Search
  • Than Min Htike

သဘောတူခြင်းနှင့်သဘောကျခြင်း (၂)

“ည​အ​ချိန်၌ ဘု​ရား​သ​ခင်​သည် ဗာ​လမ်​ရှိ​ရာ​သို့​လာ၍၊ ထို​လူ​တို့​သည် သင့်​ကို​ခေါ်​ခြင်း​ငှာ​လာ​လျှင်၊ သူ​တို့​နှင့်​အ​တူ ထ၍​လိုက်​လော့။ သို့​ရာ​တွင် ငါ​မှာ​ထား​သ​မျှ​အ​တိုင်း​သာ ပြု​ရ​မည်​ဟု မိန့်​တော်​မူ၏။”

(တောလည်ရာ ၂၂:၂၀)

သဘောတူတယ်ဆိုပေမယ့်

ကြီးမားတဲ့အဆောက်အအုံတစ်ခုဆောက်တော့မယ်ဆိုရင် တိကျတဲ့တိုင်းတာတွက်ချက်မှုတွေကို အရင်လုပ်ရတယ်မဟုတ်လား။ တိုင်းတာတွက်ချက်ဖို့အတွက်လည်း တိကျပြီးမှန်ကန်တဲ့ ပေတံကို အသုံးပြုဖို့လည်းအရေးကြီးတယ်။ မှားတဲ့ပေတံနဲ့ တိုင်းတာတွက်ချက်နေသရွေ့ ဘယ်တော့မှ မှန်ကန်တဲ့ ပုံစံပေါ်လာမှာမဟုတ်ဘူး။ လူတော်တော် များများက အသက်တာကိုတည်ဆောက်တဲ့အခါမှာ ကြီးထွားတိုးတက်ဖို့အတွက်ဆန္ဒရှိကြပေမယ့်၊ မှန်ကန်ပြီးတိကျတဲ့ ပေတံနဲ့ တိုင်းတာဖို့အတွက်တော့မေ့နေကြတယ်။ တချို့အရာတွေက တူသယောင်ယောင်နဲ့ မတူတာတွေ၊ မှန်သယောင်ယောင်နဲ့ မမှန်တာတွေ အများကြီးကိုရှိနေတယ်။ ဆင်တူတာနဲ့ ထပ်တူညီတာကိုကွဲကွဲ ပြားပြားလည်းသိထားဖို့လိုတယ်။ ကိုယ်လိုရာကို လိုသလိုဆွဲယူတတ်တဲ့ သူတွေဟာ ဘယ်တော့မှ ထင်သလောက် အောင်မြင်မှု မရတတ်ကြဘူး။ တချို့က ဘ၀ကိုလှေနံထားထစ် မှတ်ထားတတ်ကြပြီးတော့ ဖြစ်မလာတဲ့အခါမှာ ဘုရားအပြစ်ဖို့တတ်ကြတယ်။ လူတွေက တစ်ခုခု လုပ်တဲ့အခါမှာ လွယ်ကူတိုင်း ဘုရားအလိုတော်လို့ အလွဲထင်တတ်ကြပြီးတော့၊ ခက်ခဲတဲ့အခါမှာတော့ဘုရားအလိုတော် မရှိဘူးလို့ထင်တတ်ကြပြန်ရော၊ လွယ်ကူတိုင်း ဘုရားအလိုတော်မဟုတ်သလို၊ ခက်ခဲတိုင်းလည်းဘုရားအလိုတော်မရှိတာ၊မပါရှိတာမဟုတ်ပါဘူး။ နောက် တချို့အခက်အခဲတွေကြုံတဲ့အခါမှာလည်း စာတန်နှောင့်ယှက်တယ် လို့ထင်တတ်သူတွေလည်းရှိတယ်။ တချို့အရာတွေကစာတန်နှောင့်ယှက်တာမဟုတ်ပဲ ဘုရားကိုယ်တိုင် တားဆီးတာတွေလည်းရှိတယ်။ အသက်တာမှာ ဘယ်အရာကိုမှ တရားသေမှတ်လို့မရဘူးဆိုတာသိထားဖို့လိုတယ်။


ဘုရားဆီးတားခြင်း

ပရောဖက်ဗာလမ်အကြောင်း ကြားဖူးမှာပေါ့။ ဘုရားက ပထမအကြိမ် မလိုက်သွားဖို့သတိပေးပေမယ့် သူက နောက်တကြိမ်များ ဘုရားစိတ်ပြောင်းမလားဆိုပြီးတော့အကြိမ်ကြိမ်ထပ်မေးတယ်။ ဒါနဲ့ဘုရားက လိုက်သွားပါလို့သဘောတူပေးလိုက်တယ်။ သဘောတူပေးမှာ ပေါ့မတူမခြင်း သူ့ဘက်ကနေ ရပ်မယ့်ပုံမှ မပေါက်တာ။ ဒါနဲ့လမ်းမှာကောင်းကင် တမန်က ဆီးတားတာကိုမြည်းကမြင်တယ် သူကမမြင်ဘူး။ တခါတလေ ကိုယ်လုပ်ချင်တာ ရှေ့တန်းတင်ရင် ဝိညာဉ်ရေးရာ အရာတွေကိုသိပ်မမြင်တတ်တော့ဘူး။ တိရိစ္ဆာန်လောက်တောင် မမြင်တတ်ဘူး။ မြည်းက သူ့သခင်အသက်လွတ်ဖို့ ရှောင်ပေမယ့် သူ့သခင်အကောင်းမမြင်ပဲ ရိုက်နှက်ခဲ့တယ်။ သတ်ချင်တဲ့အထိ ဖြစ်ခဲ့တယ်။ ဘုရားက ပါးစပ်ကိုဖွင့်ပေးလိုက်တဲ့အခါမှာတော့ ကောင်းကင်တမန်ကြောင့် ရှောင်ထွက်ခဲ့တယ်ဆိုတာကိုသိရတယ်။ ဒီနေရာမှာ ရှေ့မရောက်တာက စာတန်ကြောင့်မဟုတ်ပဲ ဘုရားကိုကိုယ်တိုင်ဆီးတားတယ်ဆိုတာကို သိထားဖို့လိုတယ်။ နားလည်မှုလွဲကြတာက ဒါဆိုဘာလို့ ဘုရားကသွားခိုင်းသေးလဲပေါ့။ ဘုရားက သူလုပ်ချင်တာကိုသဘောတူပေးတာပါ။ သဘောကျတာတော့လုံး ၀မဟုတ်ဘူး။ ဒါကြောင့်ဘုရားအလိုတော်မဟုတ်တဲ့အရာတွေ လုပ်တဲ့အခါမှာ ရှေ့ဆက်သွားဖို့ လမ်းရောက်သလိုဖြစ်တဲ့အခါမှာ သိထားဖို့ကစာတန်လုပ်တာမဟုတ်ပဲ ဘုရားကိုယ်တိုင်က သင့်ကို ပြန်လှည့်ဖို့အတွက် အချက်ပေးတာပါ။ ဘုရားရဲ့အလေ့အလာကိုမသိရင်တော့ ဝိညာဉ်ရေးရာရှင်သန်ဖို့အတွက် တကယ်ကို ခက်ခဲလိမ့်မယ်။ ကြီးထွားတိုးတက်တဲ့ အသက်တာမျိုးရှင်သန်ချင်တယ်ဆိုရင်တော့ ဘုရားသဘော ကျတဲ့လမ်းကိုရွေးချယ်တတ်ဖို့လိုတယ်။ ရွေးချယ်မှုတိုင်းမှာ တန်ပြန်သက်ရောက်တဲ့ရွေးချယ်ခံရမှုရှိတယ်။ သင်မှန်ကန်တဲ့ရွေးချယ်မှုကိုပြုမယ်ဆိုရင် အောင်မြင်မှုကသင့်ဆီလာဖို့ရွေးချယ်လိမ့်မယ်။ မှားယွင်းတဲ့ အရာကိုရွေးချယ်မိမယ်ဆိုရင်တော့ ရှုံးနိမ့်မှုက သင့်ကို ရွေးချယ်ပါလိမ့်မယ်။ ဒါကြောင့် သဘောတူတိုင်း သဘောကျတာမဟုတ်ဘူးဆိုတာ သိမြင်တတ်ဖို့လိုတယ်။



Zawgyi

သေဘာတူျခင္းႏွင့္သေဘာက်ျခင္း (၂)

“ည​အ​ခ်ိန္၌ ဘု​ရား​သ​ခင္​သည္ ဗာ​လမ္​႐ွိ​ရာ​သို႔​လာ၍၊ ထို​လူ​တို႔​သည္ သင့္​ကို​ေခၚ​ျခင္း​ငွာ​လာ​လွ်င္၊ သူ​တို႔​ႏွင့္​အ​တူ ထ၍​လိုက္​ေလာ့။ သို႔​ရာ​တြင္ ငါ​မွာ​ထား​သ​မွ်​အ​တိုင္း​သာ ျပဳ​ရ​မည္​ဟု မိန္႔​ေတာ္​မူ၏။”

(ေတာလည္ရာ ၂၂:၂၀)

သေဘာတူတယ္ဆိုေပမယ့္

ႀကီးမားတဲ့အေဆာက္အအုံတစ္ခုေဆာက္ေတာ့မယ္ဆိုရင္ တိက်တဲ့တိုင္းတာတြက္ခ်က္မႈေတြကို အရင္လုပ္ရတယ္မဟုတ္လား။ တိုင္းတာတြက္ခ်က္ဖို႔အတြက္လည္း တိက်ၿပီးမွန္ကန္တဲ့ ေပတံကို အသုံးျပဳဖို႔လည္းအေရးႀကီးတယ္။ မွားတဲ့ေပတံနဲ႔ တိုင္းတာတြက္ခ်က္ေနသေ႐ြ႕ ဘယ္ေတာ့မွ မွန္ကန္တဲ့ ပုံစံေပၚလာမွာမဟုတ္ဘူး။ လူေတာ္ေတာ္ မ်ားမ်ားက အသက္တာကိုတည္ေဆာက္တဲ့အခါမွာ ႀကီးထြားတိုးတက္ဖို႔အတြက္ဆႏၵ႐ွိၾကေပမယ့္၊ မွန္ကန္ၿပီးတိက်တဲ့ ေပတံနဲ႔ တိုင္းတာဖို႔အတြက္ေတာ့ေမ့ေနၾကတယ္။ တခ်ိဳ႕အရာေတြက တူသေယာင္ေယာင္နဲ႔ မတူတာေတြ၊ မွန္သေယာင္ေယာင္နဲ႔ မမွန္တာေတြ အမ်ားႀကီးကို႐ွိေနတယ္။ ဆင္တူတာနဲ႔ ထပ္တူညီတာကိုကြဲကြဲ ျပားျပားလည္းသိထားဖို႔လိုတယ္။ ကိုယ္လိုရာကို လိုသလိုဆြဲယူတတ္တဲ့ သူေတြဟာ ဘယ္ေတာ့မွ ထင္သေလာက္ ေအာင္ျမင္မႈ မရတတ္ၾကဘူး။ တခ်ိဳ႕က ဘ၀ကိုေလွနံထားထစ္ မွတ္ထားတတ္ၾကၿပီးေတာ့ ျဖစ္မလာတဲ့အခါမွာ ဘုရားအျပစ္ဖို႔တတ္ၾကတယ္။ လူေတြက တစ္ခုခု လုပ္တဲ့အခါမွာ လြယ္ကူတိုင္း ဘုရားအလိုေတာ္လို႔ အလြဲထင္တတ္ၾကၿပီးေတာ့၊ ခက္ခဲတဲ့အခါမွာေတာ့ဘုရားအလိုေတာ္ မ႐ွိဘူးလို႔ထင္တတ္ၾကျပန္ေရာ၊ လြယ္ကူတိုင္း ဘုရားအလိုေတာ္မဟုတ္သလို၊ ခက္ခဲတိုင္းလည္းဘုရားအလိုေတာ္မ႐ွိတာ၊မပါ႐ွိတာမဟုတ္ပါဘူး။ ေနာက္ တခ်ိဳ႕အခက္အခဲေတြၾကဳံတဲ့အခါမွာလည္း စာတန္ေႏွာင့္ယွက္တယ္ လို႔ထင္တတ္သူေတြလည္း႐ွိတယ္။ တခ်ိဳ႕အရာေတြကစာတန္ေႏွာင့္ယွက္တာမဟုတ္ပဲ ဘုရားကိုယ္တိုင္ တားဆီးတာေတြလည္း႐ွိတယ္။ အသက္တာမွာ ဘယ္အရာကိုမွ တရားေသမွတ္လို႔မရဘူးဆိုတာသိထားဖို႔လိုတယ္။


ဘုရားဆီးတားျခင္း

ပေရာဖက္ဗာလမ္အေၾကာင္း ၾကားဖူးမွာေပါ့။ ဘုရားက ပထမအႀကိမ္ မလိုက္သြားဖို႔သတိေပးေပမယ့္ သူက ေနာက္တႀကိမ္မ်ား ဘုရားစိတ္ေျပာင္းမလားဆိုၿပီးေတာ့အႀကိမ္ႀကိမ္ထပ္ေမးတယ္။ ဒါနဲ႔ဘုရားက လိုက္သြားပါလို႔သေဘာတူေပးလိုက္တယ္။ သေဘာတူေပးမွာ ေပါ့မတူမျခင္း သူ႕ဘက္ကေန ရပ္မယ့္ပုံမွ မေပါက္တာ။ ဒါနဲ႔လမ္းမွာေကာင္းကင္ တမန္က ဆီးတားတာကိုျမည္းကျမင္တယ္ သူကမျမင္ဘူး။ တခါတေလ ကိုယ္လုပ္ခ်င္တာ ေ႐ွ႕တန္းတင္ရင္ ဝိညာဥ္ေရးရာ အရာေတြကိုသိပ္မျမင္တတ္ေတာ့ဘူး။ တိရိစၧာန္ေလာက္ေတာင္ မျမင္တတ္ဘူး။ ျမည္းက သူ႕သခင္အသက္လြတ္ဖို႔ ေ႐ွာင္ေပမယ့္ သူ႕သခင္အေကာင္းမျမင္ပဲ ႐ိုက္ႏွက္ခဲ့တယ္။ သတ္ခ်င္တဲ့အထိ ျဖစ္ခဲ့တယ္။ ဘုရားက ပါးစပ္ကိုဖြင့္ေပးလိုက္တဲ့အခါမွာေတာ့ ေကာင္းကင္တမန္ေၾကာင့္ ေ႐ွာင္ထြက္ခဲ့တယ္ဆိုတာကိုသိရတယ္။ ဒီေနရာမွာ ေ႐ွ႕မေရာက္တာက စာတန္ေၾကာင့္မဟုတ္ပဲ ဘုရားကိုကိုယ္တိုင္ဆီးတားတယ္ဆိုတာကို သိထားဖို႔လိုတယ္။ နားလည္မႈလြဲၾကတာက ဒါဆိုဘာလို႔ ဘုရားကသြားခိုင္းေသးလဲေပါ့။ ဘုရားက သူလုပ္ခ်င္တာကိုသေဘာတူေပးတာပါ။ သေဘာက်တာေတာ့လုံး ၀မဟုတ္ဘူး။ ဒါေၾကာင့္ဘုရားအလိုေတာ္မဟုတ္တဲ့အရာေတြ လုပ္တဲ့အခါမွာ ေ႐ွ႕ဆက္သြားဖို႔ လမ္းေရာက္သလိုျဖစ္တဲ့အခါမွာ သိထားဖို႔ကစာတန္လုပ္တာမဟုတ္ပဲ ဘုရားကိုယ္တိုင္က သင့္ကို ျပန္လွည့္ဖို႔အတြက္ အခ်က္ေပးတာပါ။ ဘုရားရဲ႕အေလ့အလာကိုမသိရင္ေတာ့ ဝိညာဥ္ေရးရာ႐ွင္သန္ဖို႔အတြက္ တကယ္ကို ခက္ခဲလိမ့္မယ္။ ႀကီးထြားတိုးတက္တဲ့ အသက္တာမ်ိဳး႐ွင္သန္ခ်င္တယ္ဆိုရင္ေတာ့ ဘုရားသေဘာ က်တဲ့လမ္းကိုေ႐ြးခ်ယ္တတ္ဖို႔လိုတယ္။ ေ႐ြးခ်ယ္မႈတိုင္းမွာ တန္ျပန္သက္ေရာက္တဲ့ေ႐ြးခ်ယ္ခံရမႈ႐ွိတယ္။ သင္မွန္ကန္တဲ့ေ႐ြးခ်ယ္မႈကိုျပဳမယ္ဆိုရင္ ေအာင္ျမင္မႈကသင့္ဆီလာဖို႔ေ႐ြးခ်ယ္လိမ့္မယ္။ မွားယြင္းတဲ့ အရာကိုေ႐ြးခ်ယ္မိမယ္ဆိုရင္ေတာ့ ႐ႈံးနိမ့္မႈက သင့္ကို ေ႐ြးခ်ယ္ပါလိမ့္မယ္။ ဒါေၾကာင့္ သေဘာတူတိုင္း သေဘာက်တာမဟုတ္ဘူးဆိုတာ သိျမင္တတ္ဖို႔လိုတယ္။

0 views0 comments