Search
  • Than Min Htike

အတွေးအခေါ်အမှန်နှင့်အမှား



“သူ​သည် စိတ်​ထင်​သည်​အ​တိုင်း​ဖြစ်၏။”( သုတ္တံ ၂၃:၇)


သင့်ရဲ့တန်ဖိုးကို တခြားလူတွေရဲ့အမြင်ကမဆုံး

ဖြတ်ဘူး၊ သင့်ရဲ့အတွေးအခေါ်ကပဲဆုံးဖြတ်တယ်။

တန်ဖိုးရှိတဲ့ လူတစ်ယောက်ဟာ သူရတဲ့ဘွဲ့၊ သူ့ရဲ့ဝင်

ငွေ၊ သူ့ပိုင်ဆိုင်မှုနဲ့ လုံးဝက်ိုမဆိုင်ပဲ သူတွေးခေါ်စဉ်းစားမှု

အပေါ်မှာပဲ မူတည်တယ်။ ဒီနေ့ လူတွေဟာ ကိုယ့်ကိုထင်မြင်ယူဆချက်တွေရဲ့ ချုပ်နှောင်ခြင်းခံနေရတယ်။ သင့်ကို

ဘယ်သူမှ ဆွဲချလို့မရသလို ဆွဲမလို့လည်းမရဘူး။

သင့်ရဲ့အတွေးအခေါ်ကပဲ သင့်ကိုဆွဲမသွားမှာဖြစ်

သလို ဆွဲချသွားလိမ့်မယ်။ သင်ဟာ သင့်အတွေးအခေါ်

ရဲ့ဦးဆောင်ရာကို ကောက်ကောက်ပါအောင်လိုက်သွား

မှာဖြစ်လို့ အတွေးအခေါ် မှန်နေရင် အရာရာ အားလုံး

မှန်နေလိမ့်မယ်။


၁။ ကိုယ့်ကိုကိုယ်အထင်သေးလွန်းခြင်း

သူများတွေ သင့်ကို အထင်သေးကောင်းသေးနိုင်တယ်။

မသေးနဲ့လို့လည်း ပြောလို့မှ မရတာ။ ဒါ‌ပေမယ့်ကိုယ့်ဟာကိုယ်တော့ ဘယ်တော့မှ မသေးလိုက်နဲ့။ ဘုရားကသင့်တန်ဖိုးကို သိတယ် ဒါကြောင့် ကောင်းကင်ဘုံတစ်ခုလုံးရဲ့တန်ဖိုးအကြီးဆုံးယေရှုရဲ့အသွေးတော်နဲ့ သင့်ကိုရွေးတယ်မဟုတ်လား။ ခက်တာက ကိုယ့်ကိုကိုယ် အထင်သေးနေတာပဲ။ ဒီနေ့ သင်အရှေ့မရောက်တာ သင့်အတွေးအခေါ်ကဆွဲထားလို့ပဲ။ ဣသရေလတို့ရဲ့ ပထမဆုံးဘုရင် ရှောလု အကြောင်းသင်တို့သိကြတယ်။ ဘုရားက

သူ့ကို ဘုရင်နေရာမှာ တင်ပေမယ့် သူကအဲ့ဒီနေရာနဲ့ထိုက်တန်တယ် သူလုပ်နိုင်တယ်လို့ မခံစားဘူး။ ဒါကြောင့်ရှာမွေလ လူတွေ ရှေ့မှာဘိသိက်ဖို့ လာတဲ့ အခါမှာ ဒီလောက်နိမိတ်လက္ခဏာတွေ ခံစားပေမယ့် သူပုန်းနေခဲ့တယ်။ သူ့ဟာသူ စိတ်မချနိုင်ဘူး (၁ ရာ၁၀:၂၂)။ ဒီနေ့ ပုန်းနေတဲ့ လူငယ်တွေ အများကြီးပဲ။ သူတို့

အတွေးအခေါ်ဟာ သူတို့ကို ချောင်ထဲ ပို့ပစ်လ််ိုက်တယ်။ တချိန်တုန်းက ကျွန်တော်လည်း ကိုယ့်ကိုကိုယ် အထင်သေးတဲ့စိတ်နဲ့ ချောင်ပိတ်မိဖူးတယ်။ ဒီလိုလူတွေဟာမတတ်သာလို့ ခေါင်းဆောင်ဖြစ်ရင်လည်း ခံစားချက်တွေနဲ့ ဆုံးဖြတ်ချက်ချမိတတ်ကြတယ်။ ကြည့်ပါလား ရှောလု ခေါင်းဆောင်လည်းဖြစ်ရင် ဆုံးဖြတ်ချက်တွေ တောက်လျောက်က်ို လွဲတော့တာပဲ။ဘယ်လောက်တောင်လွဲသလဲဆိုတော့ နောက်ဆုံး ကိုယ့်သားကိုတောင်ပြန်သတ်မိတော့မလို့။ ကိုယ်ကို အရှက်ကွဲခြင်း ကနေကယ်တဲ့ ဒါဝိဒ် အပေါ်လည်းတချိန်လုံးရန်မူနေတယ်မဟုတ်လား။ တကယ်တော့ သူ့ကို ဘယ်သူမှ ဒုက္ခမပေးပါဘူး သူ့အတွေးအခေါ်ကပဲ သူ့ကို ဒုက္ခပေးနေတာပါ။ ကိုယ့်ဟာကိုယ် အထင်သေးလွန်းတဲ့သူဟာ သူများကိုအကောင်းမမြင်တတ်ဘူး။ကိုယ်ကိုကိုယ်တန်ဖိုးထားတတ်ဖို့ နေ့စဉ်သတ်ိထားဖို့လိုတယ်။ သင့်ကိုသင်တန်ဖိုးထားမှ သူတစ်ပါးကိုတန်ဖိုးထားတတ်မယ်။



Zawgyi

အေတြးအေခၚအမွန္ႏွင့္အမွားတြးအေခၚအမွန္ႏွင့္အမွား


“သူ​သည္ စိတ္​ထင္​သည္​အ​တိုင္း​ျဖစ္၏။”( သုတၱံ ၂၃:၇)


သင့္ရဲ႕တန္ဖိုးကို တျခားလူေတြရဲ႕အျမင္ကမဆုံး

ျဖတ္ဘူး၊ သင့္ရဲ႕အေတြးအေခၚကပဲဆုံးျဖတ္တယ္။

တန္ဖိုး႐ွိတဲ့ လူတစ္ေယာက္ဟာ သူရတဲ့ဘြဲ႕၊ သူ႕ရဲ႕ဝင္

ေငြ၊ သူ႕ပိုင္ဆိုင္မႈနဲ႔ လုံးဝက္ိဳမဆိုင္ပဲ သူေတြးေခၚစဥ္းစားမႈ

အေပၚမွာပဲ မူတည္တယ္။ ဒီေန႔ လူေတြဟာ ကိုယ့္ကိုထင္ျမင္ယူဆခ်က္ေတြရဲ႕ ခ်ဳပ္ေႏွာင္ျခင္းခံေနရတယ္။ သင့္ကို

ဘယ္သူမွ ဆြဲခ်လို႔မရသလို ဆြဲမလို႔လည္းမရဘူး။

သင့္ရဲ႕အေတြးအေခၚကပဲ သင့္ကိုဆြဲမသြားမွာျဖစ္

သလို ဆြဲခ်သြားလိမ့္မယ္။ သင္ဟာ သင့္အေတြးအေခၚ

ရဲ႕ဦးေဆာင္ရာကို ေကာက္ေကာက္ပါေအာင္လိုက္သြား

မွာျဖစ္လို႔ အေတြးအေခၚ မွန္ေနရင္ အရာရာ အားလုံး

မွန္ေနလိမ့္မယ္။


၁။ ကိုယ့္ကိုကိုယ္အထင္ေသးလြန္းျခင္း

သူမ်ားေတြ သင့္ကို အထင္ေသးေကာင္းေသးႏိုင္တယ္။

မေသးနဲ႔လို႔လည္း ေျပာလို႔မွ မရတာ။ ဒါ‌ေပမယ့္ကိုယ့္ဟာကိုယ္ေတာ့ ဘယ္ေတာ့မွ မေသးလိုက္နဲ႔။ ဘုရားကသင့္တန္ဖိုးကို သိတယ္ ဒါေၾကာင့္ ေကာင္းကင္ဘုံတစ္ခုလုံးရဲ႕တန္ဖိုးအႀကီးဆုံးေယ႐ႈရဲ႕အေသြးေတာ္နဲ႔ သင့္ကိုေ႐ြးတယ္မဟုတ္လား။ ခက္တာက ကိုယ့္ကိုကိုယ္ အထင္ေသးေနတာပဲ။ ဒီေန႔ သင္အေ႐ွ႕မေရာက္တာ သင့္အေတြးအေခၚကဆြဲထားလို႔ပဲ။ ဣသေရလတို႔ရဲ႕ ပထမဆုံးဘုရင္ ေ႐ွာလု အေၾကာင္းသင္တို႔သိၾကတယ္။ ဘုရားက

သူ႕ကို ဘုရင္ေနရာမွာ တင္ေပမယ့္ သူကအဲ့ဒီေနရာနဲ႔ထိုက္တန္တယ္ သူလုပ္ႏိုင္တယ္လို႔ မခံစားဘူး။ ဒါေၾကာင့္႐ွာေမြလ လူေတြ ေ႐ွ႕မွာဘိသိက္ဖို႔ လာတဲ့ အခါမွာ ဒီေလာက္နိမိတ္လကၡဏာေတြ ခံစားေပမယ့္ သူပုန္းေနခဲ့တယ္။ သူ႕ဟာသူ စိတ္မခ်ႏိုင္ဘူး (၁ ရာ၁၀:၂၂)။ ဒီေန႔ ပုန္းေနတဲ့ လူငယ္ေတြ အမ်ားႀကီးပဲ။ သူတို႔

အေတြးအေခၚဟာ သူတို႔ကို ေခ်ာင္ထဲ ပို႔ပစ္လ္္ိဳက္တယ္။ တခ်ိန္တုန္းက ကြၽန္ေတာ္လည္း ကိုယ့္ကိုကိုယ္ အထင္ေသးတဲ့စိတ္နဲ႔ ေခ်ာင္ပိတ္မိဖူးတယ္။ ဒီလိုလူေတြဟာမတတ္သာလို႔ ေခါင္းေဆာင္ျဖစ္ရင္လည္း ခံစားခ်က္ေတြနဲ႔ ဆုံးျဖတ္ခ်က္ခ်မိတတ္ၾကတယ္။ ၾကည့္ပါလား ေ႐ွာလု ေခါင္းေဆာင္လည္းျဖစ္ရင္ ဆုံးျဖတ္ခ်က္ေတြ ေတာက္ေလ်ာက္က္ိဳ လြဲေတာ့တာပဲ။ဘယ္ေလာက္ေတာင္လြဲသလဲဆိုေတာ့ ေနာက္ဆုံး ကိုယ့္သားကိုေတာင္ျပန္သတ္မိေတာ့မလို႔။ ကိုယ္ကို အ႐ွက္ကြဲျခင္း ကေနကယ္တဲ့ ဒါဝိဒ္ အေပၚလည္းတခ်ိန္လုံးရန္မူေနတယ္မဟုတ္လား။ တကယ္ေတာ့ သူ႕ကို ဘယ္သူမွ ဒုကၡမေပးပါဘူး သူ႕အေတြးအေခၚကပဲ သူ႕ကို ဒုကၡေပးေနတာပါ။ ကိုယ့္ဟာကိုယ္ အထင္ေသးလြန္းတဲ့သူဟာ သူမ်ားကိုအေကာင္းမျမင္တတ္ဘူး။ကိုယ္ကိုကိုယ္တန္ဖိုးထားတတ္ဖို႔ ေန႔စဥ္သတ္ိထားဖို႔လိုတယ္။ သင့္ကိုသင္တန္ဖိုးထားမွ သူတစ္ပါးကိုတန္ဖိုးထားတတ္မယ္။

0 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube