- Than Min Htike
အပြောင်းလဲတွေ မြင်ချင်တယ်ဆိုရင် (၅)
“ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။- ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှာ ရှေ့တော်၌ သွားသောသူတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်ကြလေ၏။-”(လုကာ ၁၈:၃၈-၃၉)
လွယ်မယ်တော့မထင်နဲ့ပေါ့
ခေတ်မှီ တိုးတက်လာတာနဲ့အမျှ အရာရာဟာလည်းလျှင်မြန်စွာပြောင်းလဲလာတယ်။ အရင်က ခက်ခဲတယ်လို့ထင်တဲ့အရာတွေက အခုတော့ အရမ်းကို လွယ်လာတယ်။ ဆက်သွယ်မှုတွေ မတိုးတက်ခင်ကဆိုရင် တနေရာမှ တနေရာကို ဆက်သွယ်စကားပြောဖို့ဆိုတာ တကယ့်ကိုခက်ခဲတယ်။ စကားပြောလို့တောင်မရပဲ ကြေးနန်းစာအတိုလေးတောင် ငွေကြေးများစွာ အကုန်ကျခံပြီး ပို့ရတယ်။ နောက်တိုးတက်လာပြီးတော့အသံကြားဖို့လွယ်လာတယ်။ အခုကတော့ အသံတောင်မဟုတ်တောဘူး ကမ္ဘာအနှံ့က လူတွေနဲ့ မျက်နှာခြင်းဆိုင်ထိုင်ပြီးတော့ စကားတောင် အုပ်စုဖွဲ့ပြီးတော့ပြောလို့ ရလာတယ်။ အဲ့ဒီအတွက်ကုန်ကျစရိတ်ကလည်းအရမ်းမများတော့သလို လူတိုင်းလည်း တတ်နိုင်တဲ့ခေတ်ကြီး။ အရင်က ခက်ခဲတဲ့အရာတွေက အပြောင်းလဲတွေ ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ အရမ်းကိုလွယ်လာတယ်။ လူတွေကလည်းခက်ခဲတာတွေကို စိတ်မဝင်စားတော့ဘူး ပိုလွယ်တဲ့အရာကိုပဲ အာရုံကပိုစိုက်လာကြတယ်။ ဒီအရာက ဝိညာဉ်ရေးရာမှာလဲ ည်းအပြောင်းလဲတွေဖြစ်ဖို့အတွက် ပိုလွယ်တဲ့ အဖိုးအခမရှိတဲ့အရာကိုပဲ တောင့်တလာကြတယ်။ အရင်တုန်းက နှုတ်ကပတ်တော်သင်ကြားမှုတွေ ကြားရဖို့သိပ်ကို မလွယ်ဘူး။ တရားဟောချက် နားထောင်ရဖို့ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဆရာတွေဟောတာကိုပဲ ကြိုက်ကြိုက်မကြိုက်ကြိုက်နားထောင်ခဲ့ရပြီး။ ကိုယ့်အသင်းတော်ရဲ့ ခံယူချက်နဲ့ကိုက်ညီတဲ့ အရာများကိုပဲကြားနာခဲ့ရတယ်။ အခုတော့ ခေတ်ကြီးပြောင်းလဲမှုနဲ့အတူ ကိုယ်ကြိုက်တဲ့ဆရာ၊ကိုယ်ကြိုက်တဲ့ခေါင်းစဉ်ကို အချိန်မရွေး နေရာမရွေးမှာ နားထောင်လို့ရလာတယ်။
လိုချင်တာကို အချိန်မရွေး လွယ်လွယ်နဲ့လုပ်နိုင်တဲ့ခေတ်ဖြစ်လာတာနဲ့အမျှ ယုံကြည်သူတွေ ဝိညာဉ်ရေးရာ တိုးတက်ဖို့ ပိုခက်ခဲလာတယ်။ ဝိညာဉ်ရေးရာပြောင်းလဲမှုတိုင်းမှာ အဖိုးအခမပါပဲ ဘယ်တော့မှ မတိုးတက်နိုင်ဘူး။ ခေတ်ဘယ်လောက်ပြောင်းပြောင်း ဘုရားရဲ့နည်းလမ်းနဲ့ နိယာမကတော့ လုံး၀မပြောင်းသွားဘူး။ ဝိညာဉ်ရေးရာပြောင်းလဲတိုးတက်ဖို့ အလွယ်နည်း လုံး၀ကိုမရှိဘူး။
ဗာတိမဲအကြောင်းကိုကြည့်တဲ့အခါမှာ မွေးကတည်းက ကန်းနေတဲ့ ဘ၀က သူ့ကို တောင်းရမ်းစားသောက်တဲ့ အခြအနေကိုဖန်တီး ပေးခဲ့တယ်။ တကယ်တော့ သူ့မှာ ကျန်တဲ့ ကိုယ်လက်အင်္ဂါတွေအစုံရှိပါတယ်။ မျက်စိလေးကန်းနေတာတစ်ခုပါပဲ။ အဲ့ဒီခေတ်မှာ မျက်စိကန်းပြီးမွေးတဲ့သူတွေက မိဘအပြစ်မဟုတ်ရင် သူကိုယ်တိုင်အပြစ်သားလို့ ထင်မြင်ယူဆတဲ့ခေတ်ကြီးပါ။ တနေ့ ယေရှု သူရှိတဲ့နေရာကို ရောက်လာတဲ့အခါမှာတော့သူ အဲ့ဒီအခွင့်အရေးကို လက်လွတ်မခံဖို့ဆုံးဖြတ်လိုက်တယ်။ ယေရှုက ဒီမျက်ကန်းကြီးကိုမမြင်ဘူးလား။ ဒီနေ့ ဒီခံစားချက်က လူတိုင်းနီးပါမှာရှိတယ်။ ငါဆင်းရဲတာကို ဘုရားမမြင်ဘူးလား၊ ငါ အဆင်မပြေတာ ဘုရား မမြင်ဘူးလားစတဲ့ ကိုယ့်အခြေအနေတွေကို ဘုရားမြင်ပြီးတော့ ပါဝင်ပတ်သက်တာကိုလူတိုင်းမျှော်လင့်တယ်။ ဘုရားမြင်ပါတယ် ဒါပေမယ့်အပြောင်းလဲအတွက်တော့ ဘုရားက သင့်ဘက်ကနေအားစိုက်ထုတ်စေချင်တယ်။ သင်ယုံကြည်ခြင်းမရှိပဲ ဘုရားက ဘာမှ မလုပ်ပေးဘူးဆိုတာကို သိဖို့လိုတယ်။ အပြောင်းလဲက သင့်ဘက်ကအရင်ခြေလှမ်းရမယ်။ သင်ကိုယ်တိုင်က အဲ့ဒီဘ၀၊ အဲ့ဒီအခြေအနေကနေ ရုန်းထွက်ချင်တဲ့ စိတ်ရှိဖို့လိုတယ်။ တချို့ဆိုရင် အဲ့ဒီဘ၀ထဲမှာ ပျော်တောင်ပျော်နေကြပြီ။ ဗာတိမဲ ရဲ့ ယေရှုကိုဟစ်ခေါ်တဲ့ အသံက လူတွေကြားမှာ ရုတ်တရုတ်ထွက်ပေါ်လာတယ်။ လူတွေက အားပေးမယ်ထင်လို့လား။ တိတ်တိတ်နေဖို့ အော်ခံရတယ်။ သင် အပြောင်းလဲတွေကိုဆန္ဒရှိပေမယ့် လူတွေက ဆန္ဒရှိချင်မှရှိမယ်။သင့်ကို ဒီဘ၀မျိုးပဲမြင်ချင်နေတဲ့သူတွေအများကြီးပဲ။ ငွေလေးအနည်းငယ်လာပေးပြီးကူညီကြပေမဲယ့် သင့်ဘ၀တစ်ခုလုံး ဒီလိုဘ၀မျိုးကြီးထဲကနေ လွတ်သွားမှာကိုတော့လူတချို့ လုံး၀မြင်ချင်မှာမဟုတ်ဘူး။ ဘယ်လိုအတားအဆီးကြုံကြုံ ဗာတိမဲရဲ့မလျော့တဲ့ ယုံကြည်ခြင်းက ယေရှုဆီကိုရောက်သွားပြီးတော့ သူလိုချင်တဲ့အပြောင်းလဲ ဖြစ်လာခဲ့တယ်။ လူတွေကို အကူအညီတောင်းတဲ့ဘ၀ကနေ ဘုရားချီးမွမ်းတဲ့ဘ၀ရောက်သွားတယ်။ အပြောင်းလဲတွေက အတောင်ပံပေါက်ပြီး အေးအေးဆေးဆေးနဲ့သင့်ဆီမရောက်လာလို့စိတ်ဓါတ်ကျစရာမလိုပါဘူး။ သင့်ဘ၀က မလျော့ရင် အခြေအနေကလျော့ လိုက်ရတာပါပဲ။

Zawgyi
အေျပာင္းလဲေတြ ျမင္ခ်င္တယ္ဆိုရင္ (၅)
“ဒါဝိဒ္၏သားေတာ္ေယ႐ႈ၊ အကြၽႏ္ုပ္ကို ကယ္မသနားေတာ္မူပါဟု ဟစ္ေၾကာ္ေလ၏။- ထိုသူကို တိတ္ဆိတ္စြာေနေစျခင္းငွာ ေ႐ွ႕ေတာ္၌ သြားေသာသူတို႔သည္ ေငါက္၍ ဆိုၾကေသာ္လည္း၊ ဒါဝိဒ္၏သားေတာ္၊ အကြၽႏ္ုပ္ကို ကယ္မသနားေတာ္မူပါဟု သာ၍ ဟစ္ေၾကာ္ၾကေလ၏။-”(လုကာ ၁၈:၃၈-၃၉)
လြယ္မယ္ေတာ့မထင္နဲ႔ေပါ့
ေခတ္မွီ တိုးတက္လာတာနဲ႔အမွ် အရာရာဟာလည္းလွ်င္ျမန္စြာေျပာင္းလဲလာတယ္။ အရင္က ခက္ခဲတယ္လို႔ထင္တဲ့အရာေတြက အခုေတာ့ အရမ္းကို လြယ္လာတယ္။ ဆက္သြယ္မႈေတြ မတိုးတက္ခင္ကဆိုရင္ တေနရာမွ တေနရာကို ဆက္သြယ္စကားေျပာဖို႔ဆိုတာ တကယ့္ကိုခက္ခဲတယ္။ စကားေျပာလို႔ေတာင္မရပဲ ေၾကးနန္းစာအတိုေလးေတာင္ ေငြေၾကးမ်ားစြာ အကုန္က်ခံၿပီး ပို႔ရတယ္။ ေနာက္တိုးတက္လာၿပီးေတာ့အသံၾကားဖို႔လြယ္လာတယ္။ အခုကေတာ့ အသံေတာင္မဟုတ္ေတာဘူး ကမ႓ာအႏွံ႔က လူေတြနဲ႔ မ်က္ႏွာျခင္းဆိုင္ထိုင္ၿပီးေတာ့ စကားေတာင္ အုပ္စုဖြဲ႕ၿပီးေတာ့ေျပာလို႔ ရလာတယ္။ အဲ့ဒီအတြက္ကုန္က်စရိတ္ကလည္းအရမ္းမမ်ားေတာ့သလို လူတိုင္းလည္း တတ္ႏိုင္တဲ့ေခတ္ႀကီး။ အရင္က ခက္ခဲတဲ့အရာေတြက အေျပာင္းလဲေတြ ျဖစ္လာၿပီးတဲ့ေနာက္ပိုင္းမွာ အရမ္းကိုလြယ္လာတယ္။ လူေတြကလည္းခက္ခဲတာေတြကို စိတ္မဝင္စားေတာ့ဘူး ပိုလြယ္တဲ့အရာကိုပဲ အာ႐ုံကပိုစိုက္လာၾကတယ္။ ဒီအရာက ဝိညာဥ္ေရးရာမွာလဲ ည္းအေျပာင္းလဲေတြျဖစ္ဖို႔အတြက္ ပိုလြယ္တဲ့ အဖိုးအခမ႐ွိတဲ့အရာကိုပဲ ေတာင့္တလာၾကတယ္။ အရင္တုန္းက ႏႈတ္ကပတ္ေတာ္သင္ၾကားမႈေတြ ၾကားရဖို႔သိပ္ကို မလြယ္ဘူး။ တရားေဟာခ်က္ နားေထာင္ရဖို႔ေ႐ြးခ်ယ္ခြင့္မ႐ွိခဲ့ဘူး။ ဆရာေတြေဟာတာကိုပဲ ႀကိဳက္ႀကိဳက္မႀကိဳက္ႀကိဳက္နားေထာင္ခဲ့ရၿပီး။ ကိုယ့္အသင္းေတာ္ရဲ႕ ခံယူခ်က္နဲ႔ကိုက္ညီတဲ့ အရာမ်ားကိုပဲၾကားနာခဲ့ရတယ္။ အခုေတာ့ ေခတ္ႀကီးေျပာင္းလဲမႈနဲ႔အတူ ကိုယ္ႀကိဳက္တဲ့ဆရာ၊ကိုယ္ႀကိဳက္တဲ့ေခါင္းစဥ္ကို အခ်ိန္မေ႐ြး ေနရာမေ႐ြးမွာ နားေထာင္လို႔ရလာတယ္။
လိုခ်င္တာကို အခ်ိန္မေ႐ြး လြယ္လြယ္နဲ႔လုပ္ႏိုင္တဲ့ေခတ္ျဖစ္လာတာနဲ႔အမွ် ယုံၾကည္သူေတြ ဝိညာဥ္ေရးရာ တိုးတက္ဖို႔ ပိုခက္ခဲလာတယ္။ ဝိညာဥ္ေရးရာေျပာင္းလဲမႈတိုင္းမွာ အဖိုးအခမပါပဲ ဘယ္ေတာ့မွ မတိုးတက္ႏိုင္ဘူး။ ေခတ္ဘယ္ေလာက္ေျပာင္းေျပာင္း ဘုရားရဲ႕နည္းလမ္းနဲ႔ နိယာမကေတာ့ လုံး၀မေျပာင္းသြားဘူး။ ဝိညာဥ္ေရးရာေျပာင္းလဲတိုးတက္ဖို႔ အလြယ္နည္း လုံး၀ကိုမ႐ွိဘူး။
ဗာတိမဲအေၾကာင္းကိုၾကည့္တဲ့အခါမွာ ေမြးကတည္းက ကန္းေနတဲ့ ဘ၀က သူ႕ကို ေတာင္းရမ္းစားေသာက္တဲ့ အျခအေနကိုဖန္တီး ေပးခဲ့တယ္။ တကယ္ေတာ့ သူ႕မွာ က်န္တဲ့ ကိုယ္လက္အဂၤါေတြအစုံ႐ွိပါတယ္။ မ်က္စိေလးကန္းေနတာတစ္ခုပါပဲ။ အဲ့ဒီေခတ္မွာ မ်က္စိကန္းၿပီးေမြးတဲ့သူေတြက မိဘအျပစ္မဟုတ္ရင္ သူကိုယ္တိုင္အျပစ္သားလို႔ ထင္ျမင္ယူဆတဲ့ေခတ္ႀကီးပါ။ တေန႔ ေယ႐ႈ သူ႐ွိတဲ့ေနရာကို ေရာက္လာတဲ့အခါမွာေတာ့သူ အဲ့ဒီအခြင့္အေရးကို လက္လြတ္မခံဖို႔ဆုံးျဖတ္လိုက္တယ္။ ေယ႐ႈက ဒီမ်က္ကန္းႀကီးကိုမျမင္ဘူးလား။ ဒီေန႔ ဒီခံစားခ်က္က လူတိုင္းနီးပါမွာ႐ွိတယ္။ ငါဆင္းရဲတာကို ဘုရားမျမင္ဘူးလား၊ ငါ အဆင္မေျပတာ ဘုရား မျမင္ဘူးလားစတဲ့ ကိုယ့္အေျခအေနေတြကို ဘုရားျမင္ၿပီးေတာ့ ပါဝင္ပတ္သက္တာကိုလူတိုင္းေမွ်ာ္လင့္တယ္။ ဘုရားျမင္ပါတယ္ ဒါေပမယ့္အေျပာင္းလဲအတြက္ေတာ့ ဘုရားက သင့္ဘက္ကေနအားစိုက္ထုတ္ေစခ်င္တယ္။ သင္ယုံၾကည္ျခင္းမ႐ွိပဲ ဘုရားက ဘာမွ မလုပ္ေပးဘူးဆိုတာကို သိဖို႔လိုတယ္။ အေျပာင္းလဲက သင့္ဘက္ကအရင္ေျခလွမ္းရမယ္။ သင္ကိုယ္တိုင္က အဲ့ဒီဘ၀၊ အဲ့ဒီအေျခအေနကေန ႐ုန္းထြက္ခ်င္တဲ့ စိတ္႐ွိဖို႔လိုတယ္။ တခ်ိဳ႕ဆိုရင္ အဲ့ဒီဘ၀ထဲမွာ ေပ်ာ္ေတာင္ေပ်ာ္ေနၾကၿပီ။ ဗာတိမဲ ရဲ႕ ေယ႐ႈကိုဟစ္ေခၚတဲ့ အသံက လူေတြၾကားမွာ ႐ုတ္တ႐ုတ္ထြက္ေပၚလာတယ္။ လူေတြက အားေပးမယ္ထင္လို႔လား။ တိတ္တိတ္ေနဖို႔ ေအာ္ခံရတယ္။ သင္ အေျပာင္းလဲေတြကိုဆႏၵ႐ွိေပမယ့္ လူေတြက ဆႏၵ႐ွိခ်င္မွ႐ွိမယ္။သင့္ကို ဒီဘ၀မ်ိဳးပဲျမင္ခ်င္ေနတဲ့သူေတြအမ်ားႀကီးပဲ။ ေငြေလးအနည္းငယ္လာေပးၿပီးကူညီၾကေပမဲယ့္ သင့္ဘ၀တစ္ခုလုံး ဒီလိုဘ၀မ်ိဳးႀကီးထဲကေန လြတ္သြားမွာကိုေတာ့လူတခ်ိဳ႕ လုံး၀ျမင္ခ်င္မွာမဟုတ္ဘူး။ ဘယ္လိုအတားအဆီးၾကဳံၾကဳံ ဗာတိမဲရဲ႕မေလ်ာ့တဲ့ ယုံၾကည္ျခင္းက ေယ႐ႈဆီကိုေရာက္သြားၿပီးေတာ့ သူလိုခ်င္တဲ့အေျပာင္းလဲ ျဖစ္လာခဲ့တယ္။ လူေတြကို အကူအညီေတာင္းတဲ့ဘ၀ကေန ဘုရားခ်ီးမြမ္းတဲ့ဘ၀ေရာက္သြားတယ္။ အေျပာင္းလဲေတြက အေတာင္ပံေပါက္ၿပီး ေအးေအးေဆးေဆးနဲ႔သင့္ဆီမေရာက္လာလို႔စိတ္ဓါတ္က်စရာမလိုပါဘူး။ သင့္ဘ၀က မေလ်ာ့ရင္ အေျခအေနကေလ်ာ့ လိုက္ရတာပါပဲ။