Search
  • Than Min Htike
အနင်းမခံချင်ရင်
မဿဲ ၅:၁၃
ဘယ်သူကမှတော့ ကိုယ့်ဘဝကို လူတကာခြေ
ဖဝါးအောက် ဘဝရောက်မှာ လိုချင်ကြမှာမဟုတ်
ပါဘူး။ တကယ်တော့ သင့်မှာ ဘုရားထည့်ထားပေး
တဲ့ အစွမ်းအစတွေ အပြည့်ရှိပါတယ်။ ကြီးတာနဲ့သေး
တာပဲ ကွာချင်ကွာပါမယ်။ ဒါပေမယ့် သေးတယ်ဆိုပြီး
တော့လည်း အထင်သေးလို့ လုံးဝကို မရပါဘူး။ သေး
တယ်လို့ ထင်တဲ့ အရာတွေက ပိုတောင် အသုံးဝင်
နေတတ်တာ တခါတလေ သင်တွေ့ ရမှာပါ။ မြန်မာ့
ဆိုရိုးတစ်ခုကိုတော့သဘောကျတယ် မရှိတာထက်
မသိတာ ပိုခက်တယ်တဲ့။ တကယ်ကို ဟုတ်တယ် သင့်
မှာ အစွမ်းအစတွေ၊ ဆုကျေးဇူးတွေ မရှိတာထက်
ဘုရားပေးထားတဲ့၊ ရှိထားတဲ့ အရာတွေကို မသိတာ
ပိုခက်ပါတယ်။
ဘာကြောင့် လမ်းဘေးရောက်ရတာလဲ
နှုတ်ကပတ်တော်ကတော့ပြောတယ်
အငံကင်း‌ပျောက်တဲ့ ဆားကို လမ်းဘေးပစ်လိုက်မယ်
တဲ့။ တကယ်တော့ ဒီလောက် တန်ဖိုးရှိတဲ့ အရာကို
ဘယ်သူမှ မပစ်လိုက်ချင်ပါဘူး။ ဟင်းပွဲတိုင်းမှာ
မပါမဖြစ်တဲ့ အရာမဟုတ်လား။ ဒါဆို ဘာကြောင့်
ပစ်လိုက်ရတာလဲ။ သူ့ဘဝရဲ့ အစွမ်းသတ္တိပျောက်ဆုံး
သွားလို့ပါ။ သင်လည်းဒီအတိုင်းပဲ သေးငယ်တဲ့ဆားပွင့်
လေးတောင် သူ့ရဲ့အစွမ်း အစလေးရှိရင် မရှိမဖြစ်တဲ့
ဘဝနဲ့ နေရာရနိုင်သလို၊ အငံကင်းပျောက်ခဲ့ရင်တော့
ဘယ်နေရာမှာမှ အသုံးမဝင်တော့ပါဘူး။ ဒီနေ့လူငယ်
ပေါင်းများစွာ လမ်းဘေးမှာဘာလို့ ရောက်နေရတာလဲ။
တကယ်တော့ ရှင်းရှင်းလေးပါပဲ ကိုယ့်ဘဝမှာ ဘုရား
ပေးထားတဲ့ အရာတွေကို အသုံးမပြုပဲ ပျောက်ဆုံး
နေလို့ပါ။ သင့်မှာ ဘုရားပေးထားတဲ့ အရာတွေကိုလည်း
သင်အသုံးမပြုပဲ ဆုံးရှုံးသွားမယ်ဆိုရင်တော့ သေချာတယ်
သင်လည်းလမ်းဘေးရောက်ပြီး လူတွေရဲ့ အနင်းခံရမှာပဲ။
ဒီလို မဖြစ်ချင်ပဲ နေရာတိုင်းမှာ လူတိုင်းတန်ဖိုး ထားတဲ့ဘဝအသက်တာကို ပိုင်ဆိုင်ချင်ရင်တော့ ဘုရားပေးထားတာကို
တန်ဖိုးထားပြီးသေချာအသုံးပြုပါ။ လူနင်းပြားဘဝ
ဘယ်တော့မှမရောက်မှာသေချာတယ်။
Zawgyi
အနင်းမခံချင်ရင်
မဿဲ ၅:၁၃
မသိတာ ပိုခက်တယ်တဲ့။ တကယ်ကို ဟုတ်တယ် သင့်
ပိုခက်ပါတယ်။
0 views0 comments