Search
  • Than Min Htike

သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၀ခြင်း(၄)

“သင်​သည် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ ထူး​ဆန်း​သော ပ​ညာ​ဉာဏ်​သ​တ္တိ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သည်​ဟု သင်၏ သ​တင်း​ကို ငါ​ကြား၏။”(ဒံယေလ ၅:၁၄)


ထိပ်ဆုံးသို့

လူတိုင်းဟာ မိမိရှိတဲ့ဘ၀ကနေ ပိုပြီးမြင့်မားတဲ့ ရည်ရွယ်ချက်ပန်းတိုင်ဆီကို တက်လှမ်းနေကြတဲ့သူတွေချည်းပဲမဟုတ်လား။ လက်ရှိအနေထားကနေ ပိုနိမ့်တဲ့နေရာကိုရည်ရွယ်ချက်ရှိရှိ သွားနေတဲ့သူတော့မရှိလောက်ဘူးထင်တာပဲ။ နှစ်သစ်ရောက်တိုင်းမှာ ပိုကောင်းတဲ့ဆက်ကပ်အပ်နှံမှု၊ ပိုကောင်းတဲ့အသက်ရှင်မှု၊ ပိုကောင်းတဲ့မိသားစု၊ ပိုကောင်း လူ တစ်ယောက်ဖြစ်လာဖို့ လူတိုင်း ဆန္ဒရှိပြီး ဆုံးဖြတ်ချက်တွေချလေ့ရှိတယ်။ အရင်ကထက်ပိုကောင်းတဲ့ ပိုပြီးပြည့်စုံတဲ့လူတစ်ယောက် ဖြစ်လာဖို့လူတိုင်း စိတ်ကူးရှိကြတာဟာ မမှားပါဘူး။ တိုးတက်အောင်မြင်ချင်တာဟာ လူအထဲမှာရှိတဲ့ ကောင်းတဲ့စိတ်ဆန္ဒတစ်ခုပါပဲ။ တခါတလေမှာတော့ပိုကောင်းအောင်လုပ်ဖို့ ကိုယ့်ဟာကိုယ် မလုပ်နိုင်တဲ့အရာတွေရှိသလို၊ အခွင့်အရေးမရှိတဲ့အချိန်တွေလည်းရှိတယ်။ ပိုစိတ်ရှည်မယ်လို့ စိတ်ထဲဆုံးဖြတ်တဲ့နေ့မှာမှ ပိုပြီးစိတ်ဆိုးမိတတ်သလိုမျိုးပေါ့။ ဒီနေ့ ငါဒေါသမထွက်ပဲနေမယ်လို့တွေးကာရှိသေးတယ် ဒေါသဖြစ်စေမယ့်အရာတွေက တပုံတပင်ကြီးမဖိတ်ခေါ်ပဲ ရောက်လာပြီးတော့အရင်ကထက်ပိုပြီးတော့ ဒေါသထွက်မိနေတတ်တာမျိုးပေါ့။ ကိုယ်တိုင်လုပ်နိုင်တဲ့အရာတွေ ရှိရင်တောင် အခြေအနေက အခွင့်မပေးတာမျိုးလည်းရှိတယ်။ ပိုကောင်းတဲ့လူ တစ်ယောက်ဖြစ်အောင် ကိုယ့်ဟာကိုယ် အမျိုးမျိုးကြိုးစားကြည့်ပြီး ရေပေါ်အရုပ်ရေးသလို ဘာမှအရာမထင်လို့ မထူးဇာတ်ခင်းနေရတဲ့သူတွေလည်းရှိတယ်။ တကယ်တော့ ကျွန်တော်တို့မတတ်နိုင်တဲ့ အရာတွေကို မစတဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို ဘ၀မှာ နေရာမပေးတတ်၊ အားမကိုးတတ်သေးလို့ပါ။


“ထို​မှ​တစ်​ပါး၊ ငါ​တို့ မ​တတ်​နိုင်​သော​အ​ရာ​မှာ ဝိ​ညာဉ်​တော်​သည် မ​စ​တော်​မူ၏။(ရောမ ၈:၂၆)

မတတ်နိုင်တာ၊ မလုပ်နိုင်တာရှိတာလူတိုင်းပါပဲ။ အဲ့ဒါကိုစိတ်ဓါတ်ကျနေဖို့မဟုတ်ပဲ မစ နိုင်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို အားကိုး ခိုလုံတတ်ဖို့ပဲလိုတာပါ။ ကျွန်တော်တို့ ဖြစ်ချင်တဲ့အရာတွေ၊ ကျွန်တော်တို့သွားချင်တဲ့ပိုမိုတိုးတက်ပြီးတော့ ပြည့်စုံတဲ့ဘ၀ကို သူက ဆောင်ကြဉ်းပေးနိုင်တယ်။ ဒံယေလနဲ့သူငယ်ချင်းတွေ အကြောင်းကို ကြည့်တဲ့အခါမှာ ဗာဗုလုန်မြို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့အချိန်မှာ တကယ်ဆို အောင်မြင်ဖို့၊တိုးတက်ဖို့ဆိုတာ သူတို့အတွက်

အိမ်မက်တောင် မက်ဖို့အခွင့်အရေးမရှိတော့ဘူးလို့တောင်ပြောလို့ရတယ်။ သူများနိုင်ငံမှာ ကျွန်အဖြစ်နဲ့ ရှင်သန်ခဲ့ရတာဖြစ်ပြီးတော့ စားချင်တဲ့အရာတိုင်းကို စားခွင့်ရတာမဟုတ်သလို ဘာလွတ်လပ်ခွင့်မှလည်း ခံစားရတာမဟုတ်ဘူး။ ဒါပေမယ့် သူတို့ သူငယ်ချင်းလေးယောက်ရဲ့ ဆုံးဖြတ်ချက်ကတော့ သန့်ရှင်းသော ဝိညာဉ်တော်ပြည့်၀ခြင်းကို ထိခိုက်စေမယ့် အရာတွေကိုရှောင်ရှားဖို့ပါပဲ။ မသန့်ရှင်းသော အစာတွေကိုရှောင်ခဲ့တယ်၊ အခက်အခဲပြဿနာတိုင်းမှာ ဆုတောင်းခြင်းနဲ့ ဘုရားကို အားကိုးပြီးဖြေရှင်းခဲ့တယ်။ ဘုရားမဟုတ်တဲ့အရာတွေကို ဘယ်တော့မှ ကိုးကွယ်ပြပ်ဝပ်ခြင်းမလုပ်ပဲ ဘုရားတစ်ပါးတည်းကိုသာအသက်နဲ့ရင်းပြီးချစ်မြတ်နိုးခဲ့တယ်။ မယုံကြည်သူ ပတ်လည်ဝိုင်းနေပေမယ့် သန့်ရှင်းသော ဝိညာဉ်တော်နဲ့ပြည့်၀စွာအသက်ရှင်ခြင်းက အဲ့ဒီတိုင်းပြည်ရဲ့ ထိပ်ဆုံးကို သူတို့ရောက်စေခဲ့တယ်။ နေဗုခဒ်နေဇာဆိုရင် သူ့ရဲ့အိမ်မက်နှင့် အိမ်မက်အနက်ကို ဖေါ်ပြနိုင်လို့ ပြပ်ဝပ်ရတဲ့အထိ လေးစားခဲ့တယ်။ အဲ့ဒီမှာရှိတဲ့ပညာရှိတွေထက်လည်းဆယ်ဆသာတဲ့အရည် အချင်းတွေပညာတွေနဲ့ ဘုရားကဖြည့်ပေးခဲ့တယ်။ ဘုရင်တွေ၊ စနစ်တွေ၊ ခေတ်တွေသာပြောင်းသွားတယ် သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်၀တဲ့ ဒံယေလကို ဘယ်သူကမှ၊ ဘယ်တော့မှ ချောင်ထိုးထားလို့မရခဲ့ဘူး။ ပိုပြီးချီးမြှောက်ခံရတာ၊ ရာထူးပေးခံရတာပဲရှိတယ်။ သူ့ကိုအပြစ်တင် ဖို့ချောင်းမြောင်းတာ၊ ဘုရားနဲ့ပတ်သက်တဲ့သူ့ရဲ့လုပ်ဆောင်ချက်တွေကိုသာတွေ့ခဲ့ပြီးတော့ ဘာအပြစ်မှ ရှာမတွေ့နိုင်လောက်အောင်ကို စုံလင်တဲ့သူတစ်ယောက်လို့ ကျမ်းစာကမှတ်တမ်းတင်ခဲ့တယ်။ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်၀စုံလင်တဲ့သူတစ်ယောက်က ကျန်တဲ့အရာတွေလဲစုံလင်လာသလို အသက်တာမှာလည်း ဘာမှ ပြောစရာမရှိလောက်အောင်ကို စုံလင်ရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်လာတယ်။



Zawgyi

သန္႔႐ွင္းေသာဝိညာဥ္ေတာ္ႏွင့္ျပည့္၀ျခင္း(၄)

“သင္​သည္ ဘု​ရား​သ​ခင္၏ ဝိ​ညာဥ္​ႏွင့္​လည္း​ေကာင္း၊ ထူး​ဆန္း​ေသာ ပ​ညာ​ဉာဏ္​သ​တၱိ​ႏွင့္​လည္း​ေကာင္း ျပည့္​စုံ​သည္​ဟု သင္၏ သ​တင္း​ကို ငါ​ၾကား၏။”(ဒံေယလ ၅:၁၄)


ထိပ္ဆုံးသို႔

လူတိုင္းဟာ မိမိ႐ွိတဲ့ဘ၀ကေန ပိုၿပီးျမင့္မားတဲ့ ရည္႐ြယ္ခ်က္ပန္းတိုင္ဆီကို တက္လွမ္းေနၾကတဲ့သူေတြခ်ည္းပဲမဟုတ္လား။ လက္႐ွိအေနထားကေန ပိုနိမ့္တဲ့ေနရာကိုရည္႐ြယ္ခ်က္႐ွိ႐ွိ သြားေနတဲ့သူေတာ့မ႐ွိေလာက္ဘူးထင္တာပဲ။ ႏွစ္သစ္ေရာက္တိုင္းမွာ ပိုေကာင္းတဲ့ဆက္ကပ္အပ္ႏွံမႈ၊ ပိုေကာင္းတဲ့အသက္႐ွင္မႈ၊ ပိုေကာင္းတဲ့မိသားစု၊ ပိုေကာင္း လူ တစ္ေယာက္ျဖစ္လာဖို႔ လူတိုင္း ဆႏၵ႐ွိၿပီး ဆုံးျဖတ္ခ်က္ေတြခ်ေလ့႐ွိတယ္။ အရင္ကထက္ပိုေကာင္းတဲ့ ပိုၿပီးျပည့္စုံတဲ့လူတစ္ေယာက္ ျဖစ္လာဖို႔လူတိုင္း စိတ္ကူး႐ွိၾကတာဟာ မမွားပါဘူး။ တိုးတက္ေအာင္ျမင္ခ်င္တာဟာ လူအထဲမွာ႐ွိတဲ့ ေကာင္းတဲ့စိတ္ဆႏၵတစ္ခုပါပဲ။ တခါတေလမွာေတာ့ပိုေကာင္းေအာင္လုပ္ဖို႔ ကိုယ့္ဟာကိုယ္ မလုပ္ႏိုင္တဲ့အရာေတြ႐ွိသလို၊ အခြင့္အေရးမ႐ွိတဲ့အခ်ိန္ေတြလည္း႐ွိတယ္။ ပိုစိတ္႐ွည္မယ္လို႔ စိတ္ထဲဆုံးျဖတ္တဲ့ေန႔မွာမွ ပိုၿပီးစိတ္ဆိုးမိတတ္သလိုမ်ိဳးေပါ့။ ဒီေန႔ ငါေဒါသမထြက္ပဲေနမယ္လို႔ေတြးကာ႐ွိေသးတယ္ ေဒါသျဖစ္ေစမယ့္အရာေတြက တပုံတပင္ႀကီးမဖိတ္ေခၚပဲ ေရာက္လာၿပီးေတာ့အရင္ကထက္ပိုၿပီးေတာ့ ေဒါသထြက္မိေနတတ္တာမ်ိဳးေပါ့။ ကိုယ္တိုင္လုပ္ႏိုင္တဲ့အရာေတြ ႐ွိရင္ေတာင္ အေျခအေနက အခြင့္မေပးတာမ်ိဳးလည္း႐ွိတယ္။ ပိုေကာင္းတဲ့လူ တစ္ေယာက္ျဖစ္ေအာင္ ကိုယ့္ဟာကိုယ္ အမ်ိဳးမ်ိဳးႀကိဳးစားၾကည့္ၿပီး ေရေပၚအ႐ုပ္ေရးသလို ဘာမွအရာမထင္လို႔ မထူးဇာတ္ခင္းေနရတဲ့သူေတြလည္း႐ွိတယ္။ တကယ္ေတာ့ ကြၽန္ေတာ္တို႔မတတ္ႏိုင္တဲ့ အရာေတြကို မစတဲ့ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ကို ဘ၀မွာ ေနရာမေပးတတ္၊ အားမကိုးတတ္ေသးလို႔ပါ။


“ထို​မွ​တစ္​ပါး၊ ငါ​တို႔ မ​တတ္​ႏိုင္​ေသာ​အ​ရာ​မွာ ဝိ​ညာဥ္​ေတာ္​သည္ မ​စ​ေတာ္​မူ၏။(ေရာမ ၈:၂၆)

မတတ္ႏိုင္တာ၊ မလုပ္ႏိုင္တာ႐ွိတာလူတိုင္းပါပဲ။ အဲ့ဒါကိုစိတ္ဓါတ္က်ေနဖို႔မဟုတ္ပဲ မစ ႏိုင္တဲ့ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ကို အားကိုး ခိုလုံတတ္ဖို႔ပဲလိုတာပါ။ ကြၽန္ေတာ္တို႔ ျဖစ္ခ်င္တဲ့အရာေတြ၊ ကြၽန္ေတာ္တို႔သြားခ်င္တဲ့ပိုမိုတိုးတက္ၿပီးေတာ့ ျပည့္စုံတဲ့ဘ၀ကို သူက ေဆာင္ၾကဥ္းေပးႏိုင္တယ္။ ဒံေယလနဲ႔သူငယ္ခ်င္းေတြ အေၾကာင္းကို ၾကည့္တဲ့အခါမွာ ဗာဗုလုန္ၿမိဳ႕ကို ဖမ္းဆီးေခၚေဆာင္သြားျခင္းခံရတဲ့အခ်ိန္မွာ တကယ္ဆို ေအာင္ျမင္ဖို႔၊တိုးတက္ဖို႔ဆိုတာ သူတို႔အတြက္

အိမ္မက္ေတာင္ မက္ဖို႔အခြင့္အေရးမ႐ွိေတာ့ဘူးလို႔ေတာင္ေျပာလို႔ရတယ္။ သူမ်ားႏိုင္ငံမွာ ကြၽန္အျဖစ္နဲ႔ ႐ွင္သန္ခဲ့ရတာျဖစ္ၿပီးေတာ့ စားခ်င္တဲ့အရာတိုင္းကို စားခြင့္ရတာမဟုတ္သလို ဘာလြတ္လပ္ခြင့္မွလည္း ခံစားရတာမဟုတ္ဘူး။ ဒါေပမယ့္ သူတို႔ သူငယ္ခ်င္းေလးေယာက္ရဲ႕ ဆုံးျဖတ္ခ်က္ကေတာ့ သန္႔႐ွင္းေသာ ဝိညာဥ္ေတာ္ျပည့္၀ျခင္းကို ထိခိုက္ေစမယ့္ အရာေတြကိုေ႐ွာင္႐ွားဖို႔ပါပဲ။ မသန္႔႐ွင္းေသာ အစာေတြကိုေ႐ွာင္ခဲ့တယ္၊ အခက္အခဲျပႆနာတိုင္းမွာ ဆုေတာင္းျခင္းနဲ႔ ဘုရားကို အားကိုးၿပီးေျဖ႐ွင္းခဲ့တယ္။ ဘုရားမဟုတ္တဲ့အရာေတြကို ဘယ္ေတာ့မွ ကိုးကြယ္ျပပ္ဝပ္ျခင္းမလုပ္ပဲ ဘုရားတစ္ပါးတည္းကိုသာအသက္နဲ႔ရင္းၿပီးခ်စ္ျမတ္ႏိုးခဲ့တယ္။ မယုံၾကည္သူ ပတ္လည္ဝိုင္းေနေပမယ့္ သန္႔႐ွင္းေသာ ဝိညာဥ္ေတာ္နဲ႔ျပည့္၀စြာအသက္႐ွင္ျခင္းက အဲ့ဒီတိုင္းျပည္ရဲ႕ ထိပ္ဆုံးကို သူတို႔ေရာက္ေစခဲ့တယ္။ ေနဗုခဒ္ေနဇာဆိုရင္ သူ႕ရဲ႕အိမ္မက္ႏွင့္ အိမ္မက္အနက္ကို ေဖၚျပႏိုင္လို႔ ျပပ္ဝပ္ရတဲ့အထိ ေလးစားခဲ့တယ္။ အဲ့ဒီမွာ႐ွိတဲ့ပညာ႐ွိေတြထက္လည္းဆယ္ဆသာတဲ့အရည္ အခ်င္းေတြပညာေတြနဲ႔ ဘုရားကျဖည့္ေပးခဲ့တယ္။ ဘုရင္ေတြ၊ စနစ္ေတြ၊ ေခတ္ေတြသာေျပာင္းသြားတယ္ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ျပည့္၀တဲ့ ဒံေယလကို ဘယ္သူကမွ၊ ဘယ္ေတာ့မွ ေခ်ာင္ထိုးထားလို႔မရခဲ့ဘူး။ ပိုၿပီးခ်ီးေျမႇာက္ခံရတာ၊ ရာထူးေပးခံရတာပဲ႐ွိတယ္။ သူ႕ကိုအျပစ္တင္ ဖို႔ေခ်ာင္းေျမာင္းတာ၊ ဘုရားနဲ႔ပတ္သက္တဲ့သူ႕ရဲ႕လုပ္ေဆာင္ခ်က္ေတြကိုသာေတြ႕ခဲ့ၿပီးေတာ့ ဘာအျပစ္မွ ႐ွာမေတြ႕ႏိုင္ေလာက္ေအာင္ကို စုံလင္တဲ့သူတစ္ေယာက္လို႔ က်မ္းစာကမွတ္တမ္းတင္ခဲ့တယ္။ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ျပည့္၀စုံလင္တဲ့သူတစ္ေယာက္က က်န္တဲ့အရာေတြလဲစုံလင္လာသလို အသက္တာမွာလည္း ဘာမွ ေျပာစရာမ႐ွိေလာက္ေအာင္ကို စုံလင္ရင့္က်က္တဲ့သူတစ္ေယာက္ျဖစ္လာတယ္။

2 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube