- Than Min Htike
အရှိန်ကြီးသောပဌနာ
“အချင်းချင်း တစ်ယောက်နှင့် တစ်ယောက်၊ ကိုယ်အပြစ်ကို ဖော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည်အကြောင်း၊ အချင်းချင်းတို့အဖို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသောပတ္ထနာသည် အလွန်တန်ခိုးပါ၏။- ဧလိယသည် ငါတို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူ ဖြစ်သော်လည်း၊ မိုးမရွာမည်အကြောင်း အထူးသဖြင့် ဆုတောင်းသောအခါ၊ သုံးနှစ်နှင့် ခြောက်လပတ်လုံး မြေပေါ်သို့ မိုးမရွာဘဲနေ၏။- တစ်ဖန် ဆုတောင်းသောအခါ၊ မိုးကောင်းကင်သည် မိုးရွာစေ၏။ မြေကြီးသည်လည်း မိမိအသီးကိုသီးလေ၏။” (ယာကုပ်-၅:၁၆-၁၈)
ငါတို့ကဲ့သို့
နှုတ်ကပတ်တော်ထဲက လူတွေကို super hero ဇာတ်ကောင်တွေလို သဘာ၀လွန် မွေးဖွားလာတဲ့လူတွေလို့ မမြင်စေချင်ဘူး။ သူတို့အားလုံးလည်း သာမန်လူအဖြစ်နဲ့ သူလိုကိုယ်လိုပဲမွေးဖွားလာကြတဲ့သူတွေပါ။ သင်နဲ့ကျွန်ုပ်တို့လိုပဲ ဘာမှ မထူးခြားဘူး။ ဒါပေမယ့် ဒီလို လူတွေက သဘာ၀လွန်လုပ်ရပ်တွေကို လုပ်နိုင်ရတဲ့အကြောင်းအရင်းက ဘာလဲလို့မေးရင်တော့ သဘာ၀လွန် ဘုရားနဲ့ ချိတ်ဆက် အသက်ရှင်လို့ပဲ ပြောရလိမ့်မယ်။ ဆုတောင်းခြင်းဆိုတာ ဘာသာတရားတိုင်းက လုပ်လေ့လုပ်ထ ရှိတဲ့အရာပါ။ သူတို့ကသာဘ၀လွန် အရာတွေ သူတို့ကိုးကွယ်ဆည်းကပ်တဲ့အရာတွေနဲ့ထိတွေ့ဖို့အတွက် ဆုတောင်းလေ့ရှိတယ်။ ယုံကြည်သူဘုရားသားသမီးတွေအနေနဲ့လည်း ဆုတောင်းခြင်းကိုပေါ့ပေါ့တန်တန် သ ဘောမထားသင့်ဘူး။ ဘ၀အသက်တာထဲမှာ ဘုရားရဲ့တန်ခိုးအစွမ်းတွေ၊ ကိုယ့်ခွန်အားနဲ့မရနိုင်တဲ့ အရာတွေကို ရရှိခံစားဖို့အတွက် နည်းလမ်းကတော့ ဘုရားနဲ့အဆက် အသွယ်လုပ်ခြင်းပဲမဟုတ်လား။ နှုတ်ကပတ်တော်ထဲမှာ ကြီးမားတဲ့တန်ခိုးနိမိတ်လက္ခဏာတွေကိုပြုခဲ့တဲ့ ဧလိယကို ကျွန်တော်တို့လိုလူ လို့မှတ်တမ်းတင်ထားတာကိုအရမ်းကိုသဘောကျတယ်။ သူလည်းစိတ်ဓါတ်ကျတတ်တယ်၊ အားငယ်တတ်တယ်ဆိုတာကိုလည်းမှတ်တမ်းတင်ထားတယ်။ ဒါကြောင့် အားနည်းတဲ့လူသားဖြစ်ပေမယ့် အားကြီးတဲ့ဘုရားဆီမှာ တိုးဝင်ချဉ်းကပ်တဲ့ အခါမှာ ကြီးမားတဲ့အရာတွေကို ပြုလုပ်တဲ့သူတစ်ယောက်ဖြစ်လာတယ်။ ထူးခြားလို့ ခြားနားတဲ့အရာတွေလုပ်နိုင်တာမဟုတ်ပဲ ဆုတောင်းလို့သာ လုပ်နိုင်တယ်ဆိုတာကို ဒီနေရာမှာ မီးမောင်းထိုးပြထားတယ်။
သူတော်ကောင်းဆုတောင်းတဲ့ ပဌာနာ
ဒီနေရာမှာ သူတော်ကောင်းဆိုတာ အကျင့်ကောင်းတာ၊ အခြားသူတွေထက် ပိုမြင့်မြတ်တဲ့ကျင့်ဆောင်သူတွေကို ခေါ်ဆိုတာမဟုတ်ပါဘူး။ လူသားတစ်ယောက်မှ ဘုရားရှေ့မှာမပြည့်စုံတာ ငြင်းစရာမရှိပါဘူး။ ယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့သာဆေးကြောမခံရရင် ဖြောင့်မတ်သောသူဖြစ်လာစရာမရှိပါ။ ဒီနေရာမှာ သူတော်ကောင်းဆိုတာက အပြစ်မလုပ်ဖူးတဲ့သူတွေမဟုတ်ပဲ ကိုယ့်အားနည်းချက်ကိုဖေါ်ပြတောင်းပန်ရဲတဲ့သူ၊ နောက်ပြီး အချင်းအချင်းအတွက် ကိုယ်စားပြု ဆုတောင်းပေးတဲ့သူကိုခေါ်ဆိုတာပါ။ ကိုယ့်အတွက်ပဲ ကိုယ်တောင်းပြီး ကိုယ့်လိုအပ်ချက်တွေနဲ့ပဲ ပြည့်နေဖို့မဟုတ်တော့ပါဘူး။ အခြားလူတွေအတွက်လည်းဒီအချိန်မှာ ကိုယ်စားပြုဖို့လိုပါတယ်။ အဲ့ဒီလူဆုတောင်းတဲ့အခါမှာ ဘုရားက ဆုတောင်းချက်ကိုတန်ခိုးပါစေတယ်။ မိုးကိုရပ်တန့်စေပြီးခေါင်းပါးမှုကိုဖြစ်စေသလို၊ ပြန်လည်စိုပြေ ပြီးသီးပွင့်ဝေဆာ မှုကိုဖြစ်စေနိုင်တယ်။ ဒီနေ့ နိုင်ငံနဲ့ အဝှမ်း နေရာတိုင်းမှာ လိုအပ်နေတဲ့ နိုးထမှုနဲ့ ပြန်လည်ဖွံ့ ဖြိုးတတ်ခြင်းကို နှုတ်ကပတ်တော်အတိုင်း မြင်တွေ့ရရန် ယုံကြည်တွေ အရှိန်တင်ပြီး ဆုတောင်းပေးဖို့ အထူးလို အပ်နေချိန်ပါပဲ။

Zawgyi
အ႐ွိန္ႀကီးေသာပဌနာ
“အခ်င္းခ်င္း တစ္ေယာက္ႏွင့္ တစ္ေယာက္၊ ကိုယ္အျပစ္ကို ေဖာ္ျပေတာင္းပန္ၾကေလာ့။ ခ်မ္းသာရမည္အေၾကာင္း၊ အခ်င္းခ်င္းတို႔အဖို႔ ဆုေတာင္းၾကေလာ့။ သူေတာ္ေကာင္းဆုေတာင္း၍ အ႐ွိန္ႀကီးေသာပတၳနာသည္ အလြန္တန္ခိုးပါ၏။- ဧလိယသည္ ငါတို႔ကဲ့သို႔ ေလာကဓံတရား၌ က်င္လည္ေသာသူ ျဖစ္ေသာ္လည္း၊ မိုးမ႐ြာမည္အေၾကာင္း အထူးသျဖင့္ ဆုေတာင္းေသာအခါ၊ သုံးႏွစ္ႏွင့္ ေျခာက္လပတ္လုံး ေျမေပၚသို႔ မိုးမ႐ြာဘဲေန၏။- တစ္ဖန္ ဆုေတာင္းေသာအခါ၊ မိုးေကာင္းကင္သည္ မိုး႐ြာေစ၏။ ေျမႀကီးသည္လည္း မိမိအသီးကိုသီးေလ၏။” (ယာကုပ္-၅:၁၆-၁၈)
ငါတို႔ကဲ့သို႔
ႏႈတ္ကပတ္ေတာ္ထဲက လူေတြကို super hero ဇာတ္ေကာင္ေတြလို သဘာ၀လြန္ ေမြးဖြားလာတဲ့လူေတြလို႔ မျမင္ေစခ်င္ဘူး။ သူတို႔အားလုံးလည္း သာမန္လူအျဖစ္နဲ႔ သူလိုကိုယ္လိုပဲေမြးဖြားလာၾကတဲ့သူေတြပါ။ သင္နဲ႔ကြၽႏ္ုပ္တို႔လိုပဲ ဘာမွ မထူးျခားဘူး။ ဒါေပမယ့္ ဒီလို လူေတြက သဘာ၀လြန္လုပ္ရပ္ေတြကို လုပ္ႏိုင္ရတဲ့အေၾကာင္းအရင္းက ဘာလဲလို႔ေမးရင္ေတာ့ သဘာ၀လြန္ ဘုရားနဲ႔ ခ်ိတ္ဆက္ အသက္႐ွင္လို႔ပဲ ေျပာရလိမ့္မယ္။ ဆုေတာင္းျခင္းဆိုတာ ဘာသာတရားတိုင္းက လုပ္ေလ့လုပ္ထ ႐ွိတဲ့အရာပါ။ သူတို႔ကသာဘ၀လြန္ အရာေတြ သူတို႔ကိုးကြယ္ဆည္းကပ္တဲ့အရာေတြနဲ႔ထိေတြ႕ဖို႔အတြက္ ဆုေတာင္းေလ့႐ွိတယ္။ ယုံၾကည္သူဘုရားသားသမီးေတြအေနနဲ႔လည္း ဆုေတာင္းျခင္းကိုေပါ့ေပါ့တန္တန္ သ ေဘာမထားသင့္ဘူး။ ဘ၀အသက္တာထဲမွာ ဘုရားရဲ႕တန္ခိုးအစြမ္းေတြ၊ ကိုယ့္ခြန္အားနဲ႔မရႏိုင္တဲ့ အရာေတြကို ရ႐ွိခံစားဖို႔အတြက္ နည္းလမ္းကေတာ့ ဘုရားနဲ႔အဆက္ အသြယ္လုပ္ျခင္းပဲမဟုတ္လား။ ႏႈတ္ကပတ္ေတာ္ထဲမွာ ႀကီးမားတဲ့တန္ခိုးနိမိတ္လကၡဏာေတြကိုျပဳခဲ့တဲ့ ဧလိယကို ကြၽန္ေတာ္တို႔လိုလူ လို႔မွတ္တမ္းတင္ထားတာကိုအရမ္းကိုသေဘာက်တယ္။ သူလည္းစိတ္ဓါတ္က်တတ္တယ္၊ အားငယ္တတ္တယ္ဆိုတာကိုလည္းမွတ္တမ္းတင္ထားတယ္။ ဒါေၾကာင့္ အားနည္းတဲ့လူသားျဖစ္ေပမယ့္ အားႀကီးတဲ့ဘုရားဆီမွာ တိုးဝင္ခ်ဥ္းကပ္တဲ့ အခါမွာ ႀကီးမားတဲ့အရာေတြကို ျပဳလုပ္တဲ့သူတစ္ေယာက္ျဖစ္လာတယ္။ ထူးျခားလို႔ ျခားနားတဲ့အရာေတြလုပ္ႏိုင္တာမဟုတ္ပဲ ဆုေတာင္းလို႔သာ လုပ္ႏိုင္တယ္ဆိုတာကို ဒီေနရာမွာ မီးေမာင္းထိုးျပထားတယ္။
သူေတာ္ေကာင္းဆုေတာင္းတဲ့ ပဌာနာ
ဒီေနရာမွာ သူေတာ္ေကာင္းဆိုတာ အက်င့္ေကာင္းတာ၊ အျခားသူေတြထက္ ပိုျမင့္ျမတ္တဲ့က်င့္ေဆာင္သူေတြကို ေခၚဆိုတာမဟုတ္ပါဘူး။ လူသားတစ္ေယာက္မွ ဘုရားေ႐ွ႕မွာမျပည့္စုံတာ ျငင္းစရာမ႐ွိပါဘူး။ ေယ႐ႈခရစ္ေတာ္ရဲ႕အေသြးေတာ္နဲ႔သာေဆးေၾကာမခံရရင္ ေျဖာင့္မတ္ေသာသူျဖစ္လာစရာမ႐ွိပါ။ ဒီေနရာမွာ သူေတာ္ေကာင္းဆိုတာက အျပစ္မလုပ္ဖူးတဲ့သူေတြမဟုတ္ပဲ ကိုယ့္အားနည္းခ်က္ကိုေဖၚျပေတာင္းပန္ရဲတဲ့သူ၊ ေနာက္ၿပီး အခ်င္းအခ်င္းအတြက္ ကိုယ္စားျပဳ ဆုေတာင္းေပးတဲ့သူကိုေခၚဆိုတာပါ။ ကိုယ့္အတြက္ပဲ ကိုယ္ေတာင္းၿပီး ကိုယ့္လိုအပ္ခ်က္ေတြနဲ႔ပဲ ျပည့္ေနဖို႔မဟုတ္ေတာ့ပါဘူး။ အျခားလူေတြအတြက္လည္းဒီအခ်ိန္မွာ ကိုယ္စားျပဳဖို႔လိုပါတယ္။ အဲ့ဒီလူဆုေတာင္းတဲ့အခါမွာ ဘုရားက ဆုေတာင္းခ်က္ကိုတန္ခိုးပါေစတယ္။ မိုးကိုရပ္တန္႔ေစၿပီးေခါင္းပါးမႈကိုျဖစ္ေစသလို၊ ျပန္လည္စိုေျပ ၿပီးသီးပြင့္ေဝဆာ မႈကိုျဖစ္ေစႏိုင္တယ္။ ဒီေန႔ ႏိုင္ငံနဲ႔ အဝွမ္း ေနရာတိုင္းမွာ လိုအပ္ေနတဲ့ ႏိုးထမႈနဲ႔ ျပန္လည္ဖြံ႕ ၿဖိဳးတတ္ျခင္းကို ႏႈတ္ကပတ္ေတာ္အတိုင္း ျမင္ေတြ႕ရရန္ ယုံၾကည္ေတြ အ႐ွိန္တင္ၿပီး ဆုေတာင္းေပးဖို႔ အထူးလို အပ္ေနခ်ိန္ပါပဲ။