- Than Min Htike
အရှိန်ကြီးသောပဌနာ(၂)
“ထိုအခါ အာဗြဟံချဉ်းကပ်၍၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့ကို၊ မတရားသောသူတို့နှင့်တကွ ဖျက်ဆီးတော်မူမည်လော။ ထိုမြို့တွင် ဖြောင့်မတ်သောသူငါးဆယ်ရှိလျှင်၊ ဖျက်ဆီးတော်မူမည်လော။ ဖြောင့်မတ်သောသူ ငါးဆယ်ပါသောမြို့ကို သူတို့အတွက်မနှမြောဘဲ ဖျက်ဆီးတော်မူမည်လော။ ထိုသို့ပြု၍ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော်နှင့် ဝေးပါစေသတည်း။ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့ကဲ့သို့ခံစေသောအမှုသည် ကိုယ်တော်နှင့် ဝေးပါစေသတည်း။ မြေကြီးလုံးကို စီရင်တော်မူသောသခင်သည်၊ တရားသဖြင့် ပြုတော်မူမည် မဟုတ်လောဟု လျှောက်ဆို၏။”(ကမ္ဘာဦး-၁၈:၂၃-၂၅)
ဘုရားသခင်ကိုစျေးဆစ်ခြင်း
ကျွန်တော်က တိကျပြီးစည်းကမ်းလိုက်နာတာကိုသဘောကျတဲ့ သူတစ်ယောက်ဖြစ်ပေမယ့် ကိုယ်ချစ်တဲ့သားသမီးတွေနဲ့ပတ်သက်ရင်တော့ တချို့စည်းကမ်းတွေကို အလျော့ပေးလိုက်ရတာရှိတယ်။ စည်းကမ်းနဲ့ မေတ္တာ ကြုံလာတဲ့အခါတွေမှာတော့ သားသမီးကိုချစ်တဲ့ ချစ်ခြင်းမေတ္တာက အနိုင်ယူသွားတဲ့အချိန်တွေ ရှိတယ်။ ကျွန်တော် ဘုရားသခင်ကို သဘောကျတဲ့အထဲမှာ ဒီအချက်ပါတယ်။ တချို့ ပညတ်တွေထက် မေတ္တာနဲ့ပဲစီရင်တဲ့ သူ့နှလုံးသားကို အရမ်းကိုသဘောကျတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့တောင် ဆုံးဖြတ်ချက်ချပြီးပြင်ဖို့ခက်ပါတယ်၊ ဘုရားက အဲ့လိုမဟုတ်ဘူး သူဆုံး ဖြတ်ချက်ချပြီးသားတချို့ကိစ္စတွေကိုတောင် သူ့သား သမီးတွေ ဘက်ကနေ အသနားခံ တောင်းဆိုတဲ့အခါမှာတော့ အမြဲတမ်းမေတ္တာနဲ့ လျော့ပေါ့ပေးတတ်သူပါ။ဘုရားနဲ့သွားပါများပြီး ဘုရားရဲ့အလေ့အလာတွေကူးစက်ခံရတဲ့ အာဗြဟံလည်း ဘုရားနှလုံးသားရှိတာကိုတွေ့ရတယ်။ သူ့ကိုပုန်ကန်ပြီးတော့ အကောင်းဆုံးနေရာလို့ထင်တဲ့ သောဒုံနဲ့ဂေါမောရကိုသွားလိုက်တဲ့သူ့တူ လောတ နေတဲ့နေရာ ဖျက်ဆီးခြင်းခံရဖို့ ဘုရားသူ့ကိုဖေါ်ပြတဲ့အခါမှာသူ အဲ့ဒီမြို့အတွက် ကိုယ်စားပြုဆုတောင်းခဲ့တယ်။ တကယ်ဆို သူ့ထိုက်နဲ့သူပဲလို့ ပြောလို့ရတယ်မဟုတ်လား။ နည်းတောင်နည်းသေးတယ်ဆိုပြီး အဆုံးသတ်ကိုထိုင်ကြည့်နေရမှာ။ အခုတော့ အာဗြဟံ ဘုရားကိုစျေးဆစ်ခဲ့တယ်။ ဖြောင့်မတ်သောသူနဲ့ မတရားသောသူကို ရောပြီးမဖျက်ဆီးဖို့။ ဖြောင့်မတ်သောသူ အယောက် ၅၀ ရှိရင် အဲ့ဒီလူတွေရဲ့မျက်နှာကိုထောက်ပြီးတော့ မြို့ကို ချမ်းသားပေးဖို့။ မြို့တွေ၊ နိုင်ငံတွေမှာ ဘုရားနဲ့မှန်ကန်တဲ့ ဖြောင့်မတ်သောသူရှိဖို့ဘယ်လောက်တောင် အရေးကြီးသလည်းဆိုတာ ဒီမှာတွေ့ရတယ်။ လုပ်ငန်းတွေ၊ ကုမ္ပဏီတွေမှာ ဖြောင့်မတ်သောသူတွေ ရှိဖို့လိုတယ်။ မဟုတ်ရင် ဘုရားရဲ့တရားစီရင်ခြင်းနဲ့ တွေ့ကြုံလိမ့်မယ်။ ဖြောင့်မတ်သောသူ ယောသပ်ရှိတာနဲ့ အဲဂုတ္တုက အစာခေါင်ပါးခြင်းကနေရှောင်နိုင်တယ်မဟုတ်လား။
အံ့ဩစရာကောင်းတာက ဘုရားက အာဗြဟံကို ဒီဖျက် ဆီးမယ့် ကိစ္စကိုဖေါ်ပြရင် သူဘာလုပ်မယ်ဆိုတာသိတယ်။ သူ ဝမ်းမသာဘူး ဆုတောင်းခဲ့တယ်။ ဘုရားက ဘာလို့ပရောဖက်တွေ၊ မြင်တဲ့သူတွေကို ဖြစ်မယ့်အရာတွေကိုကြိုတင်ဖေါ်ပြလေ့ရှိလည်းဆိုရင် ဆုတောင်းပေးဖို့ပါ။ တချို့က ရူပါရုံတွေ ရှေ့ဖြစ်မယ့်အရာတွေကိုမြင်ချင်တယ် ဒါပေမယ့်ဆုမတောင်းပေးချင်ဘူး။
အာဗြဟံနဲ့ဘုရားစျေးဆစ်တာကိုကြည့်ပြီးသဘောကျတယ်။ တကယ်အရမ်းကိုရင်းနှီးတဲ့ဆက်ဆံရေးလည်းတွေ့ရတယ်။ နောက်ဆုံး (၁၀)ဦးအထိ အာဗြဟံ စျေးဆစ်သမျှကို ဘုရားက လိုက်လျောပေးခဲ့တယ်။ ရှိရင် မဖျက်ဆီးပဲနေမယ်လို့ ဂတိပေးခဲ့တယ်။ ဖြစ်ချင်တော့မရှိဘူး။ ဒီနေရာမှာ လူတွေကို အလွယ်တကူ မစီရင်တဲ့ ဘုရားရဲ့ချစ်ခြင်းရယ် ဘုရားနှလုံးသားကို သဘော ပေါက်ပြီး ဆုတောင်းပေးတဲ့ အာဗြဟံကို မြင်ရတယ်။ ဒီနေ့ ယေရှုရဲ့အသွေးတော်နဲ့ ရွေးချယ်တဲ့ ဘုရားသားသမီးဖြောင့်မတ်သူတွေလည်း အားမလျော့ပဲ ဘုရားဆီမှာ ဆုတောင်းရင် အခက်အခဲတွေလျော့လာမယ် ပိတ်ဆို့မူတွေလျော့လာမယ် ဆိုတာသေချာတယ်။ ဘုရားက ချစ်ခြင်းမေတ္တာဘုရားဖြစ်တဲ့အတွက် အလျော့ပေးချင်ပြီးသားဆိုတာ ယုံပါ။

Zawgyi
အ႐ွိန္ႀကီးေသာပဌနာ(၂)
“ထိုအခါ အာျဗဟံခ်ဥ္းကပ္၍၊ ကိုယ္ေတာ္သည္ ေျဖာင့္မတ္ေသာသူတို႔ကို၊ မတရားေသာသူတို႔ႏွင့္တကြ ဖ်က္ဆီးေတာ္မူမည္ေလာ။ ထိုၿမိဳ႕တြင္ ေျဖာင့္မတ္ေသာသူငါးဆယ္႐ွိလွ်င္၊ ဖ်က္ဆီးေတာ္မူမည္ေလာ။ ေျဖာင့္မတ္ေသာသူ ငါးဆယ္ပါေသာၿမိဳ႕ကို သူတို႔အတြက္မႏွေျမာဘဲ ဖ်က္ဆီးေတာ္မူမည္ေလာ။ ထိုသို႔ျပဳ၍ ေျဖာင့္မတ္ေသာသူတို႔ကို မတရားေသာသူတို႔ႏွင့္တကြ ကြပ္မ်က္ျခင္းအမႈသည္ ကိုယ္ေတာ္ႏွင့္ ေဝးပါေစသတည္း။ ေျဖာင့္မတ္ေသာသူတို႔ကို မတရားေသာသူတို႔ကဲ့သို႔ခံေစေသာအမႈသည္ ကိုယ္ေတာ္ႏွင့္ ေဝးပါေစသတည္း။ ေျမႀကီးလုံးကို စီရင္ေတာ္မူေသာသခင္သည္၊ တရားသျဖင့္ ျပဳေတာ္မူမည္ မဟုတ္ေလာဟု ေလွ်ာက္ဆို၏။”(ကမ႓ာဦး-၁၈:၂၃-၂၅)
ဘုရားသခင္ကိုေစ်းဆစ္ျခင္း
ကြၽန္ေတာ္က တိက်ၿပီးစည္းကမ္းလိုက္နာတာကိုသေဘာက်တဲ့ သူတစ္ေယာက္ျဖစ္ေပမယ့္ ကိုယ္ခ်စ္တဲ့သားသမီးေတြနဲ႔ပတ္သက္ရင္ေတာ့ တခ်ိဳ႕စည္းကမ္းေတြကို အေလ်ာ့ေပးလိုက္ရတာ႐ွိတယ္။ စည္းကမ္းနဲ႔ ေမတၱာ ၾကဳံလာတဲ့အခါေတြမွာေတာ့ သားသမီးကိုခ်စ္တဲ့ ခ်စ္ျခင္းေမတၱာက အႏိုင္ယူသြားတဲ့အခ်ိန္ေတြ ႐ွိတယ္။ ကြၽန္ေတာ္ ဘုရားသခင္ကို သေဘာက်တဲ့အထဲမွာ ဒီအခ်က္ပါတယ္။ တခ်ိဳ႕ ပညတ္ေတြထက္ ေမတၱာနဲ႔ပဲစီရင္တဲ့ သူ႕ႏွလုံးသားကို အရမ္းကိုသေဘာက်တယ္။ တစ္ခါတစ္ေလ ကြၽန္ေတာ္တို႔ေတာင္ ဆုံးျဖတ္ခ်က္ခ်ၿပီးျပင္ဖို႔ခက္ပါတယ္၊ ဘုရားက အဲ့လိုမဟုတ္ဘူး သူဆုံး ျဖတ္ခ်က္ခ်ၿပီးသားတခ်ိဳ႕ကိစၥေတြကိုေတာင္ သူ႕သား သမီးေတြ ဘက္ကေန အသနားခံ ေတာင္းဆိုတဲ့အခါမွာေတာ့ အၿမဲတမ္းေမတၱာနဲ႔ ေလ်ာ့ေပါ့ေပးတတ္သူပါ။ဘုရားနဲ႔သြားပါမ်ားၿပီး ဘုရားရဲ႕အေလ့အလာေတြကူးစက္ခံရတဲ့ အာျဗဟံလည္း ဘုရားႏွလုံးသား႐ွိတာကိုေတြ႕ရတယ္။ သူ႕ကိုပုန္ကန္ၿပီးေတာ့ အေကာင္းဆုံးေနရာလို႔ထင္တဲ့ ေသာဒုံနဲ႔ေဂါေမာရကိုသြားလိုက္တဲ့သူ႕တူ ေလာတ ေနတဲ့ေနရာ ဖ်က္ဆီးျခင္းခံရဖို႔ ဘုရားသူ႕ကိုေဖၚျပတဲ့အခါမွာသူ အဲ့ဒီၿမိဳ႕အတြက္ ကိုယ္စားျပဳဆုေတာင္းခဲ့တယ္။ တကယ္ဆို သူ႕ထိုက္နဲ႔သူပဲလို႔ ေျပာလို႔ရတယ္မဟုတ္လား။ နည္းေတာင္နည္းေသးတယ္ဆိုၿပီး အဆုံးသတ္ကိုထိုင္ၾကည့္ေနရမွာ။ အခုေတာ့ အာျဗဟံ ဘုရားကိုေစ်းဆစ္ခဲ့တယ္။ ေျဖာင့္မတ္ေသာသူနဲ႔ မတရားေသာသူကို ေရာၿပီးမဖ်က္ဆီးဖို႔။ ေျဖာင့္မတ္ေသာသူ အေယာက္ ၅၀ ႐ွိရင္ အဲ့ဒီလူေတြရဲ႕မ်က္ႏွာကိုေထာက္ၿပီးေတာ့ ၿမိဳ႕ကို ခ်မ္းသားေပးဖို႔။ ၿမိဳ႕ေတြ၊ ႏိုင္ငံေတြမွာ ဘုရားနဲ႔မွန္ကန္တဲ့ ေျဖာင့္မတ္ေသာသူ႐ွိဖို႔ဘယ္ေလာက္ေတာင္ အေရးႀကီးသလည္းဆိုတာ ဒီမွာေတြ႕ရတယ္။ လုပ္ငန္းေတြ၊ ကုမၸဏီေတြမွာ ေျဖာင့္မတ္ေသာသူေတြ ႐ွိဖို႔လိုတယ္။ မဟုတ္ရင္ ဘုရားရဲ႕တရားစီရင္ျခင္းနဲ႔ ေတြ႕ၾကဳံလိမ့္မယ္။ ေျဖာင့္မတ္ေသာသူ ေယာသပ္႐ွိတာနဲ႔ အဲဂုတၱဳက အစာေခါင္ပါးျခင္းကေနေ႐ွာင္ႏိုင္တယ္မဟုတ္လား။
အံ့ဩစရာေကာင္းတာက ဘုရားက အာျဗဟံကို ဒီဖ်က္ ဆီးမယ့္ ကိစၥကိုေဖၚျပရင္ သူဘာလုပ္မယ္ဆိုတာသိတယ္။ သူ ဝမ္းမသာဘူး ဆုေတာင္းခဲ့တယ္။ ဘုရားက ဘာလို႔ပေရာဖက္ေတြ၊ ျမင္တဲ့သူေတြကို ျဖစ္မယ့္အရာေတြကိုႀကိဳတင္ေဖၚျပေလ့႐ွိလည္းဆိုရင္ ဆုေတာင္းေပးဖို႔ပါ။ တခ်ိဳ႕က ႐ူပါ႐ုံေတြ ေ႐ွ႕ျဖစ္မယ့္အရာေတြကိုျမင္ခ်င္တယ္ ဒါေပမယ့္ဆုမေတာင္းေပးခ်င္ဘူး။
အာျဗဟံနဲ႔ဘုရားေစ်းဆစ္တာကိုၾကည့္ၿပီးသေဘာက်တယ္။ တကယ္အရမ္းကိုရင္းႏွီးတဲ့ဆက္ဆံေရးလည္းေတြ႕ရတယ္။ ေနာက္ဆုံး (၁၀)ဦးအထိ အာျဗဟံ ေစ်းဆစ္သမွ်ကို ဘုရားက လိုက္ေလ်ာေပးခဲ့တယ္။ ႐ွိရင္ မဖ်က္ဆီးပဲေနမယ္လို႔ ဂတိေပးခဲ့တယ္။ ျဖစ္ခ်င္ေတာ့မ႐ွိဘူး။ ဒီေနရာမွာ လူေတြကို အလြယ္တကူ မစီရင္တဲ့ ဘုရားရဲ႕ခ်စ္ျခင္းရယ္ ဘုရားႏွလုံးသားကို သေဘာ ေပါက္ၿပီး ဆုေတာင္းေပးတဲ့ အာျဗဟံကို ျမင္ရတယ္။ ဒီေန႔ ေယ႐ႈရဲ႕အေသြးေတာ္နဲ႔ ေ႐ြးခ်ယ္တဲ့ ဘုရားသားသမီးေျဖာင့္မတ္သူေတြလည္း အားမေလ်ာ့ပဲ ဘုရားဆီမွာ ဆုေတာင္းရင္ အခက္အခဲေတြေလ်ာ့လာမယ္ ပိတ္ဆို႔မူေတြေလ်ာ့လာမယ္ ဆိုတာေသခ်ာတယ္။ ဘုရားက ခ်စ္ျခင္းေမတၱာဘုရားျဖစ္တဲ့အတြက္ အေလ်ာ့ေပးခ်င္ၿပီးသားဆိုတာ ယုံပါ။