသောဝိညာဉ်တော်နဲ့ ပြည့်၀ဖို့အတွက် ဘုရားသွန်သင်ပေးနေခြင်းလေ့ကျင့်ပေးနေခြင်းကို မမေ့ပါနဲ့။ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ပြည့်စုံလာတာနဲ့အမျှ ကျန်တဲ့အရာတွေလည်း အကုန်ပြည့်စုံလာမယ်ဆိုတာမလွဲပါဘူး။

Zawgyi
သန္႔႐ွင္းေသာဝိညာဥ္ေတာ္ႏွင့္ျပည့္၀ျခင္း(၃)
“ဖာေရာမင္းက၊ ဘုရားသခင္၏ဝိညာဥ္ေတာ္ကိုရ၍ ဤကဲ့သို႔ေသာသူကို အဘယ္မွာ ႐ွာ၍ေတြ႕မည္နည္းဟု ကြၽန္ေတာ္မ်ိဳးတို႔အားမိန္႔ေတာ္မူ၏။ ေယာသပ္အားလည္း၊ ဘုရားသခင္သည္ ဤအမႈအလုံးစုံတို႔ကို သင့္အားျပေတာ္မူသည္ျဖစ္၍ သင္ကဲ့သို႔ ဉာဏ္ပညာႏွင့္ ျပည့္စုံေသာသူမ႐ွိ။”(ကမ႓ာဦး ၄၁:၃၈-၃၉)
ျပည့္၀တဲ့အထိ
ပညာေတြစုံ အသက္အ႐ြယ္ျပည့္စုံတာနဲ႔ အိမ္မက္ေတြျပည့္စုံလာတာမဟုတ္ပါဘူး။ လူေတြကထင္တတ္တယ္
အသိပညာ၊ အတတ္ပညာေတြစုံလင္လာတာနဲ႔၊ အ႐ြယ္တစ္ခုကို ေရာက္လာတာနဲ႔အလိုလို အိမ္မက္ေတြ ျပည့္စုံလာမယ္လို႔ ထင္တတ္ၾကတယ္။ တကယ္ေတာ့မဟုတ္ပါဘူး။ အိမ္မက္ေတြျပည့္စုံဖို႔ဆိုတာက အရည္အခ်င္းျပည့္စုံတာတစ္ခုတည္းနဲ႔ အေကာင္ထည္ေဖၚလို႔မရပါဘူး။ ကြၽမ္းက်င္တဲ့ အသိပညာစုံလင္တာနဲ႔ပဲ လည္းမျဖစ္ႏိုင္ေသးပါဘူး။ ဘုရားေပးတဲ့အိမ္မက္ေတြျပည့္စုံဖို႔အတြက္ေတာ့ အေရးႀကီးဆုံးက သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ ျပည့္၀ဖို႔တကယ္ကိုအေရးႀကီးပါတယ္။ အိမ္မက္ေတြ၊ ႐ူပါ႐ုံေတြဆိုတာ သန္႔႐ွင္းေသာ ဝိညာဥ္ေတာ္သက္ေရာက္လာတဲ့အခါမွာ ျမင္မက္တတ္ၾကတဲ့အရာပါ။
“ေဟာဖူးေသာအခ်က္ကား၊ ေနာင္ကာလ၌ လူမ်ိဳးတကာတို႔အေပၚသို႔ ငါ၏ဝိညာဥ္ေတာ္ကို ငါသြန္းေလာင္းမည္။ သင္တို႔၏သားသမီးတို႔သည္ ပေရာဖက္ဉာဏ္ႏွင့္ ေဟာေျပာရၾကလိမ့္မည္။ အသက္ငယ္ေသာသူတို႔သည္ ဗ်ာဒိတ္႐ူပါ႐ုံတို႔ကို ျမင္ရၾကလိမ့္မည္။ အသက္ႀကီးေသာသူတို႔သည္လည္း နိမိတ္အိပ္မက္တို႔ကို ျမင္မက္ရၾကလိမ့္မည္။-”(တ ၂:၁၇)
သန္႔႐ွင္းေသာဝိညာဥ္ေတာ္ သြန္းေလာင္းျခင္းရဲ႕ ရလဒ္ေတြထဲမွာ အိမ္မက္ေတြ၊ ႐ူပါ႐ုံေတြ၊ ပေရာဖက္ဥာဏ္ေတြက အတူပါလာတဲ့ေကာင္းႀကီးတစ္ခုပါပဲ။ ဒါေၾကာင့္ အိမ္မက္႐ူပါ႐ုံေတြကို ကြၽန္ေတာ္တို႔ေကာင္းလို႔ လက္ခံရ႐ွိတာမဟုတ္ပဲ။ သန္႔႐ွင္းေသာဝိညာဥ္ေတာ္သက္ေရာက္ျခင္းေၾကာင့္သာ လက္ခံရ႐ွိျခင္းပါ။ တကယ္လို႔မ်ား အဲ့ဒီအရာေတြ မရ႐ွိေသးတဲ့သူေတြ႐ွိရင္လည္း စိတ္ဓါတ္က်ဖို႔ အားငယ္ဖို႔မဟုတ္ပဲ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ကို ပိုမိုဆာငတ္ဖို႔၊ ေခၚဖိတ္လက္ခံၿပီးေတာ့ သူ႕ကို ေနရာေပးဖို႔အေရးႀကီးပါတယ္။ အိမ္မက္႐ူပါ႐ုံျပည့္စုံဖို႔ကေတာ့ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ျပည့္စုံတဲ့အသက္တာ႐ွိဖို႔လိုပါတယ္။ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ျပည့္စုံေလ သင့္ရထားတဲ့အိမ္မက္႐ူပါ႐ုံေတြ ျပည့္စုံေလေလပါပဲ။ ေယာသပ္ အေဖအိမ္မွာ အိမ္မက္႐ူပါ႐ုံကို လက္ခံရ႐ွိေပမယ့္ သူသန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ျပည့္၀ျခင္းမ႐ွိေသးပါ။ ဒါေၾကာင့္ အိမ္က ႐ူပါ႐ုံေတြ ျပည့္စုံဖို႔အတြက္ ျပႆနာမ်ားေၾကာင့္ သူဟာ အဲဂုတၱဳကို ေစလႊတ္ျခင္းခံရတယ္။ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ျပည့္၀ဖို႔အတြက္ သူဟာ အဲဂုတၱဳမွာ လုပ္ကိုင္ရင္းနဲ႔ ေတြ႕ၾကဳံရတဲ့အရာေတြအေပၚမွာ၊ အသက္႐ွင္မႈေပၚမွာ
ဘုရားက ေလ့က်င့္သင္ၾကားေပးတယ္။ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ကိုရဖို႔အတြက္ ကူညီေဖးမတဲ့လူေတြ၊ အမႈေတာ္ေဆာင္ေတြလိုအပ္ပါတယ္။ ဒါေပမယ့္ သန္႔႐ွင္းေသာ ဝိညာဥ္ေတာ္နဲ႔ျပည့္၀ဖို႔အတြက္ေတာ့ကိုယ္တိုင္ ေန႔စဥ္အသက္႐ွင္ျခင္းမွာလုပ္ေဆာင္ရမယ့္အရာျဖစ္တယ္။ လူတခ်ိဳ႕က ဘုရားေက်ာင္းေတြမ႐ွိ၊ အမႈေတာ္ေဆာင္ေတြနဲ႔မနီးစပ္ရတဲ့အခါမွာ လဲက်တတ္ၾကၿပီးေတာ့၊ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ျပည့္၀ဖို႔အတြက္ မျဖစ္ႏိုင္ဘူးလို႔ ေတြးထင္တတ္ၾကတယ္။ မဟုတ္ပါဘူး။ ေယာသပ္ကို ဝိညာဥ္ေတာ္နဲ႔ျပည့္၀ဖို႔အတြက္ ဘုရားသြန္သင္ေပးတဲ့ေနရာက ယုံၾကည္သူတစ္ေယာက္မွ မ႐ွိတဲ့ အဲဂုတၱဳမွာပါ။ အဲ့ဒီေနရာမွာသူ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ ျပည့္၀စြာအသက္႐ွင္ဖို႔အတြက္သင္ယူခဲ့ရပါတယ္။ ေပါတိဖါဇနီးကိုျငင္းပယ္ႏိုင္တယ္ဆိုတာက သန္႔႐ွင္းေသာဝိညာဥ္ေတာ္အသီးအပြင့္ ျဖစ္တဲ့ကာမဂုဏ္ခ်ဳပ္တီးျခင္းႏွင့္ သစၥာေစာင့္ျခင္း ပါ။ ေထာင္ထဲမွာ အမတ္ႀကီးရဲ႕ေမ့ေလ်ာ့ျခင္းခံရတဲ့ အခ်ိန္မွာ ရပ္တည္ႏိုင္ခဲ့တာ စိတ္႐ွည္ျခင္းပါ။ သူ႕ကိုေရာင္းစားတဲ့အကိုေတြကို ခြင့္လႊတ္ႏိုင္တာ သန္႔႐ွင္းေသာဝိညာဥ္ေတာ္အားျဖင့္ရတဲ့ ခ်စ္ျခင္းနဲ႔ ေက်းဇူးျပဳျခင္းပါ။ ဒါေၾကာင့္ သင္ဘယ္မွာ အသက္႐ွင္ေနေန၊ဘယ္လိုေနရာမွာ ႐ွင္သန္ရ၊ ႐ွင္သန္ရ လုပ္သမွ် အရာေတြမွာ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ ျပည့္၀ဖို႔အတြက္ ဘုရားသြန္သင္ေပးေနျခင္းေလ့က်င့္ေပးေနျခင္းကို မေမ့ပါနဲ႔။ သန္႔႐ွင္းေသာ ဝိညာဥ္ေတာ္နဲ႔ျပည့္စုံလာတာနဲ႔အမွ် က်န္တဲ့အရ႕ာ့ေတြလည္း အကုန္ျပည့္စုံလာမယ္ဆိုတာမလြဲပါဘူး။