Search
  • Than Min Htike

အရှိန်ကြီးသောပ​ဌနာ(၃)

“တစ်​ဖန်​တုံ၊ ကိုယ်​တော်၏​ဘုန်း​ကို အ​ကျွန်ုပ်​အား​ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က ငါ၏​ကောင်း​မွန်​ခြင်း​ရှိ​သ​မျှ​ကို သင့်​ရှေ့၌ ငါ​လျှောက်​သွား​စေ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​လည်း၊ သင့်​ရှေ့၌ ငါ​ကြွေး​ကြော်​မည်။ ငါ​သည် ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​မည်။ သ​နား​လို​သော​သူ​ကို​လည်း သ​နား​မည်။”၊-(ထွက်-၃၃:၁၈-၁၉)


ဘုရားသခင်အားအပိုတောင်းခြင်း

ဘုရားက ဆုတောင်းတဲ့အခါမှာ လိုအပ်တဲ့အတိအကျ စာရင်ဇယားနဲ့ပေးတဲ့ဘုရားမဟုတ်ပါဘူး။ လိုအပ်တာပဲ ပေးတာမဟုတ်ပဲ တစ်ခါတစ်လေ နှလုံး သားထဲက လိုချင်တောင့်တတဲ့အရာတွေကိုလည်းပေးတတ်ပါသေးတယ်။ စျေးဝယ်သွားတဲ့အခါမှာ ကိုယ်ဝယ်တာထက်အပိုလေးတောင်းတတ်တဲ့လူ့ သဘောသဘာ၀ လိုပါပဲ ဘုရားကတောင်းတဲ့အရာထက်ပိုကောင်းတဲ့အရာကိုပါ အပိုပေးတတ်ပါသေးတယ်။ (ထွက်မြောက်ရာ ၃၃)ကို ဖတ်တဲ့အခါမှာ မောရှေနဲ့ဘုရားစကားပြောတဲ့အရာတွေက သိပ်ကိုစိတ်ဝင်စားစရာကောင်းတယ်။ မိတ်ဆွေအချင်းချင်းစကားပြောသလိုကို စကားပြောကြတာပါ။ ဘုရားက ခါနန်ပြည်ကို သူမဦးဆောင်တော့ပဲ ကောင်းကင်တမန်ကိုပဲဦးဆောင်ခိုင်းပြီးတော့ ဆက်လက်သွားဖို့ မောရှေကို မိန့်တယ်။ သူ့လူမျိုးတွေရဲ့ပုန်ကန်တာ နားမထောင်တတ်တာတွေကြောင့်ဘုရားက ဂတိပေးတဲ့ပြည်မရောက်ပဲ လမ်းမှာ ဖျက်ဆီးမိမှာစိုးရိမ်တယ်။ ဒါနဲ့မောရှေက ဂတိတော်ပြည့်စုံတဲ့နေရာထက် ဘုရားမပါတဲ့ ကောင်းတဲ့အရာတွေကို စိတ်မဝင်စားဘူး။ ဘုရားရဲ့မျက်နှာသာရခြင်း၊ ထူးခြားရခြင်းရဲ့အဓိကအကြောင်းအရင်းကိုမောရှေက သိတယ်။ အဲ့ဒါက ခါနန်ပြည်မှာနေလို့ထူးခြားတာမဟုတ်ဘူး။ ဘုရားအတူပါရှိခြင်းကပဲထူးခြားစေတာပါ။ ဘုရားကပဲ ဒီလူမျိုးတွေကို ထူးခြားစေတာ အခြားသူတွေနဲ့မတူစေတာကိုမောရှေကကောင်း ကောင်းသိတယ်။

ဒါကြောင့်သူက ဘုရား အတူပါရှိဖို့အထူးတောင်းဆိုခဲ့ပြီး ဘုရားကလည်း သူရဲ့ဆုတောင်းကိုလိုက်လျောခဲ့တယ်။ ဘယ်လောက်တောင် အံ့ဩစရာကောင်းလည်း ဘုရားက မောရှေရဲ့စကားကိုနားထောင်တယ်။ ဘုရားနဲ့အတူသွားလာတဲ့အခါမှာ ဘုရားရဲ့စကားပဲ တဖက်သတ်နားထောင်ရတာမဟုတ်ပါဘူး။ ဘုရားက ကျွန်တော်တို့ ဆုတောင်းတဲ့စကားလည်း နားထောင်ပါတယ်။ ဒါနဲ့ မောရှေက ဒီနေရာမှာ မရပ်သွားဘူး သူဘုရားဆီမှာထပ်တောင်းဆိုပြန်တယ်။ ကိုယ်တော်ရဲ့ဘုန်းကို သူ့ကိုပြဖို့။ ဒါက တကယ်တော့ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ အာဒံ အပြစ်ကျူးလွန်ပြီးတဲ့နောက်ပိုင်းမှာ ဘယ်သူမှ ဒီလို အခွင့်အရေးကိုမရခဲ့သလို ဘယ်သူကမှလည်း ဒါကိုမတောင့်တခဲ့ဘူး။ ဒါကတကယ့်ကို အန္တရယ်ကြီးလွန်းတဲ့ ဆုတောင်းလည်းဖြစ်တယ်။ ဒါပေမယ့် ဘုရားက မောရှေသူ့ရဲ့ဘုန်းတော်ကို မြင်ခွင့်ရနိုင်ဖို့ လုပ်ဆောင်ပေးခဲ့တယ်။ ကျောက်ပေါ်မှာမောရှေကိိုရပ်စေပြီးတော့ ကျောက်ကြားမှာသွင်းထားကာ မောရှေ ဘေးမဖြစ်ဖို့အတွက် အကာအရံတွေစီမံပြီးတော့ လူသားတစ်ယောက်အနေနဲ့ အမြင့်ဆုံး ရခဲ့တဲ့အခွင့်အရေးလို့ ဆိုရပါလိမ့်မယ်။ မောရှေ ဘုရားရဲ့ဘုန်းနဲ့ကောင်းမွန်ခြင်းရှိသမျှကို မြင်တွေ့ခွင့်ရခဲ့တယ်။ တကယ်တော့ဒါမောရှေ အပိုတောင်းတာပါ။ အလုပ်နဲ့မဆိုင်ပါဘူး။ သူ့နှလုံးသားရဲ့ဆန္ဒကို ဘုရားက လိုက်လျောနိုင်သလောက်ကို လိုက် လျောခဲ့တယ်။ ဒီဘုန်းကိုမြင်ပြီးတဲ့အခါမှာတော့ မောရှေရဲ့မျက်နှာမှာလည်း အဲ့ဒီဘုန်းရဲ့ အရှိန်ကူးစက်ခဲ့ပြီး လူတွေမချဉ်းကပ်ဝံ့တဲ့အထိ ဖြစ်ခဲ့တယ်။ လူတချို့ကတော့ ဘုရားနဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေကို ထုတ်ပြန်နေပေမယ့်၊ ရင်းနှီးလွန်းတဲ့ ဆက်ဆံရေးရှိမယ်ဆိုရင် အခြားသူတွေမရတဲ့ အခွင့်အရေးတွေ၊ တောင်းဆိုမှုတွေကိုဘုရားက လုပ်ပေးလေ့ရှိတယ်ဆိုတာ မေ့လျော့နေဟန်ရှိတယ်။ တချို့က ကျွန်တော်တို့ရဲ့အမှုတော်ဆောင်ခြင်းနဲ့အသက်တာကို အရမ်းပိုလွန်းတယ်လို့ တံဆိပ်ကပ်ချင်ကြပေမယ့်အရေးမကြီးပါဘူး။ ဘုရားကအပိုပေးတတ်တဲ့ဘုရားဆိုတာကို သိထားတဲ့အတွက် လူတွေမသိတဲ့ အပိုကိုပိုင်ဆိုင် ခွင့်ရနိုင်တယ်။ ဘုရားနဲ့ပတ်သက်ပြီးတော့ ပိုသွားတယ်ဆိုတာ မရှိလောက်အောင် ဘုရားကသင့်ဘ၀ကိုလုပ်ပေးချင်တယ် လုပ်ပေးနိုင်တယ်။



Zawgyi

အရှိန်ကြီးသောပဌနာ(၃)

“တစ်ဖန်တုံ၊ ကိုယ်တော်၏ဘုန်းကို အကျွန်ုပ်အားပြတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟုလျှောက်လျှင်၊ ထာဝရဘုရားက ငါ၏ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့၌ ငါလျှောက်သွားစေမည်။ ထာဝရဘုရား၏နာမတော်ကိုလည်း၊ သင့်ရှေ့၌ ငါကြွေးကြော်မည်။ ငါသည် ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ သနားလိုသောသူကိုလည်း သနားမည်။”၊-(ထွက်-၃၃:၁၈-၁၉)


ဘုရားသခင်အားအပိုတောင်းခြင်း

ဘုရားက ဆုတောင်းတဲ့အခါမှာ လိုအပ်တဲ့အတိအကျ စာရင်ဇယားနဲ့ပေးတဲ့ဘုရားမဟုတ်ပါဘူး။ လိုအပ်တာပဲ ပေးတာမဟုတ်ပဲ တစ်ခါတစ်လေ နှလုံး သားထဲက လိုချင်တောင့်တတဲ့အရာတွေကိုလည်းပေးတတ်ပါသေးတယ်။ စျေးဝယ်သွားတဲ့အခါမှာ ကိုယ်ဝယ်တာထက်အပိုလေးတောင်းတတ်တဲ့လူ့ သဘောသဘာ၀ လိုပါပဲ ဘုရားကတောင်းတဲ့အရာထက်ပိုကောင်းတဲ့အရာကိုပါ အပိုပေးတတ်ပါသေးတယ်။ (ထွက်မြောက်ရာ ၃၃)ကို ဖတ်တဲ့အခါမှာ မောရှေနဲ့ဘုရားစကားပြောတဲ့အရာတွေက သိပ်ကိုစိတ်ဝင်စားစရာကောင်းတယ်။ မိတ်ဆွေအချင်းချင်းစကားပြောသလိုကို စကားပြောကြတာပါ။ ဘုရားက ခါနန်ပြည်ကို သူမဦးဆောင်တော့ပဲ ကောင်းကင်တမန်ကိုပဲဦးဆောင်ခိုင်းပြီးတော့ ဆက်လက်သွားဖို့ မောရှေကို မိန့်တယ်။ သူ့လူမျိုးတွေရဲ့ပုန်ကန်တာ နားမထောင်တတ်တာတွေကြောင့်ဘုရားက ဂတိပေးတဲ့ပြည်မရောက်ပဲ လမ်းမှာ ဖျက်ဆီးမိမှာစိုးရိမ်တယ်။ ဒါနဲ့မောရှေက ဂတိတော်ပြည့်စုံတဲ့နေရာထက် ဘုရားမပါတဲ့ ကောင်းတဲ့အရာတွေကို စိတ်မဝင်စားဘူး။ ဘုရားရဲ့မျက်နှာသာရခြင်း၊ ထူးခြားရခြင်းရဲ့အဓိကအကြောင်းအရင်းကိုမောရှေက သိတယ်။ အဲ့ဒါက ခါနန်ပြည်မှာနေလို့ထူးခြားတာမဟုတ်ဘူး။ ဘုရားအတူပါရှိခြင်းကပဲထူးခြားစေတာပါ။ ဘုရားကပဲ ဒီလူမျိုးတွေကို ထူးခြားစေတာ အခြားသူတွေနဲ့မတူစေတာကိုမောရှေကကောင်း ကောင်းသိတယ်။

ဒါကြောင့်သူက ဘုရား အတူပါရှိဖို့အထူးတောင်းဆိုခဲ့ပြီး ဘုရားကလည်း သူရဲ့ဆုတောင်းကိုလိုက်လျောခဲ့တယ်။ ဘယ်လောက်တောင် အံ့ဩစရာကောင်းလည်း ဘုရားက မောရှေရဲ့စကားကိုနားထောင်တယ်။ ဘုရားနဲ့အတူသွားလာတဲ့အခါမှာ ဘုရားရဲ့စကားပဲ တဖက်သတ်နားထောင်ရတာမဟုတ်ပါဘူး။ ဘုရားက ကျွန်တော်တို့ ဆုတောင်းတဲ့စကားလည်း နားထောင်ပါတယ်။ ဒါနဲ့ မောရှေက ဒီနေရာမှာ မရပ်သွားဘူး သူဘုရားဆီမှာထပ်တောင်းဆိုပြန်တယ်။ ကိုယ်တော်ရဲ့ဘုန်းကို သူ့ကိုပြဖို့။ ဒါက တကယ်တော့ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ အာဒံ အပြစ်ကျူးလွန်ပြီးတဲ့နောက်ပိုင်းမှာ ဘယ်သူမှ ဒီလို အခွင့်အရေးကိုမရခဲ့သလို ဘယ်သူကမှလည်း ဒါကိုမတောင့်တခဲ့ဘူး။ ဒါကတကယ့်ကို အန္တရယ်ကြီးလွန်းတဲ့ ဆုတောင်းလည်းဖြစ်တယ်။ ဒါပေမယ့် ဘုရားက မောရှေသူ့ရဲ့ဘုန်းတော်ကို မြင်ခွင့်ရနိုင်ဖို့ လုပ်ဆောင်ပေးခဲ့တယ်။ ကျောက်ပေါ်မှာမောရှေကိုရပ်စေပြီးတော့ ကျောက်ကြားမှာသွင်းထားကာ မောရှေ ဘေးမဖြစ်ဖို့အတွက် အကာအရံတွေစီမံပြီးတော့ လူသားတစ်ယောက်အနေနဲ့ အမြင့်ဆုံး ရခဲ့တဲ့အခွင့်အရေးလို့ ဆိုရပါလိမ့်မယ်။ မောရှေ ဘုရားရဲ့ဘုန်းနဲ့ကောင်းမွန်ခြင်းရှိသမျှကို မြင်တွေ့ခွင့်ရခဲ့တယ်။ တကယ်တော့ဒါမောရှေ အပိုတောင်းတာပါ။ အလုပ်နဲ့မဆိုင်ပါဘူး။ သူ့နှလုံးသားရဲ့ဆန္ဒကို ဘုရားက လိုက်လျောနိုင်သလောက်ကို လိုက် လျောခဲ့တယ်။ ဒီဘုန်းကိုမြင်ပြီးတဲ့အခါမှာတော့ မောရှေရဲ့မျက်နှာမှာလည်း အဲ့ဒီဘုန်းရဲ့ အရှိန်ကူးစက်ခဲ့ပြီး လူတွေမချဉ်းကပ်ဝံ့တဲ့အထိ ဖြစ်ခဲ့တယ်။ လူတချို့ကတော့ ဘုရားနဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေကို ထုတ်ပြန်နေပေမယ့်၊ ရင်းနှီးလွန်းတဲ့ ဆက်ဆံရေးရှိမယ်ဆိုရင် အခြားသူတွေမရတဲ့ အခွင့်အရေးတွေ၊ တောင်းဆိုမှုတွေကိုဘုရားက လုပ်ပေးလေ့ရှိတယ်ဆိုတာ မေ့လျော့နေဟန်ရှိတယ်။ တချို့က ကျွန်တော်တို့ရဲ့အမှုတော်ဆောင်ခြင်းနဲ့အသက်တာကို အရမ်းပိုလွန်းတယ်လို့ တံဆိပ်ကပ်ချင်ကြပေမယ့်အရေးမကြီးပါဘူး။ ဘုရားကအပိုပေးတတ်တဲ့ဘုရားဆိုတာကို သိထားတဲ့အတွက် လူတွေမသိတဲ့ အပိုကိုပိုင်ဆိုင် ခွင့်ရနိုင်တယ်။ ဘုရားနဲ့ပတ်သက်ပြီးတော့ ပိုသွားတယ်ဆိုတာ မရှိလောက်အောင် ဘုရားကသင့်ဘ၀ကိုလုပ်ပေးချင်တယ် လုပ်ပေးနိုင်တယ်။

5 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube