Search
  • Than Min Htike

အခြေအနေတွေရဲ့အထက်

၁၊ ဘာမှမရှိသော်လည်း ကိုယ်တော်ရှိနေတာပဲ

ဟဗက္ကုတ်၃:၁၇-၁၈

ပရောဖက်ဟဗက္ကုတ်ရဲ့ လက်ရှိအခြေအနေဟာ အရာရာ အဆိုးဆုံးကို ညွှန်ပြ နေတယ်ဆိုတာငြင်းစရာ မရှိလောက်အောင်ပါပဲ။ သင်္ဘောသဖန်းပင်မှာ အသီးမပြောနဲ့အပွင့်တောင်မရှ်ိသေးဘူး။ စပျစ်ပင်နဲ့သံလွင်ပင်၌လည်းမျှော်လင့်စရာဘာတစ်ခုမှမရှိသေးဘူး။ လယ်တို့သည် အသီးအနှံကို မပေးပဲ သိုးနွားတွေလည်း ရှိကိုမရှိတဲ့အခြေအနေကိုရောက် နေတဲ့အချ်ိန်ပါ။ လူတိုင်းဒီအခြေအနေကို ကြုံဖူးကြတယ်မဟုတ်လား။ မိသားစုရှ်ိတဲ့ သူဆိုဒီအခြေအနေမျိုးဘယ်လောက်တောင်ခက်ခဲမလဲ။ မြင်မြင်သမျှသုည ပြနေမှတော့ ဘယ်သူကများ တက်ကြွနေနိုင်အုံးမှာလဲ။ ဒီပရောဖက်ကြီးက သူ့ရေးတဲ့ကျမ်းစာအစကတည်းကလည်း စိတ်ဓါတ်ကျစရာ နားမလည်နိုင်စရာတွေ အပြည့်နဲ့ဘုရားကိုမေးခွန်းထုတ်နေမိတဲ့သူပါ။ ဒါက်ိုဒီလိုအခြေအနေကြုံရတော့ နလံမထူနိုင်လောက်ဘူးလို့သင်ထင်ရင်တော့ မှားသွားမယ်။ အခြေ အနေတွေ အတော်ပင်ဆိုးရွားနေ‌ပေမယ့်သူက ဒီလိုပြောတယ် ငါဘုရား၌ဝမ်းမြောက်မယ်။ ဘုရားကိုအမှီပြုပြီးရွှင်လန်းမယ်တဲ့။ သူ့ဘဝမှာ ဘာမှ မရှိပေမယ့် ဘုရားရှိသေးတာပဲဆိုပြီးအခြေအနေတွေအောက်မှာ အညံမခံပဲ ဘုရားနဲ့အတူရင်ဆိုင်ဖို့ စိန်ခေါ်လိုက်ခြင်းပါပဲ။ သင့်မှာ ကျန်တာဘာမှ မရှိတာ ဟုတ်ချင်ဟုတ်မယ် လူတွေက သင့်ဆီကအကုန်ယူသွားတာလည်းဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် စိတ်ဓါတ်မကျနဲ့ ဘုရားသင်နဲ့အတူရှိသေးတယ်။ဝမ်းမြောက်ပါ။


၂၊ ဘာမှမရှိသော်လည်း ကိုယ်တော်ကောင်းကြီးပေးမယ်။ ဟဂ္ဂဲ၂:၁၉

ပရောဖက်ဟဂ္ဂဲရဲ့အချ်ိန်ကာလမှာလည်း ဒီလိုအခြေအနေမျိုး ရင်ဆိုင်ရပါတယ်။ စပါးကျီမှာစပါးမရှိ၊ စပျစ်ပင်နဲ့သံလွင်ပင်က အသီးမသီးပဲ အရာရာသုညပြတဲ့အခြေအနေနဲ့ရင် ဆိုင်ရပါတယ်။ ဆိုးရွားမှုတွေက နေရာတိုင်းအခြေအနေတိုင်းက်ို လွှမ်းမိုးထားပေမယ့်ဘုရားကပြောတယ်။ အဲ့ဒီအရာဟာ အဆုံးမဟုတ်ဘူး။ ယနေ့မှစပြီး ငါကောင်းကြီးပေးမယ်တဲ့။ ဆိုးရွားမှုတွေကြားထဲမှာ ကိုယ်တော်သာ ကောင်းကြီးပေးရင် တ်ိုးပွားမှု

တွေနဲ့ပြည့်နှက်လာမယ်မဟုတ်ဘူးလား။ ဒါကြောင့်အခြေအနေကတော့ပြောင်းလဲတတ် ပေမယ့် မပြောင်းမလဲ တည်မြဲတဲ့ ဘုရား ရှိနေ ကောင်းကြီးပေးနေရင်

အရာရာကိုရင်ဆိုင်အောင်မြင်အုံးမှာ သေချာတယ်။



Zawgyi

အေျခအေနေတြရဲ႕အထက္


၁၊ ဘာမွမ႐ွိေသာ္လည္း ကိုယ္ေတာ္႐ွိေနတာပဲ

ဟဗကၠဳတ္၃:၁၇-၁၈

ပေရာဖက္ဟဗကၠဳတ္ရဲ႕ လက္႐ွိအေျခအေနဟာ အရာရာ အဆိုးဆုံးကို ၫႊန္ျပ ေနတယ္ဆိုတာျငင္းစရာ မ႐ွိေလာက္ေအာင္ပါပဲ။ သေဘၤာသဖန္းပင္မွာ အသီးမေျပာနဲ႔အပြင့္ေတာင္မ႐ွ္ိေသးဘူး။ စပ်စ္ပင္နဲ႔သံလြင္ပင္၌လည္းေမွ်ာ္လင့္စရာဘာတစ္ခုမွမ႐ွိေသးဘူး။ လယ္တို႔သည္ အသီးအႏွံကို မေပးပဲ သိုးႏြားေတြလည္း ႐ွိကိုမ႐ွိတဲ့အေျခအေနကိုေရာက္ ေနတဲ့အခ်္ိန္ပါ။ လူတိုင္းဒီအေျခအေနကို ၾကဳံဖူးၾကတယ္မဟုတ္လား။ မိသားစု႐ွ္ိတဲ့ သူဆိုဒီအေျခအေနမ်ိဳးဘယ္ေလာက္ေတာင္ခက္ခဲမလဲ။ ျမင္ျမင္သမွ်သုည ျပေနမွေတာ့ ဘယ္သူကမ်ား တက္ႂကြေနႏိုင္အုံးမွာလဲ။ ဒီပေရာဖက္ႀကီးက သူ႕ေရးတဲ့က်မ္းစာအစကတည္းကလည္း စိတ္ဓါတ္က်စရာ နားမလည္ႏိုင္စရာေတြ အျပည့္နဲ႔ဘုရားကိုေမးခြန္းထုတ္ေနမိတဲ့သူပါ။ ဒါက္ိဳဒီလိုအေျခအေနၾကဳံရေတာ့ နလံမထူႏိုင္ေလာက္ဘူးလို႔သင္ထင္ရင္ေတာ့ မွားသြားမယ္။ အေျခ အေနေတြ အေတာ္ပင္ဆိုး႐ြားေန‌ေပမယ့္သူက ဒီလိုေျပာတယ္ ငါဘုရား၌ဝမ္းေျမာက္မယ္။ ဘုရားကိုအမွီျပဳၿပီး႐ႊင္လန္းမယ္တဲ့။ သူ႕ဘဝမွာ ဘာမွ မ႐ွိေပမယ့္ ဘုရား႐ွိေသးတာပဲဆိုၿပီးအေျခအေနေတြေအာက္မွာ အညံမခံပဲ ဘုရားနဲ႔အတူရင္ဆိုင္ဖို႔ စိန္ေခၚလိုက္ျခင္းပါပဲ။ သင့္မွာ က်န္တာဘာမွ မ႐ွိတာ ဟုတ္ခ်င္ဟုတ္မယ္ လူေတြက သင့္ဆီကအကုန္ယူသြားတာလည္းျဖစ္ခ်င္ျဖစ္မယ္ ဒါေပမယ့္ စိတ္ဓါတ္မက်နဲ႔ ဘုရားသင္နဲ႔အတူ႐ွိေသးတယ္။ဝမ္းေျမာက္ပါ။


၂၊ ဘာမွမ႐ွိေသာ္လည္း ကိုယ္ေတာ္ေကာင္းႀကီးေပးမယ္။ ဟဂၢဲ၂:၁၉

ပေရာဖက္ဟဂၢဲရဲ႕အခ်္ိန္ကာလမွာလည္း ဒီလိုအေျခအေနမ်ိဳး ရင္ဆိုင္ရပါတယ္။ စပါးက်ီမွာစပါးမ႐ွိ၊ စပ်စ္ပင္နဲ႔သံလြင္ပင္က အသီးမသီးပဲ အရာရာသုညျပတဲ့အေျခအေနနဲ႔ရင္ ဆိုင္ရပါတယ္။ ဆိုး႐ြားမႈေတြက ေနရာတိုင္းအေျခအေနတိုင္းက္ိဳ လႊမ္းမိုးထားေပမယ့္ဘုရားကေျပာတယ္။ အဲ့ဒီအရာဟာ အဆုံးမဟုတ္ဘူး။ ယေန႔မွစၿပီး ငါေကာင္းႀကီးေပးမယ္တဲ့။ ဆိုး႐ြားမႈေတြၾကားထဲမွာ ကိုယ္ေတာ္သာ ေကာင္းႀကီးေပးရင္ တ္ိဳးပြားမႈ

ေတြနဲ႔ျပည့္ႏွက္လာမယ္မဟုတ္ဘူးလား။ ဒါေၾကာင့္အေျခအေနကေတာ့ေျပာင္းလဲတတ္ ေပမယ့္ မေျပာင္းမလဲ တည္ၿမဲတဲ့ ဘုရား ႐ွိေန ေကာင္းႀကီးေပးေနရင္

အရာရာကိုရင္ဆိုင္ေအာင္ျမင္အုံးမွာ ေသခ်ာတယ္။


3 views0 comments