Search
  • Than Min Htike

အပြောင်းလဲတွေမြင်ချင်တယ်ဆိုရင်

“လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။-”(၂ကော ၅:၁၇)


ဘာလိုလိုနဲ့ ၂၀၂၀ ဟာ မကြာခင်ကုန်ဆုံးတော့မှာပါ။ ဝင်ခါနီးတဲ့ နေမင်းကြီးလိုပါပဲ အားလုံးကိုလက်ပြနှုတ် ဆက်နေပြီ။ တနှစ်လုံး ကောင်းခဲ့တဲ့အရာကိုပြပါဆိုရင်တော့ ဘုရားပဲပြစရာရှိတယ်။ ဘေးရောက်သည့်ကာလဖြစ်ပေမယ့် အထူးသဖြင့်ကူမတော်မူကြောင်းထင်ရှားခဲ့တယ်။ နှစ်ဟောင်းကိုနှုတ်ဆက်မှုနဲ့အတူ နှစ်သစ်တစ်ခုကိုလည်းမကြာခင် ကြိုဆိုရအုံးမယ်။ သေချာတာက တော့လာမယ့်နှစ်သစ်ကို အပြောင်းလဲတွေဖြစ်ဖို့ လူတိုင်းမျှော်လင့်စောင့်ဆိုင်းနေကြတယ်။ ပြီးခဲ့တဲ့ကာလကြီးလိုပဲဆက်လက်မဖြတ်သန်းချင်တာကတော့ လူတိုင်းလိုလိုပါပဲ။ ဒါဆိုရင် လာမယ့် နှစ်သစ်မှာ သူ့အလိုလိုပြောင်းလဲမှုတွေက ဖြစ်လာမှာမို့လို့လား။ နှစ်သစ်တစ်ခုရောက်တာနဲ့ ကျန်တဲ့အရာတွေ အားလုံးအသစ် ဖြစ်သွားတယ်လို့ထင်နေတယ်ဆိုရင် မှားလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်ကိုပဲကြည့် ၂၀၁၉ ဆိုတဲ့ အတိတ်က စတဲ့ ပြဿနာက ၂၀၂၀ တစ်နှစ်လုံးကိုမီးမွှေးခဲ့တယ်။ အတိတ်ကစတဲ့ပြဿနာ က မျက်မှောက်ကြုံရတဲ့ လူမှုရေး၊စီးပွားရေး၊ ဝိညာဉ်ရေးအားလုံးကို တိုက်ခိုက်ခဲ့ပြီးတော့ တနှစ်လုံး မပြောင်းလဲနိုင်ခဲ့ဘူး။ ဒီလိုပဲ ၂၀၂၁ ဟာလည်း သူ့အလိုလို အပြောင်းလဲတွေဖြစ်လာမှာမဟုတ်ဘူးဆိုတာ သိဖို့လိုတယ်။ ဒါဆိုရင် ဘ၀မှာ အပြောင်းလဲတွေထဲကို ရောက်ဖို့ ကျွန်တော်တို့ကိုယ်တိုင် ခြေလှမ်းရမယ့်အရာတွေရှိတယ်ဆိုတာ မမေ့ပါနဲ့။


ခရစ်တော် အထဲမှာ

တမန်တော်ကြီးရှင်ပေါလုကတော့ဒီလိုဆိုတယ်

“လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။-”

ခရစ်တော်မှာတည်ရှိခြင်းကို သဘောပေါက်တဲ့သူကတော့ အသက်တာထဲမှ၊ ကဏ္ဍတိုင်းမှာ အသစ်ပြုခြင်းကို မြင်တွေ့ခံစားနေရတယ်။ လောကထဲမှာကျင်လည်သူကတော့ ကြာလေ အိုဟောင်းလေပဲ။ ခရစ်တော်ထဲမှာ ရှိတဲ့သူကတော့ ရွှေလင်းယုန်လိုပဲ ကြာလေဟောင်းတဲ့အရာတွေကွာကျလေဖြစ်ပြီး အသစ်သောအရာတွေက နေရာယူလေပဲ။ အခု ဗိုင်းရပ်နဲ့ပတ်သက်တဲ့ သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတယ်။ ဗိုင်းရပ်က လူကိုယ်ခန္ဓာထဲမှာကူးစက်မှုများလာတဲ့အခါမှာ နဂိုရှိတဲ့ အစွမ်းကနေ ပိုအစွမ်းထက်တဲ့ပုံစံကို ပြောင်းလဲနေတယ်ဆိုတာပါပဲ။ ကြာလေ ဗိုင်းရပ်ရဲ့ကူးစက်နှုန်းက အဆပေါင်းများစွာပိုပြင်းထန်တဲ့ အားအင်တွေဆီကို အသွင်ပြောင်းနေလို့ ဆေးလောကအတွက် စိန်ခေါ်မှု ခံစားနေရတယ်။ ဗိုင်းရပ်ရဲ့ အသွင်ပြောင်းလဲမှုကိုတော့ လူအများစုကလက်ခံကြပေမယ့် ခရစ်တော်အထဲမှာရှိတဲ့ကျွန်တော် တို့အသက်တာ ပြောင်းလဲမှုကိုတော့ သဘောပေါက်တဲ့လူကနည်းတယ်။ တကယ်တော့ကြာလေ ခရစ်တော်ထဲမှာတည်နေတဲ့ တစ်ယောက်ခြင်းစီအသက်တာဟာ ပိုမို တောက်ပခြင်းကိုဆီကို၊ အသစ်ဖြစ်ခြင်းကိုကူးပြောင်းနေတယ်။ တချို့က ငါမနှစ်ကလောက် အားမရှိတော့ဘူး၊ မနှစ်ကလောက် မျက်စိမကောင်းတော့ဘူး။ အရင်ကလောက်မလုပ်နိုင်တော့ဘူး ဆိုပီးတော့ အိုဟောင်းခြင်းကိုဝန်ခံသဘောတူနေကြတယ်။ တကယ်တော့ ခရစ်တော် ထဲမှာရှင်သန်တဲ့သူတစ်ယောက်က အသက်ကြီးလာလေ ကောင်းသောအရာတွေနဲ့ ပြုပြင်ခြင်းခံရလေပါပဲ။ လာမယ့်နှစ်ကို ပိုကောင်းတဲ့ အပြောင်းလဲတွေကိုမျှော်လင့်တာဟာ အခြေအနေကြောင့်၊ ကာကွယ်ဆေးကြောင့်၊ စီးပွားရေးပြန်လည်ဦးမော့လာမှာမို့လို့စတဲ့အရာတွေကြောင့်တစ်ခုမှ မဟုတ်ဘူး။ ခရစ်တော်ထဲမှာရှိတဲ့အတွက် ယေရှုခရစ်တော်အားဖြင့် အရာရာကိုကျော်လွှားအောင်မြင်နိုင်တဲ့ အသစ်ပြုပြင်ခြင်းကို ရရှိမှာမို့ပါ။ ခရစ်တော်ထဲမှာ ရှိတဲ့ပြုပြင်ခြင်းအစွမ်းတန်ခိုးဟာ ကြုံလာမယ့်အရာတွေကို ကျော်လွှားနိုင်မယ့် အစွမ်းတန်ခိုးကိုဖြစ်စေမယ်ပြီးရင် ပိုမိုသန်မာစေမယ်။ ဒါကြောင့် ခရစ်တော်ထဲမှာတည်ခြင်းအားဖြင့် ဒီနှစ်မှာ မလုပ်နိုင်ခဲ့တဲ့အရာတွေ၊ မကျော်လွှားနိုင်ခဲ့တဲ့ အရာတွေကို နောက်နှစ်မှာ ကျော်လွှားအောင်မြင်စေမှာ သေချာတယ်။



Zawgyi

အေျပာင္းလဲေတြျမင္ခ်င္တယ္ဆိုရင္

“လူ​မည္​သည္​ကား၊ ခ​ရစ္​ေတာ္၌​႐ွိ​လွ်င္ အ​သစ္​ျပဳ​ျပင္​ေသာ​သ​တၱ​ဝါ ျဖစ္၏။ ေဟာင္း​ေသာ​အ​ရာ​တို႔​သည္ ေျပာင္း​လဲ၍ ခပ္​သိမ္း​ေသာ​အ​ရာ​တို႔​သည္ အ​သစ္​ျဖစ္​ၾက​ၿပီ။-”(၂ေကာ ၅:၁၇)


ဘာလိုလိုနဲ႔ ၂၀၂၀ ဟာ မၾကာခင္ကုန္ဆုံးေတာ့မွာပါ။ ဝင္ခါနီးတဲ့ ေနမင္းႀကီးလိုပါပဲ အားလုံးကိုလက္ျပႏႈတ္ ဆက္ေနၿပီ။ တႏွစ္လုံး ေကာင္းခဲ့တဲ့အရာကိုျပပါဆိုရင္ေတာ့ ဘုရားပဲျပစရာ႐ွိတယ္။ ေဘးေရာက္သည့္ကာလျဖစ္ေပမယ့္ အထူးသျဖင့္ကူမေတာ္မူေၾကာင္းထင္႐ွားခဲ့တယ္။ ႏွစ္ေဟာင္းကိုႏႈတ္ဆက္မႈနဲ႔အတူ ႏွစ္သစ္တစ္ခုကိုလည္းမၾကာခင္ ႀကိဳဆိုရအုံးမယ္။ ေသခ်ာတာက ေတာ့လာမယ့္ႏွစ္သစ္ကို အေျပာင္းလဲေတြျဖစ္ဖို႔ လူတိုင္းေမွ်ာ္လင့္ေစာင့္ဆိုင္းေနၾကတယ္။ ၿပီးခဲ့တဲ့ကာလႀကီးလိုပဲဆက္လက္မျဖတ္သန္းခ်င္တာကေတာ့ လူတိုင္းလိုလိုပါပဲ။ ဒါဆိုရင္ လာမယ့္ ႏွစ္သစ္မွာ သူ႕အလိုလိုေျပာင္းလဲမႈေတြက ျဖစ္လာမွာမို႔လို႔လား။ ႏွစ္သစ္တစ္ခုေရာက္တာနဲ႔ က်န္တဲ့အရာေတြ အားလုံးအသစ္ ျဖစ္သြားတယ္လို႔ထင္ေနတယ္ဆိုရင္ မွားလိမ့္မယ္။ ၿပီးခဲ့တဲ့ႏွစ္ကိုပဲၾကည့္ ၂၀၁၉ ဆိုတဲ့ အတိတ္က စတဲ့ ျပႆနာက ၂၀၂၀ တစ္ႏွစ္လုံးကိုမီးေမႊးခဲ့တယ္။ အတိတ္ကစတဲ့ျပႆနာ က မ်က္ေမွာက္ၾကဳံရတဲ့ လူမႈေရး၊စီးပြားေရး၊ ဝိညာဥ္ေရးအားလုံးကို တိုက္ခိုက္ခဲ့ၿပီးေတာ့ တႏွစ္လုံး မေျပာင္းလဲႏိုင္ခဲ့ဘူး။ ဒီလိုပဲ ၂၀၂၁ ဟာလည္း သူ႕အလိုလို အေျပာင္းလဲေတြျဖစ္လာမွာမဟုတ္ဘူးဆိုတာ သိဖို႔လိုတယ္။ ဒါဆိုရင္ ဘ၀မွာ အေျပာင္းလဲေတြထဲကို ေရာက္ဖို႔ ကြၽန္ေတာ္တို႔ကိုယ္တိုင္ ေျခလွမ္းရမယ့္အရာေတြ႐ွိတယ္ဆိုတာ မေမ့ပါနဲ႔။


ခရစ္ေတာ္ အထဲမွာ

တမန္ေတာ္ႀကီး႐ွင္ေပါလုကေတာ့ဒီလိုဆိုတယ္

“လူ​မည္​သည္​ကား၊ ခ​ရစ္​ေတာ္၌​႐ွိ​လွ်င္ အ​သစ္​ျပဳ​ျပင္​ေသာ​သ​တၱ​ဝါ ျဖစ္၏။ ေဟာင္း​ေသာ​အ​ရာ​တို႔​သည္ ေျပာင္း​လဲ၍ ခပ္​သိမ္း​ေသာ​အ​ရာ​တို႔​သည္ အ​သစ္​ျဖစ္​ၾက​ၿပီ။-”

ခရစ္ေတာ္မွာတည္႐ွိျခင္းကို သေဘာေပါက္တဲ့သူကေတာ့ အသက္တာထဲမွ၊ က႑တိုင္းမွာ အသစ္ျပဳျခင္းကို ျမင္ေတြ႕ခံစားေနရတယ္။ ေလာကထဲမွာက်င္လည္သူကေတာ့ ၾကာေလ အိုေဟာင္းေလပဲ။ ခရစ္ေတာ္ထဲမွာ ႐ွိတဲ့သူကေတာ့ ေ႐ႊလင္းယုန္လိုပဲ ၾကာေလေဟာင္းတဲ့အရာေတြကြာက်ေလျဖစ္ၿပီး အသစ္ေသာအရာေတြက ေနရာယူေလပဲ။ အခု ဗိုင္းရပ္နဲ႔ပတ္သက္တဲ့ သတင္းေတြက က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚေနတယ္။ ဗိုင္းရပ္က လူကိုယ္ခႏၶာထဲမွာကူးစက္မႈမ်ားလာတဲ့အခါမွာ နဂို႐ွိတဲ့ အစြမ္းကေန ပိုအစြမ္းထက္တဲ့ပုံစံကို ေျပာင္းလဲေနတယ္ဆိုတာပါပဲ။ ၾကာေလ ဗိုင္းရပ္ရဲ႕ကူးစက္ႏႈန္းက အဆေပါင္းမ်ားစြာပိုျပင္းထန္တဲ့ အားအင္ေတြဆီကို အသြင္ေျပာင္းေနလို႔ ေဆးေလာကအတြက္ စိန္ေခၚမႈ ခံစားေနရတယ္။ ဗိုင္းရပ္ရဲ႕ အသြင္ေျပာင္းလဲမႈကိုေတာ့ လူအမ်ားစုကလက္ခံၾကေပမယ့္ ခရစ္ေတာ္အထဲမွာ႐ွိတဲ့ကြၽန္ေတာ္ တို႔အသက္တာ ေျပာင္းလဲမႈကိုေတာ့ သေဘာေပါက္တဲ့လူကနည္းတယ္။ တကယ္ေတာ့ၾကာေလ ခရစ္ေတာ္ထဲမွာတည္ေနတဲ့ တစ္ေယာက္ျခင္းစီအသက္တာဟာ ပိုမို ေတာက္ပျခင္းကိုဆီကို၊ အသစ္ျဖစ္ျခင္းကိုကူးေျပာင္းေနတယ္။ တခ်ိဳ႕က ငါမႏွစ္ကေလာက္ အားမ႐ွိေတာ့ဘူး၊ မႏွစ္ကေလာက္ မ်က္စိမေကာင္းေတာ့ဘူး။ အရင္ကေလာက္မလုပ္ႏိုင္ေတာ့ဘူး ဆိုပီးေတာ့ အိုေဟာင္းျခင္းကိုဝန္ခံသေဘာတူေနၾကတယ္။ တကယ္ေတာ့ ခရစ္ေတာ္ ထဲမွာ႐ွင္သန္တဲ့သူတစ္ေယာက္က အသက္ႀကီးလာေလ ေကာင္းေသာအရာေတြနဲ႔ ျပဳျပင္ျခင္းခံရေလပါပဲ။ လာမယ့္ႏွစ္ကို ပိုေကာင္းတဲ့ အေျပာင္းလဲေတြကိုေမွ်ာ္လင့္တာဟာ အေျခအေနေၾကာင့္၊ ကာကြယ္ေဆးေၾကာင့္၊ စီးပြားေရးျပန္လည္ဦးေမာ့လာမွာမို႔လို႔စတဲ့အရာေတြေၾကာင့္တစ္ခုမွ မဟုတ္ဘူး။ ခရစ္ေတာ္ထဲမွာ႐ွိတဲ့အတြက္ ေယ႐ႈခရစ္ေတာ္အားျဖင့္ အရာရာကိုေက်ာ္လႊားေအာင္ျမင္ႏိုင္တဲ့ အသစ္ျပဳျပင္ျခင္းကို ရ႐ွိမွာမို႔ပါ။ ခရစ္ေတာ္ထဲမွာ ႐ွိတဲ့ျပဳျပင္ျခင္းအစြမ္းတန္ခိုးဟာ ၾကဳံလာမယ့္အရာေတြကို ေက်ာ္လႊားႏိုင္မယ့္ အစြမ္းတန္ခိုးကိုျဖစ္ေစမယ္ၿပီးရင္ ပိုမိုသန္မာေစမယ္။ ဒါေၾကာင့္ ခရစ္ေတာ္ထဲမွာတည္ျခင္းအားျဖင့္ ဒီႏွစ္မွာ မလုပ္ႏိုင္ခဲ့တဲ့အရာေတြ၊ မေက်ာ္လႊားႏိုင္ခဲ့တဲ့ အရာေတြကို ေနာက္ႏွစ္မွာ ေက်ာ္လႊားေအာင္ျမင္ေစမွာ ေသခ်ာတယ္။

5 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube