Search
  • Than Min Htike

အရှိန်ကြီးသောပ​ဌနာ(၁၀)

“ထို​မှ​တစ်​ပါး သင်​နှင့်​တူ​သော ရှင်​ဘု​ရင်​တစ်​ယောက်​ကို​မျှ သင့်​လက်​ထက်၌ မ​ရှိ​စေ​ခြင်း​ငှာ၊ သင်​မ​တောင်း​သော​ဆု၊ စည်း​စိမ်​ဥ​စ္စာ၊ ဂုဏ်​အ​သ​ရေ​ကို ငါ​ပေး၏။”

(၃ဓမ္မ-၃:၁၃)


အဖြေပဲပေးတာမဟုတ် အပိုပါပေးတယ်

လိုချင်တာနဲ့ လိုအပ်တဲ့အရာဟာအမြဲတမ်း လွန်ဆွဲ နေတတ်ပါတယ်။ ဘ၀မှာ လိုချင်တာ များစွာရှိတတ်ပေမယ့် တကယ့်လိုအပ်တဲ့အရာကတော့ အနည်းငယ်သာရှိတတ်တယ်။ ကျွန်တော်တို့ အိမ်မှာ ဝယ်ထားတဲ့ အရာတော်တော်များများက လိုအပ်တာထက်လိုချင်တာပိုများနေတတ်ပြီး ဝယ်ပြီးမှ အသုံးမတည့်လို့ ဒါမှမဟုတ် မသုံးဖြစ်လို့ချောင်ထိုးထားရတာ တော်တော်များများရှိတယ်မဟုတ်လား။ ကိုယ့်ဘ၀ရဲ့ လိုအပ်ချက်ကို သိမြင်ပြီးတော့ စိတ်ဓါတ်ကျဖို့မဟုတ်ပဲ ဘုရားဆီမှာ တိုးဝင်တောင်းဆိုတဲ့အခါမှာ လိုအပ်ချက်တွေနေရာမှာ ဘုရားကပိုကောင်းတဲ့အရာတွေကို ပေးလေ့ရှိပြီးတော့ လိုအပ်ချက်တွေ ပြည့်စုံလာတာနဲ့ မပြီးပါဘူး လိုချင်တဲ့အရာတွေ လည်းနောက်ကလိုက်ပါစမြဲပါ။ တချို့က မိမိရဲ့အားနည်းချက်တွေ လိုအပ်ချက်တွေကိုသိပြီးတော့စိတ်ဓါတ်ကျသွားတတ်ပါတယ်။ လူတိုင်းမှာအားနည်းချက်ရှိတယ်၊ လူတိုင်းမှာ မစုံလင်တဲ့အရာရှိပြီးသားပါ။ ဒါကိုအားငယ်ပြီးတော့ လက်လျော့လိုက်ဖို့လုံး၀မဟုတ်ပါဘူး။မောရှေဆိုရင် ဘုရားခေါ်တဲ့အခါမှာ သူ့ရဲ့အားနည်းချက်ကြောင့်အခြားသောသူကို စေခိုင်းဖို့ ငြင်းဆိုခဲ့တယ်။ ဘုရားတာဝန်ယူနိုင်တယ် တတ်နိုင်တယ်ဆိုတာကို မေ့လျော့ဟန်ရှိတယ်။ ဒါကြောင့် အားနည်းချက်တွေကိုသိတဲ့အခါမှာအားငယ်သွားဖို့မဟုတ်ပဲ ဘုရားဆီမှာ ဆုတောင်းဖို့ ဆိုတာကိုမမေ့နဲ့။

ရှောလမုန်ရဲ့ ဆုတောင်းကိုသင်သိမယ်လို့ထင်တယ်။ ရှင်ဘုရင်တစ်ယောက်ရဲ့သားတစ်ပါးအနေနဲ့ မွေးဖွားလာပြီးတော့ ဘုရင်တွေနဲ့ဆိုင်တာတွေကို နေ့စဉ်မြင်ရကြားရတယ်။ နောက်ကိုယ်တိုင်လည်း ပညာတွေသင်ကြားတတ်မြောက်ခဲ့မှာပါ။ ဒါပေမယ့် ဘုရင်ဖြစ်လာတဲ့အခါမှာတော့ ဘုရားက တောင်းပါလို့ပြောတဲ့အခါမှာ ကိုယ်လိုချင်တာတွေလျောက်မပြောဘူး၊ထိရောက်ပြီးတိကျတဲ့ ဆုတောင်းလေးနဲ့ဘုရားဆီတောင်းတယ်။ ဒါတောင်အိမ်မက်ထဲမှာနော်အပြင်မှာမဟုတ်ဘူး။ နောက်ပြီးတော့ သူတကိုယ်ထဲအတွက်မဟုတ်ပဲ ဘုရားစေခိုင်းတဲ့အရာအတွက် သူဆုတောင်းခဲ့တယ်။ ဘုရားသူ့ကိုခန့်အပ်တဲ့အပေါ်မှာ သူအကောင်းဆုံး လုပ်ချင်တယ် ပီပြင်ချင်တယ်။ ဒါကြောင့်လည်း ဘုရားလူမျိုးတွေကို ကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင်ဖို့အတွက် ပညာကိုတောင်းခဲ့တာ။ ဒီဆုတောင်းချက်က တိုတောင်းပေမယ့် အများကြီးထိရောက်ခဲ့တယ်။ ဆုတောင်းတယ်ဆိုတာ တိုတာ ရှည်တာထက် ထိရောက်ဖို့ပိုရေးကြီးတယ်။ တချို့က ဆုတောင်းသာရှည်တာ ဘာမှမယ်မယ်ရရ မဟုတ်ဘူး။ တကယ့်ထိရောက်တဲ့ဆုတောင်းချက်က စကားလုံးတွေအများကြီးမပါပေမယ့် မတောင်းတဲ့ဆုတွေကိုတောင်ဘုရားက ပေးခဲ့တယ်။ သူမတောင်းတဲ့စည်းစိမ်တွေ၊ ဂုဏ်အရေတွေကို ဘုရားကပေးတယ်။ တခြားဘယ်သူနဲ့မှမတူတဲ့ အသက်တာမျိုးကိုလည်းပေးပြီးတော့သူဟာ ဘုရားရဲ့ဗိမာန်တော်ကိုဆောက်ခွင့်ရခဲ့တဲ့သူတစ်ယောက်ဖြစ်လာတယ်။ လောကမှာ အသက်ရှင်တုန်း ခဏမှာ ကိုယ်ဖြစ်ချင်တာတွေကို ဦးစားမပေးပဲ ဘုရားကိုယ့်ကိုခွဲခန့်ထားတဲ့အရာကိုအပီပြင်ဆုံး လုပ်နိုင်ဖို့ ဆုတောင်းတဲ့သူတစ်ယောက်က ကိုယ်ဖြစ်ချင်တာတွေကိုလည်းဘုရားက ဘေးဖယ်မထားဘူး မဖျက်ဆီးပစ်လိုက်ဘူးဆိုတာ ရှောလမုန်ရဲ့အသက်တာမှာသက်သေပါပဲ။ ဆုတောင်းခြင်းဟာအရာရာရဲ့အချုပ်ပဲ။ လူတစ်ယောက်အောင်မြင်စွာအသက်ရှင်နိုင်ဖို့ဆိုတာ အစွမ်းအစတွေ၊ ခွန်အားတွေထက် ဆုတောင်းအားက ပိုအရေးကြီးတယ်။ လူတစ်ယောက်ရဲ့အနာဂတ်ကို ဆုတောင်းတဲ့နေရာကနေ ဆုံးဖြတ်ပေးတယ်။ သင့်ဆုတောင်းချက်တွေက သင့်နှလုံးသားကိုထင်ဟပ်စေပြီးတော့ သင့်အနာဂတ်ကို ပုံဖေါ်နေတယ်။ ဒါကြောင့် ဆုတောင်းတဲ့သူဟာ တောင်းနေတာတွေပဲရတာမဟုတ်ပဲ မတောင်းတဲ့အရာတွေကိုပါ ဘုရားကဖြည့်ဆည်းပေးတယ်။



Zawgyi


အ႐ွိန္ႀကီးေသာပ​ဌနာ(၁၀)

“ထို​မွ​တစ္​ပါး သင္​ႏွင့္​တူ​ေသာ ႐ွင္​ဘု​ရင္​တစ္​ေယာက္​ကို​မွ် သင့္​လက္​ထက္၌ မ​႐ွိ​ေစ​ျခင္း​ငွာ၊ သင္​မ​ေတာင္း​ေသာ​ဆု၊ စည္း​စိမ္​ဥ​စၥာ၊ ဂုဏ္​အ​သ​ေရ​ကို ငါ​ေပး၏။”

(၃ဓမၼ-၃:၁၃)


အေျဖပဲေပးတာမဟုတ္ အပိုပါေပးတယ္

လိုခ်င္တာနဲ႔ လိုအပ္တဲ့အရာဟာအၿမဲတမ္း လြန္ဆြဲ ေနတတ္ပါတယ္။ ဘ၀မွာ လိုခ်င္တာ မ်ားစြာ႐ွိတတ္ေပမယ့္ တကယ့္လိုအပ္တဲ့အရာကေတာ့ အနည္းငယ္သာ႐ွိတတ္တယ္။ ကြၽန္ေတာ္တို႔ အိမ္မွာ ဝယ္ထားတဲ့ အရာေတာ္ေတာ္မ်ားမ်ားက လိုအပ္တာထက္လိုခ်င္တာပိုမ်ားေနတတ္ၿပီး ဝယ္ၿပီးမွ အသုံးမတည့္လို႔ ဒါမွမဟုတ္ မသုံးျဖစ္လို႔ေခ်ာင္ထိုးထားရတာ ေတာ္ေတာ္မ်ားမ်ား႐ွိတယ္မဟုတ္လား။ ကိုယ့္ဘ၀ရဲ႕ လိုအပ္ခ်က္ကို သိျမင္ၿပီးေတာ့ စိတ္ဓါတ္က်ဖို႔မဟုတ္ပဲ ဘုရားဆီမွာ တိုးဝင္ေတာင္းဆိုတဲ့အခါမွာ လိုအပ္ခ်က္ေတြေနရာမွာ ဘုရားကပိုေကာင္းတဲ့အရာေတြကို ေပးေလ့႐ွိၿပီးေတာ့ လိုအပ္ခ်က္ေတြ ျပည့္စုံလာတာနဲ႔ မၿပီးပါဘူး လိုခ်င္တဲ့အရာေတြ လည္းေနာက္ကလိုက္ပါစၿမဲပါ။ တခ်ိဳ႕က မိမိရဲ႕အားနည္းခ်က္ေတြ လိုအပ္ခ်က္ေတြကိုသိၿပီးေတာ့စိတ္ဓါတ္က်သြားတတ္ပါတယ္။ လူတိုင္းမွာအားနည္းခ်က္႐ွိတယ္၊ လူတိုင္းမွာ မစုံလင္တဲ့အရာ႐ွိၿပီးသားပါ။ ဒါကိုအားငယ္ၿပီးေတာ့ လက္ေလ်ာ့လိုက္ဖို႔လုံး၀မဟုတ္ပါဘူး။ေမာေ႐ွဆိုရင္ ဘုရားေခၚတဲ့အခါမွာ သူ႕ရဲ႕အားနည္းခ်က္ေၾကာင့္အျခားေသာသူကို ေစခိုင္းဖို႔ ျငင္းဆိုခဲ့တယ္။ ဘုရားတာဝန္ယူႏိုင္တယ္ တတ္ႏိုင္တယ္ဆိုတာကို ေမ့ေလ်ာ့ဟန္႐ွိတယ္။ ဒါေၾကာင့္ အားနည္းခ်က္ေတြကိုသိတဲ့အခါမွာအားငယ္သြားဖို႔မဟုတ္ပဲ ဘုရားဆီမွာ ဆုေတာင္းဖို႔ ဆိုတာကိုမေမ့နဲ႔။

ေ႐ွာလမုန္ရဲ႕ ဆုေတာင္းကိုသင္သိမယ္လို႔ထင္တယ္။ ႐ွင္ဘုရင္တစ္ေယာက္ရဲ႕သားတစ္ပါးအေနနဲ႔ ေမြးဖြားလာၿပီးေတာ့ ဘုရင္ေတြနဲ႔ဆိုင္တာေတြကို ေန႔စဥ္ျမင္ရၾကားရတယ္။ ေနာက္ကိုယ္တိုင္လည္း ပညာေတြသင္ၾကားတတ္ေျမာက္ခဲ့မွာပါ။ ဒါေပမယ့္ ဘုရင္ျဖစ္လာတဲ့အခါမွာေတာ့ ဘုရားက ေတာင္းပါလို႔ေျပာတဲ့အခါမွာ ကိုယ္လိုခ်င္တာေတြေလ်ာက္မေျပာဘူး၊ထိေရာက္ၿပီးတိက်တဲ့ ဆုေတာင္းေလးနဲ႔ဘုရားဆီေတာင္းတယ္။ ဒါေတာင္အိမ္မက္ထဲမွာေနာ္အျပင္မွာမဟုတ္ဘူး။ ေနာက္ၿပီးေတာ့ သူတကိုယ္ထဲအတြက္မဟုတ္ပဲ ဘုရားေစခိုင္းတဲ့အရာအတြက္ သူဆုေတာင္းခဲ့တယ္။ ဘုရားသူ႕ကိုခန္႔အပ္တဲ့အေပၚမွာ သူအေကာင္းဆုံး လုပ္ခ်င္တယ္ ပီျပင္ခ်င္တယ္။ ဒါေၾကာင့္လည္း ဘုရားလူမ်ိဳးေတြကို ေကာင္းမြန္စြာ စီမံအုပ္ခ်ဳပ္ႏိုင္ဖို႔အတြက္ ပညာကိုေတာင္းခဲ့တာ။ ဒီဆုေတာင္းခ်က္က တိုေတာင္းေပမယ့္ အမ်ားႀကီးထိေရာက္ခဲ့တယ္။ ဆုေတာင္းတယ္ဆိုတာ တိုတာ ႐ွည္တာထက္ ထိေရာက္ဖို႔ပိုေရးႀကီးတယ္။ တခ်ိဳ႕က ဆုေတာင္းသာ႐ွည္တာ ဘာမွမယ္မယ္ရရ မဟုတ္ဘူး။ တကယ့္ထိေရာက္တဲ့ဆုေတာင္းခ်က္က စကားလုံးေတြအမ်ားႀကီးမပါေပမယ့္ မေတာင္းတဲ့ဆုေတြကိုေတာင္ဘုရားက ေပးခဲ့တယ္။ သူမေတာင္းတဲ့စည္းစိမ္ေတြ၊ ဂုဏ္အေရေတြကို ဘုရားကေပးတယ္။ တျခားဘယ္သူနဲ႔မွမတူတဲ့ အသက္တာမ်ိဳးကိုလည္းေပးၿပီးေတာ့သူဟာ ဘုရားရဲ႕ဗိမာန္ေတာ္ကိုေဆာက္ခြင့္ရခဲ့တဲ့သူတစ္ေယာက္ျဖစ္လာတယ္။ ေလာကမွာ အသက္႐ွင္တုန္း ခဏမွာ ကိုယ္ျဖစ္ခ်င္တာေတြကို ဦးစားမေပးပဲ ဘုရားကိုယ့္ကိုခြဲခန္႔ထားတဲ့အရာကိုအပီျပင္ဆုံး လုပ္ႏိုင္ဖို႔ ဆုေတာင္းတဲ့သူတစ္ေယာက္က ကိုယ္ျဖစ္ခ်င္တာေတြကိုလည္းဘုရားက ေဘးဖယ္မထားဘူး မဖ်က္ဆီးပစ္လိုက္ဘူးဆိုတာ ေ႐ွာလမုန္ရဲ႕အသက္တာမွာသက္ေသပါပဲ။ ဆုေတာင္းျခင္းဟာအရာရာရဲ႕အခ်ဳပ္ပဲ။ လူတစ္ေယာက္ေအာင္ျမင္စြာအသက္႐ွင္ႏိုင္ဖို႔ဆိုတာ အစြမ္းအစေတြ၊ ခြန္အားေတြထက္ ဆုေတာင္းအားက ပိုအေရးႀကီးတယ္။ လူတစ္ေယာက္ရဲ႕အနာဂတ္ကို ဆုေတာင္းတဲ့ေနရာကေန ဆုံးျဖတ္ေပးတယ္။ သင့္ဆုေတာင္းခ်က္ေတြက သင့္ႏွလုံးသားကိုထင္ဟပ္ေစၿပီးေတာ့ သင့္အနာဂတ္ကို ပုံေဖၚေနတယ္။ ဒါေၾကာင့္ ဆုေတာင္းတဲ့သူဟာ ေတာင္းေနတာေတြပဲရတာမဟုတ္ပဲ မေတာင္းတဲ့အရာေတြကိုပါ ဘုရားကျဖည့္ဆည္းေပးတယ္။

18 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube