Search
  • Than Min Htike
သာမယ့်လူ
“ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ​ပြု​သော​အ​မှု​တို့​ကို ပြု​လိမ့်​မည်။ ထို​အ​မှု​တို့​ထက်​သာ၍ ကြီး​သော​အ​မှု​တို့​ကို​လည်း ပြု​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား၍၊-”( ယော၁၄: ၁၂)
သာမာန် လူပဲဖြစ်ချင်တယ်၊ သာမန်ဘဝပဲ
စိတ်ကူးယဉ်နေတယ်ဆိုရင်တော့ ယုံကြည်သူ
မလုပ်နဲ့ တခြားဟာပဲ ရှာပါ။ အရမ်းပြင်းထန်
လွန်းသွားလား sorry ပါ။ ဘုရားက ယုံကြည်သူ
တွေ အပေါ်မှာ မျှော်လင့်တဲ့အရာရှိပါတယ်။
ဒါကတော့ သာမန်အရာတွေ လုပ်ပြီးသာမန်
ရိုးရိုးလေးနဲ့ ဘဝကို ရုန်းကန် လှုပ်ရှားရင်းနဲ့
နိဂုံး မချုပ်စေချင်ဘူး။ ဒါကြောင့်ပြောတာပေါ့
သာမာန် လူဘဝလောက်ပဲ စိတ်မကူးထားနဲ့
ဘုရားက သင့်ကို လောကထဲမှာ အရာရာထက်
သာမယ့်သူဖြစ်စေချင်တာ။
ပညာရှိတဲ့နေရာမှာသာတဲ့ သူ
သင်ကြားဖူးမှာပါ ရှောလမုန် မင်းရဲ့ပညာ
ရှိခြင်းရဲ့ထူးခြားဆန်းကြယ်မှုကို။ အတိုင်းတိုင်း
အပြည်ပြည်က လာပြီးတော့ကို ကြည့်ရတယ်။
သူ့ရဲ့ တည်ဆောက်တဲ့ ဗိမာန်တော်နဲ့ နန်းတော်
ကိုမြင်မြင်သမျှသြချရတယ်။ ဒီလောက်ထူးဆန်း
တဲ့ ပညာကို ဘယ်ကျောင်း၊ ဘယ်နိုင်ငံမှာမှ သွား
သင်ခဲ့တာ မဟုတ်ပါဘူး။ သူ ဘုရားဆီမှာဆု
တောင်းခဲ့တာပါ။ ဘုရားသခင်သူ့ကိုခန့်အပ်တဲ့
အလုပ်ကို ကောင်းမွန်စွာ လုပ်နိုင်ဖို့ သူက
ဘုရားဆီမှာ ပညာတောင်းခဲ့တယ်။ ဒီဆုတောင်း
ချက်ကို ဘုရားက နှစ်သက်ပြီး သူမတောင်း
တဲ့ဆုတွေပါ ပေးခဲ့တယ်။ ယုံကြည်ခြင်းနဲ့
ဆုတောင်းခြင်းအပေါ်မှာ ဘုရားက ရှောလမုန်မင်းကို
ကောင်းကြီးပေးပြီးထူးခြားစေတယ်။ သင့်ကို
ထူးခြားစေတဲ့ အရင်းအမြစ်ကဘုရားသခင်ပဲ။
ဒါကြောင့် ရှောလမုန်ကို ပညာပေးပြီးသာမာန်
ထက်ထူးခြားစေတဲ့ဘုရားက သင့်ကိုလည်း
သာမာန်ဘဝမှ အားလုံးထက်သာမယ့်
ဘဝကို ပို့ဆောင်ပေးမယ်။
Zawgyi
သာမယ့္လူ
လွန်းသွားလား sorry ပါ။ ဘုရားက ယုံကြည်သူ
သင်ခဲ့တာ မဟုတ်ပါဘူး။ သူ ဘုရားဆီမှာဆု
တဲ့ဆုတွေပါ ပေးခဲ့တယ်။ ယုံကြည်ခြင်းနဲ့
0 views0 comments