- Than Min Htike
အဆိုးဆုံးအခြေအနေမှာ အကောင်းဆုံးနိမိတ်လက္ခဏာဖြစ်နိုင်တယ်
“အခြားသောသူမည်သည်ကား၊ ရှေ့ဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့်၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကို ထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟုဆို၏။-”(ယောဟန် ၂:၁၀)
အခြေအနေကောင်းတွေကိုဘဝမှာတွေ့ရခဲပါတယ်။ ရာနှုန်းပြည့်ကျေနပ်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ မွေးခဲ့ရတဲ့ သူရှားပါတယ်။ ပိုက်ဆံရှိတဲ့မိသားစုပဲဖြစ်ဖြစ်၊ မရှိတဲ့ မိသားစုပဲဖြစ်ဖြစ် ကျေနပ်ခြင်းအပြည့်ပေးနိုင်ဖို့ မလွယ်ပါဘူး။ ပိုက်ဆံရှိတဲ့သားသမီးတွေကလည်း ပိုက်ဆံရဖို့ လုံးပမ်းနေတဲ့ အဖေနဲ့တွေ့ခွင့်မရလို့ စိတ်ပျက်နေသလို၊ ပိုက်ဆံမရှိရှာတဲ့ သားသမီးတွေလည်း အဖေဟာ သူတို့လိုအပ်တဲ့ပိုက်ဆံမပေးနိုင်လို့စိတ်ပျက်ငြီးငြူနေပါတယ်။ သင့်လက်ရှိအခြေ အနေဘယ်လိုကြုံကြုံ အခြေအနေပေါ်မှာပဲ ကြည့်ပြီး အား ငယ်စိတ်ပျက်ဖို့လုံးဝမဟုတ်ဘူးဆိုတာ သိဖို့လိုတယ်။
၁။ အခြေအနေမကောင်းဆုံးမှာ အကောင်းဆုံးထွက်
ကာနမြို့မင်္ဂလာဆောင် အားလုံးသိကြပါတယ်။ မင်္ဂလာရှိတဲ့အခြေအနေဟာစပျစ်ရည်ကုန်လို့အခြေအနေရုတ်တ ရက် ပြောင်းကုန်ပါတယ်။ တကယ်တော့ တသက်လုံး အရှက် ကွဲပြီးအဖတ်ဆယ်လို့မရအောင်ဖြစ်ရမယ့်ကိစ္စပါ။ ဒါပေမယ့် ဒီအခြေအနေမှာ အခြေအနေဆိုးတွေကိုမကြည့်ပဲ ရှိနေတဲ့ယေရှုဆီ ပြေးလာတဲ့အမျိုးသမီးတစ်ယောက်ရှိခဲ့တယ်၊ သူက မာရိပဲ။ တခါတလေ ယေရှုမရှိတာမဟုတ်ဘူး လူတွေဟာ အခြေအနေဆိုးရင် ယေရှုကိုအားကိုးဖို့မေ့ကြသလို တခါတလေ စပျစ်ရည်နဲ့ယေရှုဘာဆိုင်လဲလို့ တွေးတတ်ကြတယ်။ မင်္ဂလာဆောင်မှာအရှက်ကွဲမယ့်ကိစ္စလည်း ဘုရားနဲ့ဆိုင်တယ် ဘုရားလုပ်ပေးတယ်။ မကောင်းဆုံးအခြေအနေမှာအကောင်း ဆုံးစပျစ်ရည်ဖြစ်ဖို့ အကြောင်းဖန်လာတယ်။ အကောင်းဆုံးစပျစ်ရည်ဟာ မကောင်းဆုံးအခြေအနေမှာ ယေရှုလုပ်ခဲ့တာဆိုရင် လက်ရှိသင့်ဘဝ ရဲ့ မကောင်းတဲ့အခြေအနေကို ဘာကြောင့်စိတ်ပျက်နေအုံးမှာလည်းအကောင်းဆုံးထွက်ပေါ်လာမယ်လို့ မျှော်လင့်လိုက်စမ်းပါ။ ဒီလိုပဲ ကောင်းတာ မထွက်ဖူးတဲ့မြို့ကအကောင်းဆုံးပေါ်ထွက်ဖို့နာဇရက်မြို့မှာနေဖို့ယေရှုကရွေးပြန်တယ်။ ဒါဆို စဉ်းစားကြည့် မကောင်းတဲ့အခြေ အနေနေရာ၊ အဖြစ်ပျက်တွေဟာ မကောင်းတာဖြစ်ဖို့မှမဟုတ်တာ အကောင်းဆုံးတွေ ဖြစ်လာဖို့ပဲဆိုတာ သက်သေအပေါင်း ဝန်းရံနေတာပဲမဟုတ်ဘူးလား။ ဒါဆို ဘာကြောင့်စိတ်ပျက်အားငယ် နေအုံးမှာလည်း အကောင်းဆုံးသောအရာတွေအတွက် အသင့်ပြင်လိုက်စမ်းပါ။ ဒီသတင်းစကားကိုသင့်အတွက် ဘုရားပြောခိုင်းတယ် ။

Zawgyi
အဆိုးဆုံးအေျခအေနမွာ အေကာင္းဆုံးနိမိတ္လကၡဏာျဖစ္ႏိုင္တယ္
“အျခားေသာသူမည္သည္ကား၊ ေ႐ွ႕ဦးစြာ ေကာင္းေသာစပ်စ္ရည္ကို ထည့္၍ ဝစြာေသာက္ၾကၿပီးမွ ညံ့ေသာစပ်စ္ရည္ကို ထည့္ေလ့႐ွိ၏။ သင္မူကား၊ ေကာင္းေသာစပ်စ္ရည္ကို ယခုတိုင္ေအာင္ သိုထားၿပီဟုဆို၏။-”(ေယာဟန္ ၂:၁၀)
အေျခအေနေကာင္းေတြကိုဘဝမွာေတြ႕ရခဲပါတယ္။ ရာႏႈန္းျပည့္ေက်နပ္ေကာင္းမြန္တဲ့ ပတ္ဝန္းက်င္မွာ ေမြးခဲ့ရတဲ့ သူ႐ွားပါတယ္။ ပိုက္ဆံ႐ွိတဲ့မိသားစုပဲျဖစ္ျဖစ္၊ မ႐ွိတဲ့ မိသားစုပဲျဖစ္ျဖစ္ ေက်နပ္ျခင္းအျပည့္ေပးႏိုင္ဖို႔ မလြယ္ပါဘူး။ ပိုက္ဆံ႐ွိတဲ့သားသမီးေတြကလည္း ပိုက္ဆံရဖို႔ လုံးပမ္းေနတဲ့ အေဖနဲ႔ေတြ႕ခြင့္မရလို႔ စိတ္ပ်က္ေနသလို၊ ပိုက္ဆံမ႐ွိ႐ွာတဲ့ သားသမီးေတြလည္း အေဖဟာ သူတို႔လိုအပ္တဲ့ပိုက္ဆံမေပးႏိုင္လို႔စိတ္ပ်က္ၿငီးျငဴေနပါတယ္။ သင့္လက္႐ွိအေျခ အေနဘယ္လိုၾကဳံၾကဳံ အေျခအေနေပၚမွာပဲ ၾကည့္ၿပီး အား ငယ္စိတ္ပ်က္ဖို႔လုံးဝမဟုတ္ဘူးဆိုတာ သိဖို႔လိုတယ္။
၁။ အေျခအေနမေကာင္းဆုံးမွာ အေကာင္းဆုံးထြက္
ကာနၿမိဳ႕မဂၤလာေဆာင္ အားလုံးသိၾကပါတယ္။ မဂၤလာ႐ွိတဲ့အေျခအေနဟာစပ်စ္ရည္ကုန္လို႔အေျခအေန႐ုတ္တ ရက္ ေျပာင္းကုန္ပါတယ္။ တကယ္ေတာ့ တသက္လုံး အ႐ွက္ ကြဲၿပီးအဖတ္ဆယ္လို႔မရေအာင္ျဖစ္ရမယ့္ကိစၥပါ။ ဒါေပမယ့္ ဒီအေျခအေနမွာ အေျခအေနဆိုးေတြကိုမၾကည့္ပဲ ႐ွိေနတဲ့ေယ႐ႈဆီ ေျပးလာတဲ့အမ်ိဳးသမီးတစ္ေယာက္႐ွိခဲ့တယ္၊ သူက မာရိပဲ။ တခါတေလ ေယ႐ႈမ႐ွိတာမဟုတ္ဘူး လူေတြဟာ အေျခအေနဆိုးရင္ ေယ႐ႈကိုအားကိုးဖို႔ေမ့ၾကသလို တခါတေလ စပ်စ္ရည္နဲ႔ေယ႐ႈဘာဆိုင္လဲလို႔ ေတြးတတ္ၾကတယ္။ မဂၤလာေဆာင္မွာအ႐ွက္ကြဲမယ့္ကိစၥလည္း ဘုရားနဲ႔ဆိုင္တယ္ ဘုရားလုပ္ေပးတယ္။ မေကာင္းဆုံးအေျခအေနမွာအေကာင္း ဆုံးစပ်စ္ရည္ျဖစ္ဖို႔ အေၾကာင္းဖန္လာတယ္။ အေကာင္းဆုံးစပ်စ္ရည္ဟာ မေကာင္းဆုံးအေျခအေနမွာ ေယ႐ႈလုပ္ခဲ့တာဆိုရင္ လက္႐ွိသင့္ဘဝ ရဲ႕ မေကာင္းတဲ့အေျခအေနကို ဘာေၾကာင့္စိတ္ပ်က္ေနအုံးမွာလည္းအေကာင္းဆုံးထြက္ေပၚလာမယ္လို႔ ေမွ်ာ္လင့္လိုက္စမ္းပါ။ ဒီလိုပဲ ေကာင္းတာ မထြက္ဖူးတဲ့ၿမိဳ႕ကအေကာင္းဆုံးေပၚထြက္ဖို႔နာဇရက္ၿမိဳ႕မွာေနဖို႔ေယ႐ႈကေ႐ြးျပန္တယ္။ ဒါဆို စဥ္းစားၾကည့္ မေကာင္းတဲ့အေျခ အေနေနရာ၊ အျဖစ္ပ်က္ေတြဟာ မေကာင္းတာျဖစ္ဖို႔မွမဟုတ္တာ အေကာင္းဆုံးေတြ ျဖစ္လာဖို႔ပဲဆိုတာ သက္ေသအေပါင္း ဝန္းရံေနတာပဲမဟုတ္ဘူးလား။ ဒါဆို ဘာေၾကာင့္စိတ္ပ်က္အားငယ္ ေနအုံးမွာလည္း အေကာင္းဆုံးေသာအရာေတြအတြက္ အသင့္ျပင္လိုက္စမ္းပါ။ ဒီသတင္းစကားကိုသင့္အတြက္ ဘုရားေျပာခိုင္းတယ္ ။