Search
  • Than Min Htike

သမ္မာတရားကိုနားလည်ချင်ရင်

"အကျွန်ုပ်တို့သည် ဒုစရိုက်များကို ရှောင်၍ သမ္မာတရားတော်ကို နားလည်ခြင်းအလိုငှါ၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားတို့ထံတော်၌ မတောင်းပန်ဘဲနေကြပါပြီတကား။" (ဒံ ၉:၁၃)


နှုတ်ကပတ်တော်က ဝတ္တုတစ်အုပ်လ်ိုဖတ်တိုင်းနားလည်သွားတာ မဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ်။ တခါတလေ ဖတ်တာအကြိမ်ကြိမ်ရှိပြီ ဘာလို့များနားမလည်ပါလိမ့်လို့ သင်တွေးကောင်းတွေးနေမယ်။ ဒီပြဿ နာကို ဒံယေလက အဖြေပေးထားတယ်။ သမ္မာတရားကိုနားလည်နိုင်ဖို့အတွက် ကိုယ့်ဘက်ကနေ ပြင်ဆင်ရမယ့်အရာလို့ဆိုချင်တယ်။


၁။ ဒုစရိုက်ကိုရှောင်

ဘုရားမနှစ်သက်တဲ့ ဒုစိရိုက်ထဲမှာ ပျော်မွှေ့နေပြီး၊ ဘုရားရဲ့နက်နဲတဲ့စကားကိုနားမလည်နိုင်ဘူးဆိုတာတော့ သိထားသင့်တယ်။သုတ္တံဆရာကဆိုတယ် ပညာရဲ့အချုပ် အခြာဟာ ဘုရားကိုကြောက်ရွံ့ခြင်းသဘောတဲ့။ ဘုရားကိုကြောက်ရွံ့ခြင်းဆိုတာလည်း ဒုစရိုက်ကိုရှောင်ခြင်းလို့ဆိုပြန်တယ်။ ဒါဆိုရင် ဘုရားရဲ့ပညာရဖို့ဆိုရင်တော့ ဒုစ ရိုက်ကို ရှောင်ဖို့လိုတယ်မဟုတ်ဘူးလား။ ဒုစရိုက်ဟာ ဘုရားနဲ့ လူကို ဝေးကွာစေတဲ့အဓိကအရာပဲ။ ဒါကြောင့် ဘုရားစကားနားလည်ချင်တယ်ဆိုရင်တော့ ဘုရားမကြိုက်တာလေးတွေတော့သတိထားဖို့လိုတာပေါ့။


၂။ ဝန်ချတောင်းပန်ခြင်း

လူ့နည်းလမ်းနဲ့ဘုရားနည်းလမ်းတော်တော်လေးကွာတယ်။ လူ‌တွေရဲ့တရားရုံးမှာ သင်ဟာ ဘူးကွယ်လေ လွတ်ဖို့ပိုနီးလေဖြစ်‌‌ပေမယ့်ဘုရားနည်းလမ်းကတော့သင့် အမှားကိုဝန်ချတောင်းပန်မှပဲ သင့်အပြစ်ကလွတ်မြောက်တာဖြစ်တယ်။ နောင်တနဲ့ မှားပါတယ်ဆိုတဲ့စကား လူတိုင်းမပြောချင်ဆုံးစကားဖြစ်ပေမယ့် ဘုရားနဲ့မှန်ကန်တဲ့ ဆက်ဆံရေးတည်ဆောက်ချင်ရင်တော့ အရေးကြီးဆုံးအရာဟာ စိတ်နှလုံးအကြွင်းမဲ့ နောင်တရပြီးတောင်းပန်ခြင်းပင်ဖြစ်တယ်။ တချို့သောအပြစ်တွေက ကျွန်တော်တို့ရဲ့ ဝိညာဉ်မျက်စိကို ကွယ်စေတယ်။ ဒါကြောင့် သမ္မာတရားကို ဖတ်ပြီးနားမလည်နိုင်တာပေါ့။ ဂရိလို၊ ဟေဗြဲလိုမဖတ်တတ်လို့ သမ္မာတရားကိုနားမလည်တာမဟုတ်ဘူး။ ဘုရားနှလုံးသားကိုမသိလို့ နားမလည်တာ။




Zawgyi

သမၼာတရားကိုနားလည္ခ်င္ရင္

"အကြၽႏ္ုပ္တို႔သည္ ဒုစ႐ိုက္မ်ားကို ေ႐ွာင္၍ သမၼာတရားေတာ္ကို နားလည္ျခင္းအလိုငွါ၊ အကြၽႏ္ုပ္တို႔ဘုရားသခင္ ထာဝရဘုရားတို႔ထံေတာ္၌ မေတာင္းပန္ဘဲေနၾကပါၿပီတကား။" (ဒံ ၉:၁၃)


ႏႈတ္ကပတ္ေတာ္က ဝတၱဳတစ္အုပ္လ္ိဳဖတ္တိုင္းနားလည္သြားတာ မဟုတ္ဘူးဆိုတာ လူတိုင္းသိပါတယ္။ တခါတေလ ဖတ္တာအႀကိမ္ႀကိမ္႐ွိၿပီ ဘာလို႔မ်ားနားမလည္ပါလိမ့္လို႔ သင္ေတြးေကာင္းေတြးေနမယ္။ ဒီျပႆ နာကို ဒံေယလက အေျဖေပးထားတယ္။ သမၼာတရားကိုနားလည္ႏိုင္ဖို႔အတြက္ ကိုယ့္ဘက္ကေန ျပင္ဆင္ရမယ့္အရာလို႔ဆိုခ်င္တယ္။


၁။ ဒုစ႐ိုက္ကိုေ႐ွာင္

ဘုရားမႏွစ္သက္တဲ့ ဒုစိ႐ိုက္ထဲမွာ ေပ်ာ္ေမႊ႕ေနၿပီး၊ ဘုရားရဲ႕နက္နဲတဲ့စကားကိုနားမလည္ႏိုင္ဘူးဆိုတာေတာ့ သိထားသင့္တယ္။သုတၱံဆရာကဆိုတယ္ ပညာရဲ႕အခ်ဳပ္ အျခာဟာ ဘုရားကိုေၾကာက္႐ြံ႕ျခင္းသေဘာတဲ့။ ဘုရားကိုေၾကာက္႐ြံ႕ျခင္းဆိုတာလည္း ဒုစ႐ိုက္ကိုေ႐ွာင္ျခင္းလို႔ဆိုျပန္တယ္။ ဒါဆိုရင္ ဘုရားရဲ႕ပညာရဖို႔ဆိုရင္ေတာ့ ဒုစ ႐ိုက္ကို ေ႐ွာင္ဖို႔လိုတယ္မဟုတ္ဘူးလား။ ဒုစ႐ိုက္ဟာ ဘုရားနဲ႔ လူကို ေဝးကြာေစတဲ့အဓိကအရာပဲ။ ဒါေၾကာင့္ ဘုရားစကားနားလည္ခ်င္တယ္ဆိုရင္ေတာ့ ဘုရားမႀကိဳက္တာေလးေတြေတာ့သတိထားဖို႔လိုတာေပါ့။


၂။ ဝန္ခ်ေတာင္းပန္ျခင္း

လူ႕နည္းလမ္းနဲ႔ဘုရားနည္းလမ္းေတာ္ေတာ္ေလးကြာတယ္။ လူ‌ေတြရဲ႕တရား႐ုံးမွာ သင္ဟာ ဘူးကြယ္ေလ လြတ္ဖို႔ပိုနီးေလျဖစ္‌‌ေပမယ့္ဘုရားနည္းလမ္းကေတာ့သင့္ အမွားကိုဝန္ခ်ေတာင္းပန္မွပဲ သင့္အျပစ္ကလြတ္ေျမာက္တာျဖစ္တယ္။ ေနာင္တနဲ႔ မွားပါတယ္ဆိုတဲ့စကား လူတိုင္းမေျပာခ်င္ဆုံးစကားျဖစ္ေပမယ့္ ဘုရားနဲ႔မွန္ကန္တဲ့ ဆက္ဆံေရးတည္ေဆာက္ခ်င္ရင္ေတာ့ အေရးႀကီးဆုံးအရာဟာ စိတ္ႏွလုံးအႂကြင္းမဲ့ ေနာင္တရၿပီးေတာင္းပန္ျခင္းပင္ျဖစ္တယ္။ တခ်ိဳ႕ေသာအျပစ္ေတြက ကြၽန္ေတာ္တို႔ရဲ႕ ဝိညာဥ္မ်က္စိကို ကြယ္ေစတယ္။ ဒါေၾကာင့္ သမၼာတရားကို ဖတ္ၿပီးနားမလည္ႏိုင္တာေပါ့။ ဂရိလို၊ ေဟၿဗဲလိုမဖတ္တတ္လို႔ သမၼာတရားကိုနားမလည္တာမဟုတ္ဘူး။ ဘုရားႏွလုံးသားကိုမသိလို႔ နားမလည္တာ။

1 view0 comments