Search
  • Than Min Htike

အပြောင်းလဲတွေ မြင်ချင်တယ်ဆိုရင် (၃)

“သင်​တို့​သည် လော​ကီ​ပုံ​သ​ဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​နိုင်​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​ကို အ​သစ်​ပြင်​ဆင်၍ ပုံ​သ​ဏ္ဌာန်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။-”(ရောမ ၁၂:၂)


အပြောင်းလဲတွေရဲ့အစ

မြစ်၊ပင်လယ်ကြီးတွေဟာ ချောင်းမြောင်းလေးတွေ ပေါင်းစည်းမိရာကနေ မြစ်ဖျားခံပြီးတော့ စီးဆင်းလာကြတာပါ။ သစ်ပင်ကြီးတွေကလည်း မျိုးစေ့သေးသေးလေးတွေကနေ ပေါက်ဖွားရှင်သန်လာကြတာပါ။ ဒီလိုပါပဲ ကြီးမားတဲ့အပြောင်းလဲတွေကလည်း နှလုံးသားထဲကနေ မှန်ကန်တဲ့ဆုံးဖြတ်ချက်လေးတွေကနေ အစပြုလာခဲ့တာပါ။ သာမာန်ဆုံးဖြတ်ချက်တွေက သာမာန်ရလဒ်တွေကိုပဲယူဆောင်လာသလို၊ ထူးခြားတဲ့ဆုံးဖြတ်ချက်တွေကလည်း ခြားနားတဲ့ရလဒ်တွေကို ယူဆောင်လာပေးတယ်။ မကြာခင်မှာနှစ်သစ်ရောက်တော့မယ်။ နှစ်သစ်ရောက်တာနဲ့ အားလုံးအသစ် အလိုလို ဖြစ်လာမယ်လို့တော့လုံး ၀မထင်နဲ့။ အပြောင်းလဲက သူ့အလိုလိုရောက်လာပြီးတော့သင့်အိမ်ကိုတံခါးလာခေါက်မှာမဟုတ်ဘူး။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေနဲ့ သေချာဖိတ်ကြားမှပဲရောက်လာတတ်တဲ့ ဧည့်သည်မျိုးပါ။ ဒီနေ့ သင်ချတဲ့ဆုံးဖြတ်ချက်က လာမယ့်နှစ်သစ်မှာ အပြောင်းလဲတွေကို မြင်တွေ့ရဖို့ အရေးကြီးတဲ့ အစပြုခြင်းပါပဲ။


တမူထူးခြားစွာဆုံးဖြတ်တဲ့ သူ

ကျမ်းစာထဲမှာရုသအကြောင်းကို သင်ဖတ်ဖူးပါလိမ့်မယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ခင်ပွန်းသည်သေဆုံးခဲ့ပြီး မုဆိုးမဘ၀ရောက်ခဲ့တယ်။ တစ်နေ့ သူ့ယောက္ခမ နောမိက သူတို့နေရင်းတိုင်းပြည်ကိုပြန်ဖို့လုပ်နေတဲ့အချိန်မှာ သူက လိုက်ခဲ့ပြီးတော့ သူ့ယောက္ခမကိုပြုစုဖို့ ဆုံးဖြတ်ခဲ့တယ်။ ယောက္ခမက ဒီမှာပဲနေခဲ့ပြီးတော့ ဘ၀သစ်စဖို့ တိုက်တွန်းပေမယ့်သူကတော့ ဘုရား မျက်မှောက်တော်ရှိတဲ့နေရာမှာပဲ ဘ၀ကို စတင်ဖို့အတွက် ဆုံးဖြတ်ခဲ့တယ်။ ဒီဆုံးဖြတ်ချက်က တကယ်တော့ သာမာန်ဘယ်သူမှ ဆုံး ဖြတ်နိုင်မှာမဟုတ်ဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးရှိတဲ့နေရာကနေ ကျောခိုင်းပြီးတော့သွားရမယ့်ကိစ္စ။ ရုသ ရဲ့ဆုံးဖြတ်ချက်အပေါ် ဘုရားကကောင်းကြီးပေးခဲ့တယ်။ သူလယ်မှာစပါးကျန်ကောက်ရင်းနဲ့ သူ‌ဌေးလေးဗောဇရဲ့ လယ်မှာရောက်သွားတယ်။ ဘ၀ကို နိမ့်ကျစွာ လုပ်ကိုင်စားသောက်ရပေမယ့်လည်း လက်မလျော့ခဲ့ဘူး။ ဒီသ တင်းက သူတို့မြို့မှာ အကျော်အကြားဆုံးသတင်းဖြစ်ခဲ့ပြီးတော့ သူဌေးလေးစိတ်နှလုံးကိုတို့ထိခဲ့တယ်။ နောက် ဆုံး ဘုရားပြင်ဆင်ထားတဲ့ ရွေးနုတ်ခြင်းနည်းလမ်းအား ဖြင့် သူဟာ သူဌေးလေးနဲ့ အိမ်ထောင်ပြုဖို့ဖြစ်လာတယ်။ ဘုရားရွံရှာတဲ့ မောဘ အမျိုးဖြစ်ပေမယ့် ဘုရားဆီကို မျက်နှာလှည့်ခဲ့ပြီးတော့ ဘုရားနည်းလမ်းအတိုင်း ဆင်း ရဲသားတွေအတွက် ဘုရားချန်ထားစေတဲ့ စပါးကျန် ကောက်ရင်းနဲ့ သူဌေးလေးနဲ့တွေ့ ခဲ့ရသလို၊ ဘုရားနည်းလမ်းအတိုင်း အကိုရဲ့မယားကို မျိုးနွယ်မပျက်စေဖို့ ထိန်းသိမ်းရတဲ့ ရွေးနုတ်ခြင်းက သူ့ဘ၀အ သက်တာကို အသစ်တဖန်ပြန်လည် သက်ဝင်စေခဲ့ပြီးတော့ ဒါဝိဒ်ရဲ့ မျိုးဆက်ထဲမှာ ပါဝင်ခွင့်ရခဲ့တယ်။ ဘုရားသခင်ဆီမှာ မျှော်လင့်စရာမဲ့တဲ့သူတွေအတွက် ပြင်ဆင်ထားတဲ့ အရာတွေအများကြီးရှိတယ်ဆိုတာကို တွေ့ရတယ်။ ဘုရားဆီကို လှမ်းလာဖို့ သူချတဲ့ဆုံးဖြတ်ချက်က သူ့ဘ၀တစ်ခုလုံးကိုကြီးမားတဲ့အပြောင်းလဲတွေဖြစ်ဖို့ ခေါ်ဆောင်လာတယ်ဆိုတာ ဘယ်သူငြင်းနိုင်မလဲ။



Zawgyi

အေျပာင္းလဲေတြ ျမင္ခ်င္တယ္ဆိုရင္ (၃)

“သင္​တို႔​သည္ ေလာ​ကီ​ပုံ​သ​ဏၭာန္​ကို မ​ေဆာင္​ၾက​ႏွင့္။ ေကာင္း​ျမတ္​ေသာ​အ​ရာ၊ ႏွစ္​သက္​ဖြယ္​ေသာ​အ​ရာ၊ စုံ​လင္​ေသာ​အ​ရာ​တည္း​ဟူ​ေသာ ဘု​ရား​သ​ခင္ အ​လို​ေတာ္​႐ွိ​ေသာ​အ​ရာ​သည္ အ​ဘယ္​အ​ရာ​ျဖစ္​သည္​ကို သင္​ႏိုင္​မည္​အ​ေၾကာင္း၊ စိတ္​ႏွ​လုံး​ကို အ​သစ္​ျပင္​ဆင္၍ ပုံ​သ​ဏၭာန္​ေျပာင္း​လဲ​ျခင္း​သို႔ ေရာက္​ၾက​ေလာ့။-”(ေရာမ ၁၂:၂)


အေျပာင္းလဲေတြရဲ႕အစ

ျမစ္၊ပင္လယ္ႀကီးေတြဟာ ေခ်ာင္းေျမာင္းေလးေတြ ေပါင္းစည္းမိရာကေန ျမစ္ဖ်ားခံၿပီးေတာ့ စီးဆင္းလာၾကတာပါ။ သစ္ပင္ႀကီးေတြကလည္း မ်ိဳးေစ့ေသးေသးေလးေတြကေန ေပါက္ဖြား႐ွင္သန္လာၾကတာပါ။ ဒီလိုပါပဲ ႀကီးမားတဲ့အေျပာင္းလဲေတြကလည္း ႏွလုံးသားထဲကေန မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ေလးေတြကေန အစျပဳလာခဲ့တာပါ။ သာမာန္ဆုံးျဖတ္ခ်က္ေတြက သာမာန္ရလဒ္ေတြကိုပဲယူေဆာင္လာသလို၊ ထူးျခားတဲ့ဆုံးျဖတ္ခ်က္ေတြကလည္း ျခားနားတဲ့ရလဒ္ေတြကို ယူေဆာင္လာေပးတယ္။ မၾကာခင္မွာႏွစ္သစ္ေရာက္ေတာ့မယ္။ ႏွစ္သစ္ေရာက္တာနဲ႔ အားလုံးအသစ္ အလိုလို ျဖစ္လာမယ္လို႔ေတာ့လုံး ၀မထင္နဲ႔။ အေျပာင္းလဲက သူ႕အလိုလိုေရာက္လာၿပီးေတာ့သင့္အိမ္ကိုတံခါးလာေခါက္မွာမဟုတ္ဘူး။ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ေတြနဲ႔ ေသခ်ာဖိတ္ၾကားမွပဲေရာက္လာတတ္တဲ့ ဧည့္သည္မ်ိဳးပါ။ ဒီေန႔ သင္ခ်တဲ့ဆုံးျဖတ္ခ်က္က လာမယ့္ႏွစ္သစ္မွာ အေျပာင္းလဲေတြကို ျမင္ေတြ႕ရဖို႔ အေရးႀကီးတဲ့ အစျပဳျခင္းပါပဲ။


တမူထူးျခားစြာဆုံးျဖတ္တဲ့ သူ

က်မ္းစာထဲမွာ႐ုသအေၾကာင္းကို သင္ဖတ္ဖူးပါလိမ့္မယ္။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ခင္ပြန္းသည္ေသဆုံးခဲ့ၿပီး မုဆိုးမဘ၀ေရာက္ခဲ့တယ္။ တစ္ေန႔ သူ႕ေယာကၡမ ေနာမိက သူတို႔ေနရင္းတိုင္းျပည္ကိုျပန္ဖို႔လုပ္ေနတဲ့အခ်ိန္မွာ သူက လိုက္ခဲ့ၿပီးေတာ့ သူ႕ေယာကၡမကိုျပဳစုဖို႔ ဆုံးျဖတ္ခဲ့တယ္။ ေယာကၡမက ဒီမွာပဲေနခဲ့ၿပီးေတာ့ ဘ၀သစ္စဖို႔ တိုက္တြန္းေပမယ့္သူကေတာ့ ဘုရား မ်က္ေမွာက္ေတာ္႐ွိတဲ့ေနရာမွာပဲ ဘ၀ကို စတင္ဖို႔အတြက္ ဆုံးျဖတ္ခဲ့တယ္။ ဒီဆုံးျဖတ္ခ်က္က တကယ္ေတာ့ သာမာန္ဘယ္သူမွ ဆုံး ျဖတ္ႏိုင္မွာမဟုတ္ဘူး။ ကိုယ့္တိုင္းျပည္၊ ကိုယ့္လူမ်ိဳး႐ွိတဲ့ေနရာကေန ေက်ာခိုင္းၿပီးေတာ့သြားရမယ့္ကိစၥ။ ႐ုသ ရဲ႕ဆုံးျဖတ္ခ်က္အေပၚ ဘုရားကေကာင္းႀကီးေပးခဲ့တယ္။ သူလယ္မွာစပါးက်န္ေကာက္ရင္းနဲ႔ သူ‌ေဌးေလးေဗာဇရဲ႕ လယ္မွာေရာက္သြားတယ္။ ဘ၀ကို နိမ့္က်စြာ လုပ္ကိုင္စားေသာက္ရေပမယ့္လည္း လက္မေလ်ာ့ခဲ့ဘူး။ ဒီသ တင္းက သူတို႔ၿမိဳ႕မွာ အေက်ာ္အၾကားဆုံးသတင္းျဖစ္ခဲ့ၿပီးေတာ့ သူေဌးေလးစိတ္ႏွလုံးကိုတို႔ထိခဲ့တယ္။ ေနာက္ ဆုံး ဘုရားျပင္ဆင္ထားတဲ့ ေ႐ြးႏုတ္ျခင္းနည္းလမ္းအား ျဖင့္ သူဟာ သူေဌးေလးနဲ႔ အိမ္ေထာင္ျပဳဖို႔ျဖစ္လာတယ္။ ဘုရား႐ြံ႐ွာတဲ့ ေမာဘ အမ်ိဳးျဖစ္ေပမယ့္ ဘုရားဆီကို မ်က္ႏွာလွည့္ခဲ့ၿပီးေတာ့ ဘုရားနည္းလမ္းအတိုင္း ဆင္း ရဲသားေတြအတြက္ ဘုရားခ်န္ထားေစတဲ့ စပါးက်န္ ေကာက္ရင္းနဲ႔ သူေဌးေလးနဲ႔ေတြ႕ ခဲ့ရသလို၊ ဘုရားနည္းလမ္းအတိုင္း အကိုရဲ႕မယားကို မ်ိဳးႏြယ္မပ်က္ေစဖို႔ ထိန္းသိမ္းရတဲ့ ေ႐ြးႏုတ္ျခင္းက သူ႕ဘ၀အ သက္တာကို အသစ္တဖန္ျပန္လည္ သက္ဝင္ေစခဲ့ၿပီးေတာ့ ဒါဝိဒ္ရဲ႕ မ်ိဳးဆက္ထဲမွာ ပါဝင္ခြင့္ရခဲ့တယ္။ ဘုရားသခင္ဆီမွာ ေမွ်ာ္လင့္စရာမဲ့တဲ့သူေတြအတြက္ ျပင္ဆင္ထားတဲ့ အရာေတြအမ်ားႀကီး႐ွိတယ္ဆိုတာကို ေတြ႕ရတယ္။ ဘုရားဆီကို လွမ္းလာဖို႔ သူခ်တဲ့ဆုံးျဖတ္ခ်က္က သူ႕ဘ၀တစ္ခုလုံးကိုႀကီးမားတဲ့အေျပာင္းလဲေတြျဖစ္ဖို႔ ေခၚေဆာင္လာတယ္ဆိုတာ ဘယ္သူျငင္းႏိုင္မလဲ။


3 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube