- Than Min Htike
အမိန့်တော်(၂)
"ငါ၏ မျက်နှာကိုရှာကြလော့ဟူသော
အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည်
သတိပြုလျက် အိုထာဝရဘုရားကိုယ်တော်၏
မျက်နှာကို ရှာပါမည်၊၊"(ဆာလံ ၂၇:၈)
သိုးကျောင်းသားလေး ဘဝကနေတိုင်းပြည်
တခုလုံးရဲ့ ဘုရင်ကြီးတစ်ဦးဖြစ်လာတဲ့ ဒါဝိဒ်အသက်
တာအတွက် ဘုရားပေးထားတဲ့ အမိန့်ဟာဘာများပါလိမ့်။
လူတွေက အောင်မြင်ခြင်းကိုတော့ အားကျတယ်။
အဲ့ဒီအတိုင်းဖြစ်ချင်ကြတယ်။ ဘာကြောင့် အောင်မြင်
လည်းဆိုတဲ့ အမြစ်က်ိုတော့ စိတ်မဝင်စားကြတာများတယ်။ ဘုရားဒါဝိဒ်ကိုပေးထားတဲ့ အမိန့် က ဘုရားမျက်နှာကိုရှာဖို့ပဲ။ အောင်မြင်မှုကိုရှာဖို့၊ ကျော်ကြားမှုကိုရှာဖို့၊ ကြွယ်ဝမှုကိုရှာဖို့
လုံးဝ မဟုတ်ပဲ ထိုအရာအလုံးစုံကို ပေးနိုင်တဲ့ ဘုရားကိုပဲ အာရုံစိုက်ရှာဖို့ပါပဲ။
တချို့တွေက အဆင်မပြေခက်ခဲတဲ့အချိန်မှာ
ဘုရားကို အချိန်ပေးနိုင်ကြ၊ မိတ်ဿဟာရဖွဲ့နိုင်ကြ
ပေမယ့်၊ အဆင်ပြေကောင်းစားလာတဲ့ အခါမှာတော့
များလှတဲ့ အလုပ်ကိုအကြောင်းပြပြီးတော့ ဘုရားနဲ့
အချိန်မယူဖြစ်ကြတော့ပေ။ ဘာကြောင့်တချို့တွေ
ဒါဝိဒ်လို ထိပ်ဆုံး မရောက်ကြတော့တာလဲ။ ဒါဝိဒ်လို
ပုဂ္ဂိုလ်တွေဟာ သမိုင်းထဲပဲ ကျန်ခဲ့ပြီလားလို့တောင်
ပြောစမှတ်ဖြစ်နေပြီ။ ဒီနေ့ ဘုရားဟာ သင့်ကို ဒီနေ့
ခေတ်ရဲ့ ဒါဝိဒ်ဖြစ်စေချင်တယ်။ အောက်ဆုံးရောက်
နေတာ သင့်အားနည်းချက်ကြောင့်မဟုတ်ပေမယ့်
ထိပ်ဆုံးရောက်အောင်ပို့ပေးမယ့် ဘုရားကိုအချိန်မပေး
နိုင်တာတော့ သင့်အားနည်းချက်ကြောင့်ပဲ။ ဒါကြောင့်
အလုပ်တွေ တခြားအရာတွေကို အကြောင်းမပြပဲ
ဘုရားရဲ့အရေးကြီးတဲ့ အမိန့်ကို နာခံဖို့ ယနေ့ပင်ခြေလှမ်း
စလှမ်းပါ။

Zawgyi
အမိန္႔ေတာ္(၂)
"ငါ၏ မ်က္ႏွာကို႐ွာၾကေလာ့ဟူေသာ
အမိန္႔ေတာ္ကို ေ႐ွ႕ေတာ္၌ အကြၽႏ္ုပ္သည္
သတိျပဳလ်က္ အိုထာဝရဘုရားကိုယ္ေတာ္၏
မ်က္ႏွာကို ႐ွာပါမည္၊၊"(ဆာလံ ၂၇:၈)
သိုးေက်ာင္းသားေလး ဘဝကေနတိုင္းျပည္
တခုလုံးရဲ႕ ဘုရင္ႀကီးတစ္ဦးျဖစ္လာတဲ့ ဒါဝိဒ္အသက္
တာအတြက္ ဘုရားေပးထားတဲ့ အမိန္႔ဟာဘာမ်ားပါလိမ့္။
လူေတြက ေအာင္ျမင္ျခင္းကိုေတာ့ အားက်တယ္။
အဲ့ဒီအတိုင္းျဖစ္ခ်င္ၾကတယ္။ ဘာေၾကာင့္ ေအာင္ျမင္
လည္းဆိုတဲ့ အျမစ္က္ိဳေတာ့ စိတ္မဝင္စားၾကတာမ်ားတယ္။ ဘုရားဒါဝိဒ္ကိုေပးထားတဲ့ အမိန္႔ က ဘုရားမ်က္ႏွာကို႐ွာဖို႔ပဲ။ ေအာင္ျမင္မႈကို႐ွာဖို႔၊ ေက်ာ္ၾကားမႈကို႐ွာဖို႔၊ ႂကြယ္ဝမႈကို႐ွာဖို႔
လုံးဝ မဟုတ္ပဲ ထိုအရာအလုံးစုံကို ေပးႏိုင္တဲ့ ဘုရားကိုပဲ အာ႐ုံစိုက္႐ွာဖို႔ပါပဲ။
တခ်ိဳ႕ေတြက အဆင္မေျပခက္ခဲတဲ့အခ်ိန္မွာ
ဘုရားကို အခ်ိန္ေပးႏိုင္ၾက၊ မိတ္ႆဟာရဖြဲ႕ႏိုင္ၾက
ေပမယ့္၊ အဆင္ေျပေကာင္းစားလာတဲ့ အခါမွာေတာ့
မ်ားလွတဲ့ အလုပ္ကိုအေၾကာင္းျပၿပီးေတာ့ ဘုရားနဲ႔
အခ်ိန္မယူျဖစ္ၾကေတာ့ေပ။ ဘာေၾကာင့္တခ်ိဳ႕ေတြ
ဒါဝိဒ္လို ထိပ္ဆုံး မေရာက္ၾကေတာ့တာလဲ။ ဒါဝိဒ္လို
ပုဂၢိဳလ္ေတြဟာ သမိုင္းထဲပဲ က်န္ခဲ့ၿပီလားလို႔ေတာင္
ေျပာစမွတ္ျဖစ္ေနၿပီ။ ဒီေန႔ ဘုရားဟာ သင့္ကို ဒီေန႔
ေခတ္ရဲ႕ ဒါဝိဒ္ျဖစ္ေစခ်င္တယ္။ ေအာက္ဆုံးေရာက္
ေနတာ သင့္အားနည္းခ်က္ေၾကာင့္မဟုတ္ေပမယ့္
ထိပ္ဆုံးေရာက္ေအာင္ပို႔ေပးမယ့္ ဘုရားကိုအခ်ိန္မေပး
ႏိုင္တာေတာ့ သင့္အားနည္းခ်က္ေၾကာင့္ပဲ။ ဒါေၾကာင့္
အလုပ္ေတြ တျခားအရာေတြကို အေၾကာင္းမျပပဲ
ဘုရားရဲ႕အေရးႀကီးတဲ့ အမိန္႔ကို နာခံဖို႔ ယေန႔ပင္ေျခလွမ္း
စလွမ္းပါ။