Search
  • Than Min Htike
သဘောတူခြင်းနှင့်သဘောကျခြင်း
သင့်ဆုံးဖြတ်ချက်အတိုင်းသာ
ကောင်းမြတ်တဲ့ဘုရားက သင်ဘာပဲဆုံးဖြတ်ဆုံးဖြတ် သဘောတူလက်ခံပေးတယ်။ ဒါကိုနားလည်မှုတော့မလွဲသွားနဲ့။ အဲ့ဒီဆုံးဖြတ်ချက်ရဲ့ ရလဒ်ကိုတော့ သင်ရင်ဆိုင်ရမယ်ဆိုတာကိုမမေ့နဲ့။ ဘုရားကလူတိုင်းကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးထားတယ်ဆိုတဲ့နောက်ဆက်တွဲမှာ အဲ့ဒီ ရွေးချယ်မှုရဲ့ မှားခြင်းမှန်ခြင်း၊ ကောင်းခြင်းဆိုးခြင်းတစ်ခုစီတိုင်းကိုတော့ ရွေးချယ်ဆုံးဖြတ်တဲ့လူကိုယ်တိုင်က တာဝန်ယူရတယ်။ ဒါကြောင့်သင် ဘာဆန္ဒရှိသလည်း၊ ဘာတွေ ဆုံးဖြတ်ချက်ချသလည်းဆိုတာ သိပ်ကိုအရေးကြီးတယ်။ ပျောက်သောသားက အဖေဆီကနေရသင့်တဲ့အရာကို ယူပြီးအဝေးထွက်သွားဖို့ဆုံးဖြတ်ခဲ့တယ်။ ဖခင်က မတားဘူး။ သူ့ဆုံးဖြတ်ချက်က မှားတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့်လက်ခံပေးခဲ့တယ်။ အဲ့ဒီနောက်ဆက်တွဲဆိုးကျိုးတွေကတော့ ဆုံးဖြတ်သူကိုယ်တိုင် ခံစားရတယ်မဟုတ်လား။ အဖေကတော့ ဘယ်စိတ်ကောင်းမလဲ။ သူသဘောတူပေးတာဟာ သဘောကျ ကျေနပ်တယ်လို့ဆိုတာမဟုတ်ဘူး။ တချို့အရာတွေက ကိုယ်တိုင်ကြုံရမှပဲသဘောပေါက်နိုင်တယ်။ ဒါကြောင့် တချို့ သင်ဆန္ဒရှိတဲ့၊ ဆုံးဖြတ်တဲ့ အရာတွေက မှန်ကန်ဖို့လိုတယ်။ အဲ့ဒီအရာတွေမှန်မှပဲ မှန်တဲ့ ကောင်းကြီးမင်္ဂလာခံစားရမယ်။
ပြန်လာရင်ပြန်လက်ခံတယ်
ပျောက်သောသားရဲ့ဆုံးဖြတ်ချက်အမှားက ရလဒ်အမှားတွေ ထွက်ပေါ်လာပြီးတော့ ခါးသီးစွာ ရင်ဆိုင်ဖြတ်ကျော်ရပြီး‌နောက်သူဆုံးဖြတ်ချက်တစ်ခု ချနိုင်ခဲ့တယ်။ အဲ့ဒါကတော့ အဖေဆီပြန်ဖို့ပါပဲ။ သူတွေးထားတာကတော့ အနိမ့်ဆုံး ကျွန်အဖြစ် လက်ခံဖို့ပါပဲ။ ဒါပေမယ့် အဖေက အမြင့်ဆုံး ဂုဏ်ပြုမှုနဲ့ တုန့်ပြန်ခဲ့တယ်။ သူ့သားရဲ့ ပြန်လာဖို့ ဆုံးဖြတ်ချက်ကိုလည်းတစ်ခွန်းမှ အပြစ်မတင်ပဲ လက်ခံပေးခဲ့တယ်။ ဒီဆုံးဖြတ်ချက်ကတော့ သဘောတူရုံတင်မဟုတ်ဘူး သဘောကျတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ဒါကြောင့်လည်း ခံစားချက်တွေနဲ့ပြည့်၀တဲ့ အစီအစဉ်တွေဆွဲပေးခဲ့တာ အကိုကြီးတောင် စိတ်ဆိုးတဲ့အထိပဲ။ ဒီနေ့ သင့်စိတ်ကူးတွေ၊ ဆုံးဖြတ်ချက်တွေ ကဘာတွေလည်းဆိုတာတော့ကျွန်တော်မသိဘူး။ ဒါပေမယ့်ဘုရားကလက်ခံမှာတော့သေချာတယ်။ ဒါပေမယ့် အဲ့ဒီအကျိုးဆက်ကိုတော့ သင်ရင်ဆိုင်ရမယ်။ ဘယ်လို တိုးတက်အောင် သင့်ဘ၀ကို တည်ဆောက်မလဲ၊ သင်စိတ်ကူးပြီးချတဲ့ဆုံးဖြတ်ချက်၊ သင့်လုပ်ငန်းတွေဘယ်လို ဆက်လုပ်ဆောင်မယ်ဆိုတဲ့ အတွေးတွေကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ်၊ သင်ဆုံးဖြတ်တဲ့အတိုင်းပဲပေါ့။ ဘုရားကတော့ အတင်းဆီးတားမှာမဟုတ်ဘူး။ လက်ခံပေးမှာပါ။ ဒါပေမယ့်သဘောတူတိုင်းကတော့ သဘောကျတာတော့လုံး၀မဟုတ်ဘူးဆိုတာ လုံး၀မမေ့စေချင်ဘူး။
Zawgyi
2 views0 comments
© 2020 by Miracle Makers Proudly created with abundantlife
  • Facebook
  • YouTube