Search
  • Than Min Htike

အချိန်တိုင်း ယေရှုကိုလိုတယ်

၁။ ဝမ်းနည်းချိန်လည်း (မာကု၅:၂၂)

ယာဣရုဆိုတဲ့တရားစရပ်မှူးဟာ သူ့သမီးနောက်ဆုံးအချိန်မှာ ထိုင်ပြီးသေတာကိုစောင့်နေမယ့်အစားယေရှုဆီကို ရောက်အောင်သွားတယ်။ ယေရှုအရှေ့မှာပြပ်ဝပ်လိုက်ပြီး သူ့အိမ်ကိုကြွလာဖို့ခေါ်ဖိတ်တယ်။ ယေရှုက နှလုံးသားနဲ့ခေါ်ဖိတ်တဲ့ ဘယ်နေရာ ဘယ်လူမျိုးဆီကိုမဆိုကြွရောက်ပါတယ်။ သင်ခေါ်ဖိတ်တဲ့

အရပ်တိုင်းမှာ ယေရှုရဲ့ အတူရှိခြင်းကိုခံစားမှာပါ။ သူ့အိမ်လည်းရောက်ရော သူ့သမီးဟာလောကကြီးကိုကျောခိုင်းသွားပြီဖြစ်တယ်။ လူတွေဟာလည်း ဝမ်းနည်းစွာငိုကြွေးနေကြတာပေါ။ ယေရှုအလာကောင်းပေမယ့်အခါနှောင်းပြီလို့ ထင်စရာရှိပေမယ့် ဝမ်းနည်းချိန် မျှော်လင့်စရာမဲ့တဲ့ အချိန်မှာ ယေရှုရောက်လာတဲ့အခါမှာတော့အသုဘ အစီအစဉ်ကနေ ကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ်သို့တမဟုတ်ချင်း ပြောင်းသွားလေရဲ့။ ယေရှုကို ခေါ်ဖိတ်ရင် နောက်ကျတယ်ဆိုတာ မရှိဘူး တစ်ခုပဲအစီအစဉ်ပြောင်းချင်ဖို့တော့လိုတယ်။

သင့်ရဲ့နှစ်သိမ့်မှုအစည်းအဝေးကနေ ကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ်ပြောင်းဖို့ ယေရှုကိုခေါ်ဖိတ် နေရာပေးလိုက်ပါ အခုပင်။


၂။ ဝမ်းမြောက်ချိန်မှာလည်း (ယောဟန် ၂)

ကာနမြို့ကင်္ဂလာဆောင်အကြောင်းသင်ကြားဖူးလိမ့်မယ်။ ဝမ်းမြောက်ရွှင်လန်းခြင်းအစီအစဉ်မှာယေရှုကို ခေါ်ဖိတ်ထားတာ အကျိုးရှိခဲ့တယ်။ လောကမှာပျော်ရွှင်ခြင်းဆိုတာ ဘယ်အချိန်ပျောက်မလည်းအာမခံချက်မရှိဘူး။ မင်္ဂလာဆောင်ပွဲတောင်မပြီးသေးဘူးဝမ်းနည်းစရာက ဝင်လာပါရော။ စပျစ်ရည်ကုန်သွားလို့တဲ့။ ဒီပြဿနာဟာ ဘယ်လောက်တောင်အရှက်ကွဲစရာလည်း၊ လူတွေရဲ့ အကောင်းဆုံးပြင်ဆင်မူဟာ အကောင်းဆုံးဖြစ်ဖို့ အာမ မခံဘူး။ ဒါပေမယ့်ယေရှုရှိနေတဲ့အတွက် အရှက်ကွဲရမယ့်အစား ပိုဝမ်းမြောက်စရာဖြစ်လာခဲ့ရပြီး တခြားမင်္ဂလာဆောင်တွေနဲ့ ခြားနားခဲ့ရတယ်။ ယေရှုကို အချိန်တိုင်းလိုအပ်တယ်။ နေရာတိုင်းမှာ လိုအပ်တယ်။ သူသာ သင့်ဘဝ ကိုအကောင်းဆုံးမစ ပို့ဆောင်နိုင်သူပါ။

သင့်ရဲ့ဝမ်းမြောက်ခြင်းနေရာမှာ ပိုဝမ်းမြောက်ခြင်း

ထပ်ဆင့်ခံစားဖို ယေရှုကိုနေရာပေးလိုက်ပါ အခုပဲ။



Zawgyi

အခ်ိန္တိုင္း ေယ႐ႈကိုလိုတယ္


၁။ ဝမ္းနည္းခ်ိန္လည္း (မာကု၅:၂၂)

ယာဣ႐ုဆိုတဲ့တရားစရပ္မႉးဟာ သူ႕သမီးေနာက္ဆုံးအခ်ိန္မွာ ထိုင္ၿပီးေသတာကိုေစာင့္ေနမယ့္အစားေယ႐ႈဆီကို ေရာက္ေအာင္သြားတယ္။ ေယ႐ႈအေ႐ွ႕မွာျပပ္ဝပ္လိုက္ၿပီး သူ႕အိမ္ကိုႂကြလာဖို႔ေခၚဖိတ္တယ္။ ေယ႐ႈက ႏွလုံးသားနဲ႔ေခၚဖိတ္တဲ့ ဘယ္ေနရာ ဘယ္လူမ်ိဳးဆီကိုမဆိုႂကြေရာက္ပါတယ္။ သင္ေခၚဖိတ္တဲ့

အရပ္တိုင္းမွာ ေယ႐ႈရဲ႕ အတူ႐ွိျခင္းကိုခံစားမွာပါ။ သူ႕အိမ္လည္းေရာက္ေရာ သူ႕သမီးဟာေလာကႀကီးကိုေက်ာခိုင္းသြားၿပီျဖစ္တယ္။ လူေတြဟာလည္း ဝမ္းနည္းစြာငိုေႂကြးေနၾကတာေပါ။ ေယ႐ႈအလာေကာင္းေပမယ့္အခါေႏွာင္းၿပီလို႔ ထင္စရာ႐ွိေပမယ့္ ဝမ္းနည္းခ်ိန္ ေမွ်ာ္လင့္စရာမဲ့တဲ့ အခ်ိန္မွာ ေယ႐ႈေရာက္လာတဲ့အခါမွာေတာ့အသုဘ အစီအစဥ္ကေန ေက်းဇူးေတာ္ခ်ီးမြမ္းျခင္းအစီအစဥ္သို႔တမဟုတ္ခ်င္း ေျပာင္းသြားေလရဲ႕။ ေယ႐ႈကို ေခၚဖိတ္ရင္ ေနာက္က်တယ္ဆိုတာ မ႐ွိဘူး တစ္ခုပဲအစီအစဥ္ေျပာင္းခ်င္ဖို႔ေတာ့လိုတယ္။

သင့္ရဲ႕ႏွစ္သိမ့္မႈအစည္းအေဝးကေန ေက်းဇူးေတာ္ခ်ီးမြမ္းျခင္းအစီအစဥ္ေျပာင္းဖို႔ ေယ႐ႈကိုေခၚဖိတ္ ေနရာေပးလိုက္ပါ အခုပင္။


၂။ ဝမ္းေျမာက္ခ်ိန္မွာလည္း (ေယာဟန္ ၂)

ကာနၿမိဳ႕ကဂၤလာေဆာင္အေၾကာင္းသင္ၾကားဖူးလိမ့္မယ္။ ဝမ္းေျမာက္႐ႊင္လန္းျခင္းအစီအစဥ္မွာေယ႐ႈကို ေခၚဖိတ္ထားတာ အက်ိဳး႐ွိခဲ့တယ္။ ေလာကမွာေပ်ာ္႐ႊင္ျခင္းဆိုတာ ဘယ္အခ်ိန္ေပ်ာက္မလည္းအာမခံခ်က္မ႐ွိဘူး။ မဂၤလာေဆာင္ပြဲေတာင္မၿပီးေသးဘူးဝမ္းနည္းစရာက ဝင္လာပါေရာ။ စပ်စ္ရည္ကုန္သြားလို႔တဲ့။ ဒီျပႆနာဟာ ဘယ္ေလာက္ေတာင္အ႐ွက္ကြဲစရာလည္း၊ လူေတြရဲ႕ အေကာင္းဆုံးျပင္ဆင္မူဟာ အေကာင္းဆုံးျဖစ္ဖို႔ အာမ မခံဘူး။ ဒါေပမယ့္ေယ႐ႈ႐ွိေနတဲ့အတြက္ အ႐ွက္ကြဲရမယ့္အစား ပိုဝမ္းေျမာက္စရာျဖစ္လာခဲ့ရၿပီး တျခားမဂၤလာေဆာင္ေတြနဲ႔ ျခားနားခဲ့ရတယ္။ ေယ႐ႈကို အခ်ိန္တိုင္းလိုအပ္တယ္။ ေနရာတိုင္းမွာ လိုအပ္တယ္။ သူသာ သင့္ဘဝ ကိုအေကာင္းဆုံးမစ ပို႔ေဆာင္ႏိုင္သူပါ။

သင့္ရဲ႕ဝမ္းေျမာက္ျခင္းေနရာမွာ ပိုဝမ္းေျမာက္ျခင္း

ထပ္ဆင့္ခံစားဖို ေယ႐ႈကိုေနရာေပးလိုက္ပါ အခုပဲ။


1 view0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube