Search
  • Than Min Htike
အဆင်းလူကို ဦးစားပေးလိုက်ပါ
၁။ အဆင်းလူ
တောင်အတက်ထက်အဆင်းက ပိုလွယ်ပါတယ်။ ဘာမှ အားစိုက်ထုတ်စရာမလိုသလို ရုန်းကန်စရာလည်း မလိုပါဘူး။ တခါတရံဘဝမှာ သင်အတက်ဘက်ကိုဦးတည်နေလား အဆင်းဘက်ကိုဦးတည်နေလားဆိုတာ သင့်ဘဝဟာအားစိုက်ထုတ်ပြီး တစုံတခု
အတွက် ရုန်းကန်နေရလား ဒါမှမဟုတ် ဘာမှ အားစိုက်ထုတ်စရာမလိုပဲ လွယ်လွယ်နဲ့ ဘဝကိုအသက်ရှင်ပြီးတော့ ရေစုန်မျောနေတာလား။ ဘဝကို ရုန်းကန်စရာမလိုပဲ အလွယ်လမ်းလိုက်တဲ့သူတွေရဲ့ဦးတည်ရာက အနိမ့်ဘက်ဆိုတာကို သတိထားမိဖို့လိုတယ်။
၂။ အတက်လူ
အတက်ကိုဦးတည်တဲ့ လူအတွက်ကတော့ အရာရာကိုအားစိုက်ထုတ်နေရတဲ့အချိန်ပေါ့။ ဒီအချ်ိန်မျိုးက အဆင်းလိုမျိုး အရှိန်ရှိချင်မှရှိမယ်။ အချိန်ယူပြီး မောင်းနှင်နေရတာ မျိုးပေါ့။ ဒါ‌ပေမယ့် သိဖို့က အချိန်တစ်ခုရောက်ရင်တော့ ထိပ်ဆုံးမှာရပ် တည်နိုင်တာမျိုးပါ။ ကျွန်တော်အရင်ကစဉ်းစားဖူးတယ်၊ သူများတွေဘဝကို လွယ်လွယ် ဖြတ်ကျော်နေချိန်မှာ ငါကျတော့ဘာကြောင့် ခက်ခဲနေရတာလည်းပေါ့။ တကယ်တော့အမြင့်ကိုတက်လှမ်းနေရလို့ပါ။ ကြာလေသိလာတာက အနိမ့်က မမြင်ရတဲ့ ရှုခင်းတာတွေ၊ အေးမြမှုတွေကို ထူးကဲစွာခံစားလာရတာပါပဲ။ သင်ဟာဒီနေ့ခက်ခဲမှုတွေနဲ့ရုန်းကန်နေရတယ်ဆိုရင် စိတ်မပျက်ပါနဲ့သင်ဟာ အတက်ဘက်က်ို ဦးတည်နေတယ်ဆိုတာပါပဲ။
၃။ ဦးစားပေးလိုက်ပါ
တောင်တက်တောင်ဆင်းကားလမ်းတွေမှာ သတိပေးဆိုင်း ဘုတ်ရေးထားတာကတော့ အတက်ကားကိုဦးစားပေးပါတဲ့။ အ ပေါ်ကိုတက်ဖို့ပိုပြီးရုန်းကန်ရတာမို့ အရှိန်လိုပါတယ်။ ဒါကြောင့်
အဆင်းကားတွေက နားလည်ပေးပြီး စောင့်ပေးစေချင်တာပါ။ ဝိညာဉ်ရေးရာမှာလည်း တကယ်တော့တဖက်လူက်ိုဦးစားပေးတတ်ဖို့လိုပါတယ်။ တခါတရံ အသက်တာမှာ ဦးတည်ရာမတူတဲ့ သူတွေဟာထိပ်တိုက်တွေ့တတ်ပါတယ်။ အဲ့ဒီအခါမှာ တစ်ယောက်က အဆင်းဘက်ကို ဦးတည်ပြီးတော့တစ်ယောက်ကတော့ အမြင့်ကိုဦးတည်နေတဲ့သူတွေပါ။ တကယ်ကို ထိပ်တိုက်တွေ့ ကြပြီဆိုရင်တစ်ယောက်ရောက်တော့ အလျော့ပေးဖို့လိုပါတယ်။ ကျွန် တော် အကြံပေးချင်တာကတော့အမြင့်ဘက်ကိုဦးတည်နေတဲ့သူကပဲ ရင့်ကျက်စွာနဲ့ လမ်းဖယ်ပေးဖို့ပါ။ အဆင်းဘက်ကို ဦးတည်တဲ့သူက ဘာကိုမှဂရုစိုက်မှာမဟုတ်ပါဘူး အကုန်တိုက်ချသွားမှာပါ။ တကယ်လို့ ထိခိုက်မိရင်လည်းအတတ်ဘက်ကို ဦးတည်တဲ့
သူကပဲရှုံးမှာ။ အဆင်းလူက သူ့မှာ ဘာအနာဂတ်မှမရှိတော့သလို ဘာနစ်နာစရာမှ မရှိတော့လို့ပါပဲ။အနာဂတ်ရှိတဲ့ သူကပဲ ရှောင်လိုက်တာ ပိုကောင်းပါတယ်။
Zawgyi
၁။ အဆင်းလူ
၂။ အတက်လူ
၃။ ဦးစားပေးလိုက်ပါ
0 views0 comments
© 2020 by Miracle Makers Proudly created with abundantlife
  • Facebook
  • YouTube