Search
  • Than Min Htike

အပ်နှံထားပါ

၁။ ကိုယ်အမှုအရာတို့ကို


"ကိုယ်အမှုအရာကို ထာဝရဘုရား၌ အပ်လော့၊၊ ကိုယ်တော်ကို ကိုးစားလော့၊၊ သို့ ပြုလျှင်စီရင်တော်မူမည်၊၊" (ဆာလံ ၃၇:၅)

သင့်အမှုအရာတွေကို ဘယ်သူ့လက်မှာ

အပ်ထားလဲ။ တစ်ချို့က ကိုယ့်ကိစ္စ ကိုယ်ပဲတာဝန်ယူ

ရမှာပေါ့ဆိုပြီး ကိုယ်ပဲတာဝန်ယူချင်တယ်။ အဲ့ဒါကြောင့်စိုးရိမ်ခြင်းတွေ၊ ကြောက်ရွံမှုတွေရဲ့ ဝိုင်းရံခြင်းခံရတယ်။ တကယ်တော့ သင့်ရဲ့အသက်တာကို တာဝန်ယူပေးမယ့်သူရှိတယ်။ လောကမှာ စိတ်ချရတဲ့နေရာ မရှိဘူး။ သင့်ကိုကူညီပေးရင်တောင်မှ အဆုံးထိကူညီနိုင်တဲ့သူမရှိဘူး။ ယခုဘဝ နောင်ဘဝ ကူညီဖေးမနိုင်တဲ့ဘုရားလက်ထဲမှာ သင့်အမှုအရာတွေကို အပ်နှံထားရင်တော့အရာရာ သူတာဝန်ယူဖြေရှင်းပေးမှာပေါ့။ ကလေးတစ်ယောက်က အဖေအပေါ်မှာ စိတ်ချသလိုမျိုး ဘုရားကိုစိတ်ချထားပါ။

တစ်နေ့ ကျွန်တော်သား သူရတဲ့ မုန့်ဖိုးလာအပ်ထား

တယ်။ သူ့ဟာသူသိမ်းထားတဲ့ အချိန်တိုင်း အထားမှား

ပြီး ပျောက်ပျောက်သွားလို့။ သူအပ်ထားတာ နည်းနည်းသူလိုချင်တာက များများဖြစ်နေပြီး၊ ဆိုင်ရောက်တ်ိုင်းသူလိုချင်တာ လက်ညှိုးထိုးဝယ်ခိုင်းတယ်။ တစ်ကယ်တော့ သူအပ်ထားတာနဲ့ဆို ဘယ်လ်ိုမှမလောက်ပေ။ လောက်တာ မလောက်တာ သူမသိ။ အဖေလက်ထဲမှာ သူအပ်ထားတာနဲ့ အကုန် လုပ်န်ိုင်တယ်လို့သူ

ထင်နေတတ်တယ်။ ဒီလိုပါပဲ သင့်အမှုအရာ ဘုရားဆီမှာ အပ်ထားပြီးရင် လုပ်နိုင်တာမလုပ်နိုင်တာအပထား ဘုရားကအကောင်းဆုံးဖြစ်အောင်စီစဉ်ဆောင်ရွက်သွားမယ်ဆိုတာ စိတ်ချထားပါ။ ပေတရုကတော့ ပြောတယ် စိုးရိမ်ခြင်းရှိသမျှ ဘုရားဆီမှာ အပ်ထားပါတဲ့ သူကအမြဲ သတိနဲ့ ကြည့်ရှုပြုစုပေးတဲ့သူပါ။



Zawgyi


အပ္ႏွံထားပါ

၁။ ကိုယ္အမႈအရာတို႔ကို


"ကိုယ္အမႈအရာကို ထာဝရဘုရား၌ အပ္ေလာ့၊၊ ကိုယ္ေတာ္ကို ကိုးစားေလာ့၊၊ သို႔ ျပဳလွ်င္စီရင္ေတာ္မူမည္၊၊" (ဆာလံ ၃၇:၅)

သင့္အမႈအရာေတြကို ဘယ္သူ႕လက္မွာ

အပ္ထားလဲ။ တစ္ခ်ိဳ႕က ကိုယ့္ကိစၥ ကိုယ္ပဲတာဝန္ယူ

ရမွာေပါ့ဆိုၿပီး ကိုယ္ပဲတာဝန္ယူခ်င္တယ္။ အဲ့ဒါေၾကာင့္စိုးရိမ္ျခင္းေတြ၊ ေၾကာက္႐ြံမႈေတြရဲ႕ ဝိုင္းရံျခင္းခံရတယ္။ တကယ္ေတာ့ သင့္ရဲ႕အသက္တာကို တာဝန္ယူေပးမယ့္သူ႐ွိတယ္။ ေလာကမွာ စိတ္ခ်ရတဲ့ေနရာ မ႐ွိဘူး။ သင့္ကိုကူညီေပးရင္ေတာင္မွ အဆုံးထိကူညီႏိုင္တဲ့သူမ႐ွိဘူး။ ယခုဘဝ ေနာင္ဘဝ ကူညီေဖးမႏိုင္တဲ့ဘုရားလက္ထဲမွာ သင့္အမႈအရာေတြကို အပ္ႏွံထားရင္ေတာ့အရာရာ သူတာဝန္ယူေျဖ႐ွင္းေပးမွာေပါ့။ ကေလးတစ္ေယာက္က အေဖအေပၚမွာ စိတ္ခ်သလိုမ်ိဳး ဘုရားကိုစိတ္ခ်ထားပါ။

တစ္ေန႔ ကြၽန္ေတာ္သား သူရတဲ့ မုန္႔ဖိုးလာအပ္ထား

တယ္။ သူ႕ဟာသူသိမ္းထားတဲ့ အခ်ိန္တိုင္း အထားမွား

ၿပီး ေပ်ာက္ေပ်ာက္သြားလို႔။ သူအပ္ထားတာ နည္းနည္းသူလိုခ်င္တာက မ်ားမ်ားျဖစ္ေနၿပီး၊ ဆိုင္ေရာက္တ္ိဳင္းသူလိုခ်င္တာ လက္ညိႇဳးထိုးဝယ္ခိုင္းတယ္။ တစ္ကယ္ေတာ့ သူအပ္ထားတာနဲ႔ဆို ဘယ္လ္ိဳမွမေလာက္ေပ။ ေလာက္တာ မေလာက္တာ သူမသိ။ အေဖလက္ထဲမွာ သူအပ္ထားတာနဲ႔ အကုန္ လုပ္န္ိဳင္တယ္လို႔သူ

ထင္ေနတတ္တယ္။ ဒီလိုပါပဲ သင့္အမႈအရာ ဘုရားဆီမွာ အပ္ထားၿပီးရင္ လုပ္ႏိုင္တာမလုပ္ႏိုင္တာအပထား ဘုရားကအေကာင္းဆုံးျဖစ္ေအာင္စီစဥ္ေဆာင္႐ြက္သြားမယ္ဆိုတာ စိတ္ခ်ထားပါ။ ေပတ႐ုကေတာ့ ေျပာတယ္ စိုးရိမ္ျခင္း႐ွိသမွ် ဘုရားဆီမွာ အပ္ထားပါတဲ့ သူကအၿမဲ သတိနဲ႔ ၾကည့္႐ႈျပဳစုေပးတဲ့သူပါ။

1 view0 comments