Search
  • Than Min Htike

အရှိန်ကြီးသောပ​ဌနာ(၁၁)

“ယာ​ဗက်​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​စဉ်​ကောင်း​ချီး​ပေး၍၊ အ​ကျွန်ုပ်​နေ​ရာ​ကို ကျယ်​ဝန်း​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဘေး​ဥ​ပဒ်​အ​နှောင့်​အ​ယှက်​နှင့်ကင်း​ လွတ်ပါမည်အကြောင်း၊ လက်​တော်​သည် အ​ကျွန်ုပ်​ဘက် ၌နေ၍ ကွယ်​ကာ​စောင့်​မ​တော်​မူ​ပါ​ဟု ဣ​သ​ရေ​လ​အ​မျိုး ၏ဘု​ရား​သ​ခင်​အား​ဆု​တောင်း​တတ်၍၊ တောင်း​သော​ဆု​ကိုဘု​ရား​သ​ခင်​ပေး​သ​နား​တော်မူ၏။” (၁ရာ-၄:၁၀)


မွေးရာပါမဟုတ်ပေမယ့်

ကောင်းကြီးမင်္ဂလာဆိုတာ မွေးရာပါတဲ့ အရာတစ်ခု ဖြစ်ချင်မှဖြစ်လိမ့်မယ်၊ ဒါပေမယ့်ဆုတောင်းတဲ့သူအ သက်တာမှာတော့ မပါမဖြစ်ပါလာပါလိမ့်မယ်။ တချို့သောသူတွေကတော့ မွေးကတည်းက ကောင်းကြီးမင်္ဂလာနဲ့စတင်တတ်ကြပေမယ့်၊ တချို့လူတွေအတွက်တော့ ကောင်းကြီးမင်္ဂလာဆိုတာ ဘာလဲလို့တောင်မေး ခွန်းထုတ်ရမလိုပဲ။ ကောင်းတဲ့အရာတစ်ခုမှမရှိတဲ့ ပတ် ဝန်းကျင်မှာ မွေးဖွားကြီးပြင်းလာလို့စိတ်ဓါတ်မကျပါနဲ့ ဒါအဆုံးသတ် မဟုတ်သေးပါဘူး။ အဲ့ဒီမကောင်းတဲ့အရာတွေကို အဆုံးသတ်သွားဖို့အတွက် ဆုတောင်းတတ်ဖို့တော့လိုပါတယ်။ ဆုတောင်းခြင်းက မွေးရာပါမပါလာခဲ့တဲ့ကောင်းကြီးမင်္ဂလာကို သင့်အသက်တာ၊ သင့်ပတ်ဝန်း ကျင်မှာမြင်တွေ့ရဖို့အတွက်အဓိကလုပ်ဆောင်ပေးတယ်။ ဆင်းရဲခြင်းကို တွန်းလှန်နိုင်တဲ့ ထူးခြားတဲ့လက်နက်က တော့ဆုတောင်းခြင်းပါပဲ။ ဆုတောင်းတဲ့သူက အခြေအ နေအောက်မှာ ခေါင်းငုံ့ခံစရာမလိုဘူး ပြောင်းလဲနိုင်တဲ့စွမ်းအားနဲ့ပြည့်စုံတဲ့သူတစ်ယောက်ဖြစ်လာဖို့အတွက် အခွင့်အရေးရှိတယ်။

ယာဗက်ကိုကြားဖူးမှာပါ နာမည်အဓိပ္ပါယ်က နာကျင်ခြင်းနဲ့ယှဉ်တဲ့သူ။ အမေက အဖေမရှိတဲ့ကြားမှာ ထက်ပြီးတော့ နာကျင်မှုတွေ ခက်ခဲမှုတွေကြားမှာမွေးလာလို့ ဒီနာမည်ပေးတယ်။ နာမည်နဲ့လိုက်အောင်ကို ဘ၀ က နာကျင်စရာတွေ အများကြီးပဲ။ သူများလို နာမည်က အောင်မြင်သူ၊ ကြွယ်၀သူ မဟုတ်ဘူး။ ဒါပေမယ့် အရွယ်တစ်ခုရောက်လာတဲ့အခါမှာတော့သူက အဲ့ဒီနာကျင်မှုတွေကို သူ့ဘ၀ထဲမှာ အခွင့်အရေးမပေးတော့ပဲ အဆုံး သတ်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့အရာအားလုံးကိုပြောင်း လဲပေးဖို့တတ်နိုင်တဲ့ဘုရားဆီမှာ ဆုတောင်းတယ်။ ဆု တောင်းချက်ကတော့အရမ်းကိုတိုတယ်၊ ဒါပေမယ့် သူ့ကို ဘုရားက အဖြေပေးခဲ့တယ်။ သူဟာ တခြားအရည် အချင်းကြောင့် အခြေအနေတွေပြောင်းလဲသွားတာမဟုတ်ဘူး။ ဆုတောင်းတတ်လို့ပါ။ သူ့ဆုတောင်းချက်က ရိုးရှင်းတယ်။ သူ့ကိုအစဉ်ကောင်းကြီးပေးဖို့သူဆု တောင်းတယ်။ တချို့လူတွေကပြောတယ် ကောင်းကြီးအတွက်ဆုတောင်းစရာမလိုဘူးတဲ့။ ဒီနေရာမှာယာဗက်ကို ဘုရားက ကောင်းကြီးပေးပါလို့တောင်းလို့ စိတ်မဆိုးပါဘူး။ ဒီနေ့ ကောင်းကြီးမင်္ဂလာကသာ ကျွန်တော်တို့ဘ၀ကိုပြောင်းလဲစေတာပါ။ ဝမ်းနည်းခြင်းနဲ့မရောဘူး၊ ဆုံးရှုံးခြင်းတွေထဲမှာ မျောမပါသွားစေဘူး။ ဒါကြောင့် လူတွေဘာပြောပြော ယာဗက်ကတော့ သူဘုရားဆီက ကောင်းကြီးရမှ ဖြစ်မယ်ဆိုတာကိုသိတယ်။ တချို့လူတွေ ကောင်းကြီးမရှိဘူး။ သနားစရာသိပ်ကောင်းတယ်။ ဘ၀မှာ အပြောင်းလဲသိပ်မလုပ်နိုင်ဘူး။ သင်လုပ်သမျှမှာ ဘုရားကောင်းကြီးမပေးရင် လုပ်သမျှ အားလုံးက နာ ကျင်မှုကနေလွတ်မှာမဟုတ်ဘူး။ နာကျင်မှုတွေကနေ ဘုရားရဲ့ကြင်နာမှုကိုခံစားနိုင်ဖို့အတွက်ကတော့ ဘုရားပေးတဲ့ကောင်းကြီးမင်္ဂလာကပဲစွမ်းဆောင်နိုင်တယ်။ နောက်သူက ဘုရားရဲ့လက်တော်သူဘက်မှာနေပြီးကွယ်ကာပေးဖို့ဆုတောင်းတယ်။ ယာဗက်သိတာကဘာလဲဆိုရင်ဘုရားကောင်းကြီးပေးရင် စာတန်နှောင့်ယှက်တော့မယ်ဆိုတာပါပဲ။ ဒါကြောင့်အကာအကွယ်လိုတယ်။ တချို့က ကောင်းကြီးတော့ရတယ် အကာအကွယ်အောက်မှာ မနေတတ်ဘူး။ ဘုရားမကာကွယ်ရင် စာတန်ရဲ့ခိုးယူမှုတွေခံရမှာပဲ။ ဒါကြောင့်ဘုရားလက်တော်ကိုသူ တောင်းခံတယ်။ နောက် သူ့ရဲ့တဲယာကို ကျယ်စေဖို့ဆုတောင်းတယ်။ တချို့က ကောင်ကြီးရတယ် ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာမှာ အမြင်ကျဉ်းတယ်။ နောက် ယုံကြည်ခြင်းနဲ့ခံယူချက်ကလည်း ကျဉ်းမြောင်းလွန်းတယ်။ အိမ်သေးသေးလေးထဲမှာ ကောင်းတဲ့ပစ္စည်းတွေအများကြီးမထည့်နိုင်သလိုပါပဲ ကျဉ်းမြောင်းတဲ့ အတွေးအခေါ် ခံယူချက်ရှိတဲ့သူတွေအသက်တာထဲကိုလည်း ဘုရား ရဲ့ ကောင်းကြီးအများကြီးမဆန့်နိုင်ဘူး။ တချို့အရာတွေက နှလုံးသားကိုဖွင့်ထားဖို့လိုတယ်။ ဒါကြောင့်ကျယ်ဝန်းတဲ့အရပ် ဖြစ်ဖို့အတွက် ဘုရားဆီမှာသူဆုတောင်းတယ်။ သူတောင်းတာတွေကိုဘုရားက အဖြေပေးခဲ့တယ်။ နာမည်နဲ့ဆန့်ကျင်တဲ့ဘ၀နဲ့ဆက်အသက်ရှင်စေတဲ့တစ်ခုတည်းသောလျှို့ဝှက်ချက်ကတော့ ဆုတောင်းတတ်ခြင်းပါပဲ။



Zawgyi

အရှိန်ကြီးသောပဌနာ(၁၁)

“ယာဗက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကောင်းချီးပေး၍၊ အကျွန်ုပ်နေရာကို ကျယ်ဝန်းစေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ်အနှောင့်အယှက်နှင့်ကင်း လွတ်ပါမည်အကြောင်း၊ လက်တော်သည် အကျွန်ုပ်ဘက် ၌နေ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး ၏ဘုရားသခင်အားဆုတောင်းတတ်၍၊ တောင်းသောဆုကိုဘုရားသခင်ပေးသနားတော်မူ၏။” (၁ရာ-၄:၁၀)


မွေးရာပါမဟုတ်ပေမယ့်

ကောင်းကြီးမင်္ဂလာဆိုတာ မွေးရာပါတဲ့ အရာတစ်ခု ဖြစ်ချင်မှဖြစ်လိမ့်မယ်၊ ဒါပေမယ့်ဆုတောင်းတဲ့သူအ သက်တာမှာတော့ မပါမဖြစ်ပါလာပါလိမ့်မယ်။ တချို့သောသူတွေကတော့ မွေးကတည်းက ကောင်းကြီးမင်္ဂလာနဲ့စတင်တတ်ကြပေမယ့်၊ တချို့လူတွေအတွက်တော့ ကောင်းကြီးမင်္ဂလာဆိုတာ ဘာလဲလို့တောင်မေး ခွန်းထုတ်ရမလိုပဲ။ ကောင်းတဲ့အရာတစ်ခုမှမရှိတဲ့ ပတ် ဝန်းကျင်မှာ မွေးဖွားကြီးပြင်းလာလို့စိတ်ဓါတ်မကျပါနဲ့ ဒါအဆုံးသတ် မဟုတ်သေးပါဘူး။ အဲ့ဒီမကောင်းတဲ့အရာတွေကို အဆုံးသတ်သွားဖို့အတွက် ဆုတောင်းတတ်ဖို့တော့လိုပါတယ်။ ဆုတောင်းခြင်းက မွေးရာပါမပါလာခဲ့တဲ့ကောင်းကြီးမင်္ဂလာကို သင့်အသက်တာ၊ သင့်ပတ်ဝန်း ကျင်မှာမြင်တွေ့ရဖို့အတွက်အဓိကလုပ်ဆောင်ပေးတယ်။ ဆင်းရဲခြင်းကို တွန်းလှန်နိုင်တဲ့ ထူးခြားတဲ့လက်နက်က တော့ဆုတောင်းခြင်းပါပဲ။ ဆုတောင်းတဲ့သူက အခြေအ နေအောက်မှာ ခေါင်းငုံ့ခံစရာမလိုဘူး ပြောင်းလဲနိုင်တဲ့စွမ်းအားနဲ့ပြည့်စုံတဲ့သူတစ်ယောက်ဖြစ်လာဖို့အတွက် အခွင့်အရေးရှိတယ်။

ယာဗက်ကိုကြားဖူးမှာပါ နာမည်အဓိပ္ပါယ်က နာကျင်ခြင်းနဲ့ယှဉ်တဲ့သူ။ အမေက အဖေမရှိတဲ့ကြားမှာ ထက်ပြီးတော့ နာကျင်မှုတွေ ခက်ခဲမှုတွေကြားမှာမွေးလာလို့ ဒီနာမည်ပေးတယ်။ နာမည်နဲ့လိုက်အောင်ကို ဘ၀ က နာကျင်စရာတွေ အများကြီးပဲ။ သူများလို နာမည်က အောင်မြင်သူ၊ ကြွယ်၀သူ မဟုတ်ဘူး။ ဒါပေမယ့် အရွယ်တစ်ခုရောက်လာတဲ့အခါမှာတော့သူက အဲ့ဒီနာကျင်မှုတွေကို သူ့ဘ၀ထဲမှာ အခွင့်အရေးမပေးတော့ပဲ အဆုံး သတ်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့အရာအားလုံးကိုပြောင်း လဲပေးဖို့တတ်နိုင်တဲ့ဘုရားဆီမှာ ဆုတောင်းတယ်။ ဆု တောင်းချက်ကတော့အရမ်းကိုတိုတယ်၊ ဒါပေမယ့် သူ့ကို ဘုရားက အဖြေပေးခဲ့တယ်။ သူဟာ တခြားအရည် အချင်းကြောင့် အခြေအနေတွေပြောင်းလဲသွားတာမဟုတ်ဘူး။ ဆုတောင်းတတ်လို့ပါ။ သူ့ဆုတောင်းချက်က ရိုးရှင်းတယ်။ သူ့ကိုအစဉ်ကောင်းကြီးပေးဖို့သူဆု တောင်းတယ်။ တချို့လူတွေကပြောတယ် ကောင်းကြီးအတွက်ဆုတောင်းစရာမလိုဘူးတဲ့။ ဒီနေရာမှာယာဗက်ကို ဘုရားက ကောင်းကြီးပေးပါလို့တောင်းလို့ စိတ်မဆိုးပါဘူး။ ဒီနေ့ ကောင်းကြီးမင်္ဂလာကသာ ကျွန်တော်တို့ဘ၀ကိုပြောင်းလဲစေတာပါ။ ဝမ်းနည်းခြင်းနဲ့မရောဘူး၊ ဆုံးရှုံးခြင်းတွေထဲမှာ မျောမပါသွားစေဘူး။ ဒါကြောင့် လူတွေဘာပြောပြော ယာဗက်ကတော့ သူဘုရားဆီက ကောင်းကြီးရမှ ဖြစ်မယ်ဆိုတာကိုသိတယ်။ တချို့လူတွေ ကောင်းကြီးမရှိဘူး။ သနားစရာသိပ်ကောင်းတယ်။ ဘ၀မှာ အပြောင်းလဲသိပ်မလုပ်နိုင်ဘူး။ သင်လုပ်သမျှမှာ ဘုရားကောင်းကြီးမပေးရင် လုပ်သမျှ အားလုံးက နာ ကျင်မှုကနေလွတ်မှာမဟုတ်ဘူး။ နာကျင်မှုတွေကနေ ဘုရားရဲ့ကြင်နာမှုကိုခံစားနိုင်ဖို့အတွက်ကတော့ ဘုရားပေးတဲ့ကောင်းကြီးမင်္ဂလာကပဲစွမ်းဆောင်နိုင်တယ်။ နောက်သူက ဘုရားရဲ့လက်တော်သူဘက်မှာနေပြီးကွယ်ကာပေးဖို့ဆုတောင်းတယ်။ ယာဗက်သိတာကဘာလဲဆိုရင်ဘုရားကောင်းကြီးပေးရင် စာတန်နှောင့်ယှက်တော့မယ်ဆိုတာပါပဲ။ ဒါကြောင့်အကာအကွယ်လိုတယ်။ တချို့က ကောင်းကြီးတော့ရတယ် အကာအကွယ်အောက်မှာ မနေတတ်ဘူး။ ဘုရားမကာကွယ်ရင် စာတန်ရဲ့ခိုးယူမှုတွေခံရမှာပဲ။ ဒါကြောင့်ဘုရားလက်တော်ကိုသူ တောင်းခံတယ်။ နောက် သူ့ရဲ့တဲယာကို ကျယ်စေဖို့ဆုတောင်းတယ်။ တချို့က ကောင်ကြီးရတယ် ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာမှာ အမြင်ကျဉ်းတယ်။ နောက် ယုံကြည်ခြင်းနဲ့ခံယူချက်ကလည်း ကျဉ်းမြောင်းလွန်းတယ်။ အိမ်သေးသေးလေးထဲမှာ ကောင်းတဲ့ပစ္စည်းတွေအများကြီးမထည့်နိုင်သလိုပါပဲ ကျဉ်းမြောင်းတဲ့ အတွေးအခေါ် ခံယူချက်ရှိတဲ့သူတွေအသက်တာထဲကိုလည်း ဘုရား ရဲ့ ကောင်းကြီးအများကြီးမဆန့်နိုင်ဘူး။ တချို့အရာတွေက နှလုံးသားကိုဖွင့်ထားဖို့လိုတယ်။ ဒါကြောင့်ကျယ်ဝန်းတဲ့အရပ် ဖြစ်ဖို့အတွက် ဘုရားဆီမှာသူဆုတောင်းတယ်။ သူတောင်းတာတွေကိုဘုရားက အဖြေပေးခဲ့တယ်။ နာမည်နဲ့ဆန့်ကျင်တဲ့ဘ၀နဲ့ဆက်အသက်ရှင်စေတဲ့တစ်ခုတည်းသောလျှို့ဝှက်ချက်ကတော့ ဆုတောင်းတတ်ခြင်းပါပဲ။

10 views1 comment

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube