- Than Min Htike
အချိန် တန်လျှင်(၃)
လု ၁:၂၀
ယုံကြည်တာ မယုံကြည်တာက သင့်အပိုင်း
ပါ။ ဘုရားက လူတိုင်းကို လွတ်လပ်စွာရွေးချယ်
ခွင့်ပေးတယ်ဆိုပေမယ့် သင့်ရွေးချယ်မှုက သင့်အနာဂတ်ကို ဆုံးဖြတ်မယ်ဆိုတာတော့ မမေ့စေချင်ဘူး။
ယုံကြည်ခြင်းက အလုပ်နဲ့ မဆိုင်ဘူး
ယဇ်ပုရောဟိတ်ကြီးဇာခရိ ဗိမ္မာန်တော်
ထဲမှာ ကောင်းကင်တမန်ထင်ရှားပြီး ဘုရားစကား
ကိုပြောတယ်။ ကောင်းကင်တမန် ကိုယ်တိုင်
စကားပြောပေမယ့် သူက မယုံခဲ့ဘူး။ ဘယ်လောက်
ဝမ်းနည်းစရာ ကောင်းသလဲ။ တကယ်ဆို အမှုတော်
ဆောင်တစ်ယောက်ဖြစ်ပေမယ့် ဘုရားကို
မယုံနိုင်တာ အံ့သြစရာပဲ မဟုတ်လား။ မာရိက
တော့ သာမန်လူဖြစ်ပေမယ့် ဘုရားစကားကိုယုံ
ကြည်ပြီး သူ့အသက်တာမှာ ဝန်ခံခဲ့တယ်။
ယုံကြည်ခြင်းက အလုပ်နဲ့ မဆိုင်သလို ယောက်ျား
မိန်းမ ဖြစ်ခြင်းနဲ့လည်း လုံးဝကို မဆိုင်ဘူး။
အချိန်တန်ရင်ပြည့်စုံမယ်
ဇခရိ မယုံပေမယ့် ကောင်းကင်တမန်
ကတော့ ဒီလိုပြောတယ် မယုံပေမယ့် ဘုရားစကား
ကတော့ အချိန်တန်ရင် ပြည့်စုံမယ်လို့ဆိုတယ်။
ဒါပေမယ့် မယုံတဲ့အတွက် အဖိုးအခတော့ရှိတယ်။
ဇာခရိဟာ ဗိမ္မာန်တော်က ထွက်လာတဲ့အခါ စကား
အသွားတယ်။ သူ့သားရဲ့နာမည်ပေးတဲ့အထိပဲ။
ဘုရားစကားကို မယုံတဲ့ အတွက်အဖိုး
အခရှိသလို၊ ယုံကြည်ခြင်းကြောင့်ရတဲ့ ကောင်း
ကြီးလည်းရှိတယ်။ ဒါကြောင့် ဘုရားစကားအပေါ်
မှာ စိတ်ချပါ။ ဘုရားက ဖြစ်နိုင်တဲ့ အပေါ်မှာ
မပြောဘူး အလုပ်မလုပ်ဘူး။ အမြဲ ဘုရားက
ဖြစ်လာမယ့် အရာကိုပဲ ပြောတယ်။ ယုံကြည်
တဲ့ သူကတော့ အသက်တာမှာ ပြောစရာတွေ
သက်သေခံစရာတွေ ယုံကြည်ခြင်းနဲ့ ဝန်ခံစရာ
တွေ အများကြီးရှိမှာ ဖြစ်ပြီး မယုံရင်တော့ ပြောစရာ
ဘာမှရှိမှာ မဟုတ်ဘူး။

Zawgyi
အခ်ိန္ တန္လွ်င္(၃)
လု ၁:၂၀
ယုံၾကည္တာ မယုံၾကည္တာက သင့္အပိုင္း
ပါ။ ဘုရားက လူတိုင္းကို လြတ္လပ္စြာေ႐ြးခ်ယ္
ခြင့္ေပးတယ္ဆိုေပမယ့္ သင့္ေ႐ြးခ်ယ္မႈက သင့္အနာဂတ္ကို ဆုံးျဖတ္မယ္ဆိုတာေတာ့ မေမ့ေစခ်င္ဘူး။
ယုံၾကည္ျခင္းက အလုပ္နဲ႔ မဆိုင္ဘူး
ယဇ္ပုေရာဟိတ္ႀကီးဇာခရိ ဗိမၼာန္ေတာ္
ထဲမွာ ေကာင္းကင္တမန္ထင္႐ွားၿပီး ဘုရားစကား
ကိုေျပာတယ္။ ေကာင္းကင္တမန္ ကိုယ္တိုင္
စကားေျပာေပမယ့္ သူက မယုံခဲ့ဘူး။ ဘယ္ေလာက္
ဝမ္းနည္းစရာ ေကာင္းသလဲ။ တကယ္ဆို အမႈေတာ္
ေဆာင္တစ္ေယာက္ျဖစ္ေပမယ့္ ဘုရားကို
မယုံႏိုင္တာ အံ့ၾသစရာပဲ မဟုတ္လား။ မာရိက
ေတာ့ သာမန္လူျဖစ္ေပမယ့္ ဘုရားစကားကိုယုံ
ၾကည္ၿပီး သူ႕အသက္တာမွာ ဝန္ခံခဲ့တယ္။
ယုံၾကည္ျခင္းက အလုပ္နဲ႔ မဆိုင္သလို ေယာက်္ား
မိန္းမ ျဖစ္ျခင္းနဲ႔လည္း လုံးဝကို မဆိုင္ဘူး။
အခ်ိန္တန္ရင္ျပည့္စုံမယ္
ဇခရိ မယုံေပမယ့္ ေကာင္းကင္တမန္
ကေတာ့ ဒီလိုေျပာတယ္ မယုံေပမယ့္ ဘုရားစကား
ကေတာ့ အခ်ိန္တန္ရင္ ျပည့္စုံမယ္လို႔ဆိုတယ္။
ဒါေပမယ့္ မယုံတဲ့အတြက္ အဖိုးအခေတာ့႐ွိတယ္။
ဇာခရိဟာ ဗိမၼာန္ေတာ္က ထြက္လာတဲ့အခါ စကား
အသြားတယ္။ သူ႕သားရဲ႕နာမည္ေပးတဲ့အထိပဲ။
ဘုရားစကားကို မယုံတဲ့ အတြက္အဖိုး
အခ႐ွိသလို၊ ယုံၾကည္ျခင္းေၾကာင့္ရတဲ့ ေကာင္း
ႀကီးလည္း႐ွိတယ္။ ဒါေၾကာင့္ ဘုရားစကားအေပၚ
မွာ စိတ္ခ်ပါ။ ဘုရားက ျဖစ္ႏိုင္တဲ့ အေပၚမွာ
မေျပာဘူး အလုပ္မလုပ္ဘူး။ အၿမဲ ဘုရားက
ျဖစ္လာမယ့္ အရာကိုပဲ ေျပာတယ္။ ယုံၾကည္
တဲ့ သူကေတာ့ အသက္တာမွာ ေျပာစရာေတြ
သက္ေသခံစရာေတြ ယုံၾကည္ျခင္းနဲ႔ ဝန္ခံစရာ
ေတြ အမ်ားႀကီး႐ွိမွာ ျဖစ္ၿပီး မယုံရင္ေတာ့ ေျပာစရာ
ဘာမွ႐ွိမွာ မဟုတ္ဘူး။