Search
  • Than Min Htike

အပြောင်းလဲတွေ မြင်ချင်တယ်ဆိုရင် (၆)

“ယေ​ရှု​က​လည်း၊ ဤ​သူ​သည် အာ​ဗြ​ဟံ၏​သား ဖြစ်​သည်​နှင့်​အ​လျောက်၊ ယ​နေ့​ပင် ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​သည် ဤ​အိမ်​အ​ပေါ်​မှာ သက်​ရောက်​လေ၏။-”(လုကာ ၁၉:၉)


အကြောင်းပြချက်တွေကိုကျော်လွန်ပြီး

အပြောင်းအလဲတွေက အကြောင်းပြချက်တွေရဲ့အကျော် ဟိုးတဖက်မှာရှိတယ်။ အကြောင်းပြချက်တွေပေးနေသရွေ့တော့ မြင်ခြင်တွေ့ချင်နေတဲ့ ပြောင်းလဲမှုကြီးနဲ့တော့ ဝေးနေအုံးမှာပါပဲ။ လူတိုင်းမှာ ပြောမယ်ဆိုရင် နားထောင်လို့ ကောင်းတဲ့ အကြောင်းပြချက်ကိုယ်စီရှိတယ်။ နားထောင်တဲ့လူတောင် မျက်ရည်တွေကျသွားစေရမယ်။ ဒါပေမယ့် အဲ့ဒီအကြောင်းပြချက်တွေက အသက်တာကို တိုးတက်ပြောင်းလဲမှုကြီးမဖြစ်အောင်ကာရံထားတယ်။ ဘုရားမကြိုက်တာ လုပ်ရတဲ့ အကြောင်းအရင်းတွေခိုင်ခိုင်လုံလုံ ရှိတတ်ကြသလို၊ အောင်မြင်မှုကို မရောက်တဲ့ မဟုတ်တဲ့ အကြောင်းပြချက်တွေကလည်းကိုယ်စီမှာ အပြည့်ပဲ မဟုတ်လား။ ဒါတွေကို ကျော်လွန်နိုင်မှသာ သင်လိုချင်တဲ့အပြောင်းလဲစီရောက်မယ်ဆိုတာ မမေ့နဲ့။

ဇက္ခဲဆိုတဲ့ အခွန်ခံ လူတွေ ရွံရှာတဲ့ လူစာရင်းထဲမှာ ထိပ်ဆုံးကပါတယ်။ တနေ့ ယေရှုကြွလာတဲ့ လမ်းမှာ ယေရှုကိုမြင်ချင်လို့ တိုးဝှေ့ကြည့်တာ ဘယ်လိုမှ တိုးမပေါက်ဘူး။ သူကလည်းအရပ်က ပုသလို၊ လူတွေကလည်း အမြင်ကတ်လို့ လမ်းမပေးတာလည်းပါတာပေါ့။ ဒါနဲ့ သူအကြောင်း ပြချက်တွေနဲ့ အိမ်မပြန်ဘူး။ သူယေရှုကိုတွေ့ဖို့အတွက်နည်းလမ်းရှာတယ်။ ကိုယ့်ရဲ့အားနည်းချက်ဖြစ်တဲ့အရပ်ပုတာကိုလည်းအပြစ်မတင်ဘူး။ လူတွေကိုလည်းမကောင်းမမြင်ဘူး။ သူလိုချင်တာလုပ်ဖို့အတွက် နည်းလမ်းရှိကိုရှိရမယ်ဆိုတာသူသိတယ်။ သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အပြစ်တင်တာတွေနဲ့ မကုန်ဆုံးသွားစေနဲ့။ အပြစ်တင်လို့ အပြောင်းလဲတွေ ဖြစ်လာမှာမှမဟုတ်တာ။ ဒါနဲ့သူက ယေရှုလာတဲ့လမ်းမှာ ရှိတဲ့ သစ်ပင်ပေါ်ကို တက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူလိုလူ တစ်ယောက်က သစ်ပင်ပေါ်တတ်ဖို့ဆိုတာ တော်ရုံဆုံးဖြတ်ချက်နဲ့ စွန့်စားမှုတော့မဟုတ်ဘူး။ အပြောင်းအလဲအတွက် စွန့်စားမှုတော့လုပ်ရမယ်မဟုတ်လား။ သူ့အတွက်သစ်ပင်ပေါ်တက်ရတာ လွယ်ကူမှာတော့မဟုတ်ဘူး။ ဒါပေမယ့် သူ ယေရှုကိုမြင်ချင်တဲ့ပြင်းပြတဲ့ စိတ်ကြောင့် အခက်အခဲတွေကိုကျော်လွှားခဲ့တယ်။ သူအပေါ်ရောက်တယ်ဆိုရင်ပဲ ယေရှုက သူရှိတဲ့သစ်ပင်ဆီကို ဖြတ်သန်းလာတယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးက ယေရှုဆီကနေ နာမည်ခေါ်သံနဲ့တကွ သူ့အိမ်မှာ တည်းမယ်ဆိုတဲ့ အသံပါပဲ။ ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်သလဲ၊ အိမ်လည်းရောက်ရော စိတ်အလှုပ်ရှားဆုံးက ဇက္ခဲပဲ။ သူ့ရဲ့ဆုံးဖြတ်ချက်ကို ယေရှုကိုပြောပြတယ်။ သူများဆီက မတရားယူထားတာတွေပြန်ပေးမယ်ဆိုတဲ့အကြောင်းနဲ့ ဆင်းရဲသားတွေကို ပေးလှူဖို့ပါ။ တကယ်ဆိုပေးတောင်မပေးရသေးဘူး

သူ့ဆုံးဖြတ်ချက်ကို ကြားတာနဲ့ ယေရှုဒီအိမ်ပေါ်မှာ ဘုရားအလုပ်လုပ်နေတယ်ဆိုတာကို အသိအမှတ်ပြုခဲ့တယ်။ အကြောင်းပြချက်ဆိုတဲ့ အရာကိုကျော်လွှားလိုက်တာနဲ့ ရောက်လာတဲ့အပြောင်းအလဲတွေက တစ်ခုတည်းတောင်မဟုတ်ဘူး ဆင့်ကဲ ဆင့်ကဲကိုဖြစ်တော့တာပဲ။ကိုယ်လိုချင်တာထက်ကို ပိုလို့တောင်ကြီးမားနေတာ အံ့ဩဖွယ်မဟုတ်လား။



Zawgyi

အေျပာင္းလဲေတြ ျမင္ခ်င္တယ္ဆိုရင္ (၆)

“ေယ​႐ႈ​က​လည္း၊ ဤ​သူ​သည္ အာ​ျဗ​ဟံ၏​သား ျဖစ္​သည္​ႏွင့္​အ​ေလ်ာက္၊ ယ​ေန႔​ပင္ ကယ္​တင္​ေတာ္​မူ​ျခင္း ေက်း​ဇူး​သည္ ဤ​အိမ္​အ​ေပၚ​မွာ သက္​ေရာက္​ေလ၏။-”(လုကာ ၁၉:၉)


အေၾကာင္းျပခ်က္ေတြကိုေက်ာ္လြန္ၿပီး

အေျပာင္းအလဲေတြက အေၾကာင္းျပခ်က္ေတြရဲ႕အေက်ာ္ ဟိုးတဖက္မွာ႐ွိတယ္။ အေၾကာင္းျပခ်က္ေတြေပးေနသေ႐ြ႕ေတာ့ ျမင္ျခင္ေတြ႕ခ်င္ေနတဲ့ ေျပာင္းလဲမႈႀကီးနဲ႔ေတာ့ ေဝးေနအုံးမွာပါပဲ။ လူတိုင္းမွာ ေျပာမယ္ဆိုရင္ နားေထာင္လို႔ ေကာင္းတဲ့ အေၾကာင္းျပခ်က္ကိုယ္စီ႐ွိတယ္။ နားေထာင္တဲ့လူေတာင္ မ်က္ရည္ေတြက်သြားေစရမယ္။ ဒါေပမယ့္ အဲ့ဒီအေၾကာင္းျပခ်က္ေတြက အသက္တာကို တိုးတက္ေျပာင္းလဲမႈႀကီးမျဖစ္ေအာင္ကာရံထားတယ္။ ဘုရားမႀကိဳက္တာ လုပ္ရတဲ့ အေၾကာင္းအရင္းေတြခိုင္ခိုင္လုံလုံ ႐ွိတတ္ၾကသလို၊ ေအာင္ျမင္မႈကို မေရာက္တဲ့ မဟုတ္တဲ့ အေၾကာင္းျပခ်က္ေတြကလည္းကိုယ္စီမွာ အျပည့္ပဲ မဟုတ္လား။ ဒါေတြကို ေက်ာ္လြန္ႏိုင္မွသာ သင္လိုခ်င္တဲ့အေျပာင္းလဲစီေရာက္မယ္ဆိုတာ မေမ့နဲ႔။

ဇကၡဲဆိုတဲ့ အခြန္ခံ လူေတြ ႐ြံ႐ွာတဲ့ လူစာရင္းထဲမွာ ထိပ္ဆုံးကပါတယ္။ တေန႔ ေယ႐ႈႂကြလာတဲ့ လမ္းမွာ ေယ႐ႈကိုျမင္ခ်င္လို႔ တိုးေဝွ႔ၾကည့္တာ ဘယ္လိုမွ တိုးမေပါက္ဘူး။ သူကလည္းအရပ္က ပုသလို၊ လူေတြကလည္း အျမင္ကတ္လို႔ လမ္းမေပးတာလည္းပါတာေပါ့။ ဒါနဲ႔ သူအေၾကာင္း ျပခ်က္ေတြနဲ႔ အိမ္မျပန္ဘူး။ သူေယ႐ႈကိုေတြ႕ဖို႔အတြက္နည္းလမ္း႐ွာတယ္။ ကိုယ့္ရဲ႕အားနည္းခ်က္ျဖစ္တဲ့အရပ္ပုတာကိုလည္းအျပစ္မတင္ဘူး။ လူေတြကိုလည္းမေကာင္းမျမင္ဘူး။ သူလိုခ်င္တာလုပ္ဖို႔အတြက္ နည္းလမ္း႐ွိကို႐ွိရမယ္ဆိုတာသူသိတယ္။ သင့္ရဲ႕တန္ဖိုး႐ွိတဲ့အခ်ိန္ေတြကို အျပစ္တင္တာေတြနဲ႔ မကုန္ဆုံးသြားေစနဲ႔။ အျပစ္တင္လို႔ အေျပာင္းလဲေတြ ျဖစ္လာမွာမွမဟုတ္တာ။ ဒါနဲ႔သူက ေယ႐ႈလာတဲ့လမ္းမွာ ႐ွိတဲ့ သစ္ပင္ေပၚကို တက္ဖို႔ ဆုံးျဖတ္လိုက္တယ္။ သူလိုလူ တစ္ေယာက္က သစ္ပင္ေပၚတတ္ဖို႔ဆိုတာ ေတာ္႐ုံဆုံးျဖတ္ခ်က္နဲ႔ စြန္႔စားမႈေတာ့မဟုတ္ဘူး။ အေျပာင္းအလဲအတြက္ စြန္႔စားမႈေတာ့လုပ္ရမယ္မဟုတ္လား။ သူ႕အတြက္သစ္ပင္ေပၚတက္ရတာ လြယ္ကူမွာေတာ့မဟုတ္ဘူး။ ဒါေပမယ့္ သူ ေယ႐ႈကိုျမင္ခ်င္တဲ့ျပင္းျပတဲ့ စိတ္ေၾကာင့္ အခက္အခဲေတြကိုေက်ာ္လႊားခဲ့တယ္။ သူအေပၚေရာက္တယ္ဆိုရင္ပဲ ေယ႐ႈက သူ႐ွိတဲ့သစ္ပင္ဆီကို ျဖတ္သန္းလာတယ္။ မေမွ်ာ္လင့္ထားတဲ့ အခြင့္အေရးက ေယ႐ႈဆီကေန နာမည္ေခၚသံနဲ႔တကြ သူ႕အိမ္မွာ တည္းမယ္ဆိုတဲ့ အသံပါပဲ။ ဘယ္ေလာက္ေတာင္ အံ့ဩစရာေကာင္းလိုက္သလဲ၊ အိမ္လည္းေရာက္ေရာ စိတ္အလႈပ္႐ွားဆုံးက ဇကၡဲပဲ။ သူ႕ရဲ႕ဆုံးျဖတ္ခ်က္ကို ေယ႐ႈကိုေျပာျပတယ္။ သူမ်ားဆီက မတရားယူထားတာေတြျပန္ေပးမယ္ဆိုတဲ့အေၾကာင္းနဲ႔ ဆင္းရဲသားေတြကို ေပးလႉဖို႔ပါ။ တကယ္ဆိုေပးေတာင္မေပးရေသးဘူး သူ႕ဆုံးျဖတ္ခ်က္ကို ၾကားတာနဲ႔ ေယ႐ႈဒီအိမ္ေပၚမွာ ဘုရားအလုပ္လုပ္ေနတယ္ဆိုတာကို အသိအမွတ္ျပဳခဲ့တယ္။ အေၾကာင္းျပခ်က္ဆိုတဲ့ အရာကိုေက်ာ္လႊားလိုက္တာနဲ႔ ေရာက္လာတဲ့အေျပာင္းအလဲေတြက တစ္ခုတည္းေတာင္မဟုတ္ဘူး ဆင့္ကဲ ဆင့္ကဲကိုျဖစ္ေတာ့တာပဲ။ကိုယ္လိုခ်င္တာထက္ကို ပိုလို႔ေတာင္ႀကီးမားေနတာ အံ့ဩဖြယ္မဟုတ္လား။

2 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube