Search
  • Than Min Htike

သန့်ရှင်းသောဝိညာဉ်တော် နှင့်ပြည့်၀ခြင်း (၆)


“လွန်​ကျူး​စေ​တတ်​သော စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း​ကို​ရှောင်၍ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ​လော့။-”(ဧ ၅:၁၈)


ရှာရမယ့်အရာနဲ့ရှောင်ရမယ့်အရာ

လူ့ဘ၀ဆိုတာ ရွေးချယ်မှုတွေနဲ့ပြည့်နှက်နေတယ်မဟုတ်လား။ အချိန်တိုင်း၊ နေ့တိုင်းမှာ ရွေးချယ်မှုတွေ

အပေါ်မှာပဲ ဘ၀ဟာ လှုပ်ရှားသွားလာနေရသလို၊ အဲ့ဒီရွေးချယ်မှုအပေါ်မှာပဲ ရလဒ်တွေဟာ ကွဲပြားခြားနားသွားပါတယ်။ မနက်နိုးတာနဲ့ အိပ်ရာစောစောထမလား ဆက်အိပ်မလားဆိုတာရွေးချယ်ရသလို ထပြီးတဲ့အခါမှာ မနက်စာ ဘာကိုစားမလည်းဆိုတာကိုရွေးချယ်ရပြန်တယ်။ နောက် ရေချိုးမလား၊မချိုးဘူး လားဆိုတာကိုရော၊ရေချိုးပြီးတဲ့အခါမှာရော ဘယ်အကျီအဝတ်အစားဝတ်ရမလည်းဆိုတာကို ပြန်ရွေးချယ်ရပြန်တယ်။ အဲ့ဒီကနေ ရွေးချယ်လိုက်တာ ညအိပ်ယာဝင်တဲ့အထိ ဘယ်အချိန်မှာ အိပ်မလည်းဆိုတာကအစ ပြန်ရွေးချယ်ရပြန်တယ်။ အဲ့ဒီရွေးချယ်မှုတွေအပေါ်မှာ ပဲနေ့တနေ့ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမူ၊ အားလုံးဟာပတ်သက်ဆက်နွယ်မှုရှိနေတယ်။ နေ့တနေ့ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုဟာ (၇)ရက်ရှိတဲ့ရက်သတ္တပတ်အတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်လာစေပြီးတော့၊ အဲ့ဒီရက်သတ္တပတ်ကနေ လတစ်လ ရဲ့ ကောင်းမွန်ခြင်းကိုဖြစ်စေပြန်ပါတယ်။ တချို့သော ရွေးချယ်မှုတွေအတွက် ပေးရတဲ့အဖိုးအခ တွေရှိတယ်။ ပိန်ချင်တဲ့အတွက် ကိုယ်ကြိုက်တဲ့အစားအစာတွေကို

စွန့်လွှတ်လိုက်ရတာမျိုး၊ ဝါသနာပါတဲ့အလုပ်ကိုလုပ်ဖို့ လစာကောင်းတဲ့ အလုပ်ကနေ အနားယူလိုက်ရတာမျိုးပါ။ ဒီလိုရွေးချယ်စရာတွေ လောကမှာရှိနေသလိုပါပဲ၊ ဝိညာဉ်ရေးရာ မှာလည်းအချိန်တိုင်းမှာ ရွေးချယ်စရာတွေနဲ့ပြည့်နှက်နေပါတယ်။ တိုးတက်တယ် အောင်မြင်တယ်ဆိုတာ သင့်နေ့စဉ် ရွေးချယ် မှုတွေနဲ့ အရမ်းကိုဆိုင်တယ်။

သန့်ရှင်းသောဝိညာဉ်တော်နဲ့ ပြည့်၀ခြင်းဆိုတာလည်း သင့်ရဲ့ရွေးချယ်မှုအပေါ်မှာ အများကြီးသက်ဆိုင်မှုရှိတယ်။ တမန်တော်ကြီးရှင်ပေါလုကတော့အမိန့်ပေးထားတယ်။ ယဇ်မူးစေတတ်တဲ့ အရာတွေကိုရှောင်ပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်နဲ့ ပြည့်စုံ လျှက်ရှိလော့တဲ့။ ဒါက အမိန့်ပေးထားတာပါ။ ဒီနေ့သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်၀ခြင်းက တိုက်ဆိုင်လို့၊ ဒါမှမဟုတ် မတော်တဆ ဖြစ်လာတာမဟုတ်ပဲ ကိုယ်တိုင် ဆုံးဖြတ်ချက်နဲ့ အသက်တာကိုဆက်ကပ်အပ်နှံခြင်း

နဲ့ ရှောင်သင့်တဲ့အရာကို ရှောင်ပြီးတော့၊ မှန်ကန်တဲ့အရာကို အချိန်ပေးခြင်းရဲ့ရလဒ် တစ်ခုပါပဲ။ တချို့က ထင်တတ်တာအမှုတော်ဆောင်တွေပဲ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၀နိုင်တယ်လို့။ တကယ်တော့မှားပါတယ်။ ကျမ်းစာထဲမှာ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်၀တယ်လို့ဖေါ်ပြခြင်းခံရတဲ့လူ တော်တော်များများက အမှုတော်ဆောင်များမဟုတ်ပါဘူး။ ယောသပ်တို့ ဒံယေလတို့ဆိုရင် အမူတော်ဆောင်တွေမဟုတ်ကြပါဘူး။ ဒါပေမယ့် ဘုရားမနှစ်သက်တဲ့အရာတွေကိုရှောင်ပြီးတော့ သန့်ရှင်းတဲ့ဘုရားနဲ့ ရည်ရွယ်ချက်ရှိရှိအသက်တာကိုဆက်ကပ်ပြီးတော့ ရှင်သန်ခြင်းရဲ့ အသီးအပွင့်ကို အသက်တာမှာ မြင်တွေ့ရခြင်းပါပဲ။ ရှောင်သင့်တဲ့အရာတွေကို မရှောင်ပဲနဲ့တော့ သန့်ရှင်းသောဝိညာဉ်တော်ကိုအပြည့်အ၀နေရာပေးလို့မရပါဘူး။ သူနဲ့ပြည့်၀ချင်တယ်ဆိုရင်တော့ သင့်ဘ၀ ရဲ့ အရေးကြီးတဲ့ အရာတစ်ချို့ကို စွန့်လွှတ်ပြီး သူ့ကိုပဲ ရွေးချယ်ရတဲ့အချိန်လည်းရှိလာပါလိမ့်မယ်။ ဒါမှပဲ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ပြည့်၀တဲ့အသက်တာကိုရရှိပိုင်ဆိုင်ပြီးတော့ အသီးအပွင့်တွေကိုလည်းမြင်တွေ့ရမှာပါ။



Zawgyi

သန္႔႐ွင္းေသာဝိညာဥ္ေတာ္ ႏွင့္ျပည့္၀ ျခင္း (၆)

“လြန္​က်ဴး​ေစ​တတ္​ေသာ စ​ပ်စ္​ရည္​ႏွင့္ ယစ္​မူး​ျခင္း​ကို​ေ႐ွာင္၍ ဝိ​ညာဥ္​ေတာ္​ႏွင့္ ျပည့္​စုံ​လ်က္​႐ွိ​ၾက​ေလာ့။-”(ဧ ၅:၁၈)


႐ွာရမယ့္အရာနဲ႔ေ႐ွာင္ရမယ့္အရာ

လူ႕ဘ၀ဆိုတာ ေ႐ြးခ်ယ္မႈေတြနဲ႔ျပည့္ႏွက္ေနတယ္မဟုတ္လား။ အခ်ိန္တိုင္း၊ ေန႔တိုင္းမွာ ေ႐ြးခ်ယ္မႈေတြ

အေပၚမွာပဲ ဘ၀ဟာ လႈပ္႐ွားသြားလာေနရသလို၊ အဲ့ဒီေ႐ြးခ်ယ္မႈအေပၚမွာပဲ ရလဒ္ေတြဟာ ကြဲျပားျခားနားသြားပါတယ္။ မနက္ႏိုးတာနဲ႔ အိပ္ရာေစာေစာထမလား ဆက္အိပ္မလားဆိုတာေ႐ြးခ်ယ္ရသလို ထၿပီးတဲ့အခါမွာ မနက္စာ ဘာကိုစားမလည္းဆိုတာကိုေ႐ြးခ်ယ္ရျပန္တယ္။ ေနာက္ ေရခ်ိဳးမလား၊မခ်ိဳးဘူး လားဆိုတာကိုေရာ၊ေရခ်ိဳးၿပီးတဲ့အခါမွာေရာ ဘယ္အက်ီအဝတ္အစားဝတ္ရမလည္းဆိုတာကို ျပန္ေ႐ြးခ်ယ္ရျပန္တယ္။ အဲ့ဒီကေန ေ႐ြးခ်ယ္လိုက္တာ ညအိပ္ယာဝင္တဲ့အထိ ဘယ္အခ်ိန္မွာ အိပ္မလည္းဆိုတာကအစ ျပန္ေ႐ြးခ်ယ္ရျပန္တယ္။ အဲ့ဒီေ႐ြးခ်ယ္မႈေတြအေပၚမွာ ပဲေန႔တေန႔ရဲ႕ ေပ်ာ္႐ႊင္မႈ၊ ဝမ္းနည္းမူ၊ အားလုံးဟာပတ္သက္ဆက္ႏြယ္မႈ႐ွိေနတယ္။ ေန႔တေန႔ရဲ႕ မွန္ကန္တဲ့ ေ႐ြးခ်ယ္မႈဟာ (၇)ရက္႐ွိတဲ့ရက္သတၱပတ္အတြက္ မွန္ကန္တဲ့ေ႐ြးခ်ယ္မႈျဖစ္လာေစၿပီးေတာ့၊ အဲ့ဒီရက္သတၱပတ္ကေန လတစ္လ ရဲ႕ ေကာင္းမြန္ျခင္းကိုျဖစ္ေစျပန္ပါတယ္။ တခ်ိဳ႕ေသာ ေ႐ြးခ်ယ္မႈေတြအတြက္ ေပးရတဲ့အဖိုးအခ ေတြ႐ွိတယ္။ ပိန္ခ်င္တဲ့အတြက္ ကိုယ္ႀကိဳက္တဲ့အစားအစာေတြကို

စြန္႔လႊတ္လိုက္ရတာမ်ိဳး၊ ဝါသနာပါတဲ့အလုပ္ကိုလုပ္ဖို႔ လစာေကာင္းတဲ့ အလုပ္ကေန အနားယူလိုက္ရတာမ်ိဳးပါ။ ဒီလိုေ႐ြးခ်ယ္စရာေတြ ေလာကမွာ႐ွိေနသလိုပါပဲ၊ ဝိညာဥ္ေရးရာ မွာလည္းအခ်ိန္တိုင္းမွာ ေ႐ြးခ်ယ္စရာေတြနဲ႔ျပည့္ႏွက္ေနပါတယ္။ တိုးတက္တယ္ ေအာင္ျမင္တယ္ဆိုတာ သင့္ေန႔စဥ္ ေ႐ြးခ်ယ္ မႈေတြနဲ႔ အရမ္းကိုဆိုင္တယ္။

သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ ျပည့္၀ျခင္းဆိုတာလည္း သင့္ရဲ႕ေ႐ြးခ်ယ္မႈအေပၚမွာ အမ်ားႀကီးသက္ဆိုင္မႈ႐ွိတယ္။ တမန္ေတာ္ႀကီး႐ွင္ေပါလုကေတာ့အမိန္႔ေပးထားတယ္။ ယဇ္မူးေစတတ္တဲ့ အရာေတြကိုေ႐ွာင္ၿပီးေတာ့ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ ျပည့္စုံ လွ်က္႐ွိေလာ့တဲ့။ ဒါက အမိန္႔ေပးထားတာပါ။ ဒီေန႔သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ျပည့္၀ျခင္းက တိုက္ဆိုင္လို႔၊ ဒါမွမဟုတ္ မေတာ္တဆ ျဖစ္လာတာမဟုတ္ပဲ ကိုယ္တိုင္ ဆုံးျဖတ္ခ်က္နဲ႔ အသက္တာကိုဆက္ကပ္အပ္ႏွံျခင္း

နဲ႔ ေ႐ွာင္သင့္တဲ့အရာကို ေ႐ွာင္ၿပီးေတာ့၊ မွန္ကန္တဲ့အရာကို အခ်ိန္ေပးျခင္းရဲ႕ရလဒ္ တစ္ခုပါပဲ။ တခ်ိဳ႕က ထင္တတ္တာအမႈေတာ္ေဆာင္ေတြပဲ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ႏွင့္ျပည့္၀ႏိုင္တယ္လို႔။ တကယ္ေတာ့မွားပါတယ္။ က်မ္းစာထဲမွာ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ျပည့္၀တယ္လို႔ေဖၚျပျခင္းခံရတဲ့လူ ေတာ္ေတာ္မ်ားမ်ားက အမႈေတာ္ေဆာင္မ်ားမဟုတ္ပါဘူး။ ေယာသပ္တို႔ ဒံေယလတို႔ဆိုရင္ အမူေတာ္ေဆာင္ေတြမဟုတ္ၾကပါဘူး။ ဒါေပမယ့္ ဘုရားမႏွစ္သက္တဲ့အရာေတြကိုေ႐ွာင္ၿပီးေတာ့ သန္႔႐ွင္းတဲ့ဘုရားနဲ႔ ရည္႐ြယ္ခ်က္႐ွိ႐ွိအသက္တာကိုဆက္ကပ္ၿပီးေတာ့ ႐ွင္သန္ျခင္းရဲ႕ အသီးအပြင့္ကို အသက္တာမွာ ျမင္ေတြ႕ရျခင္းပါပဲ။ ေ႐ွာင္သင့္တဲ့အရာေတြကို မေ႐ွာင္ပဲနဲ႔ေတာ့ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ကိုအျပည့္အ၀ေနရာေပးလို႔မရပါဘူး။ သူနဲ႔ျပည့္၀ခ်င္တယ္ဆိုရင္ေတာ့ သင့္ဘ၀ ရဲ႕ အေရးႀကီးတဲ့ အရာတစ္ခ်ိဳ႕ကို စြန္႔လႊတ္ၿပီး သူ႕ကိုပဲ ေ႐ြးခ်ယ္ရတဲ့အခ်ိန္လည္း႐ွိလာပါလိမ့္မယ္။ ဒါမွပဲ သန္႔႐ွင္းေသာ ဝိညာဥ္ေတာ္နဲ႔ ျပည့္၀တဲ့အသက္တာကိုရ႐ွိပိုင္ဆိုင္ၿပီးေတာ့ အသီးအပြင့္ေတြကိုလည္းျမင္ေတြ႕ရမွာပါ။

1 view0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube