Search
  • Than Min Htike

အပြီးထိခံရပ်နိုင်ဖို့

“ထို​ကြောင့်၊ ခဲ​ယဉ်း​ဆိုး​ယုတ်​သော နေ့​ရက်​ကာ​လ၌ ဆီး​တား​နိုင်​သ​ဖြင့်၊ ကိ​စ္စ​အ​လုံး​စုံ​တို့​ကို ပြီး​စီး၍ ခံ​ရပ်​နိုင်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော လက်​နက်​စုံ​ကို ယူ​ဆောင်​ကြ​လော့။-”(ဧဖက် ၆:၁၃)


ကြုံရတဲ့အရာတွေက မယုံနိုင်လောက်အောင်ကြီးလွန်းလို့ အိမ်မက်ဆိုးတစ်ခုလို့တောင် ထင်ချင်ထင်နေကြလိမ့်မယ်။ မနက်ဖြန်မပြောနဲ့ ခဏနေတောင် ဘာတွေဖြစ်လာမလဲဆိုတာဘယ် သူမှ ခန့်မှန်းလို့မရလောက်အောင်ကို ရှုပ်ထွေးလွန်းတယ်။ ဒီအချိန်မှာ လူတိုင်း စိုးရိမ်မှုကဒီရေအလား အလျှင်အမြန် တိုးတက်နေတာသဘာ၀ပါပဲ။ ညတွေတောင် အိပ်လို့မရလောက်အောင်ကို ကိစ္စရပ်တိုင်းက ရှုပ်ထွေးလွန်းတယ်လို့ ထင်မှတ်စရာရှိတယ်။ သေချာတာတစ်ခုကတော့ အဖြေက လောကကြီးမှာ လုံး၀ကို မရှိဘူးဆိုတာပါပဲ။ လောကရဲ့နည်းလမ်းတွေ ၊စဉ်းစားတွေးခေါ်မှုတွေနဲ့ ကြုံရတဲ့အရာတွေကို လုံး၀မဖြေရှင်းနိုင်ဘူး။ ကျွန် တော်တို့မှာရှိတဲ့ ငွေကြေးတွေ၊ ပိုင်ဆိုင်မှုတွေကလည်းခဏနေ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်သလို၊ အဲ့ဒါတွေကြောင့်တောင်တချို့ဆို ပြဿနာတောင်ပိုကြီးထွားလာစေတယ်လို့တောင်ပြောလို့ရတယ်။ ဒါဆိုရင်ဒီလို ခဲယဉ်းဆိုးယုတ်တဲ့ နေ့ရက်ကာလကြီးထဲမှာ အသက်ရှင်ဖို့၊ အောင်မြင်စွာဖြတ်ကျော်ဖို့အတွက် ဘုရားသခင် ပေးတဲ့နည်းလမ်းက ဘာများရှိမလဲ?၊


ဘုရားပြင်ဆင်ထားတယ်

နှုတ်ကပတ်တော်ကတော့ ဒီလိုဆိုတယ် ခဲယဉ်းဆိုးယုတ်တဲ့နေ့ရက်တွေကို ဆီးတားနိုင်ဖို့နဲ့ ကိစ္စအလုံး စုံကို ပြီးစီးပြီးခံရပ်နိုင်ဖို့တဲ့။ ဆီးတားနိုင်တာရယ် အဲ့ဒီအရာတွေကို အဆုံးသတ် ပြီးစီးတဲ့အထိ အောင်မြင်စွာဖြတ်ကျော်နိုင်ဖို့ရယ် အတွက်ဘုရားပြင်ဆင်ထားတဲ့ လက်နက်တွေရှိပါတယ်။ အဲ့ဒီလက်နက်တွေက ဇာတိနဲ့ဆိုင်တဲ့ အရာတွေမဟုတ်ပဲဝိညာဉ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေပါ။ အဓိပ္ပါယ်ကတော့ ဒီလို‌‌ခေတ်ကြီးထဲမှာ ဝိညာဉ်ပိုင်းဆိုင်ရာ ပိုအားကြီးလာဖို့အတွက် ရှိသင့်တဲ့ အရည်အချင်းတွေ၊ ဝိညာဉ်ဆုကျေးဇူးတွေကို ပိုပြီးတော့ အသုံးပြုဖို့ပါပဲ။ အဲ့ဒီဘုရားပြင်ဆင်ပေးထားတဲ့ ရှိသင့်တာမရှိရင်တော့သေချာတယ် သင်ဟာဒီခဲယဉ်းဆိုးယုတ်မှုကြားထဲမှာ ပြိုလဲသွားနိုင်တယ်။ ကျော်လွှားသွားနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် တမန်တော်ကြီးရှင်ပေါလုက ကြိုတင်သတိပေးထားတာပေါ့။ ဒီနေ့ စာတန်က သူ့ရဲ့နောက်ဆုံးအချိန်ကို ရသလောက် အရှိန်အဟုန်နဲ့လုပ်ဆောင်နေတယ်။ ဒီအထဲမှာ ဘုရားသားသမီးတွေကိုအဓိကပစ်မှတ်ထားမယ်ဆိုတာ မေးစရာမလိုဘူး သိရမယ်။ ဒီလိုအချိန်မျိုးမှာ ဘုရားသခင်ပြင်ဆင်ထားတဲ့ ဆုကျေးဇူးတွေ၊ ဘိသိက်တွေနဲ့သာမဖြတ်ကျော်ဘူး၊ ဘုရားရဲ့သဘာ၀လွန် တန်ခိုးတော်နဲ့သာအသက်မရှင်ဘူးဆိုရင် ဘယ်လိုမှ အသက်ရှင်ရပ်တည်နိုင်စရာလုံး၀မရှိဘူး။ ဒါကြောင့် ဘုရားပြင် ဆင်ထားတဲ့အရာတွေကို ယူပြီးတော့ ကြုံလာတဲ့အရာတွေကိုရင်ဆိုင်ဖြတ်ကျော်ဖို့ အားယူပါ။



Zawgyi

အပြီးထိခံရပ်နိုင်ဖို့

“ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။-”(ဧဖက် ၆:၁၃)


ကြုံရတဲ့အရာတွေက မယုံနိုင်လောက်အောင်ကြီးလွန်းလို့ အိမ်မက်ဆိုးတစ်ခုလို့တောင် ထင်ချင်ထင်နေကြလိမ့်မယ်။ မနက်ဖြန်မပြောနဲ့ ခဏနေတောင် ဘာတွေဖြစ်လာမလဲဆိုတာဘယ် သူမှ ခန့်မှန်းလို့မရလောက်အောင်ကို ရှုပ်ထွေးလွန်းတယ်။ ဒီအချိန်မှာ လူတိုင်း စိုးရိမ်မှုကဒီရေအလား အလျှင်အမြန် တိုးတက်နေတာသဘာ၀ပါပဲ။ ညတွေတောင် အိပ်လို့မရလောက်အောင်ကို ကိစ္စရပ်တိုင်းက ရှုပ်ထွေးလွန်းတယ်လို့ ထင်မှတ်စရာရှိတယ်။ သေချာတာတစ်ခုကတော့ အဖြေက လောကကြီးမှာ လုံး၀ကို မရှိဘူးဆိုတာပါပဲ။ လောကရဲ့နည်းလမ်းတွေ ၊စဉ်းစားတွေးခေါ်မှုတွေနဲ့ ကြုံရတဲ့အရာတွေကို လုံး၀မဖြေရှင်းနိုင်ဘူး။ ကျွန် တော်တို့မှာရှိတဲ့ ငွေကြေးတွေ၊ ပိုင်ဆိုင်မှုတွေကလည်းခဏနေ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်သလို၊ အဲ့ဒါတွေကြောင့်တောင်တချို့ဆို ပြဿနာတောင်ပိုကြီးထွားလာစေတယ်လို့တောင်ပြောလို့ရတယ်။ ဒါဆိုရင်ဒီလို ခဲယဉ်းဆိုးယုတ်တဲ့ နေ့ရက်ကာလကြီးထဲမှာ အသက်ရှင်ဖို့၊ အောင်မြင်စွာဖြတ်ကျော်ဖို့အတွက် ဘုရားသခင် ပေးတဲ့နည်းလမ်းက ဘာများရှိမလဲ?၊


ဘုရားပြင်ဆင်ထားတယ်

နှုတ်ကပတ်တော်ကတော့ ဒီလိုဆိုတယ် ခဲယဉ်းဆိုးယုတ်တဲ့နေ့ရက်တွေကို ဆီးတားနိုင်ဖို့နဲ့ ကိစ္စအလုံး စုံကို ပြီးစီးပြီးခံရပ်နိုင်ဖို့တဲ့။ ဆီးတားနိုင်တာရယ် အဲ့ဒီအရာတွေကို အဆုံးသတ် ပြီးစီးတဲ့အထိ အောင်မြင်စွာဖြတ်ကျော်နိုင်ဖို့ရယ် အတွက်ဘုရားပြင်ဆင်ထားတဲ့ လက်နက်တွေရှိပါတယ်။ အဲ့ဒီလက်နက်တွေက ဇာတိနဲ့ဆိုင်တဲ့ အရာတွေမဟုတ်ပဲဝိညာဉ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေပါ။ အဓိပ္ပါယ်ကတော့ ဒီလို‌‌ခေတ်ကြီးထဲမှာ ဝိညာဉ်ပိုင်းဆိုင်ရာ ပိုအားကြီးလာဖို့အတွက် ရှိသင့်တဲ့ အရည်အချင်းတွေ၊ ဝိညာဉ်ဆုကျေးဇူးတွေကို ပိုပြီးတော့ အသုံးပြုဖို့ပါပဲ။ အဲ့ဒီဘုရားပြင်ဆင်ပေးထားတဲ့ ရှိသင့်တာမရှိရင်တော့သေချာတယ် သင်ဟာဒီခဲယဉ်းဆိုးယုတ်မှုကြားထဲမှာ ပြိုလဲသွားနိုင်တယ်။ ကျော်လွှားသွားနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် တမန်တော်ကြီးရှင်ပေါလုက ကြိုတင်သတိပေးထားတာပေါ့။ ဒီနေ့ စာတန်က သူ့ရဲ့နောက်ဆုံးအချိန်ကို ရသလောက် အရှိန်အဟုန်နဲ့လုပ်ဆောင်နေတယ်။ ဒီအထဲမှာ ဘုရားသားသမီးတွေကိုအဓိကပစ်မှတ်ထားမယ်ဆိုတာ မေးစရာမလိုဘူး သိရမယ်။ ဒီလိုအချိန်မျိုးမှာ ဘုရားသခင်ပြင်ဆင်ထားတဲ့ ဆုကျေးဇူးတွေ၊ ဘိသိက်တွေနဲ့သာမဖြတ်ကျော်ဘူး၊ ဘုရားရဲ့သဘာ၀လွန် တန်ခိုးတော်နဲ့သာအသက်မရှင်ဘူးဆိုရင် ဘယ်လိုမှ အသက်ရှင်ရပ်တည်နိုင်စရာလုံး၀မရှိဘူး။ ဒါကြောင့် ဘုရားပြင် ဆင်ထားတဲ့အရာတွေကို ယူပြီးတော့ ကြုံလာတဲ့အရာတွေကိုရင်ဆိုင်ဖြတ်ကျော်ဖို့ အားယူပါ။

2 views0 comments