Search
  • Than Min Htike

သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၀ခြင်း (၅)

“သူ​သည် ရွှေ​ငွေ​ကြေး​ဝါ​ကို လုပ်​သော​အ​တတ်၊ ကျောက်​ကို​သွေး၍ စီ​သော​အ​တတ်၊ သစ်​သား​ကို ထု​လုပ်​သော​အ​တတ်​နှင့် အ​မျိုး​မျိုး​သော​အ​လုပ်​ကို ထူး​ဆန်း​စွာ လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့်​တ​ကွ သိ​ပ္ပံ​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​ငါ​ပေး၍ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​စုံ​စေ​၏။”(‭‭ထွက် ၃၁:၃-၅)


ထူးခြားတဲ့ အမှုကိုပြုနိုင်သူ

လူရယ်လို့ဖြစ်လာရင် ထူးချွန်ချင်ကြတဲ့သူတွေ၊ ထူးခြားချင်ကြတဲ့သူတွေချည်းမဟုတ်လား။ ငယ်ငယ်ကတည်းကနေ အပတ်တကုတ်ကြိုးစားအားထုတ်ကြတာကလည်း လောကကြီးမှာ အခြားသူတွေထက် ပိုထူးခြားဖို့ အတွက်ဆိုရင်လည်းမမှားပါဘူး။ လူတွေက ထူးခြားတဲ့အရာတွကိုလုပ်နိုင်ဖို့အတွက် ငွေတွေအကုန်ခံ၊ လူအပင်ပန်းခံကြတယ်။ မသင်ကြားပဲနဲ့ မတတ်မြောက်နိုင်ဘူးဆိုတဲ့ ခံယူချက်ကြောင့် ပညာရှင်တစ်ယောက်ဖြစ်လာဖို့အတွက်ပေးရတဲ့အဖိုးအခတွေကလည်း နည်းတာမှမဟုတ်တာ။ ဘယ်လောက်သင်သင် မတတ်တဲ့သူတွေ၊ ထူးမခြားလာတဲ့သူတွေလည်းအများကြီးပဲ။ လူတွေက ပညာရဲ့အချုပ်အခြာဖြစ်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို ဘာသာရေး တစ်ခုလိုပဲသဘောထားပြီးတော့ နေ့စဉ်ဘ၀မှာ လိုအပ်တဲ့သူတစ်ယောက်အနေနဲ့ မမြင်နိုင်ကြလို့ပါ။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဆုကျေးဇူး (၉)မျိုးထဲမှာ ပညာတရားဆိုတာပါပါတယ်။ အဲ့ဒါက ဘာသာရေးနဲ့ဆိုင်တဲ့ ပညာကိုဆိုလိုတာပဲမဟုတ်ပါဘူး။ သင့်ဘ၀နေ့စဉ် လိုအပ်တဲ့ ၊ နေ့စဉ် ဖြေရှင်းနေရတဲ့

အရာတွေအတွက် လိုအပ်တဲ့အရာကိုဆိုလိုတာပါ။ ရှောလမုန်လို ဘုရင်တောင်မှ ဘုရားဆီမှာ ပညာတရားကိုတောင်းဆိုခဲ့ရတဲ့ ရလဒ်တစ်ခုဖြစ်ပြီးတော့ လူတွေ ကြံစည်လို့မမှီနိုင်တဲ့ပညာဟာ ဘုရားဆီမှာပဲ ရှိပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်၀ခြင်းက အမှုတော်ဆောင်တွေအတွက်ပဲလိုအပ်တာမဟုတ်ဘူးဆိုတာ သိစေချင်တယ်။ လူတိုင်းလူတိုင်း

အတွက် အထူးလိုအပ်တဲ့အရာပါပဲ။

အဲဂုတ္တုကနေ ထွက်လာပြီး ခါနန်ပြည်ကို ဦးတည်နေတဲ့ ဣသရေလလူမျိုးတွေ တဲတော်ကိုတည်ဆောက်တဲ့အခါမှာ လိုအပ်တဲ့ပညာရပ်တွေ အများကြီးရှိခဲ့တယ်။ နက်နဲပြီးတော့ အဓိပ္ပါယ်တွေနဲ့ ပြည့်နေတဲ့ ဘုရားနဲ့ဆိုင်တဲ့အရာကိုတည်ဆောက်ဖို့ဆိုတာ လွဲလို့မရသလို၊ အရမ်းကို တာဝန်ကြီးလေးလွန်းပါတယ်။ ဒါပေမယ့် ဘုရားက သူ့ရဲ့တဲတော်တော်ကိုတည်ဆောက်ဖို့အတွက် သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်၀စေပြီးတော့လိုအပ်တဲ့ပညာကို ဝိညာဉ်တော်အားဖြင့်ပဲ သူတို့ကို ထောက်ပံ့ခဲ့တယ်။ သူတို့ တခါမှ မသင်ဖူးတဲ့အတတ်ပညာတွေနဲ့ ပြည့်၀လာပြီးတော့ ထူးဆန်းနက်နဲအလုပ်တွေကိုလုပ်နိုင်လာခဲ့တယ်။ ရွှေ၊ ကြေး၊ ကျောက် ၊သစ်သားစတဲ့ အရာတွေကို ပုံသွင်းပြုပြင်ထုလုပ်တဲ့ အတတ်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ဘုရားရဲ့တဲတော်အတွက် လုပ်ကိုင်ခဲ့ကြတယ်။ တကယ်တော့အရမ်းလွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ ဒါပေမယ့်သန့်ရှင်းသော ဝိညာဉ်တော်နဲ့ပြည့်စုံတဲ့သူတွေကတော့ လုပ်နိုင်ခဲ့တယ်။ နေ့စဉ် လုပ်ကိုင်ပြုမူတဲ့အရာတွေထဲမှာ ခက်ခဲတဲ့အရာတွေရှိတယ်၊ ဒါမှမဟုတ်ကိုယ်နားမလည်နိုင်တဲ့ အလုပ်တွေအတွက် စိတ်ညစ်ခံတာထက် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ မစခြင်းနဲ့ သူ့ထံကနေ ပညာသာ သက်ရောက်ဖို့ ဆုတောင်းပါ။ သူက သင့်ဘ၀ရဲ့လိုအပ်တဲ့ ပညာတရားကို ယူဆောင်လာပါလိမ့်မယ်။ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်၀ခြင်းက ဘာသာရေး လုပ်ထုံးလုပ်နည်းတစ်ခုပဲမဟုတ်ဘူး လောကမှာရပ်တည်အသက်ရှင် ဖို့အတွက်ပါ နေ့စဉ်လိုအပ်ချက်တစ်ခုပါပဲ။



Zawgyi

သန္႔႐ွင္းေသာဝိညာဥ္ေတာ္ႏွင့္ျပည့္၀ျခင္း (၅)


“သူ​သည္ ေ႐ႊ​ေငြ​ေၾကး​ဝါ​ကို လုပ္​ေသာ​အ​တတ္၊ ေက်ာက္​ကို​ေသြး၍ စီ​ေသာ​အ​တတ္၊ သစ္​သား​ကို ထု​လုပ္​ေသာ​အ​တတ္​ႏွင့္ အ​မ်ိဳး​မ်ိဳး​ေသာ​အ​လုပ္​ကို ထူး​ဆန္း​စြာ လုပ္​တတ္​မည္​အ​ေၾကာင္း၊ ဉာဏ္​ပ​ညာ​ႏွင့္​တ​ကြ သိ​ပၸံ​အ​တတ္​အ​မ်ိဳး​မ်ိဳး​တို႔​ကို​ငါ​ေပး၍ ဘု​ရား​သ​ခင္၏ ဝိ​ညာဥ္​ေတာ္​ႏွင့္​ျပည့္​စုံ​ေစ​၏။”(‭‭ထြက္ ၃၁:၃-၅)


ထူးျခားတဲ့ အမႈကိုျပဳႏိုင္သူ

လူရယ္လို႔ျဖစ္လာရင္ ထူးခြၽန္ခ်င္ၾကတဲ့သူေတြ၊ ထူးျခားခ်င္ၾကတဲ့သူေတြခ်ည္းမဟုတ္လား။ ငယ္ငယ္ကတည္းကေန အပတ္တကုတ္ႀကိဳးစားအားထုတ္ၾကတာကလည္း ေလာကႀကီးမွာ အျခားသူေတြထက္ ပိုထူးျခားဖို႔ အတြက္ဆိုရင္လည္းမမွားပါဘူး။ လူေတြက ထူးျခားတဲ့အရာတြကိုလုပ္ႏိုင္ဖို႔အတြက္ ေငြေတြအကုန္ခံ၊ လူအပင္ပန္းခံၾကတယ္။ မသင္ၾကားပဲနဲ႔ မတတ္ေျမာက္ႏိုင္ဘူးဆိုတဲ့ ခံယူခ်က္ေၾကာင့္ ပညာ႐ွင္တစ္ေယာက္ျဖစ္လာဖို႔အတြက္ေပးရတဲ့အဖိုးအခေတြကလည္း နည္းတာမွမဟုတ္တာ။ ဘယ္ေလာက္သင္သင္ မတတ္တဲ့သူေတြ၊ ထူးမျခားလာတဲ့သူေတြလည္းအမ်ားႀကီးပဲ။ လူေတြက ပညာရဲ႕အခ်ဳပ္အျခာျဖစ္တဲ့ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ကို ဘာသာေရး တစ္ခုလိုပဲသေဘာထားၿပီးေတာ့ ေန႔စဥ္ဘ၀မွာ လိုအပ္တဲ့သူတစ္ေယာက္အေနနဲ႔ မျမင္ႏိုင္ၾကလို႔ပါ။ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ရဲ႕ဆုေက်းဇူး (၉)မ်ိဳးထဲမွာ ပညာတရားဆိုတာပါပါတယ္။ အဲ့ဒါက ဘာသာေရးနဲ႔ဆိုင္တဲ့ ပညာကိုဆိုလိုတာပဲမဟုတ္ပါဘူး။ သင့္ဘ၀ေန႔စဥ္ လိုအပ္တဲ့ ၊ ေန႔စဥ္ ေျဖ႐ွင္းေနရတဲ့

အရာေတြအတြက္ လိုအပ္တဲ့အရာကိုဆိုလိုတာပါ။ ေ႐ွာလမုန္လို ဘုရင္ေတာင္မွ ဘုရားဆီမွာ ပညာတရားကိုေတာင္းဆိုခဲ့ရတဲ့ ရလဒ္တစ္ခုျဖစ္ၿပီးေတာ့ လူေတြ ၾကံစည္လို႔မမွီႏိုင္တဲ့ပညာဟာ ဘုရားဆီမွာပဲ ႐ွိပါတယ္။ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ျပည့္၀ျခင္းက အမႈေတာ္ေဆာင္ေတြအတြက္ပဲလိုအပ္တာမဟုတ္ဘူးဆိုတာ သိေစခ်င္တယ္။ လူတိုင္းလူတိုင္း

အတြက္ အထူးလိုအပ္တဲ့အရာပါပဲ။

အဲဂုတၱဳကေန ထြက္လာၿပီး ခါနန္ျပည္ကို ဦးတည္ေနတဲ့ ဣသေရလလူမ်ိဳးေတြ တဲေတာ္ကိုတည္ေဆာက္တဲ့အခါမွာ လိုအပ္တဲ့ပညာရပ္ေတြ အမ်ားႀကီး႐ွိခဲ့တယ္။ နက္နဲၿပီးေတာ့ အဓိပၸါယ္ေတြနဲ႔ ျပည့္ေနတဲ့ ဘုရားနဲ႔ဆိုင္တဲ့အရာကိုတည္ေဆာက္ဖို႔ဆိုတာ လြဲလို႔မရသလို၊ အရမ္းကို တာဝန္ႀကီးေလးလြန္းပါတယ္။ ဒါေပမယ့္ ဘုရားက သူ႕ရဲ႕တဲေတာ္ေတာ္ကိုတည္ေဆာက္ဖို႔အတြက္ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ျပည့္၀ေစၿပီးေတာ့လိုအပ္တဲ့ပညာကို ဝိညာဥ္ေတာ္အားျဖင့္ပဲ သူတို႔ကို ေထာက္ပံ့ခဲ့တယ္။ သူတို႔ တခါမွ မသင္ဖူးတဲ့အတတ္ပညာေတြနဲ႔ ျပည့္၀လာၿပီးေတာ့ ထူးဆန္းနက္နဲအလုပ္ေတြကိုလုပ္ႏိုင္လာခဲ့တယ္။ ေ႐ႊ၊ ေၾကး၊ ေက်ာက္ ၊သစ္သားစတဲ့ အရာေတြကို ပုံသြင္းျပဳျပင္ထုလုပ္တဲ့ အတတ္ေတြကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ ဘုရားရဲ႕တဲေတာ္အတြက္ လုပ္ကိုင္ခဲ့ၾကတယ္။ တကယ္ေတာ့အရမ္းလြယ္တဲ့အလုပ္ေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္သန္႔႐ွင္းေသာ ဝိညာဥ္ေတာ္နဲ႔ျပည့္စုံတဲ့သူေတြကေတာ့ လုပ္ႏိုင္ခဲ့တယ္။ ေန႔စဥ္ လုပ္ကိုင္ျပဳမူတဲ့အရာေတြထဲမွာ ခက္ခဲတဲ့အရာေတြ႐ွိတယ္၊ ဒါမွမဟုတ္ကိုယ္နားမလည္ႏိုင္တဲ့ အလုပ္ေတြအတြက္ စိတ္ညစ္ခံတာထက္ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ရဲ႕ မစျခင္းနဲ႔ သူ႕ထံကေန ပညာသာ သက္ေရာက္ဖို႔ ဆုေတာင္းပါ။ သူက သင့္ဘ၀ရဲ႕လိုအပ္တဲ့ ပညာတရားကို ယူေဆာင္လာပါလိမ့္မယ္။ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ျပည့္၀ျခင္းက ဘာသာေရး လုပ္ထုံးလုပ္နည္းတစ္ခုပဲမဟုတ္ဘူး ေလာကမွာရပ္တည္အသက္႐ွင္ ဖို႔အတြက္ပါ ေန႔စဥ္လိုအပ္ခ်က္တစ္ခုပါပဲ။

0 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube