- Than Min Htike
အတွေးအခေါ် အမှန်နှင့်အမှား (၂)
့့့့့ဘုရားဖန်ဆင်းထားတဲ့ လူတ စ် ယ ေ ာ က် လုပ်နိုင်
စွမ်းကို ဘယ်သူမှ အခုအထိ တိတိကျကျ မတွက်နိုင်
သေးဘူး။ အပြင်ပန်းကြည့်ပြီးတော့ဆုံးဖြတ်လို့မရ
တဲ့ အထဲမှာ လူဟာ ထိပ်ဆုံးကပဲ။ ဖန်ဆင်းကတည်း
က တလောကလုံးကို အုပ်စိုးဖို့ ဖန်ဆင်းထားတယ်ဆို
တော့ ဖန်ဆင်းသမျှထဲမှာ အထူးခြားဆုံးနဲ့ အကြီးမား
ဆုံး ဖန်ဆင်းမှုပဲ။ စာတန်တောင် မနာလိုဖြစ်လောက်
အောင် လူဟာ ထူးခြားခဲ့တယ်။ ဒါကြောင့်စာတန်ဟာ
အပြစ်ဆိုတဲ့ အရာနဲ့လှည့်ဖျားပြီးတော့လူရဲ့ထူးခြားမှု
တွေကို ဖုံးအုပ်ပစ်လိုက်တာပေါ့။ လူတွေအပြစ်လုပ်
အောင်စာတန်ဟာ ဘာလုပ်လည်းဆိုရင် ဘုရားဖန်ဆင်း
ထားတဲ့အတိုင်းပဲ ကျေနပ်စွာ အသက်မရှင်ပဲ တစုံတစ်
ယောက်နဲ့ တူအောင် လုပ်ခိုင်းတယ်။ တကယ်တော့
သူတို့ဟာ ဘုရားနဲ့တူပြီးသား၊ တူအောင်လုပ်စရာမလို
တော့ဘူး။ ဘုရားနဲ့တူအောင် ဒါလုပ်လိုက် ဟိုလိုလုပ်လိုက်
ဆိုပြီး အကြံတွေ ပေးတယ်။ လူလင်မယားလည်း ဘုရား
စကားကိုငြင်းဆန်ပြီးတောင် စာတန်စကားကိုနားထောင်
ကြတယ်။
ဘယ်သူနဲ့မှ မတူချင်နဲ့
သင့်လက်ရှိပုံစံ အရည်အသွေးဟာ ဘုရားဖန်
ဆင်းထားတဲ့ အကောင်းဆုံးလက်ရာ အရည်အသွေးပါ။
ဒါက်ိုကျေနပ်ပြီး ချီးမွမ်းအသက်ရှင်လိုက်။ သူများနဲ့မတူလို့ သူများလိုမဖြစ်လို့ စိတ်ဓါတ်ကျနေမယ် ဆိုရင် သင်ဘယ်တော့မှ ဘုရား သင့်အပေါ်မှာ ထားတဲ့ အကြံအစည်ကိုသိရှိမှာ မဟုတ်သလို၊ အရောက်သွားနိုင်မှာမဟုတ်ဘူး။ အာဒံနဲ့ဧဝဖြစ်နေတဲ့ လက်ရှိဘဝ ကိုမကျေနပ်လို့ ဟိုလိုဖြစ်ချင်ဒီလို ဖြစ်ချင်နဲ့ အတွေးအခေါ်မှားခဲ့လို့ အုပ်ချုပ်မင်းလုပ်တဲ့နေရာကနေ အရှက်တကွဲနဲ့မောင်းထုတ်ခံရတယ်။ သင် လက်ရှိဘဝကို
အားမရပဲသူများလိုဖြစ်ဖို့ ကြိုးစားရင် အရှက်ကွဲတာ နဲ့ဆုံး
ရှုံးတာပဲ သင်ကြုံရလိမ့်မယ်။ဣသရေလ လူမျိူးတွေ ပတ်ဝန်းကျင်က တစ်ပါးအမျိုးသားတွေလိုပဲ ဘုရင်ကို
ဘုရားဆီက တောင်းတယ်။ တကယ်တော့သူတို့ဟာ ဘုရားကိုယ်တိုင် တိုက်ရိုက်အုပ်ချုပ်ခံရသူတွေပါ။ ဘယ်လောက် ထူးခြားလည်း ဒါပေမယ့် သူများကိုပဲ အားကျပြီးဘုရင်
တောင်းတော့ ဘုရားကတော့ပေးပါတယ်။ ဒီဘုရင်တွေ
ကြောင့် ကောင်းတာထက် ဆိုးတာတွေပ်ိုခံစားခဲ့ရတယ်။
ကောင်းတဲ့ ဘုရင်ထက်ဆိုးတဲ့ဘုရင်ပိုများခဲ့တယ်မဟုတ်လား။
ဒါဟာ သူများလိုဖြစ်ချင်တဲ့ အတွေးအခေါ်ကနေစတင်ဖန်တီးတာ။ စာတန်ရဲ့သုံးနေကျ လက်နက်ဟောင်းကတော့
မိတ်ဆွေဘဝရဲ့ အဖြစ်အတိုင်း၊အရှိအတိုင်းအသက်မရှင်စေပဲ
သူများကိုအားကျအသက်ရှင်ချင်တဲ့ စိတ်ဖြစ်ပေါ်စေခြင်းပါပဲ။ သူများတော်တာ၊ ကောင်းတာ မြင်တွေ့ရင်ဂုဏ်ပြုပါ ချီးမွမ်းပါ။ အားကျပြီးသူ့အတိုင်းမလုပ်နိုင်တာကို ကြေကွဲနေဖို့တော့ မဟုတ်ဘူး။ ဒီနေ့လူငယ်များစွာ မအောင်မြင်ရခြင်းအဓိက အချက်က ဒါပဲ။ အဆိုတော်တွေ့ရင် အဆိုတော် ဖြစ်ချင်ပြီး၊ အတီးသမား တွေ့ ရင် အတီးသမားဖြစ်ချင်ပြန်ရော။ အမှုတော်ဆောင်တွေတွေ့ ရင်လည်း အမှုတော်ဆောင်ဖြစ်ချင်နဲ့ ကိုယ့်ရဲ့ ပုံစံမှန်ကို အခုထိ သဘောပေါက် မြင်တွေ့ခြင်းမရှိကြတာပဲ။ သူများလိုအားကျအသက်ရှင်နေမယ့်အစား ကိုယ့်ဘဝကို ကျေနပ်ပြီး အကောင်းဆုံး
အသက်ရှင်လိုက်စမ်းပါ။ အောင်မြင်မှုဆိုတာ တနေ့အမှန်အကန်ရောက်လာမှာပါ။

Zawgyi
အေတြးအေခၚ အမွန္ႏွင့္အမွား (၂)
ဘုရားဖန္ဆင္းထားတဲ့ လူတစ္ေယာက္ လုပ္ႏိုင္
စြမ္းကို ဘယ္သူမွ အခုအထိ တိတိက်က် မတြက္ႏိုင္
ေသးဘူး။ အျပင္ပန္းၾကည့္ၿပီးေတာ့ဆုံးျဖတ္လို႔မရ
တဲ့ အထဲမွာ လူဟာ ထိပ္ဆုံးကပဲ။ ဖန္ဆင္းကတည္း
က တေလာကလုံးကို အုပ္စိုးဖို႔ ဖန္ဆင္းထားတယ္ဆို
ေတာ့ ဖန္ဆင္းသမွ်ထဲမွာ အထူးျခားဆုံးနဲ႔ အႀကီးမား
ဆုံး ဖန္ဆင္းမႈပဲ။ စာတန္ေတာင္ မနာလိုျဖစ္ေလာက္
ေအာင္ လူဟာ ထူးျခားခဲ့တယ္။ ဒါေၾကာင့္စာတန္ဟာ
အျပစ္ဆိုတဲ့ အရာနဲ႔လွည့္ဖ်ားၿပီးေတာ့လူရဲ႕ထူးျခားမႈ
ေတြကို ဖုံးအုပ္ပစ္လိုက္တာေပါ့။ လူေတြအျပစ္လုပ္
ေအာင္စာတန္ဟာ ဘာလုပ္လည္းဆိုရင္ ဘုရားဖန္ဆင္း
ထားတဲ့အတိုင္းပဲ ေက်နပ္စြာ အသက္မ႐ွင္ပဲ တစုံတစ္
ေယာက္နဲ႔ တူေအာင္ လုပ္ခိုင္းတယ္။ တကယ္ေတာ့
သူတို႔ဟာ ဘုရားနဲ႔တူၿပီးသား၊ တူေအာင္လုပ္စရာမလို
ေတာ့ဘူး။ ဘုရားနဲ႔တူေအာင္ ဒါလုပ္လိုက္ ဟိုလိုလုပ္လိုက္
ဆိုၿပီး အၾကံေတြ ေပးတယ္။ လူလင္မယားလည္း ဘုရား
စကားကိုျငင္းဆန္ၿပီးေတာင္ စာတန္စကားကိုနားေထာင္
ၾကတယ္။
ဘယ္သူနဲ႔မွ မတူခ်င္နဲ႔
သင့္လက္႐ွိပုံစံ အရည္အေသြးဟာ ဘုရားဖန္
ဆင္းထားတဲ့ အေကာင္းဆုံးလက္ရာ အရည္အေသြးပါ။
ဒါက္ိဳေက်နပ္ၿပီး ခ်ီးမြမ္းအသက္႐ွင္လိုက္။ သူမ်ားနဲ႔မတူလို႔ သူမ်ားလိုမျဖစ္လို႔ စိတ္ဓါတ္က်ေနမယ္ ဆိုရင္ သင္ဘယ္ေတာ့မွ ဘုရား သင့္အေပၚမွာ ထားတဲ့ အၾကံအစည္ကိုသိ႐ွိမွာ မဟုတ္သလို၊ အေရာက္သြားႏိုင္မွာမဟုတ္ဘူး။ အာဒံနဲ႔ဧဝျဖစ္ေနတဲ့ လက္႐ွိဘဝ ကိုမေက်နပ္လို႔ ဟိုလိုျဖစ္ခ်င္ဒီလို ျဖစ္ခ်င္နဲ႔ အေတြးအေခၚမွားခဲ့လို႔ အုပ္ခ်ဳပ္မင္းလုပ္တဲ့ေနရာကေန အ႐ွက္တကြဲနဲ႔ေမာင္းထုတ္ခံရတယ္။ သင္ လက္႐ွိဘဝကို
အားမရပဲသူမ်ားလိုျဖစ္ဖို႔ ႀကိဳးစားရင္ အ႐ွက္ကြဲတာ နဲ႔ဆုံး
႐ႈံးတာပဲ သင္ၾကဳံရလိမ့္မယ္။ဣသေရလ လူမ်ိဴးေတြ ပတ္ဝန္းက်င္က တစ္ပါးအမ်ိဳးသားေတြလိုပဲ ဘုရင္ကို
ဘုရားဆီက ေတာင္းတယ္။ တကယ္ေတာ့သူတို႔ဟာ ဘုရားကိုယ္တိုင္ တိုက္႐ိုက္အုပ္ခ်ဳပ္ခံရသူေတြပါ။ ဘယ္ေလာက္ ထူးျခားလည္း ဒါေပမယ့္ သူမ်ားကိုပဲ အားက်ၿပီးဘုရင္
ေတာင္းေတာ့ ဘုရားကေတာ့ေပးပါတယ္။ ဒီဘုရင္ေတြ
ေၾကာင့္ ေကာင္းတာထက္ ဆိုးတာေတြပ္ိဳခံစားခဲ့ရတယ္။
ေကာင္းတဲ့ ဘုရင္ထက္ဆိုးတဲ့ဘုရင္ပိုမ်ားခဲ့တယ္မဟုတ္လား။
ဒါဟာ သူမ်ားလိုျဖစ္ခ်င္တဲ့ အေတြးအေခၚကေနစတင္ဖန္တီးတာ။ စာတန္ရဲ႕သုံးေနက် လက္နက္ေဟာင္းကေတာ့
မိတ္ေဆြဘဝရဲ႕ အျဖစ္အတိုင္း၊အ႐ွိအတိုင္းအသက္မ႐ွင္ေစပဲ
သူမ်ားကိုအားက်အသက္႐ွင္ခ်င္တဲ့ စိတ္ျဖစ္ေပၚေစျခင္းပါပဲ။ သူမ်ားေတာ္တာ၊ ေကာင္းတာ ျမင္ေတြ႕ရင္ဂုဏ္ျပဳပါ ခ်ီးမြမ္းပါ။ အားက်ၿပီးသူ႕အတိုင္းမလုပ္ႏိုင္တာကို ေၾကကြဲေနဖို႔ေတာ့ မဟုတ္ဘူး။ ဒီေန႔လူငယ္မ်ားစြာ မေအာင္ျမင္ရျခင္းအဓိက အခ်က္က ဒါပဲ။ အဆိုေတာ္ေတြ႕ရင္ အဆိုေတာ္ ျဖစ္ခ်င္ၿပီး၊ အတီးသမား ေတြ႕ ရင္ အတီးသမားျဖစ္ခ်င္ျပန္ေရာ။ အမႈေတာ္ေဆာင္ေတြေတြ႕ ရင္လည္း အမႈေတာ္ေဆာင္ျဖစ္ခ်င္နဲ႔ ကိုယ့္ရဲ႕ ပုံစံမွန္ကို အခုထိ သေဘာေပါက္ ျမင္ေတြ႕ျခင္းမ႐ွိၾကတာပဲ။ သူမ်ားလိုအားက်အသက္႐ွင္ေနမယ့္အစား ကိုယ့္ဘဝကို ေက်နပ္ၿပီး အေကာင္းဆုံး
အသက္႐ွင္လိုက္စမ္းပါ။ ေအာင္ျမင္မႈဆိုတာ တေန႔အမွန္အကန္ေရာက္လာမွာပါ။