Search
  • Than Min Htike

အနောက်ရောက်နေပေမယ့်

“ထို​နည်း​တူ နောက်​ကျ​သော​သူ​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ​တို့​သည် နောက်​ကျ ကြ​လိမ့်​မည်။" (မဿဲ ၂၀:၁၆)



ပြိုင်ဆိုင်မှုသိပ်ကိုပြင်းထန်လွန်းတဲ့ခေတ်ကြီးထဲမှာ နည်းနည်းလေး တွေဝေလိုက်တာနဲ့ အများကြီး နောက်ကျကျန်ခဲ့နိုင်တယ်ဆိုတာ အားလုံးသိမှာပါ။ အရာအားလုံး မြန်မြန်

ရဖို့ ဖိအားပေးခံနေရတဲ့အချိန်ဆိုလည်းမမှားပါဘူး။ အဲ့ဒီလိုအချိန်ကာလကြီးမှာ နောက်မှာ နေရတဲ့ ခံစားချက်ကြီးက ဘယ်လိုမှကို ပျော်နိုင်မှာမဟုတ်ဘူး။ လူတိုင်းကတော့ အားလုံးထက်သာချင်တယ်၊ အားလုံးအရှေ့ဆုံးကိုရောက်ချင်တာ သဘာ၀ပဲမဟုတ်လား။ ကြိုးစားအားထုတ်သမျှဟာလည်းရှေ့ဆုံးကို ရောက်ဖို့ ရည်ရွယ်ခဲ့ကြတာပဲ။ ဒါပေမယ့် ကြာလာလေ ပိုသိလာတာတစ်ခုကတော့ လူ့ကြိုးစားမှုတစ်ခုထဲနဲ့တော့ ဘယ်တော့မှ ထိပ်ဆုံးကိုရောက်နိုင်ဖို့ဆိုတာမလွယ်ဘူးဆိုတာပါပဲ။ အများကြီးလုပ်၊ အများကြီး သိတဲ့လူတွေတောင် အရှေ့ဆုံးမှာ မရှိတာကိုကြည့်ရင် လူ့ရဲ့အစွမ်းအစတစ်ခုထဲနဲ့တော့ ဘယ်တော့မှ ကိုယ်ရောက်ချင်နေတဲ့ နေရာကို ရောက်မှာ မဟုတ်ဘူး။ ဒါဆိုရင် အရှေ့ဆုံးရောက်ဖို့ နည်းလမ်းနဲ့မျှော်လင့်ချက်ကိုဘယ်လိုရနိုင်မလဲ၊


ဘုရားဆီမှာရှိတယ်

လက်ရှိအခြေအနေမှာ နောက်ရောက်နေပေမယ့်အရှေ့ဆုံးရောက်နိုင်တဲ့ ဂတိတော်နဲ့ မျှော်လင့်ချက်က ဘုရားဆီမှာပဲရှိတယ်။ ဘယ်သူကမှ ဘယ်အလုပ်မှာမှ အဲ့ဒီအရာမရှိဘူး။ အရည်အချင်းတစ်ခုထဲကလည်း ဘ၀ကိုအာမခံထားဘူး။ အကောင်းဆုံး အာမခံကတော့ ဘုရားပဲ။ သူက ဂတိပေးထားတယ်။ နောက် မှာရောက်နေပေမဲ့လဲ သူ့နည်းလမ်းအတိုင်း၊ သူနဲ့အတူသွားရင် အရှေ့ဆုံးဆိုတာရောက်ဖို့ အဲ့ဒီလောက်မခက်ပါဘူး။ ကျွန်တော် အမှုတော်ဆောင်ဘ၀အစက တွေးဖူးတယ် ဘယ်လိုလုပ်ပြီးတော့ အောင်မြင်ပြီး အရှေ့ဆုံးရောက်တဲ့လူတစ်ယောက်ဖြစ်လာမလဲပေါ့။ ဘယ်လိုမှ တွေးလို့တောင်မရဘူး။ ကိုယ်ရှေ့မှာရှိတဲ့လူတွေက အရမ်းကိုပြည့်စုံပြီးတော့ ထူးချွန်နေကြတယ်။ သူတို့ အရှေ့ရောက်ဖို့ဆိုတာ နည်းနည်းလေးမှ ကို မဖြစ်နိုင်တာ။ အရှေ့ရောက်ဖို့မပြောနဲ့ အတူတူ ရပ်ဖို့တောင်မလွယ်ဘူး။ ဘယ်လိုပဲ အခြေအနေရှိရှိ ဘုရားအတူရှိရင် အရာအားလုံးကိုဖြတ်ကျော်သွားနိုင်တယ်။ နှုတ်ကပတ်တော်မှာလည်းသက်သေအများကြီးရှိတယ်။ နောက်ကျပေမယ့်လည်း အရှေ့ကလူတွေကို ဘုရားနဲ့အတူ ဖြတ်ကျော်သွားတဲ့သူတွေ။ ယာကုပ်ဆိုလည်း သူ့အရှေ့က အကိုဧသောကို ကျော်တက်ဖူးသလို၊ ယောသပ်ဆိုလည်း အရှေ့က အကို (၁၁)လုံးကိုကျော်ပြီးသားဦးအရာကို ရရှိပိုင်ဆိုင်ဖူးတယ်။ ဘယ်လိုမှ မဖြစ်နိုင်၊ မရနိုင်တဲ့အရာတွေကို ဘုရားနဲ့အတူ လျောက်လှမ်းပြီးတော့ ရယူခဲ့ကြတဲ့သူတွေ ရှိသလို သင်လဲ ပဲ အရှေ့ကို တနေ့မှာရောက်နိုင်တဲ့အခွင့်အရေးတွေရှိနေတယ်။ ဒါ့ကြောင့် အားငယ်တာ ၊စိတ်ပျက်တာတွေကိုဘေးဖယ်ပြီးတော့ ဘုရားထံမှာ အားယူကာ ဆက်လက် ရှေ့ဆက်ပါ။



Zawgyi

ေနာက္ေရာက္ေနေပမယ့္

“ထို​နည္း​တူ ေနာက္​က်​ေသာ​သူ​တို႔​သည္ အ​ရင္​က်​ၾက​လိမ့္​မည္။ အ​ရင္​က်​ေသာ​သူ​တို႔​သည္ ေနာက္​က် ၾက​လိမ့္​မည္။" (မႆဲ ၂၀:၁၆)



ၿပိဳင္ဆိုင္မႈသိပ္ကိုျပင္းထန္လြန္းတဲ့ေခတ္ႀကီးထဲမွာ နည္းနည္းေလး ေတြေဝလိုက္တာနဲ႔ အမ်ားႀကီး ေနာက္က်က်န္ခဲ့ႏိုင္တယ္ဆိုတာ အားလုံးသိမွာပါ။ အရာအားလုံး ျမန္ျမန္

ရဖို႔ ဖိအားေပးခံေနရတဲ့အခ်ိန္ဆိုလည္းမမွားပါဘူး။ အဲ့ဒီလိုအခ်ိန္ကာလႀကီးမွာ ေနာက္မွာ ေနရတဲ့ ခံစားခ်က္ႀကီးက ဘယ္လိုမွကို ေပ်ာ္ႏိုင္မွာမဟုတ္ဘူး။ လူတိုင္းကေတာ့ အားလုံးထက္သာခ်င္တယ္၊ အားလုံးအေ႐ွ႕ဆုံးကိုေရာက္ခ်င္တာ သဘာ၀ပဲမဟုတ္လား။ ႀကိဳးစားအားထုတ္သမွ်ဟာလည္းေ႐ွ႕ဆုံးကို ေရာက္ဖို႔ ရည္႐ြယ္ခဲ့ၾကတာပဲ။ ဒါေပမယ့္ ၾကာလာေလ ပိုသိလာတာတစ္ခုကေတာ့ လူ႕ႀကိဳးစားမႈတစ္ခုထဲနဲ႔ေတာ့ ဘယ္ေတာ့မွ ထိပ္ဆုံးကိုေရာက္ႏိုင္ဖို႔ဆိုတာမလြယ္ဘူးဆိုတာပါပဲ။ အမ်ားႀကီးလုပ္၊ အမ်ားႀကီး သိတဲ့လူေတြေတာင္ အေ႐ွ႕ဆုံးမွာ မ႐ွိတာကိုၾကည့္ရင္ လူ႕ရဲ႕အစြမ္းအစတစ္ခုထဲနဲ႔ေတာ့ ဘယ္ေတာ့မွ ကိုယ္ေရာက္ခ်င္ေနတဲ့ ေနရာကို ေရာက္မွာ မဟုတ္ဘူး။ ဒါဆိုရင္ အေ႐ွ႕ဆုံးေရာက္ဖို႔ နည္းလမ္းနဲ႔ေမွ်ာ္လင့္ခ်က္ကိုဘယ္လိုရႏိုင္မလဲ၊


ဘုရားဆီမွာ႐ွိတယ္

လက္႐ွိအေျခအေနမွာ ေနာက္ေရာက္ေနေပမယ့္အေ႐ွ႕ဆုံးေရာက္ႏိုင္တဲ့ ဂတိေတာ္နဲ႔ ေမွ်ာ္လင့္ခ်က္က ဘုရားဆီမွာပဲ႐ွိတယ္။ ဘယ္သူကမွ ဘယ္အလုပ္မွာမွ အဲ့ဒီအရာမ႐ွိဘူး။ အရည္အခ်င္းတစ္ခုထဲကလည္း ဘ၀ကိုအာမခံထားဘူး။ အေကာင္းဆုံး အာမခံကေတာ့ ဘုရားပဲ။ သူက ဂတိေပးထားတယ္။ ေနာက္ မွာေရာက္ေနေပမဲ့လဲ သူ႕နည္းလမ္းအတိုင္း၊ သူနဲ႔အတူသြားရင္ အေ႐ွ႕ဆုံးဆိုတာေရာက္ဖို႔ အဲ့ဒီေလာက္မခက္ပါဘူး။ ကြၽန္ေတာ္ အမႈေတာ္ေဆာင္ဘ၀အစက ေတြးဖူးတယ္ ဘယ္လိုလုပ္ၿပီးေတာ့ ေအာင္ျမင္ၿပီး အေ႐ွ႕ဆုံးေရာက္တဲ့လူတစ္ေယာက္ျဖစ္လာမလဲေပါ့။ ဘယ္လိုမွ ေတြးလို႔ေတာင္မရဘူး။ ကိုယ္ေ႐ွ႕မွာ႐ွိတဲ့လူေတြက အရမ္းကိုျပည့္စုံၿပီးေတာ့ ထူးခြၽန္ေနၾကတယ္။ သူတို႔ အေ႐ွ႕ေရာက္ဖို႔ဆိုတာ နည္းနည္းေလးမွ ကို မျဖစ္ႏိုင္တာ။ အေ႐ွ႕ေရာက္ဖို႔မေျပာနဲ႔ အတူတူ ရပ္ဖို႔ေတာင္မလြယ္ဘူး။ ဘယ္လိုပဲ အေျခအေန႐ွိ႐ွိ ဘုရားအတူ႐ွိရင္ အရာအားလုံးကိုျဖတ္ေက်ာ္သြားႏိုင္တယ္။ ႏႈတ္ကပတ္ေတာ္မွာလည္းသက္ေသအမ်ားႀကီး႐ွိတယ္။ ေနာက္က်ေပမယ့္လည္း အေ႐ွ႕ကလူေတြကို ဘုရားနဲ႔အတူ ျဖတ္ေက်ာ္သြားတဲ့သူေတြ။ ယာကုပ္ဆိုလည္း သူ႕အေ႐ွ႕က အကိုဧေသာကို ေက်ာ္တက္ဖူးသလို၊ ေယာသပ္ဆိုလည္း အေ႐ွ႕က အကို (၁၁)လုံးကိုေက်ာ္ၿပီးသားဦးအရာကို ရ႐ွိပိုင္ဆိုင္ဖူးတယ္။ ဘယ္လိုမွ မျဖစ္ႏိုင္၊ မရႏိုင္တဲ့အရာေတြကို ဘုရားနဲ႔အတူ ေလ်ာက္လွမ္းၿပီးေတာ့ ရယူခဲ့ၾကတဲ့သူေတြ ႐ွိသလို သင္လဲ ပဲ အေ႐ွ႕ကို တေန႔မွာေရာက္ႏိုင္တဲ့အခြင့္အေရးေတြ႐ွိေနတယ္။ ဒါ့ေၾကာင့္ အားငယ္တာ ၊စိတ္ပ်က္တာေတြကိုေဘးဖယ္ၿပီးေတာ့ ဘုရားထံမွာ အားယူကာ ဆက္လက္ ေ႐ွ႕ဆက္ပါ။

1 view0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube