Search
  • Than Min Htike

အပြောင်းလဲတွေ မြင်ချင်တယ်ဆိုရင် (၄)

“ထို​သို့​လှမ်း​သွား၍ ဘု​ရား​သ​ခင်​အား ချီး​မွမ်း​သည်​ကို လူ​အ​ပေါင်း​တို့​သည်မြင်​သော​အ​ခါ၊ထို​သူ​သည် ဗိ​မာန်​တော် ၏တင့်တယ်တံခါးနားမှာ စွန့်​ကြဲ​ခြင်း​ကို​ခံ၍ ထိုင်​နေ​သော​သူ​ဖြစ်​သည်​ကို သိ​ကြ​သော​ကြောင့်၊ သူ၌​ဖြစ်​သည် အ​မှု​ကို အံ့​ဩ​မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊”(တ ၃:၉-၁၀)


အပြောင်းအလဲဖြစ်စေတဲ့အရာ

လူ့ဘ၀ကို အစစအရာရာလုံး၀ မတူတော့အောင် ပြောင်းလဲစေနိုင်တဲ့အရာက ဘယ်အရာများလဲ၊ ရွှေငွေတွေက ဘ၀ကိုပြောင်းလဲ စေနိုင်သလား။ ပြောင်းလဲမှုရှိရင်တောင် လုံး၀မတူခြားနားသွားအောင်တော့ ရွှေတွေ ငွေတွေကမလုပ်ပေးနိုင်ပါဘူး။ လူတွေက အပြောင်းလဲကြီး ပြောင်းလဲသွားတာလိုချင်တဲ့အခါမှာ ရွှေငွေတွေကိုကြိုးစားရှာကြတယ်။ ရွှေငွေရှိတယ်ဆိုရင် ဘ၀ဟာ အရင်ကနဲ့မတူအောင် ခြားနားသွားမယ်လို့ မှတ်ထင်နေကြလို့ပါ။ တကယ်တော့ အသက်တာကို လုံး၀ခြာနားသွားစေတဲ့အရာတော့ သခင်ယေရှုတစ်ပါးတည်းပဲရှိပါတယ်။ ယခင်နဲ့ယခု မတူအောင် ခြားနားသွားစေနိုင်တဲ့တစ်ပါး တည်းသောအရာက ယေရှုခရစ်တော်ပါပဲ။ သင့်ဘ၀ အတိတ်နဲ့လုံး၀မတူအောင်၊ အခြားလူတွေမပြောနဲ့ သင့်ကိုယ်သင်တောင် အံ့ဩစရာကောင်းလောက်အောင်ကို ခြားနားသွားစေနိုင်တယ်။

ပေတရုနဲ့ ယောဟန် ဆုတောင်းဖို့အတွက် ဗိမာန်တော်ကိုလာတဲ့အခါမှာ တင့်တယ်တံခါးနားမှာစွန့်ကြဲခြင်းခံရဖို့အတွက်မျှော်လင့်နေတဲ့ လူတစ်ယောက်နဲ့တွေ့တယ်။ သူက လူတွေဆီကနေ ရွှေတွေ၊ ငွေတွေရဖို့အတွက်စောင့် မျှော်နေတယ်။ လူတွေစွန့်ကြဲတဲ့ ရွှေငွေတွေက သူ့ဘ၀ကို မပြောင်းလဲစေပဲ နေ့တိုင်း ဒီဘ၀ကနေ မလွတ်မြောက်စေဘူး။ အချိန်တန်ရင် ဒီနေရာမှာပဲ လုပ်နေကြအလုပ်ပဲလုပ် ဖို့ဖြစ်လာတယ်။ ဒါကိုပေတရုနဲ့ယောဟန်တွေ့တော့ ပေတရုက သူ့ကိုမျှော်ကြည့်ဖို့ ပြောတယ်။ လက်ခြေသေတဲ့သူကလည်း အများကြီးရမယ်အထင်နဲ့ မျှော်ကြည့်ပေမယ့် မမျှော်လင့်တဲ့စကားကပဲကြားရတယ်။ မင်းလိုချင်တဲ့ ရွှေငွေ ငါတို့မှာမရှိဘူးတဲ့။ ရွှေငွေမရှိတာများ ဘာလို့ကြည့်ခိုင်းနေသေးလဲပေါ့။ ဒါနဲ့ပေတရုက ဆိုတယ် ရွှေငွေတွေမလုပ်ပေးနိုင်တဲ့ အရာကိုလုပ်ပေးနိုင်တဲ့ အရာတော့ငါတို့ဆီမှာရှိတယ်။ အဲ့ဒါကတော့ ယေရှုနာမပဲ

အခုပဲ ထပြီးလှမ်းလျှောက်ပါလို့ အမိန့်ပေးတယ်။ အဲ့ဒီအချိန်မှာပဲ နှစ်ပေါင်းများစွာ လှုပ်ရှားလို့မရတဲ့ အရိုးတွေ၊အကြောတွေက လှုပ်ရှားလာပြီးတော့ လူကောင်းတစ်ယောက်လိုမတ်တပ်ရပ်နိုင်ပြီး ကလျှက်၊ခုန်လျှက် ဘုရား ကိုချီးမွမ်းလာနိုင်တယ်။ နောက် ဗိမာန်တော်ထဲကို ပြေးဝင်ပြီးတော့ဘုရားကိုချီးမွမ်းတယ်။ သူ့အပေါ်မှာပြုတဲ့ အပြောင်းလဲကြီးက လူတွေအားလုံးအံ့ဩရ‌အောင်ကို ကြီးမားခဲ့တယ်။ ယေရှုခရစ်တော်အားဖြင့် ရလာတဲ့ပြောင်းလဲမှုကြီးက သင့်ဘ၀ကို အရင်ကနဲ့လုံး၀ကိုခြားနားသွားစေမှာသေချာတယ်။ သင်ဘယ်လိုမှ မလုပ်နိုင်တဲ့ နယ်ပယ်ဆီ သင့်ကို ရွေ့လျားစေမှာပါ။ အရင်ကအသ နားခံတဲ့အသံကနေ ချီးမွမ်းတဲ့အသံဆီကိုပြောင်းသွားတယ်။ အရင်က ပုံစံမျိုးလုံး၀ကိုအသက်တာမှာ မတွေ့မမြင်ရတော့ဘူး။ ဗိမာန်တော်အပေါက်၀ရောက်ဖို့တောင် အခြားသူတွေ အကူအညီနဲ့ လာရတာပါ။ အခုတော့ ဗိမာန်တော်ထဲကို ဘယ်သူအကူအညီမှမပါပဲ ပြေးဝင်ခဲ့ပြီးတော့ ဘုရားကို ချီးမွမ်းတဲ့သူ၊ သက်သေခံတဲ့သူတစ်ယောက်ဖြစ်လာတယ်။ မနေ့ ၊ယနေ့ ၊နောင်ကာလမပြောင်းလဲတဲ့ ဘုရားက ဒီနေ့ သင့်အသက်တာကို ယခင်နဲ့ ယခု လုံး၀ခြားနားသွားအောင် လုပ်ဆောင်ပေးနိုင်တယ်။



Zawgyi

အပြောင်းလဲတွေ မြင်ချင်တယ်ဆိုရင် (၄)

“ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည်မြင်သောအခါ၊ထိုသူသည် ဗိမာန်တော် ၏တင့်တယ်တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည် အမှုကို အံ့ဩမိန်းမောတွေဝေခြင်းရှိ၍၊”(တ ၃:၉-၁၀)


အပြောင်းအလဲဖြစ်စေတဲ့အရာ

လူ့ဘ၀ကို အစစအရာရာလုံး၀ မတူတော့အောင် ပြောင်းလဲစေနိုင်တဲ့အရာက ဘယ်အရာများလဲ၊ ရွှေငွေတွေက ဘ၀ကိုပြောင်းလဲ စေနိုင်သလား။ ပြောင်းလဲမှုရှိရင်တောင် လုံး၀မတူခြားနားသွားအောင်တော့ ရွှေတွေ ငွေတွေကမလုပ်ပေးနိုင်ပါဘူး။ လူတွေက အပြောင်းလဲကြီး ပြောင်းလဲသွားတာလိုချင်တဲ့အခါမှာ ရွှေငွေတွေကိုကြိုးစားရှာကြတယ်။ ရွှေငွေရှိတယ်ဆိုရင် ဘ၀ဟာ အရင်ကနဲ့မတူအောင် ခြားနားသွားမယ်လို့ မှတ်ထင်နေကြလို့ပါ။ တကယ်တော့ အသက်တာကို လုံးဝြခာနားသွားစေတဲ့အရာတော့ သခင်ယေရှုတစ်ပါးတည်းပဲရှိပါတယ်။ ယခင်နဲ့ယခု မတူအောင် ခြားနားသွားစေနိုင်တဲ့တစ်ပါး တည်းသောအရာက ယေရှုခရစ်တော်ပါပဲ။ သင့်ဘ၀ အတိတ်နဲ့လုံး၀မတူအောင်၊ အခြားလူတွေမပြောနဲ့ သင့်ကိုယ်သင်တောင် အံ့ဩစရာကောင်းလောက်အောင်ကို ခြားနားသွားစေနိုင်တယ်။

ပေတရုနဲ့ ယောဟန် ဆုတောင်းဖို့အတွက် ဗိမာန်တော်ကိုလာတဲ့အခါမှာ တင့်တယ်တံခါးနားမှာစွန့်ကြဲခြင်းခံရဖို့အတွက်မျှော်လင့်နေတဲ့ လူတစ်ယောက်နဲ့တွေ့တယ်။ သူက လူတွေဆီကနေ ရွှေတွေ၊ ငွေတွေရဖို့အတွက်စောင့် မျှော်နေတယ်။ လူတွေစွန့်ကြဲတဲ့ ရွှေငွေတွေက သူ့ဘ၀ကို မပြောင်းလဲစေပဲ နေ့တိုင်း ဒီဘ၀ကနေ မလွတ်မြောက်စေဘူး။ အချိန်တန်ရင် ဒီနေရာမှာပဲ လုပ်နေကြအလုပ်ပဲလုပ် ဖို့ဖြစ်လာတယ်။ ဒါကိုပေတရုနဲ့ယောဟန်တွေ့တော့ ပေတရုက သူ့ကိုမျှော်ကြည့်ဖို့ ပြောတယ်။ လက်ခြေသေတဲ့သူကလည်း အများကြီးရမယ်အထင်နဲ့ မျှော်ကြည့်ပေမယ့် မမျှော်လင့်တဲ့စကားကပဲကြားရတယ်။ မင်းလိုချင်တဲ့ ရွှေငွေ ငါတို့မှာမရှိဘူးတဲ့။ ရွှေငွေမရှိတာများ ဘာလို့ကြည့်ခိုင်းနေသေးလဲပေါ့။ ဒါနဲ့ပေတရုက ဆိုတယ် ရွှေငွေတွေမလုပ်ပေးနိုင်တဲ့ အရာကိုလုပ်ပေးနိုင်တဲ့ အရာတော့ငါတို့ဆီမှာရှိတယ်။ အဲ့ဒါကတော့ ယေရှုနာမပဲ

အခုပဲ ထပြီးလှမ်းလျှောက်ပါလို့ အမိန့်ပေးတယ်။ အဲ့ဒီအချိန်မှာပဲ နှစ်ပေါင်းများစွာ လှုပ်ရှားလို့မရတဲ့ အရိုးတွေ၊အကြောတွေက လှုပ်ရှားလာပြီးတော့ လူကောင်းတစ်ယောက်လိုမတ်တပ်ရပ်နိုင်ပြီး ကလျှက်၊ခုန်လျှက် ဘုရား ကိုချီးမွမ်းလာနိုင်တယ်။ နောက် ဗိမာန်တော်ထဲကို ပြေးဝင်ပြီးတော့ဘုရားကိုချီးမွမ်းတယ်။ သူ့အပေါ်မှာပြုတဲ့ အပြောင်းလဲကြီးက လူတွေအားလုံးအံ့ဩရ‌အောင်ကို ကြီးမားခဲ့တယ်။ ယေရှုခရစ်တော်အားဖြင့် ရလာတဲ့ပြောင်းလဲမှုကြီးက သင့်ဘ၀ကို အရင်ကနဲ့လုံး၀ကိုခြားနားသွားစေမှာသေချာတယ်။ သင်ဘယ်လိုမှ မလုပ်နိုင်တဲ့ နယ်ပယ်ဆီ သင့်ကို ရွေ့လျားစေမှာပါ။ အရင်ကအသ နားခံတဲ့အသံကနေ ချီးမွမ်းတဲ့အသံဆီကိုပြောင်းသွားတယ်။ အရင်က ပုံစံမျိုးလုံး၀ကိုအသက်တာမှာ မတွေ့မမြင်ရတော့ဘူး။ ဗိမာန်တော်အပေါက်ဝရောက်ဖို့တောင် အခြားသူတွေ အကူအညီနဲ့ လာရတာပါ။ အခုတော့ ဗိမာန်တော်ထဲကို ဘယ်သူအကူအညီမှမပါပဲ ပြေးဝင်ခဲ့ပြီးတော့ ဘုရားကို ချီးမွမ်းတဲ့သူ၊ သက်သေခံတဲ့သူတစ်ယောက်ဖြစ်လာတယ်။ မနေ့ ၊ယနေ့ ၊နောင်ကာလမပြောင်းလဲတဲ့ ဘုရားက ဒီနေ့ သင့်အသက်တာကို ယခင်နဲ့ ယခု လုံးဝြခားနားသွားအောင် လုပ်ဆောင်ပေးနိုင်တယ်။

10 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube