Search
  • Than Min Htike

အချိန် တန်ရင်(၂)

ဆာလံ ၁:၃

မျိုးစေ့မှန်မယ်၊ နေရာမှန်မယ်ဆိုရင် အသီး

မသီးစရာ ဘာအကြောင်းမှ မရှိဘူး။ မြစ်နားမှာ

စိုက်တဲ့ သစ်ပင်အကြောင်းကို ဒါဝိဒ်က ဆာလံ

ကျမ်းမှာ စပ်ဆိုတာကတော့ မြစ်နားမှာ စိုက်တဲ့

သစ်ပင်လို အရွက်မညိုးနွမ်းပဲ အချိန်တန်ရင်

အသီးသီးမယ်လို့ ဆိုတယ်။


အချိန်တန်လို့ အသီးမသီးရင်

တနေ့ ယေရှာက သင်္ဘောသဖန်းပင်မှာ အသီး

မတွေ့လို့ ဒီနေ့ကနေစပြီး မသီးစေနဲ့လို့ဆိုတော့

နောက်နေ့မှာ သင်္ဘောသဖန်းပင်က အမြစ်ကနေ

သွေ့ခြောက်နေတာ တွေ့ရတယ်။ ဒီနေ့သင်ဟာ

တိုးတက်ရင်တိုးတက်၊ မတိုးတက်ရင် ဆုတ်ယုတ်

မယ်။ ဒီနှစ်ခုပဲရှိတယ် အခြားမရှိဘူး။ အသီးသီး

တာတွေတော့ အချိန် မတူဘူး။ တချို့က သီးတာ

မြန်တယ် ဒါပေမယ့်တခါစားပဲ။ မြန်မြန်သီးပြီးရင်

ပြီးသွားပြီ။ ဒါကြောင့် အရမ်းမြန်လို့လည်း အားမကျနဲ့

အချိန်တန်မှ သီးတာ အကောင်းဆုံးပဲ။ ဒါကြောင့်

သင့် အချိန်ရောက်တဲ့အခါမှာတော့ သခင်မျှော်

လင့်တဲ့အသီး သီးဖို့ပဲလိုတယ်။


အချိန် တန်တဲ့အခါမှာ

ကြီးထွားတဲ့ အဆုံးကတော့အသီးသီး

ခြင်းပဲ မဟုတ်လား။ ဝိညာဉ်ရေးရာ ကြီးထွားခြင်း

မှာလည်း အမြဲတမ်းဝိညာဉ်အသီးအပွင့်တွေမြင်ရ

တယ်။ ဂလာတိ ၅ ကတော့ ဝိညာဉ် အသီး

(၉) မျိုး အကြောင်းပြောတယ်။ ဒါဟာ ဘဝအသက်

တာထဲမှာ အချိန်တန်ရင် ကြီးထွားရင့်ကျက်တဲ့

သူတစ်ယောက်အသက်တာမှာ မြင်ကိုမြင်ရမယ့်

အရာပဲ။ ကြီးထွားခြင်းကတော့ ဘယ်သူကမှ

လုပ်ယူ လို့မရတဲ့ အရာပဲ။ ပေါလုကတော့ပြော

တယ် ရေလောင်းသူလည်း မတတ်နိုင်၊ စိုက်ပျိုးသူလည်း

မတတ်နိုင် ကြီးထွားစေတာ ဘုရားပဲတဲ့။

ဒါကြောင့် ကြီးထွားစေတဲ့ အရင်းအမြစ်၊ အသီးသီးစေတဲ့ အရင်းအမြစ် ဘုရားနဲ့ မှန်ကန်စွာအသက်ရှင်ရင် အချိန်တန်ရင် အသီးမသီးစရာလုံးဝကို မရှိဘူး။




Zawgyi

အခ်ိန္ တန္ရင္(၂)

ဆာလံ ၁:၃

မ်ိဳးေစ့မွန္မယ္၊ ေနရာမွန္မယ္ဆိုရင္ အသီး

မသီးစရာ ဘာအေၾကာင္းမွ မ႐ွိဘူး။ ျမစ္နားမွာ

စိုက္တဲ့ သစ္ပင္အေၾကာင္းကို ဒါဝိဒ္က ဆာလံ

က်မ္းမွာ စပ္ဆိုတာကေတာ့ ျမစ္နားမွာ စိုက္တဲ့

သစ္ပင္လို အ႐ြက္မညိဳးႏြမ္းပဲ အခ်ိန္တန္ရင္

အသီးသီးမယ္လို႔ ဆိုတယ္။


အခ်ိန္တန္လို႔ အသီးမသီးရင္

တေန႔ ေယ႐ွာက သေဘၤာသဖန္းပင္မွာ အသီး

မေတြ႕လို႔ ဒီေန႔ကေနစၿပီး မသီးေစနဲ႔လို႔ဆိုေတာ့

ေနာက္ေန႔မွာ သေဘၤာသဖန္းပင္က အျမစ္ကေန

ေသြ႕ေျခာက္ေနတာ ေတြ႕ရတယ္။ ဒီေန႔သင္ဟာ

တိုးတက္ရင္တိုးတက္၊ မတိုးတက္ရင္ ဆုတ္ယုတ္

မယ္။ ဒီႏွစ္ခုပဲ႐ွိတယ္ အျခားမ႐ွိဘူး။ အသီးသီး

တာေတြေတာ့ အခ်ိန္ မတူဘူး။ တခ်ိဳ႕က သီးတာ

ျမန္တယ္ ဒါေပမယ့္တခါစားပဲ။ ျမန္ျမန္သီးၿပီးရင္

ၿပီးသြားၿပီ။ ဒါေၾကာင့္ အရမ္းျမန္လို႔လည္း အားမက်နဲ႔

အခ်ိန္တန္မွ သီးတာ အေကာင္းဆုံးပဲ။ ဒါေၾကာင့္

သင့္ အခ်ိန္ေရာက္တဲ့အခါမွာေတာ့ သခင္ေမွ်ာ္

လင့္တဲ့အသီး သီးဖို႔ပဲလိုတယ္။


အခ်ိန္ တန္တဲ့အခါမွာ

ႀကီးထြားတဲ့ အဆုံးကေတာ့အသီးသီး

ျခင္းပဲ မဟုတ္လား။ ဝိညာဥ္ေရးရာ ႀကီးထြားျခင္း

မွာလည္း အၿမဲတမ္းဝိညာဥ္အသီးအပြင့္ေတြျမင္ရ

တယ္။ ဂလာတိ ၅ ကေတာ့ ဝိညာဥ္ အသီး

(၉) မ်ိဳး အေၾကာင္းေျပာတယ္။ ဒါဟာ ဘဝအသက္

တာထဲမွာ အခ်ိန္တန္ရင္ ႀကီးထြားရင့္က်က္တဲ့

သူတစ္ေယာက္အသက္တာမွာ ျမင္ကိုျမင္ရမယ့္

အရာပဲ။ ႀကီးထြားျခင္းကေတာ့ ဘယ္သူကမွ

လုပ္ယူ လို႔မရတဲ့ အရာပဲ။ ေပါလုကေတာ့ေျပာ

တယ္ ေရေလာင္းသူလည္း မတတ္ႏိုင္၊ စိုက္ပ်ိဳးသူလည္း

မတတ္ႏိုင္ ႀကီးထြားေစတာ ဘုရားပဲတဲ့။

ဒါေၾကာင့္ ႀကီးထြားေစတဲ့ အရင္းအျမစ္၊ အသီးသီးေစတဲ့ အရင္းအျမစ္ ဘုရားနဲ႔ မွန္ကန္စြာအသက္႐ွင္ရင္ အခ်ိန္တန္ရင္ အသီးမသီးစရာလုံးဝကို မ႐ွိဘူး။

0 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube