Search
  • Than Min Htike

အမိန့်တော်(၄)

“အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မွတ်​သိပ်​ခြင်း​ဘေး​ကို တစ်​ပြည်​လုံး၌ ငါ​ဖြစ်​စေ​သော​ကာ​လ ရောက်​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး၍ မွတ်​သိပ်​ခြင်း​ဘေး မ​ဟုတ်၊ ရေ​ငတ်​ခြင်း​ဘေး​လည်း မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို မ​ကြား​ရ​သော မွတ်​သိပ်​ခြင်း​ဘေး ဖြစ်​လိမ့်​မည်။”(‭အာမုတ် ၈:၁၁)


ကြောက်စရာအကောင်းဆုံးဘေး

ခေတ်ကာလတိုင်းမှာ ကြောက်စရာကောင်းတဲ့ ဘေးတွေနဲ့ကြုံခဲ့ရပြီးတော့ လူသန်းပေါင်းများစွာရဲ့ အသက်၊ အိုးအိမ်စည်းစိမ်ကို နုတ်ယူခြင်းခံရတယ်။ ကြောက်စရာမကောင်းတဲ့ဘေးဆိုတာ မရှိသလောက်ပါပဲ။ လူတွေက အဲ့ဒီလိုဘေးတွေနဲ့ မတွေ့ကြုံရဖို့အတွက် နည်းပညာတွေ၊ ငွေကြေးတွေနဲ့အစွမ်းကုန်ကြိုး စားပေမယ့် ဒီနေ့အထိတော့ ဘေးလွတ်လုံခြုံရာကောင်းတဲ့အရာကို မဖန်တီးမတည်ဆောက်နိုင်သေးပါဘူး။ ဒီလို ဘေးဒုက္ခတွေက နေရာဒေသ၊ ဆင်းရဲချမ်းသာမရွေးသလို နိုင်ငံကြီး၊ နိုင်ငံငယ်ဆိုပြီးတော့လည်းခွဲခြားတာမရှိပါဘူး။ ချမ်းသာတဲ့နိုင်ငံတွေ၊ပညာတတ်တဲ့နိုင်ငံတွေလည်း ယနေ့တိုင် မျိုးစုံသောဘေးတွေကို ရင်ဆိုင်နေရာတာပဲမဟုတ်လား။ ဒီအရာတွေကြောင့်လည်း လူသားတွေရဲ့ဘ၀လုံခြုံမှုအတွက်ဘယ်အရာကမှ အာမခံချက်မပေးနိုင်ပဲ အသက်ရှင်တဲ့ဘုရားကိုလိုအပ်နေဆဲဆိုတာ ညွှန်ပြနေခဲ့တာလည်းဖြစ်တယ်။

ဒီလိုဘေးတွေထဲမှာ ကြောက်စရာကောင်းဆုံး ဘေးက ဘာများဖြစ်မလဲဆိုတာက ပရောဖက်အာမုတ်က ဒီလိုမိန့်ကြားတယ်။ နောက်ဆုံးကာလမှာ လူတွေကြုံတွေ့ရမယ့်ဘေးတွေထဲမှာကြောက်စရာကောင်းဆုံး ဘေးကတော့ ဘုရားရဲ့အမိန့်တော်ကိုမကြားရတဲ့ဘေးပါပဲ။ ဒီဘေးက လူတွေကြုံတွေ့ရတဲ့ အခြားသော ဘေးတွေထက်ပိုပြီးတော့ ကြောက်စရာကောင်းပြီးတော့ အန္တရယ်လည်းပိုကြီးတယ်။ ဘာကြောင့်များလည်းလို့သင်မေးခွန်းထုတ်ကောင်းထုတ်မယ်။ ဘယ်လိုဘေးတွေပဲကြုံကြုံ ထွက်မြောက်ရာလမ်းက ဘုရားအမိန့်တော်ကြားရတဲ့အခါမှာ ပေါ်ပေါက်လာတယ်။ ဘယ်လို အခက်အခဲမဆို ဘုရားအမိန့်တော်က ငြိမ်းစေနိုင်တယ်။ လူတစ်ယောက်က လမ်းစပျောက်တဲ့အခါမှာ ဘုရားအမိန့်တော်က မှန်ကန်တဲ့လမ်း၊ဆုံးဖြတ်ချက်ကို ပို့ဆောင်ပေးလို့ပါပဲ။ အမိန့်တော်မရှိတော့ရင် လူတစ်ယောက်ရဲ့ဘ၀ဟာ ရှင်လျှက်နဲ့သေနေသလိုပါပဲ။ ဒါကြောင့် အဆိုးဆုံးဘေးကတော့ ဘုရားအမိန့်တော်ကို မကြားရခြင်းလို့ပြောတာပါ။ဘုရား အမိန့်တော်မကြားရတဲ့အခါမှာတော့ ဘ၀ဟာ ရှင်လျှက်နဲ့ သေနေသလိုပါပဲ။ ဒါကြောင့် ဘယ်လိုအရာတွေပဲကြုံကြုံ၊ ရင်ဆိုင်ရရင်ဆိုင်ရ အဆိုးကြီးမဟုတ်သေးပါဘူး။ အမိန့်တော်ကို ကြားနေရသရွေ့သင့်မှာ မျှော်လင့်ချက်ရှိသေးတယ်။ ကောင်းတဲ့အရာတွေရှိသေးတယ်ဆိုတာကိုယုံပါ။



Zawgyi

အမိန္႔ေတာ္(၄)

“အ​႐ွင္​ထာ​ဝ​ရ​ဘု​ရား မိန္႔​ေတာ္​မူ​သည္​ကား၊ မြတ္​သိပ္​ျခင္း​ေဘး​ကို တစ္​ျပည္​လုံး၌ ငါ​ျဖစ္​ေစ​ေသာ​ကာ​လ ေရာက္​လိမ့္​မည္။ အ​စာ​ေခါင္း​ပါး၍ မြတ္​သိပ္​ျခင္း​ေဘး မ​ဟုတ္၊ ေရ​ငတ္​ျခင္း​ေဘး​လည္း မ​ဟုတ္၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန္႔​ေတာ္​ကို မ​ၾကား​ရ​ေသာ မြတ္​သိပ္​ျခင္း​ေဘး ျဖစ္​လိမ့္​မည္။”(‭အာမုတ္ ၈:၁၁)


ေၾကာက္စရာအေကာင္းဆုံးေဘး

ေခတ္ကာလတိုင္းမွာ ေၾကာက္စရာေကာင္းတဲ့ ေဘးေတြနဲ႔ၾကဳံခဲ့ရၿပီးေတာ့ လူသန္းေပါင္းမ်ားစြာရဲ႕ အသက္၊ အိုးအိမ္စည္းစိမ္ကို ႏုတ္ယူျခင္းခံရတယ္။ ေၾကာက္စရာမေကာင္းတဲ့ေဘးဆိုတာ မ႐ွိသေလာက္ပါပဲ။ လူေတြက အဲ့ဒီလိုေဘးေတြနဲ႔ မေတြ႕ၾကဳံရဖို႔အတြက္ နည္းပညာေတြ၊ ေငြေၾကးေတြနဲ႔အစြမ္းကုန္ႀကိဳး စားေပမယ့္ ဒီေန႔အထိေတာ့ ေဘးလြတ္လုံျခဳံရာေကာင္းတဲ့အရာကို မဖန္တီးမတည္ေဆာက္ႏိုင္ေသးပါဘူး။ ဒီလို ေဘးဒုကၡေတြက ေနရာေဒသ၊ ဆင္းရဲခ်မ္းသာမေ႐ြးသလို ႏိုင္ငံႀကီး၊ ႏိုင္ငံငယ္ဆိုၿပီးေတာ့လည္းခြဲျခားတာမ႐ွိပါဘူး။ ခ်မ္းသာတဲ့ႏိုင္ငံေတြ၊ပညာတတ္တဲ့ႏိုင္ငံေတြလည္း ယေန႔တိုင္ မ်ိဳးစုံေသာေဘးေတြကို ရင္ဆိုင္ေနရာတာပဲမဟုတ္လား။ ဒီအရာေတြေၾကာင့္လည္း လူသားေတြရဲ႕ဘ၀လုံျခဳံမႈအတြက္ဘယ္အရာကမွ အာမခံခ်က္မေပးႏိုင္ပဲ အသက္႐ွင္တဲ့ဘုရားကိုလိုအပ္ေနဆဲဆိုတာ ၫႊန္ျပေနခဲ့တာလည္းျဖစ္တယ္။

ဒီလိုေဘးေတြထဲမွာ ေၾကာက္စရာေကာင္းဆုံး ေဘးက ဘာမ်ားျဖစ္မလဲဆိုတာက ပေရာဖက္အာမုတ္က ဒီလိုမိန္႔ၾကားတယ္။ ေနာက္ဆုံးကာလမွာ လူေတြၾကဳံေတြ႕ရမယ့္ေဘးေတြထဲမွာေၾကာက္စရာေကာင္းဆုံး ေဘးကေတာ့ ဘုရားရဲ႕အမိန္႔ေတာ္ကိုမၾကားရတဲ့ေဘးပါပဲ။ ဒီေဘးက လူေတြၾကဳံေတြ႕ရတဲ့ အျခားေသာ ေဘးေတြထက္ပိုၿပီးေတာ့ ေၾကာက္စရာေကာင္းၿပီးေတာ့ အႏၲရယ္လည္းပိုႀကီးတယ္။ ဘာေၾကာင့္မ်ားလည္းလို႔သင္ေမးခြန္းထုတ္ေကာင္းထုတ္မယ္။ ဘယ္လိုေဘးေတြပဲၾကဳံၾကဳံ ထြက္ေျမာက္ရာလမ္းက ဘုရားအမိန္႔ေတာ္ၾကားရတဲ့အခါမွာ ေပၚေပါက္လာတယ္။ ဘယ္လို အခက္အခဲမဆို ဘုရားအမိန္႔ေတာ္က ၿငိမ္းေစႏိုင္တယ္။ လူတစ္ေယာက္က လမ္းစေပ်ာက္တဲ့အခါမွာ ဘုရားအမိန္႔ေတာ္က မွန္ကန္တဲ့လမ္း၊ဆုံးျဖတ္ခ်က္ကို ပို႔ေဆာင္ေပးလို႔ပါပဲ။ အမိန္႔ေတာ္မ႐ွိေတာ့ရင္ လူတစ္ေယာက္ရဲ႕ဘ၀ဟာ ႐ွင္လွ်က္နဲ႔ေသေနသလိုပါပဲ။ ဒါေၾကာင့္ အဆိုးဆုံးေဘးကေတာ့ ဘုရားအမိန္႔ေတာ္ကို မၾကားရျခင္းလို႔ေျပာတာပါ။ဘုရား အမိန္႔ေတာ္မၾကားရတဲ့အခါမွာေတာ့ ဘ၀ဟာ ႐ွင္လွ်က္နဲ႔ ေသေနသလိုပါပဲ။ ဒါေၾကာင့္ ဘယ္လိုအရာေတြပဲၾကဳံၾကဳံ၊ ရင္ဆိုင္ရရင္ဆိုင္ရ အဆိုးႀကီးမဟုတ္ေသးပါဘူး။ အမိန္႔ေတာ္ကို ၾကားေနရသေ႐ြ႕သင့္မွာ ေမွ်ာ္လင့္ခ်က္႐ွိေသးတယ္။ ေကာင္းတဲ့အရာေတြ႐ွိေသးတယ္ဆိုတာကိုယုံပါ။

0 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube