Search
  • Than Min Htike

အရှိန်ကြီးသောပ​ဌနာ(၁၂)

“တစ်​ဖန် သ​ခင်​ဘု​ရား​က၊ ရှိ​မုန်၊ ရှိ​မုန်၊ ဂျုံ​ဆန်​ကို ဆန်​ခါ​နှင့် ချ​သ​ကဲ့​သို့ စာ​တန်​သည် သင်​တို့​ကို ချ​ရ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​သည်​ဖြစ်၍၊- သင်၏​ယုံ​ကြည်​သော​စိတ် မ​ပျက်​စေ​ခြင်း​ငှာ ငါ​သည် သင့်​အ​ဖို့​ဆု​တောင်း​လေ​ပြီ။ သင်​သည် သ​တိ​ရ​ပြန်​သော​အ​ခါ သင်၏​ညီ​အစ်​ကို​တို့​ကို တည်​ကြည်​စေ​လော့​ဟုမိန့်​တော်​မူလျှင်၊-”

(လု-၂၂:၃၁)


မှားတာခြင်းတူရင်တောင်မှ

လူတချို့ရဲ့အနောက်မှာ ခက်ခဲရင် ကူညီမယ့်သူတွေ တစ်ပုံကြီးရှိတယ်။ လူတချို့ရဲ့နောက်မှာ ပြဿနာဖြစ်ရင် လိုက်ရှင်းပေးမယ့်သူတွေအများကြီးပဲ။ လူတချို့ရဲ့နောက်မှာတော့ မယိမ်းမယိုင်မြဲမြံစွာလျှောက်လှမ်းနိုင်ဖို့ဆုတောင်းပေးနေတဲ့သူတွေအများကြီးရှိတယ်။ သင့်နောက်မှာ ငွေကြေးတောင့်တင်းတဲ့သူတွေမရှိလို့ အား ငယ်စရာမဟုတ်ပါဘူး။ သင့်နောက်မှာ အရာရာဖြေရှင်းပေးမယ့် သူတွေမရှိလို့ စိတ်ဓါတ်ကျစရာမလိုပါဘူး။ သင့်နောက်မှာ တကယ်လိုအပ်နေတာက အဲ့ဒီလူတွေထက် သင့်ကို ဆုတောင်းပေးမယ့်သူတွေလိုအပ်နေတာပါ။ ငွေကြေးတွေက သင့်ကိုလမ်းမှန်ကို မပို့ပေးနိုင်တဲ့အချိန်တွေရှိသလို ရာထူးအားဏာတွေက လဲကျသွားတဲ့အချိန်မှာပြန်လည် ထူမဖို့မကူညီနိုင်ဘူး။ လူတစ်ယောက်လမ်းမမှားသွားအောင်ရော၊ လဲကျသွားခဲ့ရင်တောင်မှ ပြန်လည် ထူမနိုင်အောင် ဆုတောင်းခြင်းကစွမ်းဆောင်ပေးနိုင်တယ်။

တမန်တော်ကြီးပေတရု ယေရှုကိုမသိဘူးလို့ သုံးကြိမ်ငြင်းခဲ့တာသင်မှတ်မိအုံးမှာပါ။ နောက် ယုဒရှာကာရုတ်က ယေရှုကို ငွေသုံးဆယ်နဲ့ ရောင်းစားပစ်လိုက်တယ်။ တကယ်တော့ ရောင်းစားတဲ့သူပဲ အမှားလုပ်ခဲ့တာမဟုတ်ပါဘူး။ ဒီ‌လောက်အနီးကပ်နေပြီးမှ ယေရှုကိုမသိပါဘူးလို့ လူရှေ့မှာ ငြင်းပယ်တဲ့သူလည်း အမှားလုပ်ခဲ့တာပဲမဟုတ်လား။ ယေရှုက လူရှေ့မှာငါ့ကို ငြင်းပယ်ရင် ခမည်းတော်ရှေ့မှာ ငြင်းပယ်မယ်။ လူရှေ့မှာ ငါ့ကိုဝန်ခံရင် ခမည်းတော်ရှေ့မှာ ငါဝန်ခံမယ်လို့ ဆိုခဲ့တယ်မဟုတ်လား။ တစ်ကြိမ်တောင်မဟုတ်ဘူးခဏလေးအတွင်းမှာ သုံးကြိမ်တောင်မှ။ အမှားလုပ်တာခြင်းအတူတူ ဘာကြောင့်ပေတရုက ပြန်လည် ရုန်းထလာနိုင်ပြီးတော့ အကြီးအကျယ် ဘုရားအသုံးပြုခဲ့သလဲ။ ယုဒရာကာရုတ်ကတော့ ပြန်မလှည့်လာခဲ့ဘူး။ သူလည်းစိတ်မကောင်းတော့ဖြစ်တာပဲ ပေတရုကတော့စိတ်မကောင်းဖြစ်ရုံပဲမဟုတ်ဘူး။ နောင်တနဲ့ကိုပြန်လှည့်လာတာ။ ဘာကြောင့် ဒီလိုဖြစ်ရတာလည်းဆိုရင်အဖြေက ရှင်းပါတယ်။ နောက်ဆုံးညစာ စားပွဲမှာ ယေရှုက ပေတရုကို စာတန်က ဂျုံကိုဆန်ခါနဲ့ ချသလို ချဖို့ရှိတယ်၊ ဒါပေမယ့် ငါမင်းအ တွက်ဆုတောင်းပေးမယ်လို့ဆိုခဲ့တယ်။ ယုဒအတွက်တော့ ယေရှုက တစ်ခါမှ ဆုတောင်းပေးမယ်လို့ မပြောခဲ့ဘူး။ ပေတရုကတော့စာတန်ရဲ့လှည့်ကွတ်တွေထဲမှာ မျောမပါသွားဖို့နဲ့အမှားလုပ်ခဲ့ရင်တောင် နောင်တနဲ့ပြန်လှည့်လာဖို့အတွက် ယေရှုကဆုတောင်းပေးခဲ့တယ်။ ဒီဆုတောင်းချက်က ပေတရုကို အားနည်းချက်တွေကြားကနေ ရုန်းထွက်ဖို့အတွက် အများကြီးကူညီခဲ့တယ်။ သူလဲသွားတာတောင် ကြာကြာမလဲသွားပဲ ချက်ခြင်းပြန်ထ နိုင်ခဲ့တယ်။ ဒီနေ့ သင့်မိသားစု၊ ညီအကိုမောင်နှမတွေအတွက်အထူးဆုတောင်းပေးဖို့ အရမ်းကိုလိုအပ်တယ်။ လောကရဲ့လမ်းတွေပေါ်မှာ စာတန်ရဲ့ပရိယာယ်ထဲကို မကျဆင်းသွားအောင်၊ သွေးဆောင်မှုတွေနောက်ကို မပါသွားအောင် နောက်ကွယ်ကဆုတောင်းခြင်းက တကယ်ကိုအရေးကြီးတယ်။ ဆုတောင်းခြင်းနဲ့အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်မှာ စာတန်အလုပ်လုပ်လို့မရပါဘူး။ ဆုတောင်းခြင်းမကြီးစိုးတဲ့ နေရာမှာပဲ စာတန်ရဲ့လုပ်ရပ်တွေကကြီးစိုးနေတာပါ။ နောက်ယေရှုက ပေတရုကိုသေချာမှာတယ် သတိရတဲ့အခါမှာညီအကိုတွေကို တည်ကြည်စေပါတဲ့။ ကိုယ်တိုင်မှားတဲ့အခါမှာ ဆု တောင်းပေးတဲ့သူတွေကကိုယ်ကိုပြန်လည်တည့်မတ်စေသလို ညီအကိုတွေ လမ်းမှားမလိုက်မိစေဖို့နဲ့ လဲကျသွားတဲ့သူတွေပြန်လည်ထူမဖို့အတွက်လည်းဆုတောင်းပေးဖို့ ယေရှုက သတိပေးခဲ့ခြင်းပါ။ ဒီလူတွေအတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ် အပြစ်တင်တာထက်၊ အပြစ်ဖေါ်ပြတာထက် ဆုတောင်းပေးဖို့ကတကယ်ကိုလို အပ်တယ်။ ကျွန်တော်တို့အမှားလုပ်တဲ့အခါမှာ လာပြီးအပြစ်တင်လို့ ဘယ်သူက ချက်ခြင်းထလုပ်ဖူးလဲ။ မလုပ်ပါဘူး ကိုယ့်ဟာကိုယ် အပြစ်ဆိုတာကိုသိမြင်ပြီးမှပဲ ဘုရားရဲ့ကူညီမစမှုနဲ့အတူ ပြန်လည် ထူမနိုင်တာမဟုတ်လား။ ဒါကဆုတောင်းခြင်းရဲ့တန်ခိုးနဲ့အကျိုးပါပဲ။ ဒါကြောင့် သင့်ပတ်ဝန်းကျင် မိသားစုတွေအတွက် တည်ကြည်စေသောသူ ဖြစ်ဖို့အတွက် ကိုယ်တိုင်အခြားသူတွေအတွက် ဆုတောင်းခြင်းမှာ ပါဝင်လိုက်ရအောင်။



Zawgyi

အ႐ွိန္ႀကီးေသာပ​ဌနာ(၁၂)

“တစ္​ဖန္ သ​ခင္​ဘု​ရား​က၊ ႐ွိ​မုန္၊ ႐ွိ​မုန္၊ ဂ်ံဳ​ဆန္​ကို ဆန္​ခါ​ႏွင့္ ခ်​သ​ကဲ့​သို႔ စာ​တန္​သည္ သင္​တို႔​ကို ခ်​ရ​မည္​အ​ေၾကာင္း အ​ခြင့္​ေတာင္း​သည္​ျဖစ္၍၊- သင္၏​ယုံ​ၾကည္​ေသာ​စိတ္ မ​ပ်က္​ေစ​ျခင္း​ငွာ ငါ​သည္ သင့္​အ​ဖို႔​ဆု​ေတာင္း​ေလ​ၿပီ။ သင္​သည္ သ​တိ​ရ​ျပန္​ေသာ​အ​ခါ သင္၏​ညီ​အစ္​ကို​တို႔​ကို တည္​ၾကည္​ေစ​ေလာ့​ဟုမိန္႔​ေတာ္​မူလွ်င္၊-”

(လု-၂၂:၃၁)


မွားတာျခင္းတူရင္ေတာင္မွ

လူတခ်ိဳ႕ရဲ႕အေနာက္မွာ ခက္ခဲရင္ ကူညီမယ့္သူေတြ တစ္ပုံႀကီး႐ွိတယ္။ လူတခ်ိဳ႕ရဲ႕ေနာက္မွာ ျပႆနာျဖစ္ရင္ လိုက္႐ွင္းေပးမယ့္သူေတြအမ်ားႀကီးပဲ။ လူတခ်ိဳ႕ရဲ႕ေနာက္မွာေတာ့ မယိမ္းမယိုင္ၿမဲျမံစြာေလွ်ာက္လွမ္းႏိုင္ဖို႔ဆုေတာင္းေပးေနတဲ့သူေတြအမ်ားႀကီး႐ွိတယ္။ သင့္ေနာက္မွာ ေငြေၾကးေတာင့္တင္းတဲ့သူေတြမ႐ွိလို႔ အား ငယ္စရာမဟုတ္ပါဘူး။ သင့္ေနာက္မွာ အရာရာေျဖ႐ွင္းေပးမယ့္ သူေတြမ႐ွိလို႔ စိတ္ဓါတ္က်စရာမလိုပါဘူး။ သင့္ေနာက္မွာ တကယ္လိုအပ္ေနတာက အဲ့ဒီလူေတြထက္ သင့္ကို ဆုေတာင္းေပးမယ့္သူေတြလိုအပ္ေနတာပါ။ ေငြေၾကးေတြက သင့္ကိုလမ္းမွန္ကို မပို႔ေပးႏိုင္တဲ့အခ်ိန္ေတြ႐ွိသလို ရာထူးအားဏာေတြက လဲက်သြားတဲ့အခ်ိန္မွာျပန္လည္ ထူမဖို႔မကူညီႏိုင္ဘူး။ လူတစ္ေယာက္လမ္းမမွားသြားေအာင္ေရာ၊ လဲက်သြားခဲ့ရင္ေတာင္မွ ျပန္လည္ ထူမႏိုင္ေအာင္ ဆုေတာင္းျခင္းကစြမ္းေဆာင္ေပးႏိုင္တယ္။

တမန္ေတာ္ႀကီးေပတ႐ု ေယ႐ႈကိုမသိဘူးလို႔ သုံးႀကိမ္ျငင္းခဲ့တာသင္မွတ္မိအုံးမွာပါ။ ေနာက္ ယုဒ႐ွာကာ႐ုတ္က ေယ႐ႈကို ေငြသုံးဆယ္နဲ႔ ေရာင္းစားပစ္လိုက္တယ္။ တကယ္ေတာ့ ေရာင္းစားတဲ့သူပဲ အမွားလုပ္ခဲ့တာမဟုတ္ပါဘူး။ ဒီ‌ေလာက္အနီးကပ္ေနၿပီးမွ ေယ႐ႈကိုမသိပါဘူးလို႔ လူေ႐ွ႕မွာ ျငင္းပယ္တဲ့သူလည္း အမွားလုပ္ခဲ့တာပဲမဟုတ္လား။ ေယ႐ႈက လူေ႐ွ႕မွာငါ့ကို ျငင္းပယ္ရင္ ခမည္းေတာ္ေ႐ွ႕မွာ ျငင္းပယ္မယ္။ လူေ႐ွ႕မွာ ငါ့ကိုဝန္ခံရင္ ခမည္းေတာ္ေ႐ွ႕မွာ ငါဝန္ခံမယ္လို႔ ဆိုခဲ့တယ္မဟုတ္လား။ တစ္ႀကိမ္ေတာင္မဟုတ္ဘူးခဏေလးအတြင္းမွာ သုံးႀကိမ္ေတာင္မွ။ အမွားလုပ္တာျခင္းအတူတူ ဘာေၾကာင့္ေပတ႐ုက ျပန္လည္ ႐ုန္းထလာႏိုင္ၿပီးေတာ့ အႀကီးအက်ယ္ ဘုရားအသုံးျပဳခဲ့သလဲ။ ယုဒရာကာ႐ုတ္ကေတာ့ ျပန္မလွည့္လာခဲ့ဘူး။ သူလည္းစိတ္မေကာင္းေတာ့ျဖစ္တာပဲ ေပတ႐ုကေတာ့စိတ္မေကာင္းျဖစ္႐ုံပဲမဟုတ္ဘူး။ ေနာင္တနဲ႔ကိုျပန္လွည့္လာတာ။ ဘာေၾကာင့္ ဒီလိုျဖစ္ရတာလည္းဆိုရင္အေျဖက ႐ွင္းပါတယ္။ ေနာက္ဆုံးညစာ စားပြဲမွာ ေယ႐ႈက ေပတ႐ုကို စာတန္က ဂ်ံဳကိုဆန္ခါနဲ႔ ခ်သလို ခ်ဖို႔႐ွိတယ္၊ ဒါေပမယ့္ ငါမင္းအ တြက္ဆုေတာင္းေပးမယ္လို႔ဆိုခဲ့တယ္။ ယုဒအတြက္ေတာ့ ေယ႐ႈက တစ္ခါမွ ဆုေတာင္းေပးမယ္လို႔ မေျပာခဲ့ဘူး။ ေပတ႐ုကေတာ့စာတန္ရဲ႕လွည့္ကြတ္ေတြထဲမွာ ေမ်ာမပါသြားဖို႔နဲ႔အမွားလုပ္ခဲ့ရင္ေတာင္ ေနာင္တနဲ႔ျပန္လွည့္လာဖို႔အတြက္ ေယ႐ႈကဆုေတာင္းေပးခဲ့တယ္။ ဒီဆုေတာင္းခ်က္က ေပတ႐ုကို အားနည္းခ်က္ေတြၾကားကေန ႐ုန္းထြက္ဖို႔အတြက္ အမ်ားႀကီးကူညီခဲ့တယ္။ သူလဲသြားတာေတာင္ ၾကာၾကာမလဲသြားပဲ ခ်က္ျခင္းျပန္ထ ႏိုင္ခဲ့တယ္။ ဒီေန႔ သင့္မိသားစု၊ ညီအကိုေမာင္ႏွမေတြအတြက္အထူးဆုေတာင္းေပးဖို႔ အရမ္းကိုလိုအပ္တယ္။ ေလာကရဲ႕လမ္းေတြေပၚမွာ စာတန္ရဲ႕ပရိယာယ္ထဲကို မက်ဆင္းသြားေအာင္၊ ေသြးေဆာင္မႈေတြေနာက္ကို မပါသြားေအာင္ ေနာက္ကြယ္ကဆုေတာင္းျခင္းက တကယ္ကိုအေရးႀကီးတယ္။ ဆုေတာင္းျခင္းနဲ႔အလုပ္လုပ္ေနတဲ့ ပတ္ဝန္းက်င္မွာ စာတန္အလုပ္လုပ္လို႔မရပါဘူး။ ဆုေတာင္းျခင္းမႀကီးစိုးတဲ့ ေနရာမွာပဲ စာတန္ရဲ႕လုပ္ရပ္ေတြကႀကီးစိုးေနတာပါ။ ေနာက္ေယ႐ႈက ေပတ႐ုကိုေသခ်ာမွာတယ္ သတိရတဲ့အခါမွာညီအကိုေတြကို တည္ၾကည္ေစပါတဲ့။ ကိုယ္တိုင္မွားတဲ့အခါမွာ ဆု ေတာင္းေပးတဲ့သူေတြကကိုယ္ကိုျပန္လည္တည့္မတ္ေစသလို ညီအကိုေတြ လမ္းမွားမလိုက္မိေစဖို႔နဲ႔ လဲက်သြားတဲ့သူေတြျပန္လည္ထူမဖို႔အတြက္လည္းဆုေတာင္းေပးဖို႔ ေယ႐ႈက သတိေပးခဲ့ျခင္းပါ။ ဒီလူေတြအတြက္ ကြၽန္ေတာ္တို႔မွာ တာဝန္႐ွိတယ္ အျပစ္တင္တာထက္၊ အျပစ္ေဖၚျပတာထက္ ဆုေတာင္းေပးဖို႔ကတကယ္ကိုလို အပ္တယ္။ ကြၽန္ေတာ္တို႔အမွားလုပ္တဲ့အခါမွာ လာၿပီးအျပစ္တင္လို႔ ဘယ္သူက ခ်က္ျခင္းထလုပ္ဖူးလဲ။ မလုပ္ပါဘူး ကိုယ့္ဟာကိုယ္ အျပစ္ဆိုတာကိုသိျမင္ၿပီးမွပဲ ဘုရားရဲ႕ကူညီမစမႈနဲ႔အတူ ျပန္လည္ ထူမႏိုင္တာမဟုတ္လား။ ဒါကဆုေတာင္းျခင္းရဲ႕တန္ခိုးနဲ႔အက်ိဳးပါပဲ။ ဒါေၾကာင့္ သင့္ပတ္ဝန္းက်င္ မိသားစုေတြအတြက္ တည္ၾကည္ေစေသာသူ ျဖစ္ဖို႔အတြက္ ကိုယ္တိုင္အျခားသူေတြအတြက္ ဆုေတာင္းျခင္းမွာ ပါဝင္လိုက္ရေအာင္။

12 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube