Search
  • Than Min Htike

သာ၍ကောင်းသောအရာ

“တဖန်မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။”(‭‭ယေ၂၉:၁၁)


ကောင်းတဲ့အရာတွေဟာ အကောင်းဆုံးရဲ့ ရန်သူပါ။ တစ်ခါတစ်လေ အကောင်းဆုံးမခံစားရတာ ကောင်းတာလေးတစ်ချို့လောက်နဲ့ ကျေနပ်နေလို့။ ဘုရားကသင့်က်ို အကောင်းဆုံးသော အရာတွေနဲ့ပဲ ဖြည့်စွမ်းပေးချင်တာ။ ကိုယ်မျှော်လင့်သလို၊ ကိုယ်ပြင်ဆင်ထားသလိုမဖြစ်လာရင်လည်း ဘုရားကိုစိတ်ချပါ။ သူဘယ်တော့မှ သင့်ကို စွန့်ပစ်မှာ မဟုတ်ဘူး။ ဂတိတော်အတ်ိုင်းအကောင်ဆုံးသောအရာတွေနဲ့ ပြည့်စုံစေအုံးမှာအမှန်ပဲ။

လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်က အဖြစ်ပျက်တစ်ခုမှတ်မိသေးတယ်။ အဲ့ဒီအချိန် ကျွန်တော် ကယားမှာအမှုတော်ဆောင်နေတဲ့ အချိန်။ မြို့တစ်မြို့ကဖိတ်လို့ကျွန်တော် နှုတ်ကပတ်တော်ဟောပြောဖို့ သွားတယ်။ ကျွန်တော် အမှုတော်ဆောင်တဲ့ကာလမှာ

မဖြစ်ဖူးတဲ့ ဆီးတားမှုကြုံရတယ်။ အဲ့ဒီ သင်တန်းပေးမယ့်နေရာကိုရောက်ဖို့ ကားသုံးဆင့်လောက်စီးရတာ နှစ်ဆင့်စီးပြီးပြီ နောက်ဆုံးတစ်ဆင့်မှာ ဘာကားမှမရှိဘူး။ ဖြစ်ချင်တော့ ပွဲတော်ကာလကြီးလည်းဖြစ်နေတယ်။ ဘယ်လိုကြိုးစားကြိုးစား တံခါးနည်းနည်းမှမပွင့်လာဘူး။ နောက်ဆုံး ပြန်လှည့်လာရတယ်။ ဘဝ

မှာ တစ်ခါမှ မကြုံဖူးတဲ့ အတွေ့အကြုံဖြစ်ခဲ့တယ်။ တော်တော် လေးလည်းစိတ်မကောင်းဖြစ်တယ်။ ဒါနဲ့ လမ်းတစ်ဝက် တောင်ကြီးကို ရောက်ပြီးအသိမိတ်ဆွေ တစ်ယောက်အိမ်မှာ ဝင်တည်းခိုတယ်။ သူတို့လည်းစိတ်မကောင်းကြဘူး။ အဲ့ဒီညအိပ်ပြီး မနက်အစော ကြီးဘုရားက စကားပြောလာတယ်။ လွန်ခဲ့တဲ့ (၆)လကျော်မှာ ငါပြောတဲ့စကား မှတ်မိလားဆိုပြီး။ အဲ့ဒီအခါမှ သတိရတယ် ဘုရားက တောင်ကြီးမြို့မှာ အသင်းတော် အသစ်စတင်ဖို့နဲ့ မိဘမဲ့ကလေးကျောင်း၊သင်တန်းကျောင်းစဖို့ အိမ်မက်ထဲမှာ စကားပြောတာ။ဒါနဲ့ဘုရားက အခု အဲ့ဒီအချိန်ရောက်ပြီ။ အခုတဲ့ ကျွန်တော်သိချင်တဲ့အဖြေက အဲ့ဒါမဟုတ်ဘူး။ တစ်ခါတစ်လေ ဘုရားကသင်လ်ိုချင်တဲ့အဖြေပေးမှာမဟုတ်ဘူး။ သူ့အလ်ိုတော်ကို သိစေမှာဖြစ်

တယ်။ နောက် (၅)လအတွင်းမှာ တောင်ကြီးကိုပြောင်းပြီး ဘုရားပေးတဲ့ရူပါရုံကိုစဖို့ ဖြစ်လာတယ်။အခုတော့ အဲ့ဒီ အိမ်မက်တွေ အကောင်အထည်ဖေါ်ခွင့်ရခဲ့ပြီ။ အကောင်းတွေ ဖြစ်မလာလည်းပဲ အကောင်းဆုံးကတော့ဖြစ်လာမှာအသေအချာပဲ။ သင်စီစဉ်သလိုမဖြစ်လာတာ ဘုရားအစီအစဉ်ပြည့်စုံစရာ ရှိလို့ပါ။



Zawgyi

သာ၍ေကာင္းေသာအရာ


“တဖန္မိန္႔​ေတာ္​မူ​သည္​ကား၊ ငါ​သည္ သင္​တို႔​ကို အ​က်ိဳး​နည္း​ေစ​ျခင္း​ငွာ ၾကံ​စည္​ေသာ​အ​ၾကံ​မ​ဟုတ္​ဘဲ၊ သင္​တို႔​သည္ ေမွ်ာ္​လင့္​ေသာ​အ​က်ိဳး​ကို​ရ​မည္​အ​ေၾကာင္း၊ ၿငိမ္​ဝပ္​ေစ​ျခင္း​ငွာ​သာ၊ သင္​တို႔​အ​ဖို႔ ၾကံ​စည္​ေသာ အ​ၾကံ​တို႔​ကို ငါ​သိ၏။”(‭‭ေယ၂၉:၁၁)


ေကာင္းတဲ့အရာေတြဟာ အေကာင္းဆုံးရဲ႕ ရန္သူပါ။ တစ္ခါတစ္ေလ အေကာင္းဆုံးမခံစားရတာ ေကာင္းတာေလးတစ္ခ်ိဳ႕ေလာက္နဲ႔ ေက်နပ္ေနလို႔။ ဘုရားကသင့္က္ိဳ အေကာင္းဆုံးေသာ အရာေတြနဲ႔ပဲ ျဖည့္စြမ္းေပးခ်င္တာ။ ကိုယ္ေမွ်ာ္လင့္သလို၊ ကိုယ္ျပင္ဆင္ထားသလိုမျဖစ္လာရင္လည္း ဘုရားကိုစိတ္ခ်ပါ။ သူဘယ္ေတာ့မွ သင့္ကို စြန္႔ပစ္မွာ မဟုတ္ဘူး။ ဂတိေတာ္အတ္ိဳင္းအေကာင္ဆုံးေသာအရာေတြနဲ႔ ျပည့္စုံေစအုံးမွာအမွန္ပဲ။

လြန္ခဲ့တဲ့ (၁၀) ႏွစ္ေက်ာ္က အျဖစ္ပ်က္တစ္ခုမွတ္မိေသးတယ္။ အဲ့ဒီအခ်ိန္ ကြၽန္ေတာ္ ကယားမွာအမႈေတာ္ေဆာင္ေနတဲ့ အခ်ိန္။ ၿမိဳ႕တစ္ၿမိဳ႕ကဖိတ္လို႔ကြၽန္ေတာ္ ႏႈတ္ကပတ္ေတာ္ေဟာေျပာဖို႔ သြားတယ္။ ကြၽန္ေတာ္ အမႈေတာ္ေဆာင္တဲ့ကာလမွာ

မျဖစ္ဖူးတဲ့ ဆီးတားမႈၾကဳံရတယ္။ အဲ့ဒီ သင္တန္းေပးမယ့္ေနရာကိုေရာက္ဖို႔ ကားသုံးဆင့္ေလာက္စီးရတာ ႏွစ္ဆင့္စီးၿပီးၿပီ ေနာက္ဆုံးတစ္ဆင့္မွာ ဘာကားမွမ႐ွိဘူး။ ျဖစ္ခ်င္ေတာ့ ပြဲေတာ္ကာလႀကီးလည္းျဖစ္ေနတယ္။ ဘယ္လိုႀကိဳးစားႀကိဳးစား တံခါးနည္းနည္းမွမပြင့္လာဘူး။ ေနာက္ဆုံး ျပန္လွည့္လာရတယ္။ ဘဝ

မွာ တစ္ခါမွ မၾကဳံဖူးတဲ့ အေတြ႕အၾကဳံျဖစ္ခဲ့တယ္။ ေတာ္ေတာ္ ေလးလည္းစိတ္မေကာင္းျဖစ္တယ္။ ဒါနဲ႔ လမ္းတစ္ဝက္ ေတာင္ႀကီးကို ေရာက္ၿပီးအသိမိတ္ေဆြ တစ္ေယာက္အိမ္မွာ ဝင္တည္းခိုတယ္။ သူတို႔လည္းစိတ္မေကာင္းၾကဘူး။ အဲ့ဒီညအိပ္ၿပီး မနက္အေစာ ႀကီးဘုရားက စကားေျပာလာတယ္။ လြန္ခဲ့တဲ့ (၆)လေက်ာ္မွာ ငါေျပာတဲ့စကား မွတ္မိလားဆိုၿပီး။ အဲ့ဒီအခါမွ သတိရတယ္ ဘုရားက ေတာင္ႀကီးၿမိဳ႕မွာ အသင္းေတာ္ အသစ္စတင္ဖို႔နဲ႔ မိဘမဲ့ကေလးေက်ာင္း၊သင္တန္းေက်ာင္းစဖို႔ အိမ္မက္ထဲမွာ စကားေျပာတာ။ဒါနဲ႔ဘုရားက အခု အဲ့ဒီအခ်ိန္ေရာက္ၿပီ။ အခုတဲ့ ကြၽန္ေတာ္သိခ်င္တဲ့အေျဖက အဲ့ဒါမဟုတ္ဘူး။ တစ္ခါတစ္ေလ ဘုရားကသင္လ္ိဳခ်င္တဲ့အေျဖေပးမွာမဟုတ္ဘူး။ သူ႕အလ္ိဳေတာ္ကို သိေစမွာျဖစ္

တယ္။ ေနာက္ (၅)လအတြင္းမွာ ေတာင္ႀကီးကိုေျပာင္းၿပီး ဘုရားေပးတဲ့႐ူပါ႐ုံကိုစဖို႔ ျဖစ္လာတယ္။အခုေတာ့ အဲ့ဒီ အိမ္မက္ေတြ အေကာင္အထည္ေဖၚခြင့္ရခဲ့ၿပီ။ အေကာင္းေတြ ျဖစ္မလာလည္းပဲ အေကာင္းဆုံးကေတာ့ျဖစ္လာမွာအေသအခ်ာပဲ။ သင္စီစဥ္သလိုမျဖစ္လာတာ ဘုရားအစီအစဥ္ျပည့္စုံစရာ ႐ွိလို႔ပါ။

0 views0 comments