- Than Min Htike
အပြောင်းလဲတွေ မြင်ချင်တယ်ဆိုရင်(၂)
“မြို့ထဲသို့ဝင်လျှင် အစာခေါင်းပါးသောကြောင့် သေရမည်။ ဤအရပ်၌ ထိုင်လျက်နေလျှင်လည်း သေရမည်။ သို့ဖြစ်၍ ရှုရိတပ်သို့ ဝင်စားကြကုန်အံ့။ သူတို့သည် အသက်ရှင်စေလျှင် ရှင်ရမည်။ သတ်လျှင်သေရမည်ဟု တိုင်ပင်ပြီးလျှင်၊”(၄ဓမ္မ ၇:၄)
အလိုလိုရောက်လာမှာမဟုတ်ဘူး
အပြောင်းလဲတွေက ကိုယ်ရှိတဲ့နေရာကိုဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာမယ်လို့ထင်တတ်သူတချို့ရှိတယ်။
တခါတလေအပြောင်းလဲကကိုယ့်ဆီရောက်လာတာထက် ကိုယ်ကအပြောင်းလဲဆီကို အရောက်သွားရတဲ့အချိန်တွေ ရှိတတ်တယ်၊ အပြောင်းလဲဖြစ်ဖို့ထိုင်စောင့်နေရတဲ့အချိန် ရှိသလို၊ အပြောင်းလဲတွေဆီကိုကိုယ်ကခြေလှမ်းပြီးသွား ရတဲ့အချိန်တွေလည်းရှိတယ်။ ပုံသေနည်းတော့ လုံး၀မရှိဘူး။ လက်ရှိအခြေအနေကနေ ပြောင်းလဲချင်တယ်လို့ထိုင်အော်နေရုံနဲ့တော့ အပြောင်းလဲက ချက်ခြင်းရောက် လာမှာမဟုတ်ဘူးဆိုတာသိပါ။ ပြောင်းလဲချင်တဲ့ ပြင်းပြတဲ့ဆန္ဒရယ်၊ ပေးရမယ့်အဖိုးအခကို ပေးဖို့အဆင်သင့်ဖြစ်တဲ့အခါမှာတော့ သင်မြင်ချင်တဲ့အပြောင်းလဲကို မြင်တွေ့ရမှာမလွဲပါဘူး။
ရှာမာရိမြို့မှာ ရန်သူဝိုင်းထားလို့ မြို့သားတွေ အစာငတ်ကုန်ကြတယ်။ ကိုယ့်ကလေးတွေကိုတောင် ချက်ပြီးစားရတဲ့အထိ အခြေအနေက ဆိုးကုန်ပြီ။ ရှင်ဘုရင်က ဘုရားလူဖြစ်တဲ့ ဧလိရှဲကိုအပြစ်တင်တယ်။ အပြစ်တင်တာ အပြောင်းလဲမဖြစ်စေရုံသာမကပဲ အခြေအနေကို အဆိုးဘက်ကိုတွန်းပို့ လိုက်သလိုပဲ။ ဧလိရှဲကတော့ အပြောင်းအလဲဖြစ်စေမယ့် နှုတ်ကပတ်တော်ကိုစေလွှတ်တယ်။ မနက်ဖြန်ဒီအချိန်မှာ အခြေအနေတွေက လုံး၀ကိုပြောင်းလဲသွားလိမ့်မယ်။ ၂၄ နာရီအတွင်းမှာ လက်ရှိအ ခြေအနေတွေ ပြောင်းလဲသွားဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒါကို မယုံတဲ့အမတ်ကိုတော့ မြင်ပဲမြင်ရမယ် မစားရဘူးလို့ သတိပေးတယ်။ အပြောင်းလဲဖြစ်လာရင်တောင် မယုံတဲ့သူတွေအတွက်တော့ နေရာမရှိဘူး။ ယုံကြည်ခြင်းမရှိတဲ့သူက အပြောင်းလဲတွေထဲမှာ မရပ်တည်နိုင်ဘူး။ မြို့အပြင်မှာ နူနာသည် ၄ယောက်က ဒီသတင်းစကားကိုမကြားရပေမယ့်သူတို့စိတ်ထဲမှာ တစ်စုံတစ်ခုလုပ်ဖို့ နှိုး ဆော်ခြင်းခံနေရတယ်။ မြို့ထဲကလူတွေ ပေးတာကျွေးတာနဲ့ စားသောက်ရပ်တည်နေရတဲ့ သူတို့က အခုမြို့ထဲကသူတွေတောင်စားစရာမရှိတော့ သူတို့ဆိုပိုဆိုးတာပေါ့။ ထိုင်နေရင်လည်းအစာငတ်လို့ သေတော့မှာသေ ချာတယ်။ ပုံမှန်အလုပ်ကလည်းအလုပ်မဖြစ်တော့ဘူး။ ထိုင်နေရင်လည်းထူးခြားလာမှာမဟုတ်တော့ သူတို့က ဒီလိုဆုံးဖြတ်တယ်။ အစားအစာရှိတဲ့ ရန်သူတွေဆီကိုသွားမယ် သတ်ရင်လည်းသေပေါ့။ ထိုင်ပြီး သေတာထက်တော့ အများကြီး မျှော်လင့်ချက်ရှိပါတယ်လို့ စဉ်းစားကြတယ်။ အပြောင်းလဲက ကိုယ့်ဆီမလာရင် ကိုယ်က အပြောင်းလဲဆီကိုသွားရမယ်ဆိုတာကို သူတို့သဘော ပေါက်သွားကြတယ်။ သူတို့ရဲ့ယိုင်နဲ့တဲ့ခြေလှမ်းတွေကို ဘုရားက စစ်တပ်ကြီးချီတက်လာသလို အသံမြည်စေတယ်။ သူတို့လည်းရောက်ရော ရန်သူတစ်ယောက်မှကိုမရှိတော့ပဲ စားစရာတွေနဲ့ပြည့်နေတာကိုပဲတွေ့ရတယ်။ ဘ၀မှာသူတို့မျှော်လင့်တာထက် ကောင်းတဲ့အပြောင်းလဲက သူတို့ရှေ့မှာစောင့်နေတယ်ဆိုတာ အစကမသိခဲ့ဘူး။ ရောက်မှပဲ အားလုံးရှင်းလင်းသွားတော့တယ်။ ဒီနေ့ ယုံကြည်ခြင်းနဲ့သင်လှမ်းတဲ့ခြေလှမ်းတွေက ကြီးမားတဲ့အပြောင်းလဲတွေဖြစ်ပေါ်စေတယ်ဆိုတာစိတ်ချပါ။

Zawgyi
အေျပာင္းလဲေတြ ျမင္ခ်င္တယ္ဆိုရင္(၂)
“ၿမိဳ႕ထဲသို႔ဝင္လွ်င္ အစာေခါင္းပါးေသာေၾကာင့္ ေသရမည္။ ဤအရပ္၌ ထိုင္လ်က္ေနလွ်င္လည္း ေသရမည္။ သို႔ျဖစ္၍ ႐ႈရိတပ္သို႔ ဝင္စားၾကကုန္အံ့။ သူတို႔သည္ အသက္႐ွင္ေစလွ်င္ ႐ွင္ရမည္။ သတ္လွ်င္ေသရမည္ဟု တိုင္ပင္ၿပီးလွ်င္၊”(၄ဓမၼ ၇:၄)
အလိုလိုေရာက္လာမွာမဟုတ္ဘူး
အေျပာင္းလဲေတြက ကိုယ္႐ွိတဲ့ေနရာကိုဆိုက္ဆိုက္ ၿမိဳက္ၿမိဳက္ေရာက္လာမယ္လို႔ထင္တတ္သူတခ်ိဳ႕႐ွိတယ္။
တခါတေလအေျပာင္းလဲကကိုယ့္ဆီေရာက္လာတာထက္ ကိုယ္ကအေျပာင္းလဲဆီကို အေရာက္သြားရတဲ့အခ်ိန္ေတြ ႐ွိတတ္တယ္၊ အေျပာင္းလဲျဖစ္ဖို႔ထိုင္ေစာင့္ေနရတဲ့အခ်ိန္ ႐ွိသလို၊ အေျပာင္းလဲေတြဆီကိုကိုယ္ကေျခလွမ္းၿပီးသြား ရတဲ့အခ်ိန္ေတြလည္း႐ွိတယ္။ ပုံေသနည္းေတာ့ လုံး၀မ႐ွိဘူး။ လက္႐ွိအေျခအေနကေန ေျပာင္းလဲခ်င္တယ္လို႔ထိုင္ေအာ္ေန႐ုံနဲ႔ေတာ့ အေျပာင္းလဲက ခ်က္ျခင္းေရာက္ လာမွာမဟုတ္ဘူးဆိုတာသိပါ။ ေျပာင္းလဲခ်င္တဲ့ ျပင္းျပတဲ့ဆႏၵရယ္၊ ေပးရမယ့္အဖိုးအခကို ေပးဖို႔အဆင္သင့္ျဖစ္တဲ့အခါမွာေတာ့ သင္ျမင္ခ်င္တဲ့အေျပာင္းလဲကို ျမင္ေတြ႕ရမွာမလြဲပါဘူး။
႐ွာမာရိၿမိဳ႕မွာ ရန္သူဝိုင္းထားလို႔ ၿမိဳ႕သားေတြ အစာငတ္ကုန္ၾကတယ္။ ကိုယ့္ကေလးေတြကိုေတာင္ ခ်က္ၿပီးစားရတဲ့အထိ အေျခအေနက ဆိုးကုန္ၿပီ။ ႐ွင္ဘုရင္က ဘုရားလူျဖစ္တဲ့ ဧလိ႐ွဲကိုအျပစ္တင္တယ္။ အျပစ္တင္တာ အေျပာင္းလဲမျဖစ္ေစ႐ုံသာမကပဲ အေျခအေနကို အဆိုးဘက္ကိုတြန္းပို႔ လိုက္သလိုပဲ။ ဧလိ႐ွဲကေတာ့ အေျပာင္းအလဲျဖစ္ေစမယ့္ ႏႈတ္ကပတ္ေတာ္ကိုေစလႊတ္တယ္။ မနက္ျဖန္ဒီအခ်ိန္မွာ အေျခအေနေတြက လုံး၀ကိုေျပာင္းလဲသြားလိမ့္မယ္။ ၂၄ နာရီအတြင္းမွာ လက္႐ွိအ ေျခအေနေတြ ေျပာင္းလဲသြားဖို႔ဆိုတာ ျဖစ္ႏိုင္ပါ့မလား။ ဒါကို မယုံတဲ့အမတ္ကိုေတာ့ ျမင္ပဲျမင္ရမယ္ မစားရဘူးလို႔ သတိေပးတယ္။ အေျပာင္းလဲျဖစ္လာရင္ေတာင္ မယုံတဲ့သူေတြအတြက္ေတာ့ ေနရာမ႐ွိဘူး။ ယုံၾကည္ျခင္းမ႐ွိတဲ့သူက အေျပာင္းလဲေတြထဲမွာ မရပ္တည္ႏိုင္ဘူး။ ၿမိဳ႕အျပင္မွာ ႏူနာသည္ ၄ေယာက္က ဒီသတင္းစကားကိုမၾကားရေပမယ့္သူတို႔စိတ္ထဲမွာ တစ္စုံတစ္ခုလုပ္ဖို႔ ႏိႈး ေဆာ္ျခင္းခံေနရတယ္။ ၿမိဳ႕ထဲကလူေတြ ေပးတာေကြၽးတာနဲ႔ စားေသာက္ရပ္တည္ေနရတဲ့ သူတို႔က အခုၿမိဳ႕ထဲကသူေတြေတာင္စားစရာမ႐ွိေတာ့ သူတို႔ဆိုပိုဆိုးတာေပါ့။ ထိုင္ေနရင္လည္းအစာငတ္လို႔ ေသေတာ့မွာေသ ခ်ာတယ္။ ပုံမွန္အလုပ္ကလည္းအလုပ္မျဖစ္ေတာ့ဘူး။ ထိုင္ေနရင္လည္းထူးျခားလာမွာမဟုတ္ေတာ့ သူတို႔က ဒီလိုဆုံးျဖတ္တယ္။ အစားအစာ႐ွိတဲ့ ရန္သူေတြဆီကိုသြားမယ္ သတ္ရင္လည္းေသေပါ့။ ထိုင္ၿပီး ေသတာထက္ေတာ့ အမ်ားႀကီး ေမွ်ာ္လင့္ခ်က္႐ွိပါတယ္လို႔ စဥ္းစားၾကတယ္။ အေျပာင္းလဲက ကိုယ့္ဆီမလာရင္ ကိုယ္က အေျပာင္းလဲဆီကိုသြားရမယ္ဆိုတာကို သူတို႔သေဘာ ေပါက္သြားၾကတယ္။ သူတို႔ရဲ႕ယိုင္နဲ႔တဲ့ေျခလွမ္းေတြကို ဘုရားက စစ္တပ္ႀကီးခ်ီတက္လာသလို အသံျမည္ေစတယ္။ သူတို႔လည္းေရာက္ေရာ ရန္သူတစ္ေယာက္မွကိုမ႐ွိေတာ့ပဲ စားစရာေတြနဲ႔ျပည့္ေနတာကိုပဲေတြ႕ရတယ္။ ဘ၀မွာသူတို႔ေမွ်ာ္လင့္တာထက္ ေကာင္းတဲ့အေျပာင္းလဲက သူတို႔ေ႐ွ႕မွာေစာင့္ေနတယ္ဆိုတာ အစကမသိခဲ့ဘူး။ ေရာက္မွပဲ အားလုံး႐ွင္းလင္းသြားေတာ့တယ္။ ဒီေန႔ ယုံၾကည္ျခင္းနဲ႔သင္လွမ္းတဲ့ေျခလွမ္းေတြက ႀကီးမားတဲ့အေျပာင္းလဲေတြျဖစ္ေပၚေစတယ္ဆိုတာစိတ္ခ်ပါ။