- Than Min Htike
အမိန့်တော်
လု၅:၅
ကြိုးစားတိုင်းမရနိုင်တဲ့ အရာတွေအများ
ကြီးရှိတယ်ဆိုတာ ကြာလေပိုသိလာတယ်။
အရင်တုန်းကတော့ ကြိုးစားရင် အားလုံးရန်ိုင်
တယ်လို့ အထင်ရောက်ခဲ့ဖူးတယ်။ ပေတရု
အသက်တာမှာလည်း သူ့ရဲ့ ကြိုးစားအားထုတ်မှု
ပြုသလောက် ပြန်ရတာကတော့ ကျရှုံးမှုတွေ
ပါပဲ။ တညလုံး အိပ်ရေးပျက်ခံပြီး ကြိုးစားတာ
အဖတ်တင်တာကတော့ မောတာပါပဲ။ ဒီလိုဘဝ
မျိုးသင်လည်း ကြုံဖူးတယ် မဟုတ်လား။ ကိစ္စမရှိ
ပါဘူး စိတ်မပျက်ပါနဲ့ လူတိုင်းကြုံဖူးတယ်။
၁) ကိုယ်တော်ရှိရင်
မနက်ရောက်တဲ့အခါ ဘာမှမရှိတဲ့ လှေ
ထဲကို ယေရှုဝင်ရောက်ဖို့ခွင့်တောင်းပါတယ်။
ဒါကတကယ်တော့ အံ့သြစရာပါ။ လူတွေက
အောင်မြင်တဲ့အချိန် ၊ ကြီးပွားတဲ့ အချိန်မှာ
စိတ်ဝင်စားပေမယ့် ယေရှုကတော့ ဘာမှမရှိပဲ
ကျရှုံးနေတဲ့ ပေတရုကို စိတ်ဝင်စားပါတယ်။
ငါးမရတာလည်းခပ်ကောင်းကောင်းပဲ ယေရှုရောက်
လာဖို့ နေရာဖယ်ထားသလိုပဲ ဖြစ်သွားတယ်
မဟုတ်လား။ သင့်ဘဝရဲ့ လိုအပ်မှုတွေက
အရာခပ်သိမ်းတတ်နိုင်တဲ့ ဘုရားကိုရှာဖို့တွန်း
အားပေးနေတယ်ဆိုတာ သတိရောထားမိရဲ့လား။
ဘာမှမရှိပေမယ့် ယေရှုရှိရင် ထူးခြားမှုတွေဖြစ်
လာမယ်ဆိုတာ ဘယ်သူများ ငြင်းနိုင်အုံးမှာလဲ။
၂) အမိန့်တော်ရှိရင်
ယေရှုရောက်လာပြီး ကောင်းကင်နိုင်ငံ
တော်နဲ့ဆိုင်တဲ့ အရာကို ဝေငှပါတယ်။ ပြီးတဲ့
အခါ ရေနက်ရာအရပ်ကို ရွှေ့ပြီး ငါးကို အုပ်စမ်း
ခိုင်းတယ်။ ယေရှုက အသုံးပြုပြီးရင် ဘယ်တော့
မှ အခမဲ့မသုံးဘူး။ ပေတရုကတော့ ပြောတယ်
ကျွန်တော် ကြိုးစားပြီးပါပြီ မအောင်မြင်ခဲ့ဘူး
နည်းနည်းမှ။ ဒါပေမယ့် အမိန့်တော်ရှိတယ် ဆိုရင်
လုပ်မယ်။ အဲ့ဒီ အမိန့်တော်ဟာ ဘယ်လောက်
တောင် အစွမ်းတန်ခိုးရှိသလည်းဆိုရင် လှေနှစ်စင်း
နစ်လုမတတ်သာမက ပေတရုဘဝပါ ယေရှု
ခြေတော်ရဲဲ့ ခြေတော်ရင်းမှာ ပုံရပ်ဖြစ်သွားတာ
ကိုသာကြည့်လိုက်။ ဒီနေ့ သင့်အသက်တာမှာ
လည်းအောင်မြင်တာ၊ ကောင်းစားတာ၊ ကြွယ်ဝ
တာဟာ ကြိုးစား နိုင်လွန်းလို့ မဟုတ်တော့ဘူး
သင့်အတွက်ထိုအရာတွေကို ခံစားရမယ်လို့ယေရှုရဲ့
အမိန့်တော်ကြောင့်ပဲမဟုတ်ဘူးလား။

Zawgyi
အမိန္႔ေတာ္
လု၅:၅
ႀကိဳးစားတိုင္းမရႏိုင္တဲ့ အရာေတြအမ်ား
ႀကီး႐ွိတယ္ဆိုတာ ၾကာေလပိုသိလာတယ္။
အရင္တုန္းကေတာ့ ႀကိဳးစားရင္ အားလုံးရန္ိဳင္
တယ္လို႔ အထင္ေရာက္ခဲ့ဖူးတယ္။ ေပတ႐ု
အသက္တာမွာလည္း သူ႕ရဲ႕ ႀကိဳးစားအားထုတ္မႈ
ျပဳသေလာက္ ျပန္ရတာကေတာ့ က်႐ႈံးမႈေတြ
ပါပဲ။ တညလုံး အိပ္ေရးပ်က္ခံၿပီး ႀကိဳးစားတာ
အဖတ္တင္တာကေတာ့ ေမာတာပါပဲ။ ဒီလိုဘဝ
မ်ိဳးသင္လည္း ၾကဳံဖူးတယ္ မဟုတ္လား။ ကိစၥမ႐ွိ
ပါဘူး စိတ္မပ်က္ပါနဲ႔ လူတိုင္းၾကဳံဖူးတယ္။
၁) ကိုယ္ေတာ္႐ွိရင္
မနက္ေရာက္တဲ့အခါ ဘာမွမ႐ွိတဲ့ ေလွ
ထဲကို ေယ႐ႈဝင္ေရာက္ဖို႔ခြင့္ေတာင္းပါတယ္။
ဒါကတကယ္ေတာ့ အံ့ၾသစရာပါ။ လူေတြက
ေအာင္ျမင္တဲ့အခ်ိန္ ၊ ႀကီးပြားတဲ့ အခ်ိန္မွာ
စိတ္ဝင္စားေပမယ့္ ေယ႐ႈကေတာ့ ဘာမွမ႐ွိပဲ
က်႐ႈံးေနတဲ့ ေပတ႐ုကို စိတ္ဝင္စားပါတယ္။
ငါးမရတာလည္းခပ္ေကာင္းေကာင္းပဲ ေယ႐ႈေရာက္
လာဖို႔ ေနရာဖယ္ထားသလိုပဲ ျဖစ္သြားတယ္
မဟုတ္လား။ သင့္ဘဝရဲ႕ လိုအပ္မႈေတြက
အရာခပ္သိမ္းတတ္ႏိုင္တဲ့ ဘုရားကို႐ွာဖို႔တြန္း
အားေပးေနတယ္ဆိုတာ သတိေရာထားမိရဲ႕လား။
ဘာမွမ႐ွိေပမယ့္ ေယ႐ႈ႐ွိရင္ ထူးျခားမႈေတြျဖစ္
လာမယ္ဆိုတာ ဘယ္သူမ်ား ျငင္းႏိုင္အုံးမွာလဲ။
၂) အမိန္႔ေတာ္႐ွိရင္
ေယ႐ႈေရာက္လာၿပီး ေကာင္းကင္ႏိုင္ငံ
ေတာ္နဲ႔ဆိုင္တဲ့ အရာကို ေဝငွပါတယ္။ ၿပီးတဲ့
အခါ ေရနက္ရာအရပ္ကို ေ႐ႊ႕ၿပီး ငါးကို အုပ္စမ္း
ခိုင္းတယ္။ ေယ႐ႈက အသုံးျပဳၿပီးရင္ ဘယ္ေတာ့
မွ အခမဲ့မသုံးဘူး။ ေပတ႐ုကေတာ့ ေျပာတယ္
ကြၽန္ေတာ္ ႀကိဳးစားၿပီးပါၿပီ မေအာင္ျမင္ခဲ့ဘူး
နည္းနည္းမွ။ ဒါေပမယ့္ အမိန္႔ေတာ္႐ွိတယ္ ဆိုရင္
လုပ္မယ္။ အဲ့ဒီ အမိန္႔ေတာ္ဟာ ဘယ္ေလာက္
ေတာင္ အစြမ္းတန္ခိုး႐ွိသလည္းဆိုရင္ ေလွႏွစ္စင္း
နစ္လုမတတ္သာမက ေပတ႐ုဘဝပါ ေယ႐ႈ
ေျခေတာ္ရဲဲ႕ ေျခေတာ္ရင္းမွာ ပုံရပ္ျဖစ္သြားတာ
ကိုသာၾကည့္လိုက္။ ဒီေန႔ သင့္အသက္တာမွာ
လည္းေအာင္ျမင္တာ၊ ေကာင္းစားတာ၊ ႂကြယ္ဝ
တာဟာ ႀကိဳးစား ႏိုင္လြန္းလို႔ မဟုတ္ေတာ့ဘူး
သင့္အတြက္ထိုအရာေတြကို ခံစားရမယ္လို႔ေယ႐ႈရဲ႕
အမိန္႔ေတာ္ေၾကာင့္ပဲမဟုတ္ဘူးလား။